အိမ်မှုကိစ္စတွေကို တစ်ယောက်ယောက်ကို လွှဲပေးလိုက်တဲ့အခါ ပိုပြီးပျော်ရွင်သူတွေ ဖြစ်လာစေကြောင်း လေ့လာတွေ့ရှိ

0
36

သူစိမ်းတစ်ယောက်က သင့်ကို တကယ်ပျော်ရွင်စေမယ့် အရာတစ်ခုခုကို သွားဝယ်ဆိုပြီး ဒေါ်လာ ၄၀ ပေးလိုက်တယ်ဆိုပါစို့။ အဲ့ဒီပိုက်ဆံနဲ့ သင်ဘာလုပ်မယ်လို့ စဉ်းစားပါသလဲ?။ သင့်ရဲ့စိတ်ကို အားပေးဖို့၊ အပန်းဖြေဖို့ အများအားဖြင့် သုံးနေကျ နည်းလမ်းတွေဖြစ်တဲ့ အဝတ်အစားအသစ်တွေ သွားဝယ်ပစ်လိုက်တာမျိုး၊ spa သွားပြီး အနားယူတာမျိုး လုပ်ကောင်းလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ သင့်အိမ်မှုကိစ္စတွေပေါ်မှာ အဲ့ဒီပိုက်ဆံနဲ့ ရင်းနှီးမြှုပ်နှံမယ်လို့ တွေးမိမှာ မဟုတ်ဘူးဆိုတာ လောင်းရဲပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်များက ဒီဥစ္စာက အလားအလာကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ ဆိုပါတယ်။ “ပျော်ရွင်မှုကို ပိုက်ဆံနဲ့ ဝယ်လို့မရဘူးလို့ “လူကြီးတွေ ပြောကြတာဟာ လုံးဝမမှန်ပါဘူးတဲ့။ ဘာ့ကြောင့်ပါလဲ?

-Advertisement-

ခေတ်သစ်ကမ္ဘာကြီးရဲ့ အဓိကပြဿနာတစ်ခုက တစ်နေ့တစ်နေ့ အချိန်ဘယ်တော့မှ မလောက်ဘူးဆိုတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ လူအများစုဟာ စိုးရိမ်စိတ်များခြင်း၊ အိပ်မပျော်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်တဲ့ အလေ့အထတွေ တိုးလာခြင်းနှင့်အတူ ကိုယ့်ရဲ့ ဘဝအရည်အသွေးတွေကို သိသိသာသာ လျော့နည်းစေတဲ့ အချိန်ရဲ့ ဖိအားပေးမှုအောက်မှာ နေထိုင်ကြရပါတယ်၊ သိပ္ပံပညာရှင်များက “သင့်ကို အချိန်ပိုပေးနိုင်စွမ်းရှိတဲ့ အရာတွေပေါ်မှာ ပိုက်ဆံသုံးခြင်းဟာ သင့်ဘဝ စိတ်ကျေနပ်မှုနှင့် အလုံးစုံ ပျော်ရွင်မှုကို တိုးတတ်စေနိုင်တယ်လို့” ဆိုပါတယ်။ “ပိုက်ဆံစုဖို့ အချိန်သုံးမလား”(သို့)”အချိန်စုဖို့ ပိုက်ဆံသုံးမလား” ဘယ်အရာက ပိုကောင်းတဲ့ ရွေးချယ်မူလည်းဆိုတာ သင်မသိသေးဘူးဆိုရင် ဒီလေ့လာမှုက သင့်ကိုဆုံးဖြတ်ချက်ချနိုင်ပြီး ပျော်ရွင်မှုကို ရှာဖို့အတွက် သင့်ပိုက်ဆံအိတ်ကို ဖွင့်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဥပမာ- ချက်ပြုတ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း စတဲ့အိမ်မှုဝေယျာဝစ္စတွေကို အခကြေးငွေပေးပြီး တာဝန် လွှဲအပ်ပေးရင်ဆိုတဲ့ ဒီလေ့လာမှုကို စတင်ဖို့ သိပ္ပံပညာရှင်များက ပါဝင်သူများကို မေးမြန်းခဲ့ပါတယ်။ စာတမ်းအဖြေလွှာများမှာ သူတို့ရဲ့ အလုံးစုံပျော်ရွင်မှုနှင့် စိတ်ဖိစီးမှု ခံစားချက်တွေကို နှိုင်းယှဉ်ခဲ့ကြပါတယ်။ စစ်တမ်းအားလုံးမှာ လူတွေက မနှစ်မြို့ဖွယ် နေ့စဉ်လုပ်ငန်းများကို ရှောင်ဖို့ ပိုက်ဆံ ပုံမှန်သုံးတဲ့အခါနှင့် သူတို့အားသွားတဲ့ အချိန်ကို တခြားလှုပ်ရှားမှုတွေမှာ သုံးတဲ့အခါ သူတို့ဘဝကို ပိုပြီးစိတ်ကျေနပ်မှုရှိခဲ့ပါတယ်။ ဒီရလဒ်က ဝင်ငွေ (သို့) အလုပ်ချိန်၊ သားသမီးအရေအတွက်၊ အိမ်ထောင်ရေးအခြေအနေပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။

သုတေသီများက ရလဒ်တွေကို အတည်ပြုပေးဖို့ ကွင်းဆင်း စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူတို့က လူကြီးအယောက် (၆၀)ကို ကြုံရာရွေးချယ်လိုက်ပါတယ်။ weekend တစ်ခုစာ သူတို့အချိန်ကို save ဖြစ်မယ့် ဝယ်ယူမှုတစ်ခုပေါ်မှာ သုံးဖို့ ဒေါ်လာ ၄၀ ပေးလိုက်ပါတယ်။ နောက် ဒေါ်လာ ၄၀ကို နောက်ထပ် weekend အတွက် ပစ္စည်းတစ်ခု ဝယ်ယူမှုပေါ်မှာ သုံးဖို့ ပေးခဲ့ပါတယ်။ ဒါက အံ့သြစရာတစ်ခုလို ဖြစ်လာစေပါတယ်။ လူတွေဟာ သူတို့မလုပ်ချင်တဲ့ တာဝန်တွေကို လွှဲပြောင်းဖို့ ဒီပိုက်ဆံကို သုံးတဲ့အခါ ပိုပြီးပျော်ရွင်တာကို ခံစားရပါတယ်။ ဒီအတွေ့အကြုံက စိတ်ဖိစီးချိန်နည်းခြင်းနှင့် အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုကို တိုးတတ်စေခြင်းနှင့် ဆက်စပ်နေခဲ့ပါတယ်။

ဒါပေမယ့် လူတွေက တကယ့်ဘဝမှာတော့ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လေ့မရှိပါဘူး။ လူကြီး ၉၈ယောက်ရဲ့ စစ်တမ်းတစ်ခုမှာ သူတို့ထဲက ၂% သာ သူတို့အချိန်ကို save ဖြစ်ဖို့ ပိုက်ဆံသုံးတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီအပြုအမှုတွေမှာ အကြောင်းရင်းများစွာရှိပါတယ်။ ပထမတစ်ခုက သူတို့ဟာ မလိုအပ်တဲ့ အရာတွေပေါ်မှာ သုံးဖို့ လုံလောက်တဲ့ ပိုက်ဆံမရှိတာကြောင့်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် သင့်မှာ ပိုက်ဆံများများစားစားမရှိရင်တောင် စိတ်အနှောက်အယှက်ဖြစ်တဲ့ တာဝန်တစ်ခုကို ဖယ်ရှားဖို့ ပိုက်ဆံသုံးခြင်းက တော်တော်လေးစမတ်ကျတဲ့ ရွေးချယ်မှုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။

တခြားကိစ္စတွေမှာ လူတွေက ဒီတာဝန်တွေကို လွှဲလိုက်တာနဲ့ ပတ်သတ်ပြီး အပြစ်ရှိတယ်လို့တောင် ခံစားရတာ (သို့) ကိုယ့် ကိုယ့်ပိုင်အိမ်နဲ့ ခြံဝန်းကိုတောင် မထိန်းသိမ်းနိုင်ဘူးလို့ သူများမြင်မှာကို မလိုချင်ကြတာကြောင့် ဖြစ်ပါတယ်။ တခါတရံမှာ သူတို့ကပဲ သူတို့ဆုံးရှုံးနေတဲ့အရာတွေကို နားမလည်ကြပါဘူး။ အထူးသဖြင့် ထုတ်ကုန်တစ်ခုပေါ်မှာ ပိုက်ဆံဘယ်လောက်များများ သုံးသွားလည်းဆိုတာ သိဖို့ လွယ်ကူသော်လည်း သင်တစ်ခုခုကို ပြောင်းလဲပစ်ရင် ရရှိလာနိုင်တဲ့ သင့်ရဲ့ပျော်ရွင်မှုကို ခန့်မှန်းဖို့ နည်းလမ်းမရှိပါဘူး။

သင့်ကို ပိုပြီးပျော်ရွင်အောင် လုပ်ပေးနိုင်တဲ့ လှို့ဝှက်ချက်တစ်ခုကို ယခု သိသွားပြီလို့ ယုံကြည်ပါတယ်။ အိမ်ထာင်ရှင်မတွေအနေနဲ့လည်း ကိုယ်မလုပ်ချင်တဲ့ အိမ်မှုကိစ္စတွေကို ကြိတ်မှိတ်လုပ်နေမယ့်အစား တခါတရံ အိမ်အကူငှားလိုက်တာမျိုး၊ ဝန်ဆောင်မှုလုပ်ငန်းတွေပေါ်မှာ ပိုက်ဆံသုံးလိုက်တာမျိုးဖြင့် ကိုယ့်ရဲ့ ပျော်ရွင်မှုနှင့် အချိန်ပိုကို ရယူပိုင်ဆိုင်ပါ။ ရလာမယ့် ပျော်ရွင်မှုနှင့်အတူ တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ ပတ်သတ်ပြီး တွေးပါ။ တကယ်တော့ တခါတရံမှာ ကျွန်တော်တို့ဟာ အလုပ်ချိန်ပမာဏ တိုအောင်လုပ်နိုင်စွမ်းမရှိပါဘူး။ ဒါပေမယ့် မလုပ်ချင်တဲ့ အရာတွေကို လုပ်နေရတဲ့ ဖြုန်းတီးသွားသော အချိန်တွေကို ရပ်တန့်ဖို့ ၊ ကိုယ့်ဘဝကို ပျော်ရွင်အောင် လုပ်ပေးနိုင်စွမ်းရှိတာကတော့ ပိုက်ဆံပါပဲ။

LM_Nandar

Lifestyle_Myanmar

Source-brightside

ZawGyi

အိမ္မႈကိစၥေတြကို တစ္ေယာက္ေယာက္ကို လႊဲေပးလိုက္တဲ့အခါ ပိုၿပီးေပ်ာ္႐ြင္သူေတြ ျဖစ္လာေစေၾကာင္း ေလ့လာေတြ႕ရွိ
သူစိမ္းတစ္ေယာက္က သင့္ကို တကယ္ေပ်ာ္႐ြင္ေစမယ့္ အရာတစ္ခုခုကို သြားဝယ္ဆိုၿပီး ေဒၚလာ ၄၀ ေပးလိုက္တယ္ဆိုပါစို႔။ အဲ့ဒီပိုက္ဆံနဲ႔ သင္ဘာလုပ္မယ္လို႔ စဥ္းစားပါသလဲ?။ သင့္ရဲ႕စိတ္ကို အားေပးဖို႔၊ အပန္းေျဖဖို႔ အမ်ားအားျဖင့္ သုံးေနက် နည္းလမ္းေတြျဖစ္တဲ့ အဝတ္အစားအသစ္ေတြ သြားဝယ္ပစ္လိုက္တာမ်ိဳး၊ spa သြားၿပီး အနားယူတာမ်ိဳး လုပ္ေကာင္းလုပ္ႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ သင့္အိမ္မႈကိစၥေတြေပၚမွာ အဲ့ဒီပိုက္ဆံနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမယ္လို႔ ေတြးမိမွာ မဟုတ္ဘူးဆိုတာ ေလာင္းရဲပါတယ္။ ဒါေပမယ့္ သိပၸံပညာရွင္မ်ားက ဒီဥစၥာက အလားအလာေကာင္းတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုလို႔ ဆိုပါတယ္။ “ေပ်ာ္႐ြင္မႈကို ပိုက္ဆံနဲ႔ ဝယ္လို႔မရဘူးလို႔ “လူႀကီးေတြ ေျပာၾကတာဟာ လုံးဝမမွန္ပါဘူးတဲ့။ ဘာ့ေၾကာင့္ပါလဲ?

ေခတ္သစ္ကမာၻႀကီးရဲ႕ အဓိကျပႆနာတစ္ခုက တစ္ေန႔တစ္ေန႔ အခ်ိန္ဘယ္ေတာ့မွ မေလာက္ဘူးဆိုတဲ့ ခံစားခ်က္တစ္ခုျဖစ္ပါတယ္။ လူအမ်ားစုဟာ စိုးရိမ္စိတ္မ်ားျခင္း၊ အိပ္မေပ်ာ္ျခင္း၊ က်န္းမာေရးႏွင့္ မညီၫြတ္တဲ့ အေလ့အထေတြ တိုးလာျခင္းႏွင့္အတူ ကိုယ့္ရဲ႕ ဘဝအရည္အေသြးေတြကို သိသိသာသာ ေလ်ာ့နည္းေစတဲ့ အခ်ိန္ရဲ႕ ဖိအားေပးမႈေအာက္မွာ ေနထိုင္ၾကရပါတယ္၊ သိပၸံပညာရွင္မ်ားက “သင့္ကို အခ်ိန္ပိုေပးႏိုင္စြမ္းရွိတဲ့ အရာေတြေပၚမွာ ပိုက္ဆံသုံးျခင္းဟာ သင့္ဘဝ စိတ္ေက်နပ္မႈႏွင့္ အလုံးစုံ ေပ်ာ္႐ြင္မႈကို တိုးတတ္ေစႏိုင္တယ္လို႔” ဆိုပါတယ္။ “ပိုက္ဆံစုဖို႔ အခ်ိန္သုံးမလား”(သို႔)”အခ်ိန္စုဖို႔ ပိုက္ဆံသုံးမလား” ဘယ္အရာက ပိုေကာင္းတဲ့ ေ႐ြးခ်ယ္မူလည္းဆိုတာ သင္မသိေသးဘူးဆိုရင္ ဒီေလ့လာမႈက သင့္ကိုဆုံးျဖတ္ခ်က္ခ်ႏိုင္ၿပီး ေပ်ာ္႐ြင္မႈကို ရွာဖို႔အတြက္ သင့္ပိုက္ဆံအိတ္ကို ဖြင့္မယ္ဆိုတာ ကြၽန္ေတာ္တို႔ ယုံၾကည္ပါတယ္။

ဥပမာ- ခ်က္ျပဳတ္ျခင္း၊ သန္႔ရွင္းေရးလုပ္ျခင္း စတဲ့အိမ္မႈေဝယ်ာဝစၥေတြကို အခေၾကးေငြေပးၿပီး တာဝန္ လႊဲအပ္ေပးရင္ဆိုတဲ့ ဒီေလ့လာမႈကို စတင္ဖို႔ သိပၸံပညာရွင္မ်ားက ပါဝင္သူမ်ားကို ေမးျမန္းခဲ့ပါတယ္။ စာတမ္းအေျဖလႊာမ်ားမွာ သူတို႔ရဲ႕ အလုံးစုံေပ်ာ္႐ြင္မႈႏွင့္ စိတ္ဖိစီးမႈ ခံစားခ်က္ေတြကို ႏႈိင္းယွဥ္ခဲ့ၾကပါတယ္။ စစ္တမ္းအားလုံးမွာ လူေတြက မႏွစ္ၿမိဳ႕ဖြယ္ ေန႔စဥ္လုပ္ငန္းမ်ားကို ေရွာင္ဖို႔ ပိုက္ဆံ ပုံမွန္သုံးတဲ့အခါႏွင့္ သူတို႔အားသြားတဲ့ အခ်ိန္ကို တျခားလႈပ္ရွားမႈေတြမွာ သုံးတဲ့အခါ သူတို႔ဘဝကို ပိုၿပီးစိတ္ေက်နပ္မႈရွိခဲ့ပါတယ္။ ဒီရလဒ္က ဝင္ေငြ (သို႔) အလုပ္ခ်ိန္၊ သားသမီးအေရအတြက္၊ အိမ္ေထာင္ေရးအေျခအေနေပၚမွာ မူတည္ေနတာ မဟုတ္ပါဘူး။

သုေတသီမ်ားက ရလဒ္ေတြကို အတည္ျပဳေပးဖို႔ ကြင္းဆင္း စမ္းသပ္မႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ သူတို႔က လူႀကီးအေယာက္ (၆၀)ကို ႀကဳံရာေ႐ြးခ်ယ္လိုက္ပါတယ္။ weekend တစ္ခုစာ သူတို႔အခ်ိန္ကို save ျဖစ္မယ့္ ဝယ္ယူမႈတစ္ခုေပၚမွာ သုံးဖို႔ ေဒၚလာ ၄၀ ေပးလိုက္ပါတယ္။ ေနာက္ ေဒၚလာ ၄၀ကို ေနာက္ထပ္ weekend အတြက္ ပစၥည္းတစ္ခု ဝယ္ယူမႈေပၚမွာ သုံးဖို႔ ေပးခဲ့ပါတယ္။ ဒါက အံ့ၾသစရာတစ္ခုလို ျဖစ္လာေစပါတယ္။ လူေတြဟာ သူတို႔မလုပ္ခ်င္တဲ့ တာဝန္ေတြကို လႊဲေျပာင္းဖို႔ ဒီပိုက္ဆံကို သုံးတဲ့အခါ ပိုၿပီးေပ်ာ္႐ြင္တာကို ခံစားရပါတယ္။ ဒီအေတြ႕အႀကဳံက စိတ္ဖိစီးခ်ိန္နည္းျခင္းႏွင့္ အျပဳသေဘာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈကို တိုးတတ္ေစျခင္းႏွင့္ ဆက္စပ္ေနခဲ့ပါတယ္။

ဒါေပမယ့္ လူေတြက တကယ့္ဘဝမွာေတာ့ မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈကို လုပ္ေလ့မရွိပါဘူး။ လူႀကီး ၉၈ေယာက္ရဲ႕ စစ္တမ္းတစ္ခုမွာ သူတို႔ထဲက ၂% သာ သူတို႔အခ်ိန္ကို save ျဖစ္ဖို႔ ပိုက္ဆံသုံးတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဒီအျပဳအမႈေတြမွာ အေၾကာင္းရင္းမ်ားစြာရွိပါတယ္။ ပထမတစ္ခုက သူတို႔ဟာ မလိုအပ္တဲ့ အရာေတြေပၚမွာ သုံးဖို႔ လုံေလာက္တဲ့ ပိုက္ဆံမရွိတာေၾကာင့္လို႔ ယုံၾကည္ပါတယ္။ ဒါေပမယ့္ သင့္မွာ ပိုက္ဆံမ်ားမ်ားစားစားမရွိရင္ေတာင္ စိတ္အေႏွာက္အယွက္ျဖစ္တဲ့ တာဝန္တစ္ခုကို ဖယ္ရွားဖို႔ ပိုက္ဆံသုံးျခင္းက ေတာ္ေတာ္ေလးစမတ္က်တဲ့ ေ႐ြးခ်ယ္မႈျဖစ္တယ္ဆိုတာ ကြၽန္ေတာ္တို႔ ျမင္ႏိုင္ပါတယ္။

တျခားကိစၥေတြမွာ လူေတြက ဒီတာဝန္ေတြကို လႊဲလိုက္တာနဲ႔ ပတ္သတ္ၿပီး အျပစ္ရွိတယ္လို႔ေတာင္ ခံစားရတာ (သို႔) ကိုယ့္ ကိုယ့္ပိုင္အိမ္နဲ႔ ၿခံဝန္းကိုေတာင္ မထိန္းသိမ္းႏိုင္ဘူးလို႔ သူမ်ားျမင္မွာကို မလိုခ်င္ၾကတာေၾကာင့္ ျဖစ္ပါတယ္။ တခါတရံမွာ သူတို႔ကပဲ သူတို႔ဆုံးရႈံးေနတဲ့အရာေတြကို နားမလည္ၾကပါဘူး။ အထူးသျဖင့္ ထုတ္ကုန္တစ္ခုေပၚမွာ ပိုက္ဆံဘယ္ေလာက္မ်ားမ်ား သုံးသြားလည္းဆိုတာ သိဖို႔ လြယ္ကူေသာ္လည္း သင္တစ္ခုခုကို ေျပာင္းလဲပစ္ရင္ ရရွိလာႏိုင္တဲ့ သင့္ရဲ႕ေပ်ာ္႐ြင္မႈကို ခန္႔မွန္းဖို႔ နည္းလမ္းမရွိပါဘူး။

သင့္ကို ပိုၿပီးေပ်ာ္႐ြင္ေအာင္ လုပ္ေပးႏိုင္တဲ့ လႈိ႕ဝွက္ခ်က္တစ္ခုကို ယခု သိသြားၿပီလို႔ ယုံၾကည္ပါတယ္။ အိမ္ထာင္ရွင္မေတြအေနနဲ႔လည္း ကိုယ္မလုပ္ခ်င္တဲ့ အိမ္မႈကိစၥေတြကို ႀကိတ္မွိတ္လုပ္ေနမယ့္အစား အိမ္အကူငွားလိုက္တာမ်ိဳး၊ ဝန္ေဆာင္မႈလုပ္ငန္းေတြေပၚမွာ ပိုက္ဆံသုံးလိုက္တာမ်ိဳးျဖင့္ ကိုယ့္ရဲ႕ ေပ်ာ္႐ြင္မႈႏွင့္ အခ်ိန္ပိုကို ရယူပိုင္ဆိုင္ပါ။ ရလာမယ့္ ေပ်ာ္႐ြင္မႈႏွင့္အတူ တန္ဖိုးရွိတဲ့ အခ်ိန္ေတြနဲ႔ ပတ္သတ္ၿပီး ေတြးပါ။ တကယ္ေတာ့ တခါတရံမွာ ကြၽန္ေတာ္တို႔ဟာ အလုပ္ခ်ိန္ပမာဏ တိုေအာင္လုပ္ႏိုင္စြမ္းမရွိပါဘူး။ ဒါေပမယ့္ မလုပ္ခ်င္တဲ့ အရာေတြကို လုပ္ေနရတဲ့ ျဖဳန္းတီးသြားေသာ အခ်ိန္ေတြကို ရပ္တန္႔ဖို႔ ၊ ကိုယ့္ဘဝကို ေပ်ာ္႐ြင္ေအာင္ လုပ္ေပးႏိုင္စြမ္းရွိတာကေတာ့ ပိုက္ဆံပါပဲ။

LM_Nandar

Lifestyle_Myanmar

Source-brightside

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here