ဘဝမှာရှင်သန်နေထိုင်တဲ့လူတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံး ကြိုးစားပြီး ပိုက်ဆံရှာဖွေ နေကြသူတွေပဲဖြစ်ပါတယ်။ ဝင်ငွေရအောင်ရှာဖွေကြတဲ့အခါမှာ တချို့က နည်းလမ်းကောင်းတွေနဲ့ ရှာဖွေနိုင်ကြပေမယ့် တချို့ကတော့ ငွေရှာတဲ့နည်းလမ်းတွေ မှားယွင်းနေတတ်ပါတယ်။ ယနေ့လို အိုင်တီခေတ်ကြီးထဲမှာ ဝင်ငွေကောင်းတဲ့အလုပ်တွေက သင့်အတွက်ရှိနေလို့ ဘယ်လို ပိုက်ဆံရှာနည်း တွေကိုအသုံးပြုပြီးတော့ ဝင်ငွေကြိုးစားရှာကြမလဲ။
ပိုက်ဆံရှာနည်း (၁) ဘလော့တစ်ခုဖွင့်ခြင်း
ကျန်းမာရေး၊ သတင်းပိုင်း၊ အလှအပရေးရာ စတဲ့ လူတွေစိတ်ဝင်စားတဲ့အချက်အလက်တွေနဲ့ ဘလော့တစ်ခုကို စတင်ကြည့်လိုက်ပါ။ ကိုယ့်ရဲ့ဘလော့ကို လူအများစိတ်ဝင်စားနိုင်တဲ့ သတင်း၊ ဆောင်းပါးတွေ ဝေေ၀ဆာဆာဖန်တီးထားခြင်းဖြင့် ဝင်ငွေတွေရရှိလာနိုင်ပါတယ်။

ပိုက်ဆံရှာနည်း (၂) အွန်လိုင်းရှော့ပင်း
ယနေ့ခေတ်မှာ လိုချင်တဲ့ပစ္စည်းတွေကို တနေရာပြီးတနေရာ သွားရောက်ရွေးချယ်ဝယ်ယူဖို့အတွက် အချိန်မပေးချင်ကြတော့ပါဘူး။ ကွန်ပြူတာဖွင့်ရုံနဲ့ လိုချင်တဲ့ပစ္စည်းတွေကို အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့ အွန်လိုင်းရှော့ပင်းစီးပွားရေးဟာ ဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်လာနေပြီဖြစ်ပါတယ်။

ပိုက်ဆံရှာနည်း (၃) အွန်လိုင်းမှာစာရေးခြင်း (Content Writing)
လက်တော့တစ်လုံးရှိရုံနဲ့ ဝင်ငွေတွေကိုဖန်တီးရရှိနိုင်တဲ့ လုပ်ငန်းတစ်ခုကတော့ Content Writing ပဲဖြစ်ပါတယ်။ ကိုယ်ဖတ်ရှုလေ့လာထားတဲ့ စာပေ၊ ဗဟုသုတတွေကို ပြန်လည်ဝေမျှပေးတာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်။

ပိုက်ဆံရှာနည်း (၄) အွန်လိုင်းပေါ်မှကားအငှားလိုက်ခြင်း (Online Driving)
အကောင့်တစ်ခုဖွင့်ထားပြီး ခရီးသည်တွေနဲ့ ချိတ်ဆက်ထားရုံဖြင့် ခရီးစဉ်တွေကို အဆင်ပြေပြေ ပို့ဆောင်ပေးနိုင်တဲ့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းဟာလည်း ယနေ့ခေတ်စားနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ တနေကုန် နေပူ၊ မိုးရွာ လမ်းတကာလျှောက်မောင်းနေစရာမလိုဘဲ အင်တာနက်ဖွင့်ထားရုံနဲ့ ဝင်ငွေကိုအလွယ်တကူရှာဖွေနိုင်ပါတယ်။

Lifestyle_Myanmar
ref-nerdwallet