ဒီတခေါက်တော့ အသက်ရှင်ဖို့နဲ့ ရောဂါပိုးမကူးဖို့ထက် အိမ်သာသုံးစက္ကူမရှိတော့ရင်ဆိုပြီး တွေးပူနေကြတဲ့ နိုင်ငံရပ်ခြားက ဉာဏ်ကြီးရှင်တွေရဲ့ အကြံပြုချက်တွေကို Lifestyle Myanmar ပရိသတ်တွေစိတ်ညစ်ညူးပြေစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
ရေညှိပျော့

ဟိုးရှေးတုန်းကမြောက်အမေရိကလူမျိုးတွေ ကလေးအနှီး၊ ဂွမ်း၊ ဓမ္မတာလာခြင်း အစရှိတဲ့အရာတွေအတွက် ရေညှိပျော့ကိုအသုံးပြုခဲ့ကြပါတယ်တဲ့။ အဲဒီတော့အိမ်သာသုံးစက္ကူမရှိရင် ရေညှိပျော့တွေကို အစားထိုးအသုံးပြုလို့ရတယ်လို့ဆိုပါတယ်။
ငှက်ပျောခွံ

ငှက်ပျောသီးတလုံးရှိရင် ဒီအခြေအနေကိုဖြေရှင်းလို့ရတယ်လို့ဆိုပါတယ်။ ကြည့်ရတာတော့ ပုရွက်ဆိတ်ကိုက်မယ့်ကိန်းပါဘဲ..။
ကျောက်ခဲဝိုင်းဝိုင်းလေးတွေ

မူရင်းစာမှာရေးထားတာတော့ ကျောက်ခဲဝိုင်းဝိုင်းလေးတွေက တို့ထိရတာပျော်စရာကောင်းနိုင်ပါတယ်တဲ့..။
သစ်ရွက်နုနုလေးတွေ

ထင်းရှူးရွက်လိုအရွက်နုနုလေးတွေ၊ ပြောင်းဖူးခွံတွေလိုအရွက်တွေက သန့်ရှင်းရေးအတွက် အဆင်ပြေနိုင်ပါတယ်ဆိုပါတယ်။
Business Card ဒါမှမဟုတ် Name Card

အိမ်သာဝင်နေတုန်း စက္ကူမရှိတော့ရင် ကျောပိုးအိတ်ထဲက လက်ကမ်းစာရွက်တွေ၊ Name Card တွေကို အသုံးချလို့ရပါတယ်တဲ့။
စက္ကူလိတ်က ကတ်ထူပြား

စက္ကူကုန်သွားရင် အဲဒီ့အောက်က အမာခံကတ်ထူပြားကိုသုံးလို့ရပါတယ်တဲ့။ ဉာဏ်ကြီးချက်နော်။
အင်္ကျီစ

အင်္ကျီကိုအစလေးတွေ ညှပ်ပြီးဖြတ်ပြီးသုံးပါတဲ့။ ဒီလိုအကြံဉာဏ်ကောင်းတွေကို ဘယ်ကရလည်းမသိ..။
ရှေးတုန်းက ရောမတွေလို

ရှေးခေတ်တုန်းက ရောမတွေက ရေမြှပ်တွေကို သန့်ရှင်းရေးလုပ်ဖို့သုံးတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ ရေမြှပ်ကို ဆား၊ ရှာလရည်တို့နဲ့ ပြန်ဆေးပြီး သုံးနိုင်ပါတယ်တဲ့..။
ရေ

တကယ့်ဆရာကြီးက နောက်ဆုံးမှလာတာ။ ဘာမှမရှိရင်လည်း ရေသုံးပြီး သန့်ရှင်းလို့ရတယ်တဲ့။
ဒီလိုဉာဏ်ကြီးတဲ့လူတွေရဲ့ အကြံပြုချက်တွေကို Lifestyle Myanmar ပရိသတ်ကြီးလည်း အရေးကြုံရင် သုံးလို့ရပါတယ်နော်..။
#Lifestyle_Myanmar
#Dmo_aung
#Ref- Brightside
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။