အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ‌မေ့ပြီးကျန်နေခဲ့တတ်တဲ့ အိမ်တွင်းအသုံးအဆောင်ပစ္စည်းများ

0
33

အိမ်သန့်ရှင်းရေးလုပ်တယ်ဆိုတဲ့ ကိစ္စကမိန်းကလေးတိုင်းနဲ့ သိပ်ပြီးတော့လည်း မဝေးကွာလှပါဘူး။ အားလပ်နေတဲ့အချိန်မှာပဲဖြစ်ဖြစ် နေ့စဉ်တိုင်းမှာပဲဖြစ်ဖြစ် အိမ်ခန်းလေးကိုသန့်ရှင်းနေအောင် လုပ်ဆောင်နေကြတဲ့အထဲမှာမှ အိမ်ရှင်မတွေ၊ ပျိုမေတွေအမြဲတမ်း မေ့ကျန်နေခဲ့တတ်တဲ့ နေရာလေးတွေနဲ့၊ ပစ္စည်းတစ်ချို့ကိုဖော်ပြပေးချင်ပါတယ်။

-Advertisement-

Remote Control

အိမ်မှာ TV ကြည့်ရင်သုံးနေကြဖြစ်နေတဲ့ Remote Control ကို ဆေးကြောသန့်စင်ဖို့ ဘယ်သူမှသတိမရမိတတ်ပါဘူး။ Remote Control မှာလည်း သင့်မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေကပ်တွယ်နိုင်နေတယ်ဆိုတာကို သိထားဖို့လိုပါတယ်။

မီးခလုတ်

မီးခလုတ်တွေဆိုတာ လက်နဲ့ထိပြီးဖွင့်ပိတ်ရတာဖြစ်လို့ ဘက်တီးရီးယားတွေရှိနေနိုင်တဲ့ မီးခလုတ်ကိုလည်း သန့်ရှင်းပေးဖို့လိုပါတယ်။ ရေနဲ့ဆေးကြောတာမျိုးတွေမဟုတ်ဘူးနော်။

အမှိုက်ပုံး

တစ်ချို့အိမ်တွေမှာ အမှိုက်ပုံးကိုကျွတ်ကျွတ်အိတ်စွပ်ထားပြီးမှ အသုံးပြုကြတာများပါတယ်။ အမှိုက်ပစ်မယ်ဆိုရင်လည်း ကျွတ်ကျွတ်အိတ်ကိုပဲ ယူပြီးလွတ်ပစ်လိုက်ရုံပဲလေ။ ဒါပေမယ့် အမှိုက်ပုံးအတွင်းထဲကို သန့်ရှင်းရေးလုပ်ဖို့ကို မေ့နေတတ်ကြတယ်လေ။

ဘီး

ခေါင်းဖီးတဲ့ ဘီးတွေမှာလည်း အညစ်အကြေးတွေကရှိနေတတ်ပါတယ်။ ဦးရေပြားပေါ်ကို ဘက်တီးရီးယားတွေ မတင်မိစေဖို့အတွက် တစ်လကိုတစ်ကြိမ်လောက်တော့ ပုံမှန်သန့်ရှင်းပေးဖို့လိုတယ်နော်။

အဝတ်‌လျှော်စက်

အဝတ်တွေကိုလေ ျှာ်နေရတဲ့စက်ကို သန့်ရှင်းရေးလုပ်ဖို့လိုလို့လားလို့ မေးခွန်းတွေထုတ်နိုင်ပါတယ်။ ဒါကအမှန်တရားပါနော်။ ပေကျံနေတဲ့ အဝတ်အစားတွေကို အဝတ်လေ ျှာ်စက်ထဲကို ထည့်ပြီးလေ ျှာ်တဲ့အခါမှာ ဘက်တီရီးယားတွေလည်း ကျန်ခဲ့နိုင်တာကြောင့် အဝတ်လေ ျှာ်စက်ထဲကိုလည်း သန့်ရှင်းရေးလုပ်ဖို့လိုပါလိမ့်မယ်။

#Lifestyle_Myanmar

#Thinzar

Ref- bustle

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here