အျခားသူေတြကို မေျပာျပသင့္တဲ့ သင့္ရဲ႕ ပုဂၢိဳလ္ေရးကိစၥနဲ႔ ပတ္သတ္တဲ့ လႈိ႕ဝွက္ခ်က္ (၇) ခ်က္

0
1311

လူတိုင္းဟာ မေကာင္းတဲ့အမူအက်င့္ တခ်ိဳ႕ကို သတိမထားမိပဲ လုပ္တတ္ၾကတာ သဘာဝလိုပါပဲ။ ဒီလိုသတိမထားမိတဲ့ ကိစၥဟာ လူစိမ္းေတြကို ကိုယ့္ရဲ႕ personal မွတ္စုစာအုပ္ကို ဖြင့္ျပမိသလို ျဖစ္သြားတတ္ပါတယ္။ စိတ္ဝင္စားေကာင္းတဲ့ ဘ၀ဆိုဆိုတာ နက္နဲတဲ့အရာ ျဖစ္တာေၾကာင့္ ကၽြန္ေတာ္တို႔ေတြ က်ိန္းေသသတိထား ရမယ့္ကိစၥလည္း ျဖစ္ပါတယ္။ လူတိုင္းဟာ ရည္ရြယ္ခ်က္ေကာင္း မရွိႏိုင္တဲ့ႏိုင္တဲ့အတြက္ သင့္ရဲ႕လႈိ႕ဝွက္ခ်က္ေတြကို ေျပာျပမိတာဟာ ကိုယ့္ကိုယ္ကို ျပန္ခ်ည္မိတဲ့ ႀကိဳးတစ္ေခ်ာင္းလို ျဖစ္ေနပါလိမ့္မယ္။ သင့္ဘဝရဲ႕ ပုဂၢိဳလ္ေရးအေသးစိတ္ အခ်က္အလက္ေတြကို အျခားသူေတြ မသိရင္ သင့္ကိုထိခိုက္စရာေတြ ျဖစ္ေအာင္ ျပဳလုပ္ႏိုင္ၾကမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သင့္အေနနဲ႔ လႈိ႕ဝွက္ထားသင့္တဲ့ ကိစၥေတြကို သတိထားမိေစဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

-Advertisement-

၁။ အတိတ္က မေက်နပ္မႈေတြ
ကၽြန္ေတာ္တို႔အားလံုးမွာ မေကာင္းတဲ့ ပုဂၢိဳလ္ေရး ဘဝအေတြ႔အၾကံဳေတြ ကိုယ္စီရွိၾကၿပီး ဒီလိုအရာေတြကို အျခားသူေတြအား ေျပာမျပခ်င္ၾကပါဘူး။ လူတိုင္းမွာ ေက်ာင္းသားဘဝ သို႕မဟုတ္ အလုပ္နဲ႔ပတ္သတ္ၿပီး အတိတ္က မေက်နပ္မႈ ျဖစ္ခဲ့သူေတြ ရွိေကာင္းရွိႏိုင္ပါတယ္။ ဒီလိုအရာေတြကို သင့္အေနနဲ႔ ဘာေၾကာင့္ဆုပ္ကိုင္ထားဖို႔ လိုအပ္တာလဲ? ဟိုးအရင္တုန္းုက မုန္းတီးမႈစံခ်ိန္အတိုင္း ယခုအခ်ိန္မွာေရာမုန္းတီးႏိုင္ေသးရဲ႕လား? ဒီလိုအတိတ္က မေက်နပ္မႈေတြကို အျခားသူေတြအား ေျပာျပမိတဲ့အခါ သင့္ကိုသူတို႔က အာဃာတတရား ႀကီးမားသူ၊ စိတ္ေကာင္းမရွိျဖစ္ေၾကာင္း ထင္မွတ္ႏိုင္ပါတယ္။ တကယ္လို႔ သင္မေက်နပ္သူနဲ႔ သူတို႔ေတြ တနည္းတဖံု ပတ္သတ္မႈ ရွိရင္လည္း သင့္အတြက္ မေကာင္းပါဘူး။ ဒီလိုမေျပာမိဖို႔သာမဟုတ္ပဲ ယခုလိုစကားမ်ိဳးေတြ အျခားသူေတြ ေျပာလာရင္လည္း အာ႐ံုစိုက္စရာ မလိုေၾကာင္း သတိရပါ။ လူတိုင္းဟာ အေကာင္းျမင္တဲ့ ေျပာဆိုဆက္ဆံမႈေတြကို ပိုၿပီးသေဘာက်ၾကပါတယ္။ ဒါေၾကာင့္ ပစၥဳပၸန္ကိုပဲ အာ႐ံုစိုက္ၿပီး ေျပာဆိုတာဟာ လူေတြသင့္ကို ပိုၿပီးစိတ္ဝင္စားလာတာ ေတြ႕ရမွာပါ။

၂။ ပိုင္ဆိုင္တဲ့ပစၥည္းမ်ားအေၾကာင္း
ဘ၀ထဲက အခ်ိဳ႕အရာေတြဟာ သူတို႔ရဲ႕ကုန္က်စရိတ္ထက္ ပိုၿပီးအေရးႀကီးေၾကာင္း ကၽြန္ေတာ္တို႔အားလံုး သိၿပီးသားပါ။ ဒါေပမယ့္ တစ္ခါတစ္ေလမွာ ကၽြန္ေတာ္တို႔ေတြ ေစ်းႀကီးေပးၿပီး ဝယ္ထားတဲ့ ကားအသစ္၊ ဖုန္းအသစ္ကို ၾကြားဝါခ်င္စိတ္ေလးေတာ့ ျဖစ္တတ္ၾကပါတယ္။ ဒီလိုစိတ္ကေလးကို ေျဖေဖ်ာက္ဖို႔အတြက္ အျခားသူေတြအား ရင္ဖြင့္မိတဲ့အခါ သင့္ရဲ႕မိတ္ေဆြက သင့္ရဲ႕စိတ္ဆႏၵေျဖေဖ်ာက္ဖို႔အတြက္ ကုစားမႈဆိုတာကို မသိခ်င္ပါဘူး။ ဒီအစား သင္ဟာ အၾကြားသန္သူတစ္ေယာက္၊ သို႔မဟုတ္ ဖင္ေခါင္းက်ယ္သူတစ္ေယာက္ သို႔မဟုတ္ ပစၥည္းေတြကိုစြဲလမ္း႐ူးသြပ္သူတစ္ေယာက္ ျဖစ္ေၾကာင္း ထင္ေကာင္းထင္ၾကပါလိမ့္မယ္။
႐ိုး႐ိုးကုပ္ကုပ္ေနျခင္းဟာ အံ့ဖြယ္ေကာင္းတဲ့ စိတ္ဝင္စားစရာ ျဖစ္ပါတယ္။

၃။ အနာဂတ္အတြက္ ပန္းတိုင္မ်ား
ဒါကိုေတာ့ သင္လက္ခံခ်င္မွ လက္ခံပါလိမ့္မယ္။ ဒါေပမယ့္တကယ္လို႔ သင့္ရဲ႕ေရရွည္ပန္းတိုင္ကို ေရာက္ရွိဖို႔ဆိုရင္ အျခားသူေတြကို မမွ်ေဝသင့္ေၾကာင္း သိပၸံပညာက ေဖာ္ထုတ္ထားပါတယ္။  သင့္အနာဂတ္ရဲ႕ ေအာင္ျမင္မႈေတြကို အျခားသူေတြအား ႀကိဳၿပီးေျပာထားတဲ့အခါ တကယ္လို႔ ေအာင္ျမင္မႈေတြ ဆြတ္ခူးရင္ေတာင္မွ ေပ်ာ္ရြင္မႈေတြ သင့္အတြက္သိပ္ရွိမွာ မဟုတ္ပါဘူး။ မေအာင္ျမင္ဖူးဆိုရင္ေတာ့ ပိုဆိုးပါတယ္။ ရလာဒ္ကေတာ့ ေအာင္ျမင္ျမင္၊ မေအာင္ျမင္ျမင္ ေရွ႕ကိုပိုႀကိဳးစားၿပီး လုပ္ေဆာင္ဖို႔ သင္ပ်က္ကြက္ပါလိမ့္မယ္။ တကယ္လို႔ သင့္ရဲ႕ပန္းတိုင္ကို သင္ကိုယ္တိုင္ထိန္းသိမ္းထားတဲ့အခါ အဆိုပါအရာေတြကို ဆြတ္ခူးဖို႔ သင့္မွာ အခြင့္အေရး ျမင့္ျမင့္ ပိုရွိေလပါပဲ။ သင္ရရွိၿပီဆိုရင္ေတာ့ လြတ္လပ္စြာနဲ႔ တစ္ကမာၻလံုးကို သင္ေျပာျပလို႔ ရပါၿပီ။

၄။ သင့္ရဲ႕ဝင္ေငြ
သင့္ရဲ႕ဝင္ေငြအေၾကာင္းကိုဖြင့္ေျပာသင့္တဲ့ လူတစ္စုရွိပါတယ္။ သူတို႔ကသင့္ရဲ႕မိသားစုနဲ႔ သင့္လက္ေအာက္မွာ အလုပ္လုပ္ေနတဲ့ သူေတြပါ။ ပိုက္ဆံအေၾကာင္းဟာ public မွာသိပ္ေျပာလို႔ေကာင္းတဲ့ အေၾကာင္းအရာတစ္ခုလည္း မဟုတ္ပါဘူး။
ဘာေၾကာင့္လဲဆိုေတာ့ လူတိုင္းရဲ႕ ဘ႑ာေရးအေျခအေနက ဘယ္လိုဆိုတာ သင္မသိႏိုင္ပါဘူး။ သူမ်ားေတြ ေမးလာတဲ့ အခါမွာလည္း ေျပာသင့္မွေျပာပါ။ မေမးပဲေျပာတာဆိုရင္ေတာ့ အေၾကာင္းျပခ်က္မရွိပဲ ၾကြားဝါတတ္သူနဲ႔ တူေနပါလိမ့္မယ္။ ေငြေရးေၾကးေရးက ဆက္ဆံေရးအေျခအေန အားလံုးကို ေျပာင္းလဲႏိုင္စြမ္း ရွိပါတယ္။ တကယ္လို႔ သင့္ရဲ႕ဝင္ေငြအေၾကာင္း public မွာေျပာမိတဲ့အခါ လူေတြကသင့္ဆီက အကူအညီနဲ႔ ရလိုမႈေတြ ရွိတဲ့အခါ သင့္ကိုပဲ ထိပ္ဆံုးကစဥ္းစားလာၾကပါလိမ့္မယ္။ ဥပမာအလွဴေငြေကာက္တဲ့အခါလို ပိုက္ဆံေခ်းတဲ့အခါလိုေတြမွာ ျဖစ္ပါတယ္။ သင့္ကိုယ့္သင္ ယခုလိုအဆင္မေျပျဖစ္ႏိုင္တဲ့ အေျခအေနမ်ိဳးကေန ကယ္တင္ဖို႔ႀကိဳးစားပါ။ ဒါေၾကာင့္ သင့္ရဲ႕ဝင္ေငြနဲ႔ ဘဏ္နဲ႔ဆိုင္တဲ့ အေသးစိတ္အခ်က္အလက္ေတြကို လံုးဝဖြင့္မေျပာမိပါေစနဲ႔။

၅။ ေကာင္းတဲ့အက်င့္
အက်င့္ေကာင္းရင္ ကံေကာင္းတယ္ဆိုတာ သင္ၾကားဖူးပါလိမ့္မယ္။ ဒါဟာ အမွန္တရားျဖစ္ၿပီးေတာ့ ေကာင္းတဲ့အလုပ္ေတြ လုပ္ႏိုင္ဖို႔အတြက္ ေကာင္းတဲ့အက်င့္ကို ထာဝရေမြးျမဴသင့္ပါတယ္။ ဒီအေၾကာင္းကို သင္ကစၿပီး ၾကြားဝါခဲ့ရင္ေတာ့ ႐ႈေထာင့္တစ္ခုလံုးကို ေျပာင္းလဲသြားႏိုင္ပါတယ္။ သင္လုပ္ခဲ့တဲ့ ေကာင္းမႈတစ္ခုကို အျခားသူတစ္ေယာက္အား ၾကြားဝါမိတဲ့အခါ သင္ဖန္တီးခဲ့တဲ့ ေကာင္းမႈေလးက အလိုလိုပ်က္ျပယ္သြားတတ္ပါတယ္။ လူအေတာ္မ်ားမ်ားကေတာ့ ေကာင္းမႈလုပ္တာထက္ နာမည္ႀကီးခ်င္လို႔ လုပ္ၾကတာ မ်ားပါတယ္။ ကမာၻေပၚက အႀကီးျမတ္ဆံုး ပရဟိတလုပ္ငန္းေတြဟာ အမည္မသိ(ေစတနာရွင္တစ္ဦး) ျဖစ္ေနရျခင္းဟာ သိပ္ေကာင္းတဲ့ အေၾကာင္းျပခ်က္ပါပဲ။ ပရဟိတမွာ ရလိုမႈ မရွိပါဘူး။ သင္ကအျခားသူတစ္ေယာက္ကို လွဴတန္းတဲ့အခါ သူ႕ကိုကူညီေပး႐ံုသက္သက္သာျဖစ္ၿပီး သင္နာမည္ႀကီးဖို႔(သင့္အတြက္) မဟုတ္ေၾကာင္း သတိရပါေစ။

အမ်ိဳးသမီးတုိင္းရဲ႕ အဝတ္ဗီဒုိထဲမွာ ရွိထားသင့္တဲ့ အဝတ္အစား ၈မ်ိဳး

၆။ ဥာဏ္အလင္း
လူတိုင္းဟာ မတူညီတဲ့ အေျခအေနေတြ၊ ေနရာေတြကေန ဥာဏ္အလင္းရဖို႔ ရွာေဖြေနတတ္ပါတယ္။ အခ်ိဳ႕က ဘာသာေရးကေနရွာေဖြၾကၿပီး၊ အခ်ိဳ႕ကအားကစားပြဲေတြကေန ႀကိဳတင္သိျမင္မႈ ဥာဏ္အလင္းကို ရွာေဖြေနၾကပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒါဟာ သင့္ရဲ႕ေရြးခ်ယ္မႈပဲျဖစ္ၿပီး အျခားသူေတြကို တြန္းအားမေပးပါနဲ႔။ ဘာေၾကာင့္လဲဆိုေတာ့ သင္ရဲ႕ေရြးခ်ယ္မႈကေန ရတဲ့ဥာဏ္အလင္းဆိုတာဟာ လက္ဆုပ္လက္ကိုင္ ျပႏိုင္တဲ့အရာမဟုတ္သလို ဘယ္ေလာက္ေကာင္းတဲ့ အရာျဖစ္ေၾကာင္းကိုလည္း အျခားသူေတြက စိတ္ဝင္စားမွာ မဟုတ္ပါဘူး။ ဒီလိုေလွ်ာက္ေျပာေနရင္ေတာ့ လမ္းေပၚမွာ မိုက္တလံုးနဲ႔ လိုက္လံေဟာေျပာေနတဲ့သူနဲ႔ အတူတူပဲ ျဖစ္ေနပါလိမ့္မယ္။ ထိုသူေတြရဲ႕ကစကားကို ဘယ္တစ္ေယာက္က မၾကာခဏ ဂ႐ုစိုက္နားေထာင္ဖူးလို႔လဲ။ ဘာသာေရးေခါင္းေဆာင္ေတြကေတာ့ နာမည္ႀကီးၿပီး လူယံုၾကည္မႈမ်ားလို႔ ျခြင္းခ်က္လို႔ ေျပာလို႔ရပါတယ္။

၇။ မိသားစုျပႆနာ
သင့္ရဲ႕မိသားစုနဲ႔ ေသြးရင္းအမ်ိဳးေတြရဲ႕ လႈိ႕ဝွက္ခ်က္ေတြကို မိသားစုအတြင္းမွာပဲ ထားျခင္းဟာ ေကာင္းမြန္တဲ့အရာျဖစ္ပါတယ္။ အျခားသူေတြရဲ႕ ယံုၾကည္မႈကို အလြဲသံုးစား မလုပ္သင့္ပါဘူး။ သင့္ရဲ႕အမ်ိဳးေတြကို ဒီလိႈ႕ဝွက္ခ်က္ေတြ မွ်ေဝရင္ ျပႆနာမရွိပါဘူး။ အမ်ိဳးအခ်င္းခ်င္း ျဖစ္တဲ့ျပႆနာ အမ်ိဳးအခ်င္းခ်င္းၾကားမွာပဲ ရွိေနပါေစ။ သင့္နဲ႔ပတ္သတ္တဲ့ လူမႈပတ္ဝန္းက်င္မွာေတာ့ ဒီလႈိ႕ဝွက္ခ်က္ေတြ ပ်ံ႕ႏွံ႕ခြင့္ မရွိပါဘူး။ သူတို႔က သင့္ကိုယံုၾကည္ပါတယ္။ ဒီယံုၾကည္မႈကို ခ်ိဳးေဖာက္တာေလာက္ ဆိုးတဲ့အ၇ာ မရွိပါဘူး။ ဒါေၾကာင့္ အျခားသူေတြရဲ႕ လႈိ႕ဝွက္ခ်က္ေတြကို ေစာင့္ေရွာက္ေပးပါ။ သူတို႔ကလည္း သင့္ရဲ႕လႈိ႕ဝွက္ခ်က္ေတြကို
ထိန္းသိမ္းေပးႏိုင္ဖို႔ သင္ေမွ်ာ္လင့္ႏိုင္ပါလိမ့္မယ္။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Powerofpossitively
Unicode

အခြားသူတွေကို မပြောပြသင့်တဲ့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စနဲ့ ပတ်သတ်တဲ့ လှို့ဝှက်ချက် (၇) ချက်
လူတိုင်းဟာ မကောင်းတဲ့အမူအကျင့် တချို့ကို သတိမထားမိပဲ လုပ်တတ်ကြတာ သဘာဝလိုပါပဲ။ ဒီလိုသတိမထားမိတဲ့ ကိစ္စဟာ လူစိမ်းတွေကို ကိုယ့်ရဲ့ personal မှတ်စုစာအုပ်ကို ဖွင့်ပြမိသလို ဖြစ်သွားတတ်ပါတယ်။ စိတ်ဝင်စားကောင်းတဲ့ ဘဝဆိုဆိုတာ နက်နဲတဲ့အရာ ဖြစ်တာကြောင့် ကျွန်တော်တို့တွေ ကျိန်းသေသတိထား ရမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ လူတိုင်းဟာ ရည်ရွယ်ချက်ကောင်း မရှိနိုင်တဲ့နိုင်တဲ့အတွက် သင့်ရဲ့လှို့ဝှက်ချက်တွေကို ပြောပြမိတာဟာ ကိုယ့်ကိုယ်ကို ပြန်ချည်မိတဲ့ ကြိုးတစ်ချောင်းလို ဖြစ်နေပါလိမ့်မယ်။ သင့်ဘဝရဲ့ ပုဂ္ဂိုလ်ရေးအသေးစိတ် အချက်အလက်တွေကို အခြားသူတွေ မသိရင် သင့်ကိုထိခိုက်စရာတွေ ဖြစ်အောင် ပြုလုပ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ လှို့ဝှက်ထားသင့်တဲ့ ကိစ္စတွေကို သတိထားမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ အတိတ်က မကျေနပ်မှုတွေ
ကျွန်တော်တို့အားလုံးမှာ မကောင်းတဲ့ ပုဂ္ဂိုလ်ရေး ဘဝအတွေ့အကြုံတွေ ကိုယ်စီရှိကြပြီး ဒီလိုအရာတွေကို အခြားသူတွေအား ပြောမပြချင်ကြပါဘူး။ လူတိုင်းမှာ ကျောင်းသားဘဝ သို့မဟုတ် အလုပ်နဲ့ပတ်သတ်ပြီး အတိတ်က မကျေနပ်မှု ဖြစ်ခဲ့သူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုအရာတွေကို သင့်အနေနဲ့ ဘာကြောင့်ဆုပ်ကိုင်ထားဖို့ လိုအပ်တာလဲ? ဟိုးအရင်တုန်းုက မုန်းတီးမှုစံချိန်အတိုင်း ယခုအချိန်မှာရောမုန်းတီးနိုင်သေးရဲ့လား? ဒီလိုအတိတ်က မကျေနပ်မှုတွေကို အခြားသူတွေအား ပြောပြမိတဲ့အခါ သင့်ကိုသူတို့က အာဃာတတရား ကြီးမားသူ၊ စိတ်ကောင်းမရှိဖြစ်ကြောင်း ထင်မှတ်နိုင်ပါတယ်။ တကယ်လို့ သင်မကျေနပ်သူနဲ့ သူတို့တွေ တနည်းတဖုံ ပတ်သတ်မှု ရှိရင်လည်း သင့်အတွက် မကောင်းပါဘူး။ ဒီလိုမပြောမိဖို့သာမဟုတ်ပဲ ယခုလိုစကားမျိုးတွေ အခြားသူတွေ ပြောလာရင်လည်း အာရုံစိုက်စရာ မလိုကြောင်း သတိရပါ။ လူတိုင်းဟာ အကောင်းမြင်တဲ့ ပြောဆိုဆက်ဆံမှုတွေကို ပိုပြီးသဘောကျကြပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပြီး ပြောဆိုတာဟာ လူတွေသင့်ကို ပိုပြီးစိတ်ဝင်စားလာတာ တွေ့ရမှာပါ။

၂။ ပိုင်ဆိုင်တဲ့ပစ္စည်းများအကြောင်း
ဘဝထဲက အချို့အရာတွေဟာ သူတို့ရဲ့ကုန်ကျစရိတ်ထက် ပိုပြီးအရေးကြီးကြောင်း ကျွန်တော်တို့အားလုံး သိပြီးသားပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကျွန်တော်တို့တွေ စျေးကြီးပေးပြီး ဝယ်ထားတဲ့ ကားအသစ်၊ ဖုန်းအသစ်ကို ကြွားဝါချင်စိတ်လေးတော့ ဖြစ်တတ်ကြပါတယ်။ ဒီလိုစိတ်ကလေးကို ဖြေဖျောက်ဖို့အတွက် အခြားသူတွေအား ရင်ဖွင့်မိတဲ့အခါ သင့်ရဲ့မိတ်ဆွေက သင့်ရဲ့စိတ်ဆန္ဒဖြေဖျောက်ဖို့အတွက် ကုစားမှုဆိုတာကို မသိချင်ပါဘူး။ ဒီအစား သင်ဟာ အကြွားသန်သူတစ်ယောက်၊ သို့မဟုတ် ဖင်ခေါင်းကျယ်သူတစ်ယောက် သို့မဟုတ် ပစ္စည်းတွေကိုစွဲလမ်းရူးသွပ်သူတစ်ယောက် ဖြစ်ကြောင်း ထင်ကောင်းထင်ကြပါလိမ့်မယ်။
ရိုးရိုးကုပ်ကုပ်နေခြင်းဟာ အံ့ဖွယ်ကောင်းတဲ့ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။

၃။ အနာဂတ်အတွက် ပန်းတိုင်များ
ဒါကိုတော့ သင်လက်ခံချင်မှ လက်ခံပါလိမ့်မယ်။ ဒါပေမယ့်တကယ်လို့ သင့်ရဲ့ရေရှည်ပန်းတိုင်ကို ရောက်ရှိဖို့ဆိုရင် အခြားသူတွေကို မမျှဝေသင့်ကြောင်း သိပ္ပံပညာက ဖော်ထုတ်ထားပါတယ်။  သင့်အနာဂတ်ရဲ့ အောင်မြင်မှုတွေကို အခြားသူတွေအား ကြိုပြီးပြောထားတဲ့အခါ တကယ်လို့ အောင်မြင်မှုတွေ ဆွတ်ခူးရင်တောင်မှ ပျော်ရွင်မှုတွေ သင့်အတွက်သိပ်ရှိမှာ မဟုတ်ပါဘူး။ မအောင်မြင်ဖူးဆိုရင်တော့ ပိုဆိုးပါတယ်။ ရလာဒ်ကတော့ အောင်မြင်မြင်၊ မအောင်မြင်မြင် ရှေ့ကိုပိုကြိုးစားပြီး လုပ်ဆောင်ဖို့ သင်ပျက်ကွက်ပါလိမ့်မယ်။ တကယ်လို့ သင့်ရဲ့ပန်းတိုင်ကို သင်ကိုယ်တိုင်ထိန်းသိမ်းထားတဲ့အခါ အဆိုပါအရာတွေကို ဆွတ်ခူးဖို့ သင့်မှာ အခွင့်အရေး မြင့်မြင့် ပိုရှိလေပါပဲ။ သင်ရရှိပြီဆိုရင်တော့ လွတ်လပ်စွာနဲ့ တစ်ကမ္ဘာလုံးကို သင်ပြောပြလို့ ရပါပြီ။

၄။ သင့်ရဲ့ဝင်ငွေ
သင့်ရဲ့ဝင်ငွေအကြောင်းကိုဖွင့်ပြောသင့်တဲ့ လူတစ်စုရှိပါတယ်။ သူတို့ကသင့်ရဲ့မိသားစုနဲ့ သင့်လက်အောက်မှာ အလုပ်လုပ်နေတဲ့ သူတွေပါ။ ပိုက်ဆံအကြောင်းဟာ public မှာသိပ်ပြောလို့ကောင်းတဲ့ အကြောင်းအရာတစ်ခုလည်း မဟုတ်ပါဘူး။
ဘာကြောင့်လဲဆိုတော့ လူတိုင်းရဲ့ ဘဏ္ဍာရေးအခြေအနေက ဘယ်လိုဆိုတာ သင်မသိနိုင်ပါဘူး။ သူများတွေ မေးလာတဲ့ အခါမှာလည်း ပြောသင့်မှပြောပါ။ မမေးပဲပြောတာဆိုရင်တော့ အကြောင်းပြချက်မရှိပဲ ကြွားဝါတတ်သူနဲ့ တူနေပါလိမ့်မယ်။ ငွေရေးကြေးရေးက ဆက်ဆံရေးအခြေအနေ အားလုံးကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ တကယ်လို့ သင့်ရဲ့ဝင်ငွေအကြောင်း public မှာပြောမိတဲ့အခါ လူတွေကသင့်ဆီက အကူအညီနဲ့ ရလိုမှုတွေ ရှိတဲ့အခါ သင့်ကိုပဲ ထိပ်ဆုံးကစဉ်းစားလာကြပါလိမ့်မယ်။ ဥပမာအလှူငွေကောက်တဲ့အခါလို ပိုက်ဆံချေးတဲ့အခါလိုတွေမှာ ဖြစ်ပါတယ်။ သင့်ကိုယ့်သင် ယခုလိုအဆင်မပြေဖြစ်နိုင်တဲ့ အခြေအနေမျိုးကနေ ကယ်တင်ဖို့ကြိုးစားပါ။ ဒါကြောင့် သင့်ရဲ့ဝင်ငွေနဲ့ ဘဏ်နဲ့ဆိုင်တဲ့ အသေးစိတ်အချက်အလက်တွေကို လုံးဝဖွင့်မပြောမိပါစေနဲ့။

၅။ ကောင်းတဲ့အကျင့်
အကျင့်ကောင်းရင် ကံကောင်းတယ်ဆိုတာ သင်ကြားဖူးပါလိမ့်မယ်။ ဒါဟာ အမှန်တရားဖြစ်ပြီးတော့ ကောင်းတဲ့အလုပ်တွေ လုပ်နိုင်ဖို့အတွက် ကောင်းတဲ့အကျင့်ကို ထာဝရမွေးမြူသင့်ပါတယ်။ ဒီအကြောင်းကို သင်ကစပြီး ကြွားဝါခဲ့ရင်တော့ ရှုထောင့်တစ်ခုလုံးကို ပြောင်းလဲသွားနိုင်ပါတယ်။ သင်လုပ်ခဲ့တဲ့ ကောင်းမှုတစ်ခုကို အခြားသူတစ်ယောက်အား ကြွားဝါမိတဲ့အခါ သင်ဖန်တီးခဲ့တဲ့ ကောင်းမှုလေးက အလိုလိုပျက်ပြယ်သွားတတ်ပါတယ်။ လူအတော်များများကတော့ ကောင်းမှုလုပ်တာထက် နာမည်ကြီးချင်လို့ လုပ်ကြတာ များပါတယ်။ ကမ္ဘာပေါ်က အကြီးမြတ်ဆုံး ပရဟိတလုပ်ငန်းတွေဟာ အမည်မသိ(စေတနာရှင်တစ်ဦး) ဖြစ်နေရခြင်းဟာ သိပ်ကောင်းတဲ့ အကြောင်းပြချက်ပါပဲ။ ပရဟိတမှာ ရလိုမှု မရှိပါဘူး။ သင်ကအခြားသူတစ်ယောက်ကို လှူတန်းတဲ့အခါ သူ့ကိုကူညီပေးရုံသက်သက်သာဖြစ်ပြီး သင်နာမည်ကြီးဖို့(သင့်အတွက်) မဟုတ်ကြောင်း သတိရပါစေ။

၆။ ဉာဏ်အလင်း
လူတိုင်းဟာ မတူညီတဲ့ အခြေအနေတွေ၊ နေရာတွေကနေ ဉာဏ်အလင်းရဖို့ ရှာဖွေနေတတ်ပါတယ်။ အချို့က ဘာသာရေးကနေရှာဖွေကြပြီး၊ အချို့ကအားကစားပွဲတွေကနေ ကြိုတင်သိမြင်မှု ဉာဏ်အလင်းကို ရှာဖွေနေကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ သင့်ရဲ့ရွေးချယ်မှုပဲဖြစ်ပြီး အခြားသူတွေကို တွန်းအားမပေးပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင်ရဲ့ရွေးချယ်မှုကနေ ရတဲ့ဉာဏ်အလင်းဆိုတာဟာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့အရာမဟုတ်သလို ဘယ်လောက်ကောင်းတဲ့ အရာဖြစ်ကြောင်းကိုလည်း အခြားသူတွေက စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ ဒီလိုလျှောက်ပြောနေရင်တော့ လမ်းပေါ်မှာ မိုက်တလုံးနဲ့ လိုက်လံဟောပြောနေတဲ့သူနဲ့ အတူတူပဲ ဖြစ်နေပါလိမ့်မယ်။ ထိုသူတွေရဲ့ကစကားကို ဘယ်တစ်ယောက်က မကြာခဏ ဂရုစိုက်နားထောင်ဖူးလို့လဲ။ ဘာသာရေးခေါင်းဆောင်တွေကတော့ နာမည်ကြီးပြီး လူယုံကြည်မှုများလို့ ခြွင်းချက်လို့ ပြောလို့ရပါတယ်။

၇။ မိသားစုပြဿနာ
သင့်ရဲ့မိသားစုနဲ့ သွေးရင်းအမျိုးတွေရဲ့ လှို့ဝှက်ချက်တွေကို မိသားစုအတွင်းမှာပဲ ထားခြင်းဟာ ကောင်းမွန်တဲ့အရာဖြစ်ပါတယ်။ အခြားသူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစား မလုပ်သင့်ပါဘူး။ သင့်ရဲ့အမျိုးတွေကို ဒီလှို့ဝှက်ချက်တွေ မျှဝေရင် ပြဿနာမရှိပါဘူး။ အမျိုးအချင်းချင်း ဖြစ်တဲ့ပြဿနာ အမျိုးအချင်းချင်းကြားမှာပဲ ရှိနေပါစေ။ သင့်နဲ့ပတ်သတ်တဲ့ လူမှုပတ်ဝန်းကျင်မှာတော့ ဒီလှို့ဝှက်ချက်တွေ ပျံ့နှံ့ခွင့် မရှိပါဘူး။ သူတို့က သင့်ကိုယုံကြည်ပါတယ်။ ဒီယုံကြည်မှုကို ချိုးဖောက်တာလောက် ဆိုးတဲ့အရာ မရှိပါဘူး။ ဒါကြောင့် အခြားသူတွေရဲ့ လှို့ဝှက်ချက်တွေကို စောင့်ရှောက်ပေးပါ။ သူတို့ကလည်း သင့်ရဲ့လှို့ဝှက်ချက်တွေကို
ထိန်းသိမ်းပေးနိုင်ဖို့ သင်မျှော်လင့်နိုင်ပါလိမ့်မယ်။
#LM_Naung_Naung
#Lifestyle_Myanmar
Source-Powerofpossitively

LEAVE A REPLY

Please enter your comment!
Please enter your name here