နံနက္စာတိုင္းမွာ အုတ္ဂ်ဳံဟာ အေရးပါတဲ့ အေျခခံအစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ အစာအဟာရပညာရွင္ေတြကလည္း အုတ္ဂ်ဳံကို နံနက္စာမွာ စားသုံးတာက ေကာင္းတဲ့ရလဒ္တစ္ခုပဲလို႔ဆိုထားပါတယ္။ အုတ္ဂ်ဳံကို စားသုံးျခင္းဟာ အနည္းဆုံးေတာ့သင့္ႏွလုံးေရာဂါကို ေလ်ာ့ခ်ေပးႏိုင္ပါတယ္။ အုတ္ဂ်ဳံမွာ အရည္အေသြးျမင့္မားတဲ့ ဗီတာမင္ဓာတ္ေတြပါဝင္ၿပီး အဆိုပါအုတ္ဂ်ဳံကို လတ္ဆတ္တဲ့ အသီးအႏွံေတြ၊ အခြံမာအသီးေတြ၊ သစ္ႀကံပိုး၊ ခရင္မ္ ဒါမွမဟုတ္ အဆီေလ်ာ့နည္းတဲ့ ဒိန္ခ်ဥ္တို႔နဲ႔ ေရာစားေပးႏိုင္ပါတယ္။
၁။ အသားအေရအတြက္ ဘယ္လိုေကာင္းက်ိဳးေတြျပဳလဲ။

အသားအေရေၾကာင့္ျဖစ္တဲ့ ႏွင္းခူးနဲ႔ ယားယံျခင္း၊ ေရာင္ရမ္းျခင္း စတဲ့ ေဝဒနာေတြကို အုတ္ဂ်ဳံကေပ်ာက္ကင္းေစၿပီး က်န္းမာစိုေျပတ့ဲ အသားအေရရရွိဖို႔အတြက္ အေထာက္အကူမ်ားစြာျပဳေပးပါတယ္။ ဗီတာမင္မ်ားစြာပါဝင္တဲ့ အုတ္ဂ်ဳံမွာ အေရျပားအတြက္ေကာင္းမြန္တဲ့ ဇင့္ဓာတ္နဲ႔ အဆိပ္အေတာက္နဲ႔ အျခားအႏၱရာယ္ကို ဖယ္ရွားေပးႏိုင္တဲ့ ဂုဏ္သတၱိေတြပါဝင္ပါတယ္။ ေခၽြးေပါက္ေတြကို က်ဥ္းေျမာင္းေစၿပီး အသားအေရကို ျပန္လည္ႏုပ်ိဳေစပါတယ္။ မန္းဂနိစ္ဓာတ္ပါဝင္တာေၾကာင့္ ေရာင္ရမ္းျခင္းကို လ်င္ျမန္စြာဖယ္ရွားေပးႏိုင္ၿပီး အေရျပားမွာျဖစ္ေပၚတဲ့အမည္းစက္၊ အညိဳကြက္၊ အပူေလာင္ျခင္းနဲ႔ အျခားအနာေသးေသးေလးေတြကိုလည္း ေပ်ာက္ကင္းေစဖို႔အတြက္ မ်ားစြာအေထာက္အကူျပဳေပးပါတယ္။ ဒါ့အျပင္ မဂၢနီဆီယမ္ဟာ ေသြးလည္ပတ္မႈစနစ္ကို ပုံမွန္ေကာင္းမြန္ေအာင္ ထိန္းသိမ္းေပးၿပီး အေရျပားဆဲလ္ေတြ ပ်က္စီးမႈႏႈန္းကိုေလ်ာ့ခ်ေပးႏိုင္ပါတယ္။
၂။ ၾကြက္သားေတြအတြက္ဘယ္လိုေကာင္းက်ိဳးျပဳလဲ။
တစ္ေန႔ကို အုတ္ဂ်ဳံ ၈ဇြန္းစားေပးျခင္းျဖင့္ သင့္ခႏၶာကိုယ္အတြက္ ပ႐ိုတိန္းဓာတ္ ၁၅% ရရွိေစပါတယ္။ ၾကြက္သားအမွ်င္မ်ား အသစ္တစ္ဖန္ေမြးဖြားဖို႔အတြက္ ပိုမိုျမန္ဆန္ေအာင္ ကူညီေပးႏိုင္ပါတယ္။
၃။ ေသြးေပါင္ခ်ိန္ထိန္းညႇိေပးၿပီး သၾကားဓာတ္ေလ်ာ့နည္းေစဖို႔အတြက္။
အုတ္ဂ်ဳံမွာ antioxidants ဓာတ္ေပါင္းမ်ားစြာ ၾကြယ္ဝစြာပါဝင္ၿပီး ထိုထဲမွာပါဝင္တဲ့ Avenanthramides ဓာတ္ဟာ ယားယံျခင္း၊ ေရာင္ရမ္းျခင္းနဲ႔ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးဖို႔အတြက္ အကူအညီေပးပါတယ္။ ေသြးထဲမွာ သၾကားဓာတ္ကို ေလ်ာ့က်ေစတဲ့ Beta-glucan လည္းပါဝင္ပါတယ္။
၄။ ကုန္ခမ္းသြားတဲ့ စြမ္းအင္ေတြအတြက္။
အုတ္ဂ်ဳံမွာ ကာဘိုဟိုက္ဒရိတ္ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ခႏၶာကိုယ္ရဲ႕ ကုန္ခမ္းသြားတဲ့ စြမ္းအင္ေတြကုိ ျပန္လည္ျမႇင့္တင္ေပးႏိုင္ပါတယ္။ အျခားအစားစာေတြ စားသုံးျခင္းထက္ သင္ပင္ပန္းၿပီး အားအင္ကုန္ခမ္းေနတဲ့အခ်ိန္မွာ အုတ္ဂ်ဳံအေျခာက္ကို ဒီအတုိင္းစားေပးတာက သင့္အတြက္ပိုေကာင္းေစပါတယ္။
၅။ ကိုယ္အေလးခ်ိန္က်ဆင္းဖို႔အတြက္။
အုတ္ဂ်ဳံကို ပုံမွန္စားသုံးေပးျခင္းစာ ခႏၶာကိုယ္ရဲ႕ ဇီဝျဖစ္စဥ္ေတြကို တိုးတက္ေကာင္းမြန္ေစၿပီး အစားစားခ်င္စိတ္၊ စိုးရိမ္ပူပန္မႈ၊ ေသြးထဲတြင္ သၾကားဓာတ္ ျမင့္မားမႈ စတဲ့ ျဖစ္စဥ္ေတြကို ထိန္းညႇိေပးပါတယ္။ ဒါ့အျပင္ အဆီနဲ႔ အဆိပ္ေတြကို ဖယ္ရွားေပးႏိုင္ၿပီး သင့္ရဲ႕ ခႏၶာကိုယ္အခ်ိဳးအစားကိုလည္းကိုယ္ေရစစ္ေစပါတယ္။
၆။ ကိုလက္စထေရာကို ေလ်ာ့က်ေပးျခင္း။
အုတ္ဂ်ဳံဟာ ခႏၶာကိုယ္ထဲက ကိုလက္စထေရာအဆင့္ကို ေလ်ာ့ခ်ေပးႏိုင္တဲ့ Beta-glucan လို႔ေခၚတဲ့ အမွ်င္ဓာတ္ ပါဝင္ပါတယ္။ အုတ္ဂ်ဳံမွာ ပါဝင္တဲ့ Linoleic acit နဲ႔ အမွ်င္ဓာတ္ဟာ ေသြးထဲမွာရွိတဲ့ Triglyceride အဆင့္နဲ႔ ဆိုးရြားတဲ့ ကိုလက္စထေရာအဆင့္ကိုေလ်ာ့ခ်ေပးဖို႔ အေထာက္အကူျပဳပါတယ္။ ဒါ့အျပင္ ေသြးလႊတ္ေၾကာနံရံေတြမွာ ကပ္တြယ္ေနတဲ့ အဆီေတြကိုလည္း ဖယ္ရွားေပးၿပီး ေသြးေၾကာ၊ ႏွလုံး၊ ေလျဖတ္ျခင္း စတဲ့ ေရာဂါေတြမျဖစ္ေအာင္လည္း ကာကြယ္ေပးထားပါတယ္။
၇။ ႏွလုံးေရာဂါအႏၱရာယ္ကို ေလ်ာ့ခ်ေပးျခင္း။
က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ အဟာရဓာတ္ေတြ ၾကြယ္ဝေနတဲ့ အုတ္ဂ်ဳံဟာ ႏွလုံးဆဲလ္ေတြနဲ႔ ေသြးလည္ပတ္မႈစနစ္ကိုလည္း ေကာင္းမြန္ေစပါတယ္။ ဒါ့အျပင္ အုတ္ဂ်ဳံမွာပါဝင္တဲ့ Antioxidants ဟာ အစြန္းေရာက္ေသြးေၾကာနံရံေတြ ပ်က္စီးမႈကိုေလ်ာ့ခ်ေပးႏိုင္ပါတယ္။
၈။ အစာေျခစနစ္ေကာင္းမြန္ေစျခင္း။
အမွ်င္ဓာတ္ပါဝင္တဲ့ အစားစာ ၂၅မွ ၃၅ ဂရမ္ထိစားသုံးျခင္းဟာ ေကာင္းမြန္းတဲ့ အစာေျခစနစ္ကိုရရွိေစမွာျဖစ္ပါတယ္။ အုတ္ဂ်ဳံမွာလည္း အမွ်င္ဓာတ္ ၅ပုံ ၁ပုံခန္႔ပါရွိပါတယ္။ အုတ္ဂ်ဳံမွာပါဝင္တဲ့ အမွ်င္ဓာတ္ဟာ အူအတြက္ သင့္ေလွ်ာ္တဲ့ လုပ္ငန္းေတြကို ထိန္းသိမ္းထားႏိုင္ၿပီး အစာေျခစနစ္ကိုေကာင္းမြန္ေအာင္ အကူအညီေပးပါတယ္။
#Lifestyle_Myanmar
#Thar_Nage
ပူအိုက္တဲ့ရာသီမွာေတာင္ ဂ်ိဳင္းေမႊးေတြေၾကာင့္ လက္ျပက္မဝတ္ရဲဘဲျဖစ္ေနၿပီလား။
Unicode
အုတ်ဂျုံကို နေ့တိုင်းစားပေးသင့်တဲ့ အကြောင်းအရင်း အုတ်ဂျုံရဲ့ နဲ့ ကောင်းကျိုး ၈မျိုး
နံနက်စာတိုင်းမှာ အုတ်ဂျုံဟာ အရေးပါတဲ့ အခြေခံအစားအစာတစ်မျိုးဖြစ်ပါတယ်။ အစာအဟာရပညာရှင်တွေကလည်း အုတ်ဂျုံကို နံနက်စာမှာ စားသုံးတာက ကောင်းတဲ့ရလဒ်တစ်ခုပဲလို့ဆိုထားပါတယ်။ အုတ်ဂျုံကို စားသုံးခြင်းဟာ အနည်းဆုံးတော့သင့်နှလုံးရောဂါကို လျော့ချပေးနိုင်ပါတယ်။ အုတ်ဂျုံမှာ အရည်အသွေးမြင့်မားတဲ့ ဗီတာမင်ဓာတ်တွေပါဝင်ပြီး အဆိုပါအုတ်ဂျုံကို လတ်ဆတ်တဲ့ အသီးအနှံတွေ၊ အခွံမာအသီးတွေ၊ သစ်ကြံပိုး၊ ခရင်မ် ဒါမှမဟုတ် အဆီလျော့နည်းတဲ့ ဒိန်ချဉ်တို့နဲ့ ရောစားပေးနိုင်ပါတယ်။
၁။ အသားအရေအတွက် ဘယ်လိုကောင်းကျိုးတွေပြုလဲ။
အသားအရေကြောင့်ဖြစ်တဲ့ နှင်းခူးနဲ့ ယားယံခြင်း၊ ရောင်ရမ်းခြင်း စတဲ့ ဝေဒနာတွေကို အုတ်ဂျုံကပျောက်ကင်းစေပြီး ကျန်းမာစိုပြေတဲ့ အသားအရေရရှိဖို့အတွက် အထောက်အကူများစွာပြုပေးပါတယ်။ ဗီတာမင်များစွာပါဝင်တဲ့ အုတ်ဂျုံမှာ အရေပြားအတွက်ကောင်းမွန်တဲ့ ဇင့်ဓာတ်နဲ့ အဆိပ်အတောက်နဲ့ အခြားအန္တရာယ်ကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ချွေးပေါက်တွေကို ကျဉ်းမြောင်းစေပြီး အသားအရေကို ပြန်လည်နုပျိုစေပါတယ်။ မန်းဂနိစ်ဓာတ်ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို လျင်မြန်စွာဖယ်ရှားပေးနိုင်ပြီး အရေပြားမှာဖြစ်ပေါ်တဲ့အမည်းစက်၊ အညိုကွက်၊ အပူလောင်ခြင်းနဲ့ အခြားအနာသေးသေးလေးတွေကိုလည်း ပျောက်ကင်းစေဖို့အတွက် များစွာအထောက်အကူပြုပေးပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်ဟာ သွေးလည်ပတ်မှုစနစ်ကို ပုံမှန်ကောင်းမွန်အောင် ထိန်းသိမ်းပေးပြီး အရေပြားဆဲလ်တွေ ပျက်စီးမှုနှုန်းကိုလျော့ချပေးနိုင်ပါတယ်။
၂။ ကြွက်သားတွေအတွက်ဘယ်လိုကောင်းကျိုးပြုလဲ။
တစ်နေ့ကို အုတ်ဂျုံ ၈ဇွန်းစားပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်အတွက် ပရိုတိန်းဓာတ် ၁၅% ရရှိစေပါတယ်။ ကြွက်သားအမျှင်များ အသစ်တစ်ဖန်မွေးဖွားဖို့အတွက် ပိုမိုမြန်ဆန်အောင် ကူညီပေးနိုင်ပါတယ်။
၃။ သွေးပေါင်ချိန်ထိန်းညှိပေးပြီး သကြားဓာတ်လျော့နည်းစေဖို့အတွက်။
အုတ်ဂျုံမှာ antioxidants ဓာတ်ပေါင်းများစွာ ကြွယ်ဝစွာပါဝင်ပြီး ထိုထဲမှာပါဝင်တဲ့ Avenanthramides ဓာတ်ဟာ ယားယံခြင်း၊ ရောင်ရမ်းခြင်းနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးဖို့အတွက် အကူအညီပေးပါတယ်။ သွေးထဲမှာ သကြားဓာတ်ကို လျော့ကျစေတဲ့ Beta-glucan လည်းပါဝင်ပါတယ်။
၄။ ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေအတွက်။
အုတ်ဂျုံမှာ ကာဘိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေကို ပြန်လည်မြှင့်တင်ပေးနိုင်ပါတယ်။ အခြားအစားစာတွေ စားသုံးခြင်းထက် သင်ပင်ပန်းပြီး အားအင်ကုန်ခမ်းနေတဲ့အချိန်မှာ အုတ်ဂျုံအခြောက်ကို ဒီအတိုင်းစားပေးတာက သင့်အတွက်ပိုကောင်းစေပါတယ်။
၅။ ကိုယ်အလေးချိန်ကျဆင်းဖို့အတွက်။
အုတ်ဂျုံကို ပုံမှန်စားသုံးပေးခြင်းစာ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး အစားစားချင်စိတ်၊ စိုးရိမ်ပူပန်မှု၊ သွေးထဲတွင် သကြားဓာတ် မြင့်မားမှု စတဲ့ ဖြစ်စဉ်တွေကို ထိန်းညှိပေးပါတယ်။ ဒါ့အပြင် အဆီနဲ့ အဆိပ်တွေကို ဖယ်ရှားပေးနိုင်ပြီး သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကိုလည်းကိုယ်ရေစစ်စေပါတယ်။
၆။ ကိုလက်စထရောကို လျော့ကျပေးခြင်း။
အုတ်ဂျုံဟာ ခန္ဓာကိုယ်ထဲက ကိုလက်စထရောအဆင့်ကို လျော့ချပေးနိုင်တဲ့ Beta-glucan လို့ခေါ်တဲ့ အမျှင်ဓာတ် ပါဝင်ပါတယ်။ အုတ်ဂျုံမှာ ပါဝင်တဲ့ Linoleic acit နဲ့ အမျှင်ဓာတ်ဟာ သွေးထဲမှာရှိတဲ့ Triglyceride အဆင့်နဲ့ ဆိုးရွားတဲ့ ကိုလက်စထရောအဆင့်ကိုလျော့ချပေးဖို့ အထောက်အကူပြုပါတယ်။ ဒါ့အပြင် သွေးလွှတ်ကြောနံရံတွေမှာ ကပ်တွယ်နေတဲ့ အဆီတွေကိုလည်း ဖယ်ရှားပေးပြီး သွေးကြော၊ နှလုံး၊ လေဖြတ်ခြင်း စတဲ့ ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးထားပါတယ်။
၇။ နှလုံးရောဂါအန္တရာယ်ကို လျော့ချပေးခြင်း။
ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဟာရဓာတ်တွေ ကြွယ်ဝနေတဲ့ အုတ်ဂျုံဟာ နှလုံးဆဲလ်တွေနဲ့ သွေးလည်ပတ်မှုစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အုတ်ဂျုံမှာပါဝင်တဲ့ Antioxidants ဟာ အစွန်းရောက်သွေးကြောနံရံတွေ ပျက်စီးမှုကိုလျော့ချပေးနိုင်ပါတယ်။
၈။ အစာခြေစနစ်ကောင်းမွန်စေခြင်း။
အမျှင်ဓာတ်ပါဝင်တဲ့ အစားစာ ၂၅မှ ၃၅ ဂရမ်ထိစားသုံးခြင်းဟာ ကောင်းမွန်းတဲ့ အစာခြေစနစ်ကိုရရှိစေမှာဖြစ်ပါတယ်။ အုတ်ဂျုံမှာလည်း အမျှင်ဓာတ် ၅ပုံ ၁ပုံခန့်ပါရှိပါတယ်။ အုတ်ဂျုံမှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အူအတွက် သင့်လျှော်တဲ့ လုပ်ငန်းတွေကို ထိန်းသိမ်းထားနိုင်ပြီး အစာခြေစနစ်ကိုကောင်းမွန်အောင် အကူအညီပေးပါတယ်။