နာမည္ႀကီး ကိုရီးယားသရုပ္ေဆာင္အေတာ္မ်ားမ်ားမွာ သူတို႔အလုပ္အျပင္ ထူးျခားတဲ့ ၀ါသနာေတြလည္း ရွိၾကပါတယ္။ သူတို႔ရဲ႕၀ါသနာေတြက အေပ်ာ္တမ္းမဟုတ္ပဲ ကၽြမ္းက်င္သူကဲ့သို႔ ေအာင္လက္မွတ္ရတဲ့အထိ စိတ္အားထက္သန္မႈရွိခဲ့ၾကပါတယ္။ တျခားသူမ်ားက သူတို႔ရဲ႕အသက္ေမြး၀မ္းေက်ာင္း(သရုပ္ေဆာင္/ဂီတ)မွာ အေထာက္အကူျဖစ္ေအာင္ လိုင္စင္ရဖို႔ ေလ့က်င့္မႈမွတဆင့္ ၀င္ခဲ့ၾကတာပါ။
ဒီအႏုပညာရွင္ၾကယ္ပြင့္ေတြမွာ သင္မေမွ်ာ္လင့္ထားတဲ့ လိုင္စင္ (သို႔) ေအာင္လက္မွတ္ေတြ ရွိပါတယ္။
Single mother ေတြကို ကူညီဖို႔ ၀မ္သန္း၂၀ လွဴဒါန္းခဲ့တဲ့ ဆူဇီ
၁။ Girls’s Generation အဖြဲ႕က Yuri
Girls’s Generation အဖြဲ႕က Yuri မွာ scuba ေရငုပ္သူ ေအာင္လက္မွတ္တစ္ခုရွိပါတယ္။ အားကစားအရမ္းလုပ္တာေၾကာင့္ လူသိမ်ားတဲ့ Yuri ဟာ 2012ခုႏွစ္တုန္းက scuba drive ကုိသင္ယူခဲ့ပါတယ္။ SBS က”Law of the Jungle” ဆိုတဲ့ ရုပ္ရွင္ရိုက္ကူးေနစဥ္ နယူးကယ္လီဖိုးနီးယားမွာ ေရကူးတဲ့အခါ သူမရဲ႕ကၽြမ္းက်င္မႈကို ေကာင္းေကာင္းအသံုးခ်ခဲ့ပါတယ္။
၂။ Soyou
Soyou သည္ သူမအလယ္တန္းေက်ာင္းတတ္ေနတဲ့အခ်ိန္မွာ အလွဖန္တီးရွင္တစ္ေယာက္အျဖစ္ ေအာင္လက္မွတ္ရခဲ့ပါတယ္။ သူမရဲ႕အိမ္မက္က အဆိုေတာ္ျဖစ္ခ်င္တဲ့အတြက္ ဒီအလုပ္ကို ဆက္မလုပ္ခဲ့ပါဘူး။
၃။ Choo Sung Hoon
Choo Sung Hoon မွာ သမီးေလး Choo Sarangကို ေမြးဖြားၿပီးေနာက္ ရရွိခဲ့တဲ့ ကေလးအႏွိပ္ပညာ ေအာင္လက္မွတ္ ရွိပါတယ္။ “The Return of Superman” ရဲ႕ပရိသတ္ေတြကေတာ့ show မွာ ဆာရန္းေလးကို ျပဳစုေစာင့္ေရွာက္ေနတဲ့ သူရဲ႕ကၽြမ္းက်င္မႈျပသခဲ့တာကို သတိရေနပါလိမ့္မယ္။
၄။ Hyunyoung
Rainbow အဖြဲ႕၀င္ေဟာင္း Hyunyoung မွာ ေတာင္ကိုရီးယား ေယာဂအကယ္ဒမီေက်ာင္းက ေယာဂနည္းျပဆရာတစ္ေယာက္အျဖစ္ ေအာင္လက္မွတ္ရွိပါတယ္။ သူမသည္ ရိုးရိုးေယာဂ သင္ၾကားေရးမွာသာ အရည္အခ်င္းရွိတာမဟုတ္ဘဲ ကိုယ္၀န္ေဆာင္မိခင္ေယာဂႏွင့္ ကေလးေယာဂကိုလည္း သင္ေပးႏိုင္ပါတယ္။
၅။ Seo Ye Ji
မင္းသမီး Seo Ye jiမွာ အရည္အခ်င္းရွစ္မ်ိဳးရွိပါတယ္။ သူမသည္ ကေလးေတြကို သင္ေပးႏိုင္ဖို႔ ေလ့လာထားတဲ့ လိင္ပညာေပးေရးအတြက္ လက္မွတ္ရွိပါတယ္။ သူမသည္ ပူေဖာင္းအႏုပညာႏွင့္ စကၠဴေခါက္ျခင္းအတြက္လညး္ လက္မွတ္ရွိပါေသးတယ္။
၆။ Kim Tae Hee
မင္းသမီး Kim Tae Hee သည္ သူမသူငယ္ခ်င္း Honey Lee ရဲ႕ေထာက္ခံခ်က္နဲ႔ရရွိထားတဲ့ scuba ေရငုတ္ျခင္းမွာ လတ္မွတ္ရရွိခဲ့ပါတယ္။ သူမမွာ ေရနဲ႔ပတ္သတ္ၿပီး အတိတ္ကစိတ္ထိခိုက္စရာျဖစ္ရပ္ရရွိၿပီးေနာက္ ေၾကာက္စိတ္လြန္မႈကို ေက်ာ္လႊားႏိုင္ေအာင္ ဒါက ကူညီေပးခဲ့ပါတယ္။
၇။ FTISLAND အဖြဲ႕၀င္ Minhwan
FTISLAND အဖြဲ႕၀င္ Minhwanသည္ ၾကက္ေႀကာ္ႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး သူဟာ ၾကက္ေႀကာ္ျမည္းစမ္းသူအျဖစ္ လတ္မွတ္ရရွိခဲ့ပါတယ္။ ဘယ္အမွတ္တံဆိပ္က ေကာင္းတယ္ဆိုတာ၊ ၾကက္ရဲ႕ ဘယ္အပိုင္းက အရသာရွိတယ္ဆိုတာကို လက္ေတြ႕စမ္းသပ္မႈႏွင့္ ၾကက္ေၾကာ္အေၾကာင္း ေမးခြန္းေတြကို ေရးသားတာတို႔ပါ၀င္တဲ့ Chimmerlier တစ္ေယာက္ ျဖစ္လာဖို႔ စမ္းသပ္မႈလုပ္ခဲ့ပါတယ္။
၈။ Shinhwa အဖြဲ႕၀င္ Kim Dong Wan
Shinhwa အဖြဲ႕၀င္ Kim Dong Wanသည္ ၿဗိတိသွ် ကိုလံဘီယာ၊ Whistler မွာ ကေနဒါ ႏွင္းေလွ်ာစီး သင္တန္းနည္းျပ မဟာမိတ္အဖြဲ႕ကေန ႏွင္းေလွ်ာစီးနညး္ျပတစ္ေယာက္အျဖစ္ အသိအမွတ္ျပဳလက္မွတ္ ရရွိခဲပါတယ္။
#Lifestyle_Myanmar
#TB_Nandar
Unicode
အံ့သြစရာ အရည်အချင်းတွေရှိတဲ့ ကိုရီးယားအနုပညာရှင်များ
နာမည်ကြီး ကိုရီးယားသရုပ်ဆောင်အတော်များများမှာ သူတို့အလုပ်အပြင် ထူးခြားတဲ့ ၀ါသနာတွေလည်း ရှိကြပါတယ်။ သူတို့ရဲ့ဝါသနာတွေက အပျော်တမ်းမဟုတ်ပဲ ကျွမ်းကျင်သူကဲ့သို့ အောင်လက်မှတ်ရတဲ့အထိ စိတ်အားထက်သန်မှုရှိခဲ့ကြပါတယ်။ တခြားသူများက သူတို့ရဲ့အသက်မွေးဝမ်းကျောင်း(သရုပ်ဆောင်/ဂီတ)မှာ အထောက်အကူဖြစ်အောင် လိုင်စင်ရဖို့ လေ့ကျင့်မှုမှတဆင့် ဝင်ခဲ့ကြတာပါ။
ဒီအနုပညာရှင်ကြယ်ပွင့်တွေမှာ သင်မမျှော်လင့်ထားတဲ့ လိုင်စင် (သို့) အောင်လက်မှတ်တွေ ရှိပါတယ်။
၁။ Girls’s Generation အဖွဲ့က Yuri
Girls’s Generation အဖွဲ့က Yuri မှာ scuba ရေငုပ်သူ အောင်လက်မှတ်တစ်ခုရှိပါတယ်။ အားကစားအရမ်းလုပ်တာကြောင့် လူသိများတဲ့ Yuri ဟာ 2012ခုနှစ်တုန်းက scuba drive ကိုသင်ယူခဲ့ပါတယ်။ SBS က”Law of the Jungle” ဆိုတဲ့ ရုပ်ရှင်ရိုက်ကူးနေစဉ် နယူးကယ်လီဖိုးနီးယားမှာ ရေကူးတဲ့အခါ သူမရဲ့ကျွမ်းကျင်မှုကို ကောင်းကောင်းအသုံးချခဲ့ပါတယ်။
၂။ Soyou
Soyou သည် သူမအလယ်တန်းကျောင်းတတ်နေတဲ့အချိန်မှာ အလှဖန်တီးရှင်တစ်ယောက်အဖြစ် အောင်လက်မှတ်ရခဲ့ပါတယ်။ သူမရဲ့အိမ်မက်က အဆိုတော်ဖြစ်ချင်တဲ့အတွက် ဒီအလုပ်ကို ဆက်မလုပ်ခဲ့ပါဘူး။
၃။ Choo Sung Hoon
Choo Sung Hoon မှာ သမီးလေး Choo Sarangကို မွေးဖွားပြီးနောက် ရရှိခဲ့တဲ့ ကလေးအနှိပ်ပညာ အောင်လက်မှတ် ရှိပါတယ်။ “The Return of Superman” ရဲ့ပရိသတ်တွေကတော့ show မှာ ဆာရန်းလေးကို ပြုစုစောင့်ရှောက်နေတဲ့ သူရဲ့ကျွမ်းကျင်မှုပြသခဲ့တာကို သတိရနေပါလိမ့်မယ်။
၄။ Hyunyoung
Rainbow အဖွဲ့ဝင်ဟောင်း Hyunyoung မှာ တောင်ကိုရီးယား ယောဂအကယ်ဒမီကျောင်းက ယောဂနည်းပြဆရာတစ်ယောက်အဖြစ် အောင်လက်မှတ်ရှိပါတယ်။ သူမသည် ရိုးရိုးယောဂ သင်ကြားရေးမှာသာ အရည်အချင်းရှိတာမဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိခင်ယောဂနှင့် ကလေးယောဂကိုလည်း သင်ပေးနိုင်ပါတယ်။
၅။ Seo Ye Ji
မင်းသမီး Seo Ye jiမှာ အရည်အချင်းရှစ်မျိုးရှိပါတယ်။ သူမသည် ကလေးတွေကို သင်ပေးနိုင်ဖို့ လေ့လာထားတဲ့ လိင်ပညာပေးရေးအတွက် လက်မှတ်ရှိပါတယ်။ သူမသည် ပူဖောင်းအနုပညာနှင့် စက္ကူခေါက်ခြင်းအတွက်လညး် လက်မှတ်ရှိပါသေးတယ်။
၆။ Kim Tae Hee
မင်းသမီး Kim Tae Hee သည် သူမသူငယ်ချင်း Honey Lee ရဲ့ထောက်ခံချက်နဲ့ရရှိထားတဲ့ scuba ရေငုတ်ခြင်းမှာ လတ်မှတ်ရရှိခဲ့ပါတယ်။ သူမမှာ ရေနဲ့ပတ်သတ်ပြီး အတိတ်ကစိတ်ထိခိုက်စရာဖြစ်ရပ်ရရှိပြီးနောက် ကြောက်စိတ်လွန်မှုကို ကျော်လွှားနိုင်အောင် ဒါက ကူညီပေးခဲ့ပါတယ်။
၇။ FTISLAND အဖွဲ့ဝင် Minhwan
FTISLAND အဖွဲ့ဝင် Minhwanသည် ကြက်ကြော်ကြိုက်နှစ်သက်သူဖြစ်ပြီး သူဟာ ကြက်ကြော်မြည်းစမ်းသူအဖြစ် လတ်မှတ်ရရှိခဲ့ပါတယ်။ ဘယ်အမှတ်တံဆိပ်က ကောင်းတယ်ဆိုတာ၊ ကြက်ရဲ့ ဘယ်အပိုင်းက အရသာရှိတယ်ဆိုတာကို လက်တွေ့စမ်းသပ်မှုနှင့် ကြက်ကြော်အကြောင်း မေးခွန်းတွေကို ရေးသားတာတို့ပါဝင်တဲ့ Chimmerlier တစ်ယောက် ဖြစ်လာဖို့ စမ်းသပ်မှုလုပ်ခဲ့ပါတယ်။
၈။ Shinhwa အဖွဲ့ဝင် Kim Dong Wan
Shinhwa အဖွဲ့ဝင် Kim Dong Wanသည် ဗြိတိသျှ ကိုလံဘီယာ၊ Whistler မှာ ကနေဒါ နှင်းလျှောစီး သင်တန်းနည်းပြ မဟာမိတ်အဖွဲ့ကနေ နှင်းလျှောစီးနညး်ပြတစ်ယောက်အဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိခဲပါတယ်။
#Lifestyle_Myanmar
#TB_Nandar