အေအးမိတုပ္ေကြးေရာဂါဟာ အခုလို မိုးရြာလိုက္ ေနပူလိုက္ျဖစ္ေနတဲ့ ရာသီဥတုအေျခအေန၊ ရာသီဥတုအကူးအေျပာင္းေတြမွာ အျဖစ္မ်ားပါတယ္။ တုပ္ေကြးျဖစ္တာက ဘက္တီးရီးယားႏွင့္ ဗိုင္းရပ္စ္ေရာဂါပိုးေတြေၾကာင့္ပါပဲ။ ဒါ့ေၾကာင့္တုပ္ေကြးမျဖစ္ေအာင္ ဂရုစိုက္ဖို႔လိုပါတယ္။အေအးမိ ၊တုပ္ေကြးျဖစ္တဲ့အခါ ကိုယ္ခံစြမ္းအားစနစ္ကို ေကာင္းမြန္ေစမယ့္ ဒီလိုအစားအစာမ်ားကို စားေပးျခင္းျဖင့္ တုပ္ေကြးလကၡဏာနဲ႔ ျပင္းထန္မႈကို ေလ်ာ့ပါးသြားေစပါလိမ့္မယ္။
၁။ ၾကက္စြပ္ျပဳတ္
ၾကက္စြပ္ျပဳတ္မွာ ႏွာေခါင္း၊ လည္ေခ်ာင္း၊ ရင္ဘတ္ ေယာင္ရမ္းျခင္းေၾကာင့္ျဖစ္တဲ့ အခၽြဲကိုပါးေစတဲ့ cysteine ျဒပ္ေပါင္းမ်ား ပါရွိပါတယ္။ အဆုတ္ထဲမွာ ေရာင္ရမ္းမႈကိုလည္း ေလွ်ာ့ခ်ေစႏိုင္ပါတယ္။
၂။ ဒိန္ခ်ဥ္
ဒိန္ခ်ဥ္ထဲမွာပါရွိတဲ့ ပရိုဖိုင္ေရာတစ္က ဖ်ားနာမႈျဖစ္ပြားျခင္းကို ေလ်ာ့ခ်ေပးႏိုင္ၿပီး လ်င္ျမန္စြာ သက္သာေပ်ာက္ကင္းေစပါတယ္။ ဒိန္ခ်ဥ္မွာ ပရိုတင္းဓါတ္၊ ဗီတာမင္ႏွင့္ သတၱဳဓါတ္မ်ား ပါဝင္ပါတယ္။ ဒိန္ခ်ဥ္ႏွင့္ အျခားႏို႔ထြက္ပစၥည္းထုတ္ကုန္မ်ားမွာ ကိုယ္ခံစြမ္းအားစနစ္ကို ေထာက္ပံ့ေပးတဲ့ ဇင့္ဓါတ္လည္း ၾကြယ္ဝါတယ္။
၃။ ဗီတာမင္စီ ၾကြယ္ဝေသာအသီးမ်ားႏွင့္ ဘယ္ရီသီးမ်ား
ဗီတာမင္စီက အေအးမိျခင္းကို တားဆီးေပးယံုသာမဟုတ္ဘဲ ေလ့လာမႈေတြမွာ ဗီတာမင္စီၾကြယ္ဝတဲအစားအစာမ်ားက ျမန္ျမန္နလန္ျပန္ထေစတယ္လို႔ ဆိုပါတယ္။ ႏွာေစးျခင္း၊ ႏွာရည္ယုိျခင္းစတဲ့ လကၡဏာေတြကို ေလ်ာ့ခ်ေပးတဲ့ antihistaminic သက္ေရာက္မႈအနည္းငယ္လည္း ရွိပါတယ္။ လိေမၼာ္သီးမ်ား၊ သံပုရာသီးမ်ား၊ ဘယ္ရီသီး၊ စပ်စ္သီးမ်ားႏွင့္ ေရွာက္သီးမ်ားသည္ ဖ်ားနာေနစဥ္ႏွင့္ နာလန္ထအခ်ိန္မ်ားတြင္ ျပန္လည္ေကာင္းမြန္လာေစရန္အတြက္္ စားသုံးသင့္ေသာ အစားအစာမ်ားျဖစ္ပါသည္။
၄။ ဟင္းခတ္အေမႊးအႀကိဳင္မ်ား
ၾကက္သြန္ျဖဴ၊ နႏြင္း၊ ငရုတ္ေကာင္း ႏွင့္တျခား အားေကာင္းတဲ့ အနံ႔အရသာေတြက ႏွာေခါင္းပိတ္တာေတြကို ပြင့္ေစပါတယ္။ ၾကက္သြန္ျဖဴႏွင့္ ဂ်င္းမ်ားမွာ ေရာင္ရမ္းမႈကို ေလ်ာ့က်ေစႏိုင္တဲ့ ဓါတ္မ်ားႏွင့္ အင္တီေအာက္ဆီဒင့္မ်ား ပါဝင္တာေၾကာင့္ ဖ်ားနာမႈကို အလ်င္အျမန္ေပ်ာက္ကင္းေစႏိုင္ပါတယ္။
၅။ အနီေရာင္အသားမ်ားႏွင့္ ကႏုကမာမ်ား
ဇင့္ဓါတ္အရင္းအျမစ္ ၾကြယ္ဝတာေၾကာင့္ သင့္ရဲ႕ပရိုတိန္းအတြက္ ဒီအစားအစာေတြကို ေရြးခ်ယ္ပါ။ အသားမွာ သံဓါတ္မ်ားစြာပါတာေၾကာင့္ ခုခံအားစနစ္ကို ေကာင္းေစပါတယ္။
၆။ အရက္မေသာက္ပါနဲ႔
အေအးမိ၊ တုပ္ေကြးျဖစ္တဲ့အခါ အရည္အမ်ားႀကီးကို ေသာက္သင့္ေပမယ့္ အယ္ကိုေဟာကိုေတာ့ ေရွာင္ပါ။ ဝိုင္၊ ဘီယာႏွင့္ အရက္မ်ားက ခႏၶာကိုယ္ရဲ႕ေရာဂါကူးစက္တိုက္ဖ်က္ျခင္း စြမ္းရည္ကို ေလ်ာ့က်ေစပါတယ္။
#Lifestyle_Myanmar
#LM_Nandar
Source- reader’s digest
Unicode
အအေးမိတုပ်ကွေးဖြစ်တဲ့အချိန်မှာ စားပေးသင့်တဲ့အစားအစာနဲ့ ရှောင်သင့်တဲ့ အစားအစာ
အအေးမိတုပ်ကွေးရောဂါဟာ အခုလို မိုးရွာလိုက် နေပူလိုက်ဖြစ်နေတဲ့ ရာသီဥတုအခြေအနေ၊ ရာသီဥတုအကူးအပြောင်းတွေမှာ အဖြစ်များပါတယ်။ တုပ်ကွေးဖြစ်တာက ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ရောဂါပိုးတွေကြောင့်ပါပဲ။ ဒါ့ကြောင့်တုပ်ကွေးမဖြစ်အောင် ဂရုစိုက်ဖို့လိုပါတယ်။ တုပ်ကွေးဖြစ်တဲ့အချိန်မှာလည်း ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေမယ့် အစားအစာများကို စားပေးပါ။ ဒါကတုပ်ကွေးလက္ခဏာနဲ့ ပြင်းထန်မှုကို လျော့ပါးသွားစေပါလိမ့်မယ်။
၁။ ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်မှာ နှာခေါင်း၊ လည်ချောင်း၊ ရင်ဘတ် ယောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ အချွဲကိုပါးစေတဲ့ cysteine ဒြပ်ပေါင်းများ ပါရှိပါတယ်။ အဆုတ်ထဲမှာ ရောင်ရမ်းမှုကိုလည်း လျှော့ချစေနိုင်ပါတယ်။
၂။ ဒိန်ချဉ်
ဒိန်ချဉ်ထဲမှာပါရှိတဲ့ ပရိုဖိုင်ရောတစ်က ဖျားနာမှုဖြစ်ပွားခြင်းကို လျော့ချပေးနိုင်ပြီး လျင်မြန်စွာ သက်သာပျောက်ကင်းစေပါတယ်။ ဒိန်ချဉ်မှာ ပရိုတင်းဓါတ်၊ ဗီတာမင်နှင့် သတ္တုဓါတ်များ ပါဝင်ပါတယ်။ ဒိန်ချဉ်နှင့် အခြားနို့ထွက်ပစ္စည်းထုတ်ကုန်များမှာ ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပေးတဲ့ ဇင့်ဓါတ်လည်း ကြွယ်ဝါတယ်။
၃။ ဗီတာမင်စီ ကြွယ်ဝသောအသီးများနှင့် ဘယ်ရီသီးများ
ဗီတာမင်စီက အအေးမိခြင်းကို တားဆီးပေးယုံသာမဟုတ်ဘဲ လေ့လာမှုတွေမှာ ဗီတာမင်စီကြွယ်ဝတဲအစားအစာများက မြန်မြန်နလန်ပြန်ထစေတယ်လို့ ဆိုပါတယ်။ နှာစေးခြင်း၊ နှာရည်ယိုခြင်းစတဲ့ လက္ခဏာတွေကို လျော့ချပေးတဲ့ antihistaminic သက်ရောက်မှုအနည်းငယ်လည်း ရှိပါတယ်။ လိမ္မော်သီးများ၊ သံပုရာသီးများ၊ ဘယ်ရီသီး၊ စပျစ်သီးများနှင့် ရှောက်သီးများသည် ဖျားနာနေစဉ်နှင့် နာလန်ထအချိန်များတွင် ပြန်လည်ကောင်းမွန်လာစေရန်အတွက်် စားသုံးသင့်သော အစားအစာများဖြစ်ပါသည်။
၄။ ဟင်းခတ်အမွှေးအကြိုင်များ
ကြက်သွန်ဖြူ၊ နနွင်း၊ ငရုတ်ကောင်း နှင့်တခြား အားကောင်းတဲ့ အနံ့အရသာတွေက နှာခေါင်းပိတ်တာတွေကို ပွင့်စေပါတယ်။ ကြက်သွန်ဖြူနှင့် ဂျင်းများမှာ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ ဓါတ်များနှင့် အင်တီအောက်ဆီဒင့်များ ပါဝင်တာကြောင့် ဖျားနာမှုကို အလျင်အမြန်ပျောက်ကင်းစေနိုင်ပါတယ်။
၅။ အနီရောင်အသားများနှင့် ကနုကမာများ
ဇင့်ဓါတ်အရင်းအမြစ် ကြွယ်ဝတာကြောင့် သင့်ရဲ့ပရိုတိန်းအတွက် ဒီအစားအစာတွေကို ရွေးချယ်ပါ။ အသားမှာ သံဓါတ်များစွာပါတာကြောင့် ခုခံအားစနစ်ကို ကောင်းစေပါတယ်။
၆။ အရက်မသောက်ပါနဲ့
အအေးမိ၊ တုပ်ကွေးဖြစ်တဲ့အခါ အရည်အများကြီးကို သောက်သင့်ပေမယ့် အယ်ကိုဟောကိုတော့ ရှောင်ပါ။ ဝိုင်၊ ဘီယာနှင့် အရက်များက ခန္ဓာကိုယ်ရဲ့ရောဂါကူးစက်တိုက်ဖျက်ခြင်း စွမ်းရည်ကို လျော့ကျစေပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source- reader’s digest