0
807
#Lifestyle_Myanmar
#LM_Nandar
Unicode
အိုင်းလိုင်နာ၏ ကွဲပြားခြားနားသော အမျိုးအစားများကို ဘယ်လိုအသုံးပြုမလဲ?
Eye makeup ဟာ အမျိုးသမီးအများစု၏ အမြတ်နိုးဆုံး ဖြစ်နိုင်ပါတယ်။ Eye makeup လိမ်းတဲ့အခါ အိုင်းလိုင်နာက မျက်လုံးတွေကို ပြတ်ပြတ်သားသားနဲ့ ပေါ်လွင်စေပါတယ်။ အိုင်းလိုင်နာက အရည်၊ ခဲတံ၊ ဂျယ်လ်ပုံစံ စတဲ့ ကွဲပြားတဲ့ အမျိုးအစားတွေနဲ့ လာပါတယ်။ တချို့အမျိုးသမီးတွေက ဒီကွဲပြားခြားနားတဲ့ အိုင်းလိုင်နာတွေကို ဘယ်လိုသုံးရမလဲဆိုတာ မသိကြပါဘူး။ ဒါ့ကြောင့် ကွဲပြားခြားနားတဲ့ အိုင်းလိုင်နာ အမျိုးအစားများနှင့် ၎င်းတို့ကို ဘယ်လိုသုံးရမလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။
၁။ (Liqiud Eyeliner) အရည်အိုင်းလိုင်နာ
အရည်အို်င်းလိုင်နာဟာ တိကျဖို့ လိုအပ်ပြီး လွယ်လွယ်ကူကူဆွဲလို့ရတဲ့ အရာမဟုတ်ပါဘူး ။လက်ငြိမ်ငြိမ်နဲ့ဆွဲမှသာ ပြည့်စုံတဲ့ မျက်ဝန်းအလှကို ရရှိမှာပါ။ တကယ်လို့ လက်လှုပ်မိရင် ဘေးကိုချော်ထွက်ကုန်ပြီး ဆွဲဖို့ခက်ခဲပါတယ်။ ဒါ့ကြောင့် အရည်အိုင်းလိုင်နာ ဆွဲဖို့နည်းလမ်းလေးကိုဖော်ပြပေးထားပါတယ်။
ပထမဆုံးအစမ်းအနေနဲ့ Stoke ကို သင့်မျက်ခွံ၏ အလယ်ကနေ စဆွဲပါ။ Winged အိုင်းလိုင်နာရဖို့ Stoke အနည်းငယ်ကို သင့်မျက်လုံးရဲ့ထောင့်အထိ ဆွဲပေးပါ။ အရည်အိုင်းလိုင်နာက သင့်ကို အဆင်မပြေဖြစ်လျှင် ခဲတံအိုင်းလိုင်နာနှင့် စဆွဲပေးတာက လုံးဝအဆင်ပြေစေမှာပါ။
၂။ (Pencil Eyeliner) ခဲတံ အိုင်းလိုင်နာ
ခဲတံ အိုင်းလိုင်နာက အိုင်းလိုင်နာစဆွဲတဲ့သူတွေအတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်။ မျက်လုံးရဲ့အစပ်(Waterline)ကို အရောင်ထည့်ဖို့အတွက် ခဲတံအိုင်းလိုင်နာနဲ့ ဆွဲနိုင်ပါတယ်။ ခဲတံအို်င်းလိုင်နာသည် အရောင်မျိုးစုံ ရှိပါတယ်။
၃။ (Gel Eyeliner) ဂျယ်လ်အိုင်းလိုင်နာ
သူတို့က ပုံမှန်အားဖြင့် ပုလင်းသေးသေးလေးနဲ့ လာပါတယ်။ သူတို့က ဘရပ်အသုံးပြုပြီး လိမ်းရတာပါ။ ဂျယ်လ်အိုင်းလိုင်နာက အလွန်လှပတဲ့အသွင်ကို ပေးပါတယ်။ ဂျယ်လ်ပုံစံဖြစ်တဲ့အတွက် ခြောက်သွေ့ဖို့ အချိန််ပေးရပါတယ်။
၄။ (Eyeshadow Eyeliner) အိုင်းရှဲဒိုး အိုင်းလိုင်းနာ
သင့်ရဲ့မျက်ခမ်းစပ်ကို အရောင်တင်တဲ့အခါ လိုင်နာကဲ့သို့ အိုင်းရှဲဒိုးကို အသုံးပြုနိုင်ပါတယ်။ ဒါက လှပတဲ့အသွင်ကို ပေးပါတယ်။ ဒါပေမယ့် အရောင်ခြယ်ဆေးသုံးဖို့ သင့်တော်တဲ့ ဘရပ်တစ်ခုကို သုံးရပါမယ်။
#Lifestyle_Myanmar
#LM_Nandar
LEAVE A REPLY
Please enter your comment!
Please enter your name here