အူရီဒူးမြန်မာရဲ့ ၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ်“ရွှေအိုးထဲမှာ ရွှေဒင်္ဂါးရှာ” အစီအစဉ်ကို ဆင်နွှဲ

0
55

အူရီဒူးမြန်မာသည် ၎င်း၏ ၅နှစ်ပြည့်အထိမ်းအမှတ်ကို “ရွှေအိုးထဲမှာ ရွှေဒင်္ဂါးရှာ” အစီအစဉ်ဖြင့် ဆင်နွှဲမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။ အူရီဒူး၏ ကြိုတင်ငွေဖြည့်ကတ်အသုံးပြုသူ များအနေဖြင့် နေ့စဉ် ရွှေဒင်္ဂါးဆုနှင့် လစဉ်အထူးဆု ရွှေအိုးကို ကံထူးနိုင်မည့် အခွင့်အရေးကို ၂၀၁၉ သြဂုတ်လ (၁)ရက်နေ့မှ စတင်ရရှိမည်ဖြစ်ပါသည်။

-Advertisement-

အူရီဒူးအသုံးပြုသူများအနေဖြင့် ငွေဖြည့်ကတ်တွင်ပါရှိသည့် ၎င်းတို့၏ လျှို့ဝှက်ကုဒ်နံပါတ်ကို ထည့်သွင်းပြီး ကံထူးဆုများစွာပါဝင်သော အိုးထဲမှ ဆုများကို ကံထူးနိုင်မည်ဖြစ်ပါသည်။ အဆိုပါအိုးထဲတွင် ရွှေဒင်္ဂါးများ၊ ဒေတာဆုများ၊ ဖုန်းခေါ်ဆိုခွင့်မိနစ်များ၊ VIP အစီအစဉ်အတွက်ရမှတ်များအစရှိသည့် ဆုများစွာပါဝင်ပါသည်။ အထူးဆု ရွှေအိုးဆုကြီးအတွက် ကံထူးရှင်ကို လစဉ်လကုန်ရက်တွင် ရွေးချယ်မည်ဖြစ်သည့်အတွက် အူရီဒူးအသုံးပြုသူများအနေဖြင့် ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် ကံထူးရှင်များဖြစ်လာနိုင်ပါသည်။ ထို့အပြင် ကံထူးဆုများစွာပါဝင်သည့် အိုးထဲမှဆုများကံထူးခွင့်ကိုပါ ရရှိနိုင်ပါသည်။ ကံထူးရှင်ဖြစ်လာနိုင်ရန်အတွက် *565# ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် Play Store/ App Store တို့မှနေ၍ My Ooredoo App ကို ဒေါင်းလုတ်ပြုလုပ်ခြင်းဖြင့် ရယူနိုင်ပါသည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma က “အူရီဒူးဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးအပ်နေတာ ၅နှစ်ပြည့်မြောက်လာပါပြီ။ ဒါကြောင့် ဒီခရီးစဉ်တလျှောက်မှာ အူရီဒူးကို အမြဲအားပေးနေတဲ့ သုံးစွဲသူတွေကို ကျေးဇူးတင်ပါတယ်။ ရွှေအိုးထဲမှာ ရွှေဒင်္ဂါးရှာ အစီအစဉ်ကို မိတ်ဆက်ပေးပြီး အူရီဒူးအသုံးပြုသူတွေအတွက် တန်ဖိုးထားမှုတွေနဲ့ ထားရှိတဲ့ကတိအတိုင်း VIP အတွေ့အကြုံကောင်းကို ပေးအပ်လိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက အောင်မြင်မှုတွေနဲ့ အတူ ၂၀၁၉မှာလည်း အောင်မြင်ဖို့ ရှေ့ဆက်ကြိုးစားမှာဖြစ်ပါတယ်။ အနာဂတ်တွက် အူရီဒူးက အဓိကထားလုပ်ဆောင်မှာကတော့ မြန်မာနိုင်ငံမှာ အမြန်ဆုံးအင်တာနက်စွမ်းဆောင်မှုကို ပေးအပ်ရင်း ပြည်သူတွေရဲ့ ဒီဂျစ်တယ်လူနေမှုဘဝကို တောက်ပကောင်းမွန်အောင်ပြုလုပ်ပေးမယ်ဆိုတဲ့ အူရီဒူး၏ ရည်မှန်းချက်အတိုင်း လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

အူရီဒူးမှ ၎င်း၏ဝန်ဆောင်မှုကို အသုံးပြုသူများအားလုံး “ရွှေအိုးထဲမှာ ရွှေဒင်္ဂါးရှာ” အထူးအစီအစဉ်နှင့်အတူ ကံထူးရှင်များဖြစ်လာစေရန် ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Lifestyle_Myanmar

Zawgyi font

အူရီဒူးမြန်မာမှ “ရွှေအိုးထဲမှာ ရွှေဒင်္ဂါးရှာ” အစီအစဉ်ဖြင့် ၅နှစ်ပြည့်အထိမ်းအမှတ်ကို ဆင်နွှဲ





Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here