အလွအပမက္ေမာတဲ့သူေတြဟာ အိုမင္းလာတဲ့အခါ မိမိရဲ႕ အလွအပေတြပ်က္စီးမွာဆုိးတဲ့အတြက္ နည္းအမ်ိဳးမ်ိဳးနဲ႔ ႏုပ်ိဳေအာင္ ဖန္တီးယူၾကပါတယ္။ လူတစ္ေယာက္အတြက္ ငယ္ရြယ္တဲ့အခ်ိန္ဟာ စြဲေဆာင္မႈ၊ သန္မာမႈ၊ ဖ်က္လတ္မႈ ရွိတာေၾကာင့္ ဒီဘဝကို တပ္မက္စြဲလမ္းတတ္ၾကပါတယ္။ စြဲေဆာင္မႈရွိတဲ့လူတစ္ေယာက္ဟာ အသက္ႀကီးလာၿပီး အိုမင္းရႈံ႕တြလာတဲ့အခါ အရင္လိုစြဲေဆာင္မႈမရွိေတာ့တာေၾကာင့္ စိတ္ဖိစီမႈေတြႀကီးႀကီးမားမားရရွိေစပါတယ္။ ဒါ့ေၾကာင့္ ႏုနယ္မႈကိုထိန္းသိမ္းဖို႔အတြက္ အစားအစာ၊ ေဆးဝါး၊ အလွအပထုတ္ကုန္မ်ားစြာကို မွီဝဲၾကပါတယ္။
ယခုအခါ New York ၿမိဳ႕ရဲ႕ Sinai ေတာင္ေပၚေဒသရွိ အေရးျပားလက္ေတြ႕ကုသမႈနဲ႔ အလွကုန္ပစၥည္း သုေတသန ေဆး႐ုံမွအိုမင္းျခင္းကိုကာကြယ္ဖို႔ ဆယ္ေက်ာ္သက္ေတြရဲ႕ ေသြးကို အေၾကာထဲထိုးသြင္းကုသမႈမ်ားျပဳလုပ္ေနပါတယ္။ အဆိုပါကုသမႈဟာ အေရးျပာတည္ေဆာက္မႈေတြ တိုးတက္ေကာင္းမြန္တဲ့အျပင္ ဆံသားအတြက္ တိုးတက္မႈေတြရွိတယ္လို႔ဆိုပါတယ္။ ဒီလိုႏုပ်ိဳတဲ့ အသားအေရကို ရရွိဖုိ႔အတြက္ ကုသမႈကုန္က်စရိတ္ စုစုေပါင္း ေဒၚလာ ၈၀၀၀ ဝန္က်င္ေလာက္ရွိပါတယ္။
အဆိုပါ ဆယ္ေက်ာ္သက္ေတြရဲ႕ ေသြးရည္ၾကည္ဟာ ပ႐ိုတိန္းနဲ႔ အိုေဟာင္းေနတဲ့ ဆဲလ္ေတြကို က်န္းမာတဲ့ အသားအေရးဆဲလ္ေတြအျဖင့္ေျပာင္းလဲျမႇင့္တင္ေပးၿပီး ငယ္ရြယ္သူတစ္ေယာက္လို ႏုပ်ိဳေစပါတယ္လို႔ Zeichner ကဆိုပါတယ္။ အသက္ ၂၅ႏွစ္ေအာက္ မည္သူမဆို ေသြးလွဴဒါန္းႏိုင္ၿပီး သူတို႔ရဲ႕ ေသြးေတြကို ေသြးဘဏ္ကေနတစ္ဆင့္ေဆးဝါးကုသေရးကုမၸဏီနဲ႔ အျခားေနရာေတြမွာ ေရာင္းခ်မႈရွိ မရွိဘူးဆိုတာေတာ့ သိႏိုင္မွာမဟုတ္ပါဘူး။
အျခားသူေတြရဲ႕ ေသြးနဲ႔ ကိုယ့္အေရးျပာမွာရွိတဲ့ အေရးေၾကာင္းေတြကို ဖယ္ရွားၿပီး ႏုပ်ိဳသြားေစတယ္ဆိုတာ ဇာတ္ကားထဲက ေသြးစုတ္ဖုတ္ေကာင္တစ္ေကာင္ရဲ႕ ျဖစ္စဥ္နဲ႔ေတာ့ ဆင္တူေနသလိုပါပဲ။
#Lifestyle_Myanmar
Ref – shared
စိတ္ခ်မ္းသာမႈရွိတဲ့ အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတဲ့သူေတြက ကိုယ္အေလးခ်ိန္တိုးပါတယ္တဲ့ ဒါေပမဲ့….
Unicode
အိုမင်းခြင်းကို ကာကွယ်ဖို့အတွက် ဆယ်ကျော်သက်လူငယ်တွေရဲ့ သွေးနဲ့ ထိုးသွင်းကုသ
အလှအပမက်မောတဲ့သူတွေဟာ အိုမင်းလာတဲ့အခါ မိမိရဲ့ အလှအပတွေပျက်စီးမှာဆိုးတဲ့အတွက် နည်းအမျိုးမျိုးနဲ့ နုပျိုအောင် ဖန်တီးယူကြပါတယ်။ လူတစ်ယောက်အတွက် ငယ်ရွယ်တဲ့အချိန်ဟာ စွဲဆောင်မှု၊ သန်မာမှု၊ ဖျက်လတ်မှု ရှိတာကြောင့် ဒီဘဝကို တပ်မက်စွဲလမ်းတတ်ကြပါတယ်။ စွဲဆောင်မှုရှိတဲ့လူတစ်ယောက်ဟာ အသက်ကြီးလာပြီး အိုမင်းရှုံ့တွလာတဲ့အခါ အရင်လိုစွဲဆောင်မှုမရှိတော့တာကြောင့် စိတ်ဖိစီမှုတွေကြီးကြီးမားမားရရှိစေပါတယ်။ ဒါ့ကြောင့် နုနယ်မှုကိုထိန်းသိမ်းဖို့အတွက် အစားအစာ၊ ဆေးဝါး၊ အလှအပထုတ်ကုန်များစွာကို မှီဝဲကြပါတယ်။
ယခုအခါ New York မြို့ရဲ့ Sinai တောင်ပေါ်ဒေသရှိ အရေးပြားလက်တွေ့ကုသမှုနဲ့ အလှကုန်ပစ္စည်း သုတေသန ဆေးရုံမှအိုမင်းခြင်းကိုကာကွယ်ဖို့ ဆယ်ကျော်သက်တွေရဲ့ သွေးကို အကြောထဲထိုးသွင်းကုသမှုများပြုလုပ်နေပါတယ်။ အဆိုပါကုသမှုဟာ အရေးပြာတည်ဆောက်မှုတွေ တိုးတက်ကောင်းမွန်တဲ့အပြင် ဆံသားအတွက် တိုးတက်မှုတွေရှိတယ်လို့ဆိုပါတယ်။ ဒီလိုနုပျိုတဲ့ အသားအရေကို ရရှိဖို့အတွက် ကုသမှုကုန်ကျစရိတ် စုစုပေါင်း ဒေါ်လာ ၈၀၀၀ ဝန်ကျင်လောက်ရှိပါတယ်။
အဆိုပါ ဆယ်ကျော်သက်တွေရဲ့ သွေးရည်ကြည်ဟာ ပရိုတိန်းနဲ့ အိုဟောင်းနေတဲ့ ဆဲလ်တွေကို ကျန်းမာတဲ့ အသားအရေးဆဲလ်တွေအဖြင့်ပြောင်းလဲမြှင့်တင်ပေးပြီး ငယ်ရွယ်သူတစ်ယောက်လို နုပျိုစေပါတယ်လို့ Zeichner ကဆိုပါတယ်။ အသက် ၂၅နှစ်အောက် မည်သူမဆို သွေးလှူဒါန်းနိုင်ပြီး သူတို့ရဲ့ သွေးတွေကို သွေးဘဏ်ကနေတစ်ဆင့်ဆေးဝါးကုသရေးကုမ္ပဏီနဲ့ အခြားနေရာတွေမှာ ရောင်းချမှုရှိ မရှိဘူးဆိုတာတော့ သိနိုင်မှာမဟုတ်ပါဘူး။
အခြားသူတွေရဲ့ သွေးနဲ့ ကိုယ့်အရေးပြာမှာရှိတဲ့ အရေးကြောင်းတွေကို ဖယ်ရှားပြီး နုပျိုသွားစေတယ်ဆိုတာ ဇာတ်ကားထဲက သွေးစုတ်ဖုတ်ကောင်တစ်ကောင်ရဲ့ ဖြစ်စဉ်နဲ့တော့ ဆင်တူနေသလိုပါပဲ။