အောက်ပိုင်းသေနေတဲ့ သခင်အနားမှာ ၁၀နှစ်ကျော် အဖော်ပြုစောင့်ရှောက်နေတဲ့ခွေးလေး

0
77
သခင်ချစ်တဲ့ ခွေးလေး
သခင်ချစ်တဲ့ ခွေးလေး

အသက် ၅၉နှစ်အရွယ် ရှိတဲ့ Mr.Ma ဟာ လမ်းဘေးမှာ ဖိနပ်ချုပ်၊ ဖိနပ်တိုက်တဲ့ အလုပ်ကို လုပ်ကိုင်လာတာ နှစ် ၄၀ကျော်ခဲ့ပါပြီ။ သူဟာ ဝေဒနာတစ်ခုကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီးနောက်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောက်ပိုင်းသေသွားခဲ့တာပဲဖြစ်ပါတယ်။

-Advertisement-

သွားလာဖို့အတွက် သူကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်လုပ်ဘီးတပ်ကုလားထိုင်လေးရှိပြီး မီတာ ၁၀၀၀လောက်ဝေးတဲ့ သူ့အလုပ်နဲ့ အိမ်နဲ့ကို ၁နာရီဝန်ကျင်လောက် အချိန်ပေးပြီး သွားလာရပါတယ်။ ဒါပေမဲ့ သူ့အတွက် ကံကောင်းတာတော့ မိုးရွာရွာ နေပူပူ သူ့အနားမှာအမြဲရှိတဲ့ အညိုရောင်ခွေးလေးက သူ့ကို အမြဲအကူအညီပေးပါတယ်။

တွန်းလှည်းနဲ့သွားရတဲ့အခါ ခွေးလေးက သူ့ရဲ့ တွန်းလှည်းကို နောက်ကနေ ဝိုင်းတွန်းပေးပါတယ်။ ဒါ့အပြင်ရာသီဥတုအေးတဲ့အချိန်ကြရင် ခွေးလေးက Mr.Ma ရဲ့ ခြေရင်းမှာနေပြီး နွေးသွားအောင် သူ့ကိုယ်နဲ့ ဖိပေးထားတတ်ပါတယ်။ ဒီအဖြစ်အပျက်ကတော့ အခြားသူတွေအတွက် ဆန်းကြယ်နေပေမဲ့အနီးနားပတ်ဝန်းကျင်ကလူတွေအတွက်တော့ ဒီမြင်ကွင်းက အမြဲမြင်တွေ့နေရလို့ ရိုးနေပါပြီ။

ထိုခွေးလေးရဲ့ မိခင်က သူ့ကို မွေးဖွားပြီး မကြာခင်မှာပဲ ဆုံးသွားခဲ့တာကြောင့် Mr.Ma က ခေါ်ယူမွေးစားထားတာ ၁၀နှစ်ကျော်ခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့သံယောဇဥ်က ဘယ်လောက်ထိကြီးမားလဲဆိုရင် Mr.Ma ရဲ့ “Hay” ဆိုတဲ့အသံကြားလိုက်တာနဲ့ ခွေးလေးက Mr.Ma အနားကို ရောက်နေပြီးသားပါပဲ။

Mr.Ma ကတော့ သူ့ခွေးလေးကို အမြဲဂုဏ်ယူတတ်ပါတယ်။ သူ့ခွေးလေးက အရမ်းစမတ်ဖြစ်ပြီး တီဗီမှာမြင်တွေ့နေရတဲ့ လမ်းပြခွေးတွေထက် ပိုပြီး လိမ္မာပါးနပ်တယ်လို့ ဆိုပါတယ်။ တခါတလေ ပိုက်ဆံမရှိတဲ့အခါ နှစ်ယောက်စလုံး တည်သီး စားပြီးနေရတဲ့အခါမျိုးတွေရှိပါတယ်။

တစ်ခါတလေတော့အိမ်နီးနားချင်းတွေက ကျွေးတာနဲ့ တင်းတိမ်ရပါတယ်။ Mr.Ma ရဲ့ ခွေးဟာ သခင်ရဲ့ အရိပ်အကဲကို နားလည်သလို ချေးသိပ့်မများတတ်ပါဘူး။ သူ့အတွက် စားစရာမရှိရင် သုံးရက်လောက်ကြာနေတဲ့ စားကြွင်းစားကျန်ကို အပြင်မှာရှာစားပြီး နေတတ်ပါတယ်။

Mr.Ma အလုပ်လုပ်တဲ့အခါ အနီးအနားက ဂျောင်တစ်ဂျောင်မှာ အိပ်ပြီးနေတတ်ပါတယ်။ Mr.Ma ရဲ့ ခွေးလေးကို စျေးကောင်းပေးပြီးလာဝယ်တဲ့သူတွေရှိပေမဲ့ Mr.Ma က မရောင်းပါဘူး။ သူ့ရဲ့ဘဝက ဆင်းရဲပေမဲ့ ငွေမလိုဘူးလို့ပဲ ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

ဘာသာစကား ၁၀မျိုးနဲ့ ခရီးသွားတွေကို စျေးရောင်းနေတဲ့ကလေး တရုတ်မှာပညာသင်ခွင့်ရရှိ

Zawgyi fonts

ေအာက္ပိုင္းေသေနတဲ့ သခင္အနားမွာ ၁၀ႏွစ္ေက်ာ္ အေဖာ္ျပဳေစာင့္ေရွာက္ေနတဲ့ေခြးေလး
အသက္ ၅၉ႏွစ္အရြယ္ ရွိတဲ့ Mr.Ma ဟာ လမ္းေဘးမွာ ဖိနပ္ခ်ဳပ္၊ ဖိနပ္တိုက္တဲ့ အလုပ္ကို လုပ္ကိုင္လာတာ ႏွစ္ ၄၀ေက်ာ္ခဲ့ပါၿပီ။ သူဟာ ေဝဒနာတစ္ခုကို ျပင္းျပင္းထန္ထန္ခံစားခဲ့ရၿပီးေနာက္မွာေတာ့ ငယ္ငယ္ရြယ္ရြယ္နဲ႔ ေအာက္ပိုင္းေသသြားခဲ့တာပဲျဖစ္ပါတယ္။ သြားလာဖို႔အတြက္ သူကိုယ္တိုင္ ျပဳလုပ္ထားတဲ့ လက္လုပ္ဘီးတပ္ကုလားထိုင္ေလးရွိၿပီး မီတာ ၁၀၀၀ေလာက္ေဝးတဲ့ သူ႔အလုပ္နဲ႔ အိမ္နဲ႔ကို ၁နာရီဝန္က်င္ေလာက္ အခ်ိန္ေပးၿပီး သြားလာရပါတယ္။ ဒါေပမဲ့ သူ႔အတြက္ ကံေကာင္းတာေတာ့ မိုးရြာရြာ ေနပူပူ သူ႔အနားမွာအျမဲရွိတဲ့ အညိဳေရာင္ေခြးေလးက သူ႔ကို အျမဲအကူအညီေပးပါတယ္။

တြန္းလွည္းနဲ႔သြားရတဲ့အခါ ေခြးေလးက သူ႔ရဲ့ တြန္းလွည္းကို ေနာက္ကေန ဝိုင္းတြန္းေပးပါတယ္။ ဒါ့အျပင္ရာသီဥတုေအးတဲ့အခ်ိန္ၾကရင္ ေခြးေလးက Mr.Ma ရဲ့ ေျခရင္းမွာေနၿပီး ေႏြးသြားေအာင္ သူ႔ကိုယ္နဲ႔ ဖိေပးထားတတ္ပါတယ္။ ဒီအျဖစ္အပ်က္ကေတာ့ အျခားသူေတြအတြက္ ဆန္းၾကယ္ေနေပမဲ့အနီးနားပတ္ဝန္းက်င္ကလူေတြအတြက္ေတာ့ ဒီျမင္ကြင္းက အျမဲျမင္ေတြ႕ေနရလို႔ ရိုးေနပါၿပီ။ ထိုေခြးေလးရဲ့ မိခင္က သူ႔ကို ေမြးဖြားၿပီး မၾကာခင္မွာပဲ ဆုံးသြားခဲ့တာေၾကာင့္ Mr.Ma က ေခၚယူေမြးစားထားတာ ၁၀ႏွစ္ေက်ာ္ခဲ့ပါၿပီ။ သူတို႔ႏွစ္ေယာက္ရဲ့သံေယာဇဥ္က ဘယ္ေလာက္ထိႀကီးမားလဲဆိုရင္ Mr.Ma ရဲ့ “Hay” ဆိုတဲ့အသံၾကားလိုက္တာနဲ႔ ေခြးေလးက Mr.Ma အနားကို ေရာက္ေနၿပီးသားပါပဲ။

Mr.Ma ကေတာ့ သူ႔ေခြးေလးကို အျမဲဂုဏ္ယူတတ္ပါတယ္။ သူ႔ေခြးေလးက အရမ္းစမတ္ျဖစ္ၿပီး တီဗီမွာျမင္ေတြ႕ေနရတဲ့ လမ္းျပေခြးေတြထက္ ပိုၿပီး လိမၼာပါးနပ္တယ္လို႔ ဆိုပါတယ္။ တခါတေလ ပိုက္ဆံမရွိတဲ့အခါ ႏွစ္ေယာက္စလုံး တည္သီး စားၿပီးေနရတဲ့အခါမ်ိဳးေတြရွိပါတယ္။ တစ္ခါတေလေတာ့အိမ္နီးနားခ်င္းေတြက ေကၽြးတာနဲ႔ တင္းတိမ္ရပါတယ္။ Mr.Ma ရဲ့ ေခြးဟာ သခင္ရဲ့ အရိပ္အကဲကို နားလည္သလို ေခ်းသိပ့္မမ်ားတတ္ပါဘူး။ သူ႔အတြက္ စားစရာမရွိရင္ သုံးရက္ေလာက္ၾကာေနတဲ့ စားႂကြင္းစားက်န္ကို အျပင္မွာရွာစားၿပီး ေနတတ္ပါတယ္။ Mr.Ma အလုပ္လုပ္တဲ့အခါ အနီးအနားက ေဂ်ာင္တစ္ေဂ်ာင္မွာ အိပ္ၿပီးေနတတ္ပါတယ္။ Mr.Ma ရဲ့ ေခြးေလးကို ေစ်းေကာင္းေပးၿပီးလာဝယ္တဲ့သူေတြရွိေပမဲ့ Mr.Ma က မေရာင္းပါဘူး။ သူ႔ရဲ့ဘဝက ဆင္းရဲေပမဲ့ ေငြမလိုဘူးလို႔ပဲ ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here