အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်တဲ့ အကောင်းဆုံးမျက်နှာလေ့ကျင့်ခန်းများ

0
50

လောကမှာ ဘယ်လောက်ပဲပိုက်ဆံရှိတယ်ပြောပြော စိတ်ဆန္ဒအတိုင်း တားဆီးလို့မရတဲ့ အရာနှစ်ခုကတော့ အချိန်နဲ့ အိုမင်းရင့်ရော်ခြင်းပဲဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေ၊ ပုံပြင်တွေထဲကလို အိုမင်းမသွားစေမယ့် နတ်ရေကန်ဆိုတာကိုလည်း ဘယ်သူမှရှာမတွေ့ကြသေးသလို တကယ်ရှိမရှိဆိုတာကလည်း မသေချာမရေရာပါပဲ။

လူတစ်ယောက်နဲ့တစ်ယောက် စတွေ့လိုက်ချိန်မှာ ဦးဆုံးမြင်လိုက်ရတာက မျက်နှာပဲဖြစ်တာကြောင့် ကိုယ့်ရဲ့အသားအရေက လျော့တွဲတွဲဖြစ်ပြီး အရေးအကြောင်းတွေရှိနေရင်တော့ ပါးစပ်ကတောင်မပြောရသေးခင် အသက်ဘယ်လောက်ဆိုပြီးတော့ တစ်ဖက်လူက ခန့်မှန်းပြီးနေလောက်ပါပြီ။

ဒါဆိုရင် ဒီလိုစိတ်ညစ်စရာကောင်းတဲ့ အရေးအကြောင်းတွေကို ပြန်လည်တင်းရင်းလာစေဖို့အတွက် ဘယ်လိုနည်းလမ်းလေးတွေကို အသုံးပြုနိုင်မလဲ။ အလှကုန်ပစ္စည်းတွေမဟုတ်ဘဲနဲ့ရော ငယ်ရွယ်တဲ့အသွင်ကို ဖော်ဆောင်လို့မရဘူးလားလို့ မေးလာရင်တော့ ရပါတယ်လို့ ပြန်ဖြေပေးမယ်နော်။

အခုပြောပြပေးမယ့် လေ့ကျင့်ခန်းလေးတွေက မိနစ် ၂၀ လောက်ပဲကြာပြီးတော့ တစ်ပတ်ကိုခြောက်ကြိမ်လောက်ပဲလုပ်ပေးရမှာဖြစ်တဲ့အပြင် ရလဒ်ကောင်းလေးတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

၁။ Cheeky Face

• မတ်မတ်ထိုင်ပြီး အသက်ပြင်းပြင်းရှူလိုက်ပါ။ ပါးနှစ်ဖက်ထဲမှာ လေတွေဖြည့်လိုက်ပြီး အတွင်းမှာငုံထားလိုက်ပါ။
• ပါးနှစ်ဖက်ထဲကလေတွေကို ဟိုဘက်ပို့လိုက် ဒီဘက်ပို့လိုက် ပြုလုပ်ပေးပါ။
• ကိုယ်တတ်နိုင်သလောက် ကြာကြာလေးတောင့်ခံထားပြီးတော့ မခံနိုင်တော့တဲ့အချိန်မှာ လေတွေပြန်ထုတ်လိုက်ပါ။
• ၈ ကြိမ်မှ ၁၀ ကြိမ်အထိ ပြုလုပ်ပေးရပါမယ်။

၂။ Surprised Face

• အံ့အားသင့်တဲ့မျက်နှာအနေအထားမှာ မျက်ခုံးတွေကို ပင့်လိုက်ပါ။
• တတ်နိုင်သမျှ မြင့်မြင့်လေး ပင့်ပေးလိုက်ပါ။
• တစ်ပြိုင်တည်းမှာပဲ ပါးစပ်ကိုလည်း ကျယ်နိုင်သမျှ ကျယ်ကျယ်လေး ဟပေးလိုက်ပါ။
• မျက်လုံးတွေကိုလည်း ပြူးနိုင်သမျှ ပြူးပေးလိုက်ပါ။
• ဒီလေ့ကျင့်ခန်းလေးကိုတော့ ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။

၃။ Giraffe Face

• မတ်တပ်ရပ်သည်ဖြစ်စေ၊ ထိုင်နေသည်ဖြစ်စေ အပေါ်ကိုမော့ကြည့်လိုက်ပြီး လည်ပင်းကိုဆန့်တန်းလိုက်ပါ။
• ခေါင်းကိုအနောက်သို့မော့ထားချိန်မှာ လျှာကိုလည်း အာခေါင်သို့ထိုးပေးလိုက်ပါ။
• ထိုပုံစံအတိုင်း စက္ကန့် ၂၀ လောက်နေပေးပါ။
• အချိန်ပြည့်ပါက ပုံမှန်အနေအထားသို့ ပြန်သွားကာ နောက်ထပ်တစ်ကြိမ်ပြုလုပ်ပေးပါ။

၄။ Frown Face

• တစ်စုံတစ်ခုကို စိတ်တိုင်းမကျလို့ မျက်မှောင်ကြုတ်လိုက်သလို ပုံစံအတိုင်း မျက်နှာကိုထားပေးပါ။
• နှုတ်ခမ်းကိုလည်း ထော်ထားသလိုပုံစံလုပ်ပေးပြီး ၂ စက္ကန့်နေကာ မျက်နှာအကြောပြန်လျော့လိုက်ပါ။
• ထိုပုံစံအတိုင်း ၈ ကြိမ်လောက်ပြုလုပ်ပေးပြီးပါက မျက်လုံးလေးခဏမှိတ်ကာ အနားယူလိုက်ပါ။

၅။ Clown Face

• သွားမပေါ်စေဘဲ လှလှလေး ပြုံးလိုက်ပြီး နှာခေါင်းကိုလည်း ရှုံ့လိုက်ပါ။
• ပြီးရင် မပြုံးတော့ဘဲနဲ့ ပါးစပ်ကိုပိတ်ကာ မေးစေ့ကိုအောက်သို့ တွန်းလိုက်ပါ။
• အခုပြောပြခဲ့တဲ့ ပုံစံနှစ်မျိုးကိုပဲ ၅ စက္ကန့်စီကို တစ်လှည့်စီပြုလုပ်ပေးလိုက်ပါ။
• ၁၀ ကြိမ်ဆက်တိုက်ပြုလုပ်ပေးပါ။

#Lifestyle_Myanmar

#Thinzar

Ref-stylecraze

Zawgyi Font

အိုမင္းရင့္ေရာ္ျခင္းကို ေႏွးေကြးေစႏိုင္တဲ့ အေကာင္းဆုံးမ်က္ႏွာေလ့က်င့္ခန္းမ်ား

ေလာကမွာ ဘယ္ေလာက္ပဲပိုက္ဆံရွိတယ္ေျပာေျပာ စိတ္ဆႏၵအတိုင္း တားဆီးလို႔မရတဲ့ အရာႏွစ္ခုကေတာ့ အခ်ိန္နဲ႔ အိုမင္းရင့္ေရာ္ျခင္းပဲျဖစ္ပါတယ္။ ႐ုပ္ရွင္ေတြ၊ ဇာတ္လမ္းေတြ၊ ပုံျပင္ေတြထဲကလို အိုမင္းမသြားေစမယ့္ နတ္ေရကန္ဆိုတာကိုလည္း ဘယ္သူမွရွာမေတြ႕ၾကေသးသလို တကယ္ရွိမရွိဆိုတာကလည္း မေသခ်ာမေရရာပါပဲ။

လူတစ္ေယာက္နဲ႔တစ္ေယာက္ စေတြ႕လိုက္ခ်ိန္မွာ ဦးဆုံးျမင္လိုက္ရတာက မ်က္ႏွာပဲျဖစ္တာေၾကာင့္ ကိုယ့္ရဲ႕အသားအေရက ေလ်ာ့တြဲတြဲျဖစ္ၿပီး အေရးအေၾကာင္းေတြရွိေနရင္ေတာ့ ပါးစပ္ကေတာင္မေျပာရေသးခင္ အသက္ဘယ္ေလာက္ဆိုၿပီးေတာ့ တစ္ဖက္လူက ခန႔္မွန္းၿပီးေနေလာက္ပါၿပီ။

ဒါဆိုရင္ ဒီလိုစိတ္ညစ္စရာေကာင္းတဲ့ အေရးအေၾကာင္းေတြကို ျပန္လည္တင္းရင္းလာေစဖို႔အတြက္ ဘယ္လိုနည္းလမ္းေလးေတြကို အသုံးျပဳႏိုင္မလဲ။ အလွကုန္ပစၥည္းေတြမဟုတ္ဘဲနဲ႔ေရာ ငယ္႐ြယ္တဲ့အသြင္ကို ေဖာ္ေဆာင္လို႔မရဘူးလားလို႔ ေမးလာရင္ေတာ့ ရပါတယ္လို႔ ျပန္ေျဖေပးမယ္ေနာ္။

အခုေျပာျပေပးမယ့္ ေလ့က်င့္ခန္းေလးေတြက မိနစ္ ၂၀ ေလာက္ပဲၾကာၿပီးေတာ့ တစ္ပတ္ကိုေျခာက္ႀကိမ္ေလာက္ပဲလုပ္ေပးရမွာျဖစ္တဲ့အျပင္ ရလဒ္ေကာင္းေလးေတြကိုလည္း ျမင္ေတြ႕ရမွာျဖစ္ပါတယ္။

၁။ Cheeky Face

• မတ္မတ္ထိုင္ၿပီး အသက္ျပင္းျပင္းရႉလိုက္ပါ။ ပါးႏွစ္ဖက္ထဲမွာ ေလေတြျဖည့္လိုက္ၿပီး အတြင္းမွာငုံထားလိုက္ပါ။
• ပါးႏွစ္ဖက္ထဲကေလေတြကို ဟိုဘက္ပို႔လိုက္ ဒီဘက္ပို႔လိုက္ ျပဳလုပ္ေပးပါ။
• ကိုယ္တတ္ႏိုင္သေလာက္ ၾကာၾကာေလးေတာင့္ခံထားၿပီးေတာ့ မခံႏိုင္ေတာ့တဲ့အခ်ိန္မွာ ေလေတြျပန္ထုတ္လိုက္ပါ။
• ၈ ႀကိမ္မွ ၁၀ ႀကိမ္အထိ ျပဳလုပ္ေပးရပါမယ္။

၂။ Surprised Face

• အံ့အားသင့္တဲ့မ်က္ႏွာအေနအထားမွာ မ်က္ခုံးေတြကို ပင့္လိုက္ပါ။
• တတ္ႏိုင္သမွ် ျမင့္ျမင့္ေလး ပင့္ေပးလိုက္ပါ။
• တစ္ၿပိဳင္တည္းမွာပဲ ပါးစပ္ကိုလည္း က်ယ္ႏိုင္သမွ် က်ယ္က်ယ္ေလး ဟေပးလိုက္ပါ။
• မ်က္လုံးေတြကိုလည္း ျပဴးႏိုင္သမွ် ျပဴးေပးလိုက္ပါ။
• ဒီေလ့က်င့္ခန္းေလးကိုေတာ့ ၁၀ ႀကိမ္ျပဳလုပ္ေပးရပါမယ္။

၃။ Giraffe Face

• မတ္တပ္ရပ္သည္ျဖစ္ေစ၊ ထိုင္ေနသည္ျဖစ္ေစ အေပၚကိုေမာ့ၾကည့္လိုက္ၿပီး လည္ပင္းကိုဆန႔္တန္းလိုက္ပါ။
• ေခါင္းကိုအေနာက္သို႔ေမာ့ထားခ်ိန္မွာ လွ်ာကိုလည္း အာေခါင္သို႔ထိုးေပးလိုက္ပါ။
• ထိုပုံစံအတိုင္း စကၠန႔္ ၂၀ ေလာက္ေနေပးပါ။
• အခ်ိန္ျပည့္ပါက ပုံမွန္အေနအထားသို႔ ျပန္သြားကာ ေနာက္ထပ္တစ္ႀကိမ္ျပဳလုပ္ေပးပါ။

၄။ Frown Face

• တစ္စုံတစ္ခုကို စိတ္တိုင္းမက်လို႔ မ်က္ေမွာင္ၾကဳတ္လိုက္သလို ပုံစံအတိုင္း မ်က္ႏွာကိုထားေပးပါ။
• ႏႈတ္ခမ္းကိုလည္း ေထာ္ထားသလိုပုံစံလုပ္ေပးၿပီး ၂ စကၠန႔္ေနကာ မ်က္ႏွာအေၾကာျပန္ေလ်ာ့လိုက္ပါ။
• ထိုပုံစံအတိုင္း ၈ ႀကိမ္ေလာက္ျပဳလုပ္ေပးၿပီးပါက မ်က္လုံးေလးခဏမွိတ္ကာ အနားယူလိုက္ပါ။

၅။ Clown Face

• သြားမေပၚေစဘဲ လွလွေလး ၿပဳံးလိုက္ၿပီး ႏွာေခါင္းကိုလည္း ရႈံ႕လိုက္ပါ။
• ၿပီးရင္ မၿပဳံးေတာ့ဘဲနဲ႔ ပါးစပ္ကိုပိတ္ကာ ေမးေစ့ကိုေအာက္သို႔ တြန္းလိုက္ပါ။
• အခုေျပာျပခဲ့တဲ့ ပုံစံႏွစ္မ်ိဳးကိုပဲ ၅ စကၠန႔္စီကို တစ္လွည့္စီျပဳလုပ္ေပးလိုက္ပါ။
• ၁၀ ႀကိမ္ဆက္တိုက္ျပဳလုပ္ေပးပါ။

#Lifestyle_Myanmar

#Thinzar

Ref-stylecraze

LEAVE A REPLY

Please enter your comment!
Please enter your name here