အောက်ပိုင်းသေတဲ့ ချစ်သူကို ပစ်မသွားရက်ဘဲ ၃နှစ်ကျော် ပြုစုစောင့်ရှောက်ပေးနေတဲ့ အမျိုးသား

0
2183
Narawut Phongyen

ထိုင်းနိုင်ငံမြောက်ပိုင်း Chiang Mai မှာနေထိုင်တဲ့ အသက် ၃၁နှစ်အရွယ် Narawut Phongyen ဆိုသူ အမျိုးသားဟာ အသက် ၂၁နှစ်အရွယ် Patcharaphan Lenkham ကောင်မလေးနဲ့ ၂၀၁၅ ခုနှစ်မှာ အွန်လိုင်းပေါ်ကတစ်ဆင့် ဆုံတွေ့ပြီး ချစ်ကြိုက်ခဲ့ကြပါတယ်။ ချစ်သူတွေ ဖြစ်သွားပေမဲ့ ၇လလောက်အထိ တစ်ယောက်ကို တစ်ယောက် မမြင်ဘူးကြပါဘူး။

အဲ့ဒီနောက် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလမှာ နှစ်ယောက်သား အပြင်မှာ တွေ့ဆုံဖို့ စီစဉ်ထားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အစီအစဉ်က မအောင်မြင်ခဲ့ပါဘူး။ ချိန်းတွေ့မဲ့ ကာလ မရောက်ခင်မှာပဲ Patcharaphan ဟာ ကားမတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးလည်ပင်းကနေ အောက်ပိုင်းတစ်လျှောက်လုံး မလှုပ်နိုင်တော့ဘဲ အောက်ပိုင်းသေသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးမှာ သူမလှုပ်ရှားနိုင်တာဆိုလို့ လည်ပင်းအထက် ဦးခေါင်းပိုင်းနဲ့ လက်မကလေး နှစ်ချောင်းပဲ ရှိပါတယ်။ Narawut တစ်ယောက် သူ့ချစ်သူရဲ့ အကြောင်းကို ကြားသိရတဲ့ အချိန်မှာပဲ ဆေးရုံကို ဆက်သွယ်ပြီး အမြန်လိုက်သွားခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အပြင်မှာစစဦးဆုံးတွေ့ဆုံတဲ့ အဖြစ်အပျက်ကတော့ မြင်တဲ့ အတိုင်းပဲ သူများတွေကို ကဗျာမဆန်ခဲ့ပါဘူး။

ဒီလို အဖြစ်ဆိုးနဲ့ကြုံတဲ့ အချိန်မှ ချစ်သူကို ပထမဦးဆုံး အပြင်မှာ ဆုံဖူးတာဖြစ်ပါတယ်။ အခုဆို Narawut တစ်ယောက် သူ့ရဲ့ ချစ်သူကို သစ္စာရှိရှိနဲ့ ပစ်မသွားရပ်တဲ့အပြင် အနီးကပ်ပြုစုစောက်ရှောက်နေတာ ၃နှစ်ကျော် ရှိနေပါပြီ။ Narawut ဟာ နေ့လည်ဘက်ဆို အလုပ်က ခဏပြန်လာကာ သူမအတွက် နေ့လည်စာဝယ်လာပြီး ကိုယ်တိုင် လာကျွေးတတ်ပါတယ်။

သူတို့နှစ်ဦးရဲ့ အဖြစ်အပျက်လေးကိုတော့ ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၉ရက်နေ့က မီဒီယာတစ်ခုကနေ ဗီဒီယို ရိုက်ကူးပြီး မှတ်တမ်းတင်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ သူမကို နေ့တိုင်း ထမင်းကျွေးတာတွေ၊ အဝတ်အစား လျှော်ဖွက်ပေးတာတွေ၊ ကိုယ်လက် သန့်စင်ပေးတာတွေ၊အခန်းသန့်ရှင်းရေးလုပ်ပေးတာတွေက အစ အလုပ်အားရင် အားသလို သူမဆီလာပြီး ပြုစုစောင့်ရှောက်ပေးတတ်ပါတယ်။

Patcharaphan ဟာ သူ့ရဲ့ ခြေလက်အင်္ဂါတွေ အမြန်ဆုံး ပြန်ကောင်းလာဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ “ကျွန်မပြန်ကောင်းလာစေချင်တယ်ဆိုတာ Narawut ကြောင့်ပါ။ သူနဲ့ တွေ့ဆုံခဲ့တာ ကျွန်မအတွက် အလွန်ကံကောင်းပါတယ်။ အောက်ပိုင်းသေနေမှန်းသိရက်နဲ့ ကံတရားကို စိန်ခေါ်ပြီး ကျွန်မကို ပစ်မသွားရက်ဘဲ ကောင်းလာအောင် ပြုစုပေးနေတာ တကယ့်ကို လေးစားမိပါတယ်” လို့ ရင်ဖွင့်ထားပါတယ်။

Narawut ကလည်း “ရုပ်ပိုင်းဆိုင်ရာ ကုထုတွေနဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီး နေ့စဉ်ကုသနေတာ တစ်နေ့ ကျွန်တော်အနားမှာ သူမ ရပ်တည်နိုင်ဖို့ မျှော်လင့်ထားလို့ပါ။ အတူတူ မိသားစုဘဝလေးကို စတင်ခြင်တယ်ဆိုတဲ့ အတွေးက ကျွန်တော်အလုပ်က ပြန်လာပြီး သူ့မျက်နှာကို မြင်တိုင်း ခံစားနေရပါတယ်။ နေပြန်ကောင်းလာတဲ့ တစ်နေ့ကျရင် ရွာမှာ မင်္ဂဆောင်ကို ခမ်းခမ်းနားနားကြီး ပြုလုပ်ကြမယ်လို့လည်း ကတိပေးထားပါတယ်လို့” ဆိုပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

ေအာက္ပိုင္းေသတဲ့ ခ်စ္သူကို ပစ္မသြားရက္ဘဲ ၃ႏွစ္ေက်ာ္ ျပဳစုေစာင့္ေရွာက္ေပးေနတဲ့ အမ်ိဳးသား

ထိုင္းနိုင္ငံေျမာက္ပိုင္း Chiang Mai မွာေနထိုင္တဲ့ အသက္ ၃၁ႏွစ္အရြယ္ Narawut Phongyen ဆိုသူ အမ်ိဳးသားဟာ အသက္ ၂၁ႏွစ္အရြယ္ Patcharaphan Lenkham ေကာင္မေလးနဲ႔ ၂၀၁၅ ခုႏွစ္မွာ အြန္လိုင္းေပၚကတစ္ဆင့္ ဆုံေတြ႕ၿပီး ခ်စ္ႀကိဳက္ခဲ့ၾကပါတယ္။ ခ်စ္သူေတြ ျဖစ္သြားေပမဲ့ ၇လေလာက္အထိ တစ္ေယာက္ကို တစ္ေယာက္ မျမင္ဘူးၾကပါဘူး။

အဲ့ဒီေနာက္ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ႏွစ္ေယာက္သား အျပင္မွာ ေတြ႕ဆုံဖို႔ စီစဥ္ထားခဲ့ၾကပါတယ္။ ဒါေပမဲ့ သူတို႔ရဲ့ အစီအစဥ္က မေအာင္ျမင္ခဲ့ပါဘူး။ ခ်ိန္းေတြ႕မဲ့ ကာလ မေရာက္ခင္မွာပဲ Patcharaphan ဟာ ကားမေတာ္တဆမွုတစ္ခုနဲ႔ ၾကဳံေတြ႕ခဲ့ရၿပီးလည္ပင္းကေန ေအာက္ပိုင္းတစ္ေလၽွာက္လုံး မလွုပ္နိုင္ေတာ့ဘဲ ေအာက္ပိုင္းေသသြားတဲ့အထိ ျဖစ္ခဲ့ရပါတယ္။

ခႏၶာကိုယ္တစ္ခုလုံးမွာ သူမလွုပ္ရွားနိုင္တာဆိုလို႔ လည္ပင္းအထက္ ဦးေခါင္းပိုင္းနဲ႔ လက္မကေလး ႏွစ္ေခ်ာင္းပဲ ရွိပါတယ္။ Narawut တစ္ေယာက္ သူ႔ခ်စ္သူရဲ့ အေၾကာင္းကို ၾကားသိရတဲ့ အခ်ိန္မွာပဲ ေဆး႐ုံကို ဆက္သြယ္ၿပီး အျမန္လိုက္သြားခဲ့ပါတယ္။ သူတို႔ႏွစ္ဦးရဲ့ အျပင္မွာစစဦးဆုံးေတြ႕ဆုံတဲ့ အျဖစ္အပ်က္ကေတာ့ ျမင္တဲ့ အတိုင္းပဲ သူမ်ားေတြကို ကဗ်ာမဆန္ခဲ့ပါဘူး။

ဒီလို အျဖစ္ဆိုးနဲ႔ၾကဳံတဲ့ အခ်ိန္မွ ခ်စ္သူကို ပထမဦးဆုံး အျပင္မွာ ဆုံဖူးတာျဖစ္ပါတယ္။ အခုဆို Narawut တစ္ေယာက္ သူ႔ရဲ့ ခ်စ္သူကို သစၥာရွိရွိနဲ႔ ပစ္မသြားရပ္တဲ့အျပင္ အနီးကပ္ျပဳစုေစာက္ေရွာက္ေနတာ ၃ႏွစ္ေက်ာ္ ရွိေနပါၿပီ။ Narawut ဟာ ေန႔လည္ဘက္ဆို အလုပ္က ခဏျပန္လာကာ သူမအတြက္ ေန႔လည္စာဝယ္လာၿပီး ကိုယ္တိုင္ လာေကၽြးတတ္ပါတယ္။

သူတို႔ႏွစ္ဦးရဲ့ အျဖစ္အပ်က္ေလးကိုေတာ့ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၂၉ရက္ေန႔က မီဒီယာတစ္ခုကေန ဗီဒီယို ရိုက္ကူးၿပီး မွတ္တမ္းတင္မၽွေဝေပးခဲ့တာျဖစ္ပါတယ္။ သူမကို ေန႔တိုင္း ထမင္းေကၽြးတာေတြ၊ အဝတ္အစား ေလၽွာ္ဖြက္ေပးတာေတြ၊ ကိုယ္လက္ သန္႔စင္ေပးတာေတြ၊အခန္းသန္႔ရွင္းေရးလုပ္ေပးတာေတြက အစ အလုပ္အားရင္ အားသလို သူမဆီလာၿပီး ျပဳစုေစာင့္ေရွာက္ေပးတတ္ပါတယ္။

Patcharaphan ဟာ သူ႔ရဲ့ ေျခလက္အဂၤါေတြ အျမန္ဆုံး ျပန္ေကာင္းလာဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။ “ကၽြန္မျပန္ေကာင္းလာေစခ်င္တယ္ဆိုတာ Narawut ေၾကာင့္ပါ။ သူနဲ႔ ေတြ႕ဆုံခဲ့တာ ကၽြန္မအတြက္ အလြန္ကံေကာင္းပါတယ္။ ေအာက္ပိုင္းေသေနမွန္းသိရက္နဲ႔ ကံတရားကို စိန္ေခၚၿပီး ကၽြန္မကို ပစ္မသြားရက္ဘဲ ေကာင္းလာေအာင္ ျပဳစုေပးေနတာ တကယ့္ကို ေလးစားမိပါတယ္” လို႔ ရင္ဖြင့္ထားပါတယ္။

Narawut ကလည္း “႐ုပ္ပိုင္းဆိုင္ရာ ကုထုေတြနဲ႔ ေလ့က်င့္ခန္းေတြလုပ္ၿပီး ေန႔စဥ္ကုသေနတာ တစ္ေန႔ ကၽြန္ေတာ္အနားမွာ သူမ ရပ္တည္နိုင္ဖို႔ ေမၽွာ္လင့္ထားလို႔ပါ။ အတူတူ မိသားစုဘဝေလးကို စတင္ျခင္တယ္ဆိုတဲ့ အေတြးက ကၽြန္ေတာ္အလုပ္က ျပန္လာၿပီး သူ႔မ်က္ႏွာကို ျမင္တိုင္း ခံစားေနရပါတယ္။ ေနျပန္ေကာင္းလာတဲ့ တစ္ေန႔က်ရင္ ရြာမွာ မဂၤေဆာင္ကို ခမ္းခမ္းနားနားႀကီး ျပဳလုပ္ၾကမယ္လို႔လည္း ကတိေပးထားပါတယ္လို႔” ဆိုပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here