ျခင္ကိုက္ခံရတာကို လူတိုင္းမုန္းတီးၾကပါတယ္။ ပိုၿပီးမုန္းတီးသူေတြကေတာ့ အျခားသူေတြနဲ႔ယွဥ္ရင္ ျခင္ေတြရဲ႕ ကိုက္ျခင္းကိုပိုမိုခံေနရတဲ့ သူေတြပါ။ တခါတစ္ေလေတာ့ ေတြးမိေကာင္းေတြးမိႏိုင္ပါတယ္။ ဘာေၾကာင့္အျခားသူေတြထက္ ျခင္ကိုက္ခံရတာလဲဆိုတာကိုပါ။ ဒီလိုေမးခြန္းကို သင့္အတြက္ အေျဖရွိပါတယ္။
၁။ သင့္ရဲ႕အဝတ္အစားေၾကာင့္ ျဖစ္ႏိုင္ပါတယ္
ျခင္ေတြဟာ သူတို႔ရဲ႕သားေကာင္ကို ရွာေဖြဖို႔အတြက္ သူတို႔ရဲ႕မ်က္လံုးကို အသံုးခ်ပါတယ္။ သူတို႔မွာေကာင္းမြန္တဲ့ အျမင္အာ႐ံုရွိတာေၾကာင့္ တကယ္လို႔သင္က အနီေရာင္၊ အမဲေရာင္ စတဲ့ အေရာင္ရင့္ေတြကို ဝတ္ဆင္ထားရင္ ျခင္ေတြရဲ႕အာ႐ံုက်မႈကို သင္အမ်ားဆံုးခံရပါလိမ့္မယ္။
၂။ အိုေသြးအမ်ိဳးအစား
အိုေသြးအမ်ိဳးအစားရွိသူေတြဟာ ေအေသြးရွိသူေတြအတြက္ ျခင္ပိုကိုက္ခံရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေသြးအမ်ိဳးအစားတိုင္းမွာ ပ႐ိုတိန္းပါဝင္မႈ မတူညီၾကပါဘူး။ ျခင္ေတြဟာ သူတို႔ပ႐ိုတိန္းရရွိဖို႔အတြက္ ကၽြန္ေတာ္တို႔ရဲ႕ေသြးကို စုပ္ယူတဲ့အခါ ေသြးးအမ်ိဳးအစားအလိုက္ ဓါတုအခ်က္ျပမႈေတြကတဆင့္ သူတို႔အတြက္ ပိုလိုအပ္တဲ့ အိုေသြးရွိသူေတြကို ပိုကိုက္ၾကတာျဖစ္ပါတယ္။
၃။ ကာဗြန္ဒိုင္ေအာက္ဆိုက္ေၾကာင့္
ျခင္ေတြဟာ ကာဗြန္ဒိုင္ေအာက္ဆိုက္ကေနတဆင့္ သင့္ကိုလြယ္ကူစြာ ရွာေဖြေတြ႔ရွိႏိုင္ပါတယ္။ ဝတဲ့သူေတြဟာ အသက္ပို႐ႈတတ္ၾကတာေၾကာင့္ ကာဗြန္ဒိုင္ေအာက္ဆိုက္ကို ပိန္တဲ့လူေတြထက္ ပိုထုတ္တတ္ၾကပါတယ္ ဒါေၾကာင့္ ျခင္ေတြကေတာ့ ဝတဲ့သူေတြဆိုရင္ ေသြးစုပ္ဖို႔ ပိုစိတ္ဝင္စားတတ္ပါတယ္။
၄။ ေခၽြးထြက္ျခင္းေၾကာင့္
ေခၽြးထြက္ျခင္းေၾကာင့္ ထြက္ေပၚလာတဲ့ lactic acid အနံ႔ကတဆင့္ ျခင္ေတြဟာ သူတို႔ရဲ႕သားေကာင္းကို ရွာေဖြႏိုင္ပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္အပူခ်ိန္မ်ားတဲ့ သူေတြနဲ႔ ေခၽြးထြက္မ်ားသူေတြကို ပိုၿပီးကိုက္တတ္တာပါ
၅။ သင့္အေရျပားေပၚက ဘက္တီးရီးယား
သင့္ရဲ႕အေရျပားေပၚမွာ ဘက္တီးရီးယားေတြ ရွိေနရင္လည္း ျခင္ေတြကသိရွိႏိုင္ပါတယ္။ ဒါေၾကာင့္ ဘက္တီးရီးယားေတြ ရွိဖို႔အမ်ားဆံုးေနရာေတြျဖစ္တဲ့ ကၽြန္ေတာ္တို႔ေျခေထာက္ေတြကို ပိုကိုက္တတ္ၾကတာပါ။
၆။ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ
ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြဟာ အသက္႐ႈရာကေနတဆင့္ ကာဗြန္ဒိုင္ေအာက္ဆိုက္ကို ပိုမိုထုတ္လြတ္တတ္ၾကၿပီး ကိုယ္အပူခ်ိန္လည္း ျမင့္မားပါတယ္။ ဒါေၾကာင့္ ျခင္ေတြပိုၿပီး စိတ္ဝင္စားၾကတာပါ။
၇။ ဘီယာအရက္ေသာက္ရင္
ဘီယာေသာက္ၿပီး ေခၽြးထြက္တဲ့အခါ ေခၽြးထဲမွာ ethanol ပမာဏပိုမ်ားၿပီး ကိုယ္အပူခ်ိန္လည္း တက္လာေစပါတယ္။ သင္ဘီယာေသာက္ျခင္းေၾကာင့္ ျခင္ေတြသင့္ကိုကိုက္ဖို႔အတြက္ ပိုမိုသတိထားမိေစပါတယ္။
၈။ မ်ိဳး႐ိုးဗီဇေၾကာင့္
အျခားျဖစ္ေလ့ရွိတဲ့ တစ္ခုကေတာ့ လူေတြရဲ႕မ်ိဳး႐ိုးဗီဇအရ ျခင္ေတြရဲ႕ပစ္မွတ္ အျမဲျဖစ္ေနတတ္ပါတယ္။
#LM_Naung_Naung
#Lifestyle_Myanmar
ဓါတ္ပံု႐ိုက္တဲ့အခါ သင့္ကိုပိုၿပီးၾကည့္ေကာင္းေနေစမယ့္ နည္းလမ္း (၆) ခ်က္
Unicode
ခြင်ကိုက်ခံရတာကို လူတိုင်းမုန်းတီးကြပါတယ်။ ပိုပြီးမုန်းတီးသူတွေကတော့ အခြားသူတွေနဲ့ယှဉ်ရင် ခြင်တွေရဲ့ ကိုက်ခြင်းကိုပိုမိုခံနေရတဲ့ သူတွေပါ။ တခါတစ်လေတော့ တွေးမိကောင်းတွေးမိနိုင်ပါတယ်။ ဘာကြောင့်အခြားသူတွေထက် ခြင်ကိုက်ခံရတာလဲဆိုတာကိုပါ။ ဒီလိုမေးခွန်းကို သင့်အတွက် အဖြေရှိပါတယ်။
၁။ သင့်ရဲ့အဝတ်အစားကြောင့် ဖြစ်နိုင်ပါတယ်
ခြင်တွေဟာ သူတို့ရဲ့သားကောင်ကို ရှာဖွေဖို့အတွက် သူတို့ရဲ့မျက်လုံးကို အသုံးချပါတယ်။ သူတို့မှာကောင်းမွန်တဲ့ အမြင်အာရုံရှိတာကြောင့် တကယ်လို့သင်က အနီရောင်၊ အမဲရောင် စတဲ့ အရောင်ရင့်တွေကို ဝတ်ဆင်ထားရင် ခြင်တွေရဲ့အာရုံကျမှုကို သင်အများဆုံးခံရပါလိမ့်မယ်။
၂။ အိုသွေးအမျိုးအစား
အိုသွေးအမျိုးအစားရှိသူတွေဟာ အေသွေးရှိသူတွေအတွက် ခြင်ပိုကိုက်ခံရပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးအမျိုးအစားတိုင်းမှာ ပရိုတိန်းပါဝင်မှု မတူညီကြပါဘူး။ ခြင်တွေဟာ သူတို့ပရိုတိန်းရရှိဖို့အတွက် ကျွန်တော်တို့ရဲ့သွေးကို စုပ်ယူတဲ့အခါ သွေးးအမျိုးအစားအလိုက် ဓါတုအချက်ပြမှုတွေကတဆင့် သူတို့အတွက် ပိုလိုအပ်တဲ့ အိုသွေးရှိသူတွေကို ပိုကိုက်ကြတာဖြစ်ပါတယ်။
၃။ ကာဗွန်ဒိုင်အောက်ဆိုက်ကြောင့်
ခြင်တွေဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကနေတဆင့် သင့်ကိုလွယ်ကူစွာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဝတဲ့သူတွေဟာ အသက်ပိုရှုတတ်ကြတာကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်ကို ပိန်တဲ့လူတွေထက် ပိုထုတ်တတ်ကြပါတယ် ဒါကြောင့် ခြင်တွေကတော့ ဝတဲ့သူတွေဆိုရင် သွေးစုပ်ဖို့ ပိုစိတ်ဝင်စားတတ်ပါတယ်။
၄။ ချွေးထွက်ခြင်းကြောင့်
ချွေးထွက်ခြင်းကြောင့် ထွက်ပေါ်လာတဲ့ lactic acid အနံ့ကတဆင့် ခြင်တွေဟာ သူတို့ရဲ့သားကောင်းကို ရှာဖွေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အပူချိန်များတဲ့ သူတွေနဲ့ ချွေးထွက်များသူတွေကို ပိုပြီးကိုက်တတ်တာပါ
၅။ သင့်အရေပြားပေါ်က ဘက်တီးရီးယား
သင့်ရဲ့အရေပြားပေါ်မှာ ဘက်တီးရီးယားတွေ ရှိနေရင်လည်း ခြင်တွေကသိရှိနိုင်ပါတယ်။ ဒါကြောင့် ဘက်တီးရီးယားတွေ ရှိဖို့အများဆုံးနေရာတွေဖြစ်တဲ့ ကျွန်တော်တို့ခြေထောက်တွေကို ပိုကိုက်တတ်ကြတာပါ။
၆။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အသက်ရှုရာကနေတဆင့် ကာဗွန်ဒိုင်အောက်ဆိုက်ကို ပိုမိုထုတ်လွတ်တတ်ကြပြီး ကိုယ်အပူချိန်လည်း မြင့်မားပါတယ်။ ဒါကြောင့် ခြင်တွေပိုပြီး စိတ်ဝင်စားကြတာပါ။
၇။ ဘီယာအရက်သောက်ရင်
ဘီယာသောက်ပြီး ချွေးထွက်တဲ့အခါ ချွေးထဲမှာ ethanol ပမာဏပိုများပြီး ကိုယ်အပူချိန်လည်း တက်လာစေပါတယ်။ သင်ဘီယာသောက်ခြင်းကြောင့် ခြင်တွေသင့်ကိုကိုက်ဖို့အတွက် ပိုမိုသတိထားမိစေပါတယ်။
၈။ မျိုးရိုးဗီဇကြောင့်
အခြားဖြစ်လေ့ရှိတဲ့ တစ်ခုကတော့ လူတွေရဲ့မျိုးရိုးဗီဇအရ ခြင်တွေရဲ့ပစ်မှတ် အမြဲဖြစ်နေတတ်ပါတယ်။
#LM_Naung_Naung
#Lifestyle_Myanmar