Home Health & Beauty အရေပြားပွန်းရှခြင်းကို ကာကွယ်ဖို့ အိမ်သုံးဆေးနည်းလေးတွေ

အရေပြားပွန်းရှခြင်းကို ကာကွယ်ဖို့ အိမ်သုံးဆေးနည်းလေးတွေ

0
94
အရေပြားပွန်းရှခြင်းကို

WebMD ရဲ့အဆိုအရ အသားအရေပွန်းရှခြင်းက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဘယ်နေရာမှာမဆို ပေါ်လာနိုင်ပေမယ့် ထပ်တလဲလဲပွတ်တိုက်မှုတွေကြောင့် ချိုင်းကြား၊ ပေါင်၊ ပေါင်ခြံနှင့် ရင်သားပေါ်မှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ အဝလွန်သူများနှင့် လေ့ကျင့်ခန်းအပြင်းအထန်လုပ်သူများမှာ အများဆုံး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် အရေပြား ပွန်းရှခြင်းကို ပျောက်ကင်းစေဖို့အတွက် အိမ်မှာ ကိုယ့်ဘာသာ ကုစားနိုင်တဲ့နည်းလမ်းလေးတွေ ရှိပါတယ်။
၁။ ရေခဲကပ်ပါ

-Advertisement-


အသားအရေယားယံခြင်းကို ခံစားရတဲ့အခါ ယားယံတဲ့ နေရာကို ရေခဲဖြင့် ကပ်ပေးပါ။ American Academy of Dermatology ရဲ့လေ့လာမှုတစ်ခုမှာ ယားယံခြင်း၊ အရေပြားပွန်းရှခြင်းကဲ့သို့ အသားအရေပြဿနာများကို ရေခဲကပ်ခြင်းဖြင့် (သို့) ရေခဲစိမ်ထားတဲ့ အဝတ်ကပ်ခြင်းဖြင့် ကူညီနိုင်တယ်လို့ ပြသခဲ့ပါတယ်။ ဒီနည်းလမ်းက အယားပြေတဲ့အထိ ရေခဲဆက်တိုက်ကပ်ပေးထားရမှာ ဖြစ်ပါတယ်။
၂။ ကိုယ်လိမ်းပေါင်ဒါ သို့ ပြောင်းမှုန့်


Georgianna Donadio, Ph.Dက ပြောင်းမှုန့်က အရေပြားယားယံခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းကို သက်သာအောင် ကူညီပေးနိုင်တယ်လို့ ပြောပါတယ်။ ထိခိုက်တဲ့အသားအရေနေရာပေါ်မှာ cornstarch အနည်းငယ်ကို တိုက်ရိုက်ဖြန်းပေးခြင်း သို့မဟုတ် ရေနံဂျယ်လီအနည်းငယ်ကို ရောစပ်ခြင်းဖြင့် လိမ်းပေးနိုင်တယ်လို့ အကြံပြုထားပါတယ်။ ရေနံဂျယ်လီ မရှိဘူးဆိုရင် ကလေးပေါင်ဒါမှုန့်ကို အသုံးပြုနိုင်ပါတယ်။ Dr. Audrey Kunin ရဲ့အဆိုအရ ကလေးပေါင်ဒါ က အသားအရေကို ချောမွေ့စေတာကြောင့် အရေပြားပွန်းရှခြင်းမှ တားဆီးနိုင်တယ်လို့ ဆိုပါတယ်။
၃။ ရေနှင့် Oatmeal ကိုရောပြီး


2012 ခုနှစ် ကောက်ယူခဲ့တဲ့ လေ့လာမှုတစ်ခုမှာ Oatmeal ပါရှိသော personal care productsတွေက နာကျင်ကျိန်းစပ်ခြင်းကို လျော့ချပေးပြီး ဓါတ်မတည့်တုံ့ပြန်မှုကို ဖြစ်ပေါ်နိုင်ဖွယ်မရှိကြောင်း ပြသခဲ့ပါတယ်။ အသားအရေ ပွန်းရှခြင်းကို သက်သာစေဖို့ အလွယ်ဆုံးနည်းလမ်းနှင့် တခြားအရေပြားဆိုင်ရာ ပြဿနာများအတွက် ရေနွေးနွေးဖြည့်ထားတဲ့ ရေချိုးဇလုံတစ်လုံးထဲမှာ ground oatmeal ၂ခွက်ထည့်ပါ။ မိနစ် ၂၀ခန့်လောက် ထိုအထဲမှာ စိမ်ပါ။ တစ်နေ့ကို တစ်ကြိမ်လောက်လုပ်ပေးခြင်းဖြင့် အရေပြားပွန်းရှမှုကို ဖယ်ရှားပေးနိုင်ပါတယ်။
၎။ လက်ဖက်စိမ်း၊ ရေ၊ ချာမိုမိုင်းခြောက်နှင့်အတူ calendula oil ကိုရောပါ


2009နောက်ပိုင်းက လေ့လာမှုတစ်ခုမှာ calendula oil ဆီမှာ flavonoids ကြွယ်ဝခြင်းကြောင့် ပွန်းရှခြင်းကို သက်သာစေပြီး ကာကွယ်ပးနိုင်တဲ့ ရောင်ရမ်းမှု၊ ဘက်တီးရီးယား၊ မှိုတို့ကိုဆန့်ကျင်ပေးတဲ့ဂုဏ်သတ္တိများ ရှိပါတယ်။ calendula oil အစက်အနည်းငယ်ကို တိုက်ရိုက်လိမ်းခြင်းဖြစ်စေ၊ ချာမိုမှိုင်းခြောက်၊ လက်ဖက်စိမ်းနှင့် ရေတစ်ချို့ရောပြုတ်ပြီးဖြစ်စေ၊ ရေနွေးနွေးထည့်ထားတဲ့ ရေချိုးဇလုံထဲမှာ ထည့်ပြီး အသုံးပြုနိုင်ပါတယ်။
၅။ ရှားစောင်းလပ်ပတ်ဂျလ်

အရေပြားပွန်းရှခြင်းကို
လေ့လာမှုတစ်ခုက ရှားစောင်းလပ်ပတ်ပါဝင်တဲ့ glycoprotein ကနာကျင်၊ ရောင်ရမ်းမှုကိုလျော့ကျ သက်သာအောင် ကူညီနိုင်ပါတယ်။ ၎င်းမှာပါတဲ့ ဂုဏ်သတ္တိက အဆိပ်အတောက် level ကိုလျော့ကျစေတာကြောင့် အရေပြားဆဲလ်သစ်တွေ ပြန်လည်ရှင်သန်အောင်ကူညီပေးပါတယ်။ ဂျယ်လ်ကို တိုက်ရိုက်လိမ်းခြင်းဖြစ်စေ၊ ဆေးဆိင်မှ သန့်စင်ပြီးသား ရှားစောင်းလက်ပတ်ဂျယ် ကိုဝယ်ယူပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။

၆။ မုန့်ဖုတ်ဆိုဒါနှင့် ရေကိုခပ်ပျစ်ပျစ်ဖျော်ပါ


Dr. Mercola ရဲ့အဆိုအရ မုန့်ဖုတ်ဆိုဒါမှာ ကျန်းမာရေးပြဿနာအမျိုးမျိုးနှင့်အတူ လူတွေကို ကူညီပေးနိုင်တဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်ပြီး ဘက်တီးရီးယားများကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိများ ရှိပါတယ်။ အရေပြားပွန်းရှခြင်း အပါအဝင် အသားအရေပြဿနာများအတွက် မုန့်ဖုတ်ဆိုဒါ ဇွန်းအပြည့်တစ်ဇွန်း ကို ရေအနည်းငယ်နှင့်ရေပြီး ခပ်ပျစ်ပျစ်လေး မွေပါ။ အရေပြားပွန်းရှတဲ့ နေရာမှာ တိုက်ရိုက်လိမ်းပေးပါ။ ယားယံခြင်းနှင့ နီမြန်းခြင်းကို ကုသပေးပါလိမ့်မယ်။ မြင့်မားသော detoxifying သက်ရောက်မှုများအတွက် မုန့်ဖုတ်ဆိုဒါနှင့် ပန်းသီးရှာလကာရည်ကို ရေချိုးဇလုံတစ်လုံးထဲမှာ ထည့်ချိုးနိုင်ပါတယ်။ အနာပျောက်စေတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။
၇။ နနွင်း


နနွင်းမှာ ရောင်ရမ်းမှုကို ဆန့်ကျင်ပေးတဲ့ ဂုဏ်သတ္တိများနှင့် ကြွယ်ဝတဲ့ ဓါတ်တိုးပစ္စည်းများ ပါဝင်ပါတယ်။ ရေနှင့် ခပ်ပျစ်ပျစ်လးဖျော်ပြီး ပွန်းရှတဲ့ အသားအရေပေါ်မှာ လိမ်းပေးနိင်ပါတယ်။ မိနစ် ၃၀လောက်နေမှ ရေဖြင့်ဆေးပေးရပါမယ်။
၈။ သံလွင်ဆီ


သံလွင်ဆီက အရေပြားခြောက်သွေ့ခြင်းကို ကုသဖို့ moisturizers အများစုမှာ ပါဝင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုကြပါတယ်.။ များစွာသော လေ့လာမှုတွေမှာ သံလွင်ဆီက ရောင်ရမ်းမှုကို ဆန့်ကျင်ပေးပြီး moisturizing ဂုဏ်သတ္တိတွေ ရှိတယ်လို့ ဆိုပါတယ်။
Bonus


WebMD ရဲ့အဆိုအရ အရေပြားပွန်းရှခြင်းကို ရှောင်ကျဉ်နိုင်မယ့် နည်းလမ်းအနည်းငယ်ရှိပါတယ်။ အရေပြားပွန်းရှခြင်ကို တားဆီးဖို့ ပြုလုပ်နိုင်တဲ့ အရေးကြီးတဲ့ အရာ ၃မျိုးက
ခြောက်သွေ့အောင်ထားပါ- သင့်အသားအရေ စိုစွတ်မှုကျန်ခဲ့ခြင်းက အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ သင့်အသားအရေမှ မလိုအပ်တဲ့ အစိုဓါတ်ကို စုပ်ယူပေးတာကြောင့် ကိုယ်လိမ်းပေါင်ဒါ သို့မဟုတ် cornstarch ကို လိမ်းပေးသင့်ပါတယ်။
ဆီလိမ်းပေးရပါမယ်- Petroleum jelly(ရေနံဂျယ်လီ) က အထိခိုက်မခံဆုံးနေရာတွေကို လိမ်းပေးနိုင်တဲ့ အသုံးအများဆုံးချောဆီဖြစ်ပါတယ်။ အဝတ်အစားကျပ်ကျပ်တွေကြောင့်၊ အဝလွန်တာကြောင့် ပွတ်တိုက်မှုတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

သင့်လျော်စွာ ဝတ်စားဆင်ယင်ပါ- လေ့ကျင့်ခန်းလုပ်တဲ့အခါ Cotton ဝတ်တာက အဆိုးဆုံးရန်သူပါ။ အရေပြားကို မထိခိုက်စေတဲ့ synthetic fibersနဲ့ပြုလုပ်ထားတဲ့ အဝတ်ကိုဝတ်ဆင်တာက ပိုကောင်းပါတယ်။ ရာသီဥတု ပူနွေးသည်ဆိုပါက အထပ်ထပ် ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပြီး jogging bra သို့မဟုတ် သင်သည်အမျိုးသားတစ်ယောက်စ်ြလျှင် အကျီင်္မပါဘဲ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။
အရေပြားပွန်းရှမှုက အလွန်စိတ်ကသိကအောက်ဖြစ်စေနိုင်ပြီး သွားရလာရတာ အဆင်မပြေစေပါဘူး. ဒါ့ကြောင့် ဒီကုစားမှုတွေက သင့်ကို ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
#Lifestyle_Myanmar
#LM_Nandar
Source-brightside

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here