အိမ်မြှောင်ကြောက်လို့ဆိုပြီး အမျိုးသမီး ၂ ယောက် အဖော်ခေါ်အိပ်တဲ့ အမျိုးသား အဖမ်းခံရ

0
511

အသက် ၂၀အရွယ် အမျိုးသားဟာ မကြာသေးမီက Perhentian ကျွန်း၊ Besut မှာရှိတဲ့ အပန်းဖြေ အိမ်တစ်လုံးမှာ အမျိုးသမီး ၂ယောက်နဲ့ အတူ အိပ်ခဲ့တာကြောင့် အဖမ်းအရေးယူခံခဲ့ရပါတယ်။ စက်တင်ဘာ ၆ရက်၊ ပြီးခဲ့တဲ့ သောကြာနေ့ က Terengganu Religious Affairs Department (JHEAT) အဖွဲ့က မသင်္ကာဖြစ်လို့ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

-Advertisement-

ဖမ်းမိတဲ့ အချိန်မှာတော့ အသက် ၂၀နဲ့ ၃၀ ဝန်ကျင်ကြား အရွယ်ကောင်း အမျိုးသမီး ၂ယောက်လည်း ပါဝင်ခဲ့ပါတယ်။ အာဏာပိုင်တွေက စစ်ဆေးကြည့်တဲ့ အခါမှာတော့ အဆိုပါ အမျိုးသားဘက်က ရယ်ရွှင်စရာကောင်းတဲ့ ဖြေရှင်းချက်မျိုးကို ပြန်ပေးခဲ့ပါတယ်။ ဘာကြောင့် အမျိုးသမီး ၂ယောက်ကို အဖော်ခေါ်အိပ်ရသလဲဆိုတော့ သူ့ နေတဲ့အခန်းမှာ ကြီးမားတဲ့ အိမ်မြှောင်ကြီး တစ်ကောင် ရှိတဲ့အတွက် မအိပ်ရဲလို့ ခေါ်အိပ်မိတာပါလို့ ဆင်ခြေပေးခဲ့ပါတယ်။

အိမ်မြှောင်လို့ဆိုပေမဲ့ တောက်တဲ့ ဖြစ်ဟန်တူပါတယ်။ ဒါပေမဲ့ သူ့ပေးတဲ့ ဖြေရှင်းချက်က အခြားသူတွေအတွက်တော့ တကယ့်ကို ရယ်ရွှင်စရာဖြစ်မှာ အမှန်ပါပဲ။ နောက်ထပ် စုံစမ်းစစ်ဆေးကြည့်တဲ့ အခါမှာတော့ အတူတူ အိပ်တဲ့ အမျိုးသမီး ၂ဦးထဲက တစ်ဦးဟာ အဆိုပါ အမျိုးသား အခန်းနဲ့ ဘေးချင်းကပ် အခန်းက ဖြစ်ပြီး ကာမပိုင် ယောကျ်ားရှိပါတယ်။

နောက်ကောင်မလေးတစ်ယောက်ကတော့ သူ့ရဲ့ ချစ်သူဖြစ်တယ်လို့သိရပြီး ကာမပိုင်ယောကျ်ားရှိတဲ့ အမျိုးသမီးနဲ့ ဖောက်ပြန်မိတဲ့အတွက် ပြဿနာက သေးသေးလေးတော့ မဟုတ်တော့ပါဘဲ သေချာပေါက် အရေးယူခံရဖို့ ရှိနေပါပြီ။ ဒါ့အပြင် အခြား အခန်းတွေကိုလည်း အလားတူ ရှောင်တခွင် စစ်ဆေးတဲ့အချိန်မှာတော့ နောက်ထပ် စုံတွဲတစ်တွဲ ထပ်မံဖမ်းမိခဲ့ပါတယ်။

အဆိုပါ စုံတွဲကတော့ အသက် ၄၀အရွယ် အမျိုးသားတစ်ဦးဟာ သူ့ထက် အသက်ထပ်ဝက်လောက်ငယ်တဲ့ အမျိုးသမီးနဲ့ အတူတူ အိပ်စက်နေတာပဲဖြစ်ပါတယ်။ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေးတဲ့ အခါမှာတော့ နောက်ထပ်ရယ်ရွှင်စရာ ဖြေရှင်းချက်တစ်မျိုးကို ထပ်ကြားခဲ့ရပါတယ်။ သူကတော့ အသက် ၂၀အရွယ် ကောင်မလေး အခန်းမှာ ပစ္စည်းတစ်ခုခုကို ယူဖို့ ရောက်လာစဉ် အိပ်ပျော်သွားခဲ့တာလို့ ထွက်ဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ အဆိုပါ အမျိုးသားနှစ်ဦးကို Syariah ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၀၀၁ နဲ့ အရေးယူဖမ်းဆီးထားကြောင်းသိရပါတယ်။

#Lifestyle_Myanmar

#Thar_Nage

Zawgyi Fonts

အိမ္ေျမႇာင္ေၾကာက္လို႔ဆိုၿပီး အမ်ိဳးသမီး၂ေယာက္ အေဖာ္ေခၚအိပ္တဲ့ အမ်ိဳးသား အဖမ္းခံရ
အသက္ ၂၀အရြယ္ အမ်ိဳးသားဟာ မၾကာေသးမီက Perhentian ကၽြန္း၊ Besut မွာရွိတဲ့ အပန္းေၿဖ အိမ္တစ္လုံးမွာ အမ်ိဳးသမီး ၂ေယာက္နဲ႔ အတူ အိပ္ခဲ့တာေၾကာင့္ အဖမ္းအေရးယူခံခဲ့ရပါတယ္။ စက္တင္ဘာ ၆ရက္၊ ၿပီးခဲ့တဲ့ ေသာၾကာေန႔ က Terengganu Religious Affairs Department (JHEAT) အဖြဲ႕က မသကၤာျဖစ္လို႔ စစ္ေဆးရာကေန ဖမ္းမိခဲ့တာျဖစ္ပါတယ္။

ဖမ္းမိတဲ့ အခ်ိန္မွာေတာ့ အသက္ ၂၀နဲ႔ ၃၀ ဝန္က်င္ၾကား အရြယ္ေကာင္း အမ်ိဳးသမီး ၂ေယာက္လည္း ပါဝင္ခဲ့ပါတယ္။ အာဏာပိုင္ေတြက စစ္ေဆးၾကည့္တဲ့ အခါမွာေတာ့ အဆိုပါ အမ်ိဳးသားဘက္က ရယ္ရႊင္စရာေကာင္းတဲ့ ေျဖရွင္းခ်က္မ်ိဳးကို ျပန္ေပးခဲ့ပါတယ္။ ဘာေၾကာင့္ အမ်ိဳးသမီး ၂ေယာက္ကို အေဖာ္ေခၚအိပ္ရသလဲဆိုေတာ့ သူ႔ ေနတဲ့အခန္းမွာ ႀကီးမားတဲ့ အိမ္ေျမႇာင္ႀကီး တစ္ေကာင္ ရွိတဲ့အတြက္ မအိပ္ရဲလို႔ ေခၚအိပ္မိတာပါလို႔ ဆင္ေျခေပးခဲ့ပါတယ္။

အိမ္ေျမႇာင္လို႔ဆိုေပမဲ့ ေတာက္တဲ့ ျဖစ္ဟန္တူပါတယ္။ ဒါေပမဲ့ သူ႔ေပးတဲ့ ေျဖရွင္းခ်က္က အျခားသူေတြအတြက္ေတာ့ တကယ့္ကို ရယ္ရႊင္စရာျဖစ္မွာ အမွန္ပါပဲ။ ေနာက္ထပ္ စုံစမ္းစစ္ေဆးၾကည့္တဲ့ အခါမွာေတာ့ အတူတူ အိပ္တဲ့ အမ်ိဳးသမီး ၂ဦးထဲက တစ္ဦးဟာ အဆိုပါ အမ်ိဳးသား အခန္းနဲ႔ ေဘးခ်င္းကပ္ အခန္းက ျဖစ္ၿပီး ကာမပိုင္ ေယာက်္ားရွိပါတယ္။

ေနာက္ေကာင္မေလးတစ္ေယာက္ကေတာ့ သူ႔ရဲ့ ခ်စ္သူျဖစ္တယ္လို႔သိရၿပီး ကာမပိုင္ေယာက်္ားရွိတဲ့ အမ်ိဳးသမီးနဲ႔ ေဖာက္ျပန္မိတဲ့အတြက္ ျပႆနာက ေသးေသးေလးေတာ့ မဟုတ္ေတာ့ပါဘဲ ေသခ်ာေပါက္ အေရးယူခံရဖို႔ ရွိေနပါၿပီ။ ဒါ့အျပင္ အျခား အခန္းေတြကိုလည္း အလားတူ ေရွာင္တခြင္ စစ္ေဆးတဲ့အခ်ိန္မွာေတာ့ ေနာက္ထပ္ စုံတြဲတစ္တြဲ ထပ္မံဖမ္းမိခဲ့ပါတယ္။

အဆိုပါ စုံတြဲကေတာ့ အသက္ ၄၀အရြယ္ အမ်ိဳးသားတစ္ဦးဟာ သူ႔ထက္ အသက္ထပ္ဝက္ေလာက္ငယ္တဲ့ အမ်ိဳးသမီးနဲ႔ အတူတူ အိပ္စက္ေနတာပဲျဖစ္ပါတယ္။ အာဏာပိုင္ေတြ ေခၚယူစစ္ေဆးတဲ့ အခါမွာေတာ့ ေနာက္ထပ္ရယ္ရႊင္စရာ ေျဖရွင္းခ်က္တစ္မ်ိဳးကို ထပ္ၾကားခဲ့ရပါတယ္။ သူကေတာ့ အသက္ ၂၀အရြယ္ ေကာင္မေလး အခန္းမွာ ပစၥည္းတစ္ခုခုကို ယူဖို႔ ေရာက္လာစဥ္ အိပ္ေပ်ာ္သြားခဲ့တာလို႔ ထြက္ဆိုခဲ့ပါတယ္။

လက္ရွိမွာေတာ့ အဆိုပါ အမ်ိဳးသားႏွစ္ဦးကို Syariah ျပစ္မွုဆိုင္ရာ ဥပေဒပုဒ္မ ၂၀၀၁ နဲ႔ အေရးယူဖမ္းဆီးထားေၾကာင္းသိရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here