အိမ်ထောင်သည်တိုင်းလိုက်နာသင့်တဲ့စည်းမျဉ်းများ

0
199

ပျော်ရွှင်စရာကောင်းတဲ့Relationshipsတစ်ခုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာနဲ့ပိုမိုပျော်ရွှင်စရာကောင်းတဲ့ အိမ် ထောင်ရေးတစ်ခုကို ဘယ်လိုဖန်တီးနိုင်မလဲဆိုတာအတွက် သီအိုရီများစွာရှိပါတယ်။

-Advertisement-

စာရေးဆရာတွေ၊ သိပ္ပံပညာရှင်တွေနဲ့အခြားသူတွေ အကြံပေးထားတဲ့အချက်ပေါင်းမြောက်မြားစွာကိုရှာဖွေဖို့က လွယ်ပါတယ်။ သင်တို့ရဲ့ အိမ်ထောင်ရေးကို ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့ ကျွန်တော်တို့ရဲ့ အကြံညဏ်တွေကို မျှ၀ေပေးလိုက်ပါတယ်။ ကောင်းမွန်သောအရာတွေကိုရှာပါ။

ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးဆိုတာ သင့်မှာ အရာအားလုံးပြီးပြည့်စုံတဲ့ အိမ်ထောင်ဖက် ဒါမှမဟုတ် အပြစ် အနာအဆာမရှိတဲ့အိမ်ထောင်ရေးရှိတာကို ဆိုလိုတာမဟုတ်ပါဘူး။ ဆိုလိုတာက နစ်ယောက်စလုံးမှာရှိတဲ့အားနည်းချက်တွေထက် ကောင်းမွန်တဲ့အရာတွေကိုပိုပြီး ကြည့်ပေးဖို့ဆိုလိုတာပါ။

ကောင်းတဲ့အချက်လေးတွေကိုရှာဖို့မခက်ပါဘူး။ သင်တို့စတွေ့တုန်းက သင့်ကိုဆွဲဆောင်ခဲ့တဲ့အရည်အသွေးကောင်းတွေကို အာရုံစူးစိုက်ပြီး ပြန်အသိအမှတ်ပြုပေးလိုက်ဖို့ပါပဲ။ ကောင်းတဲ့အချက်လေးတွေကိုအာရုံစိုက်ပါ။

ပျော်ရွှင်မှုကိုရှာပါ

အိမ်ထောင်ရေးကသင့်ကိုမပျော်ရွှင်စေဘူးဆို သင်အိမ်ထောင်ရေးကိုသင်ကပျော်ရွှင်အောင်လုပ်ပါတဲ့။ ဆိုလိုတာက သင့်ကိုပျော်ရွှင်စေမယ့်အရာတွေကိုနေ့တိုင်းလုပ်ပါ။ သင်ကိုယ်တိုင်က မပျော်ရွှင်ဘူးဆိုရင် သင်တို့ရဲ့ဆက်ဆံရေးကလည်း ပျော်စရာကောင်းမှာမဟုတ်တော့ပါဘူး။

အားနည်းချက်တွေကိုခွင့်လွှတ်ပေးပါ

အောင်မြင်ပျော်ရွှင်နေတဲ့အိမ်ထောင်သည်တွေဆိုတာ အရာအားလုံးပြီးပြည့်စုံတဲ့လူနှစ်ဦးနဲ့တည်ဆောက်ထားတာမဟုတ်ပါဘူး။ အားနည်းချက်ကိုယ်စီနဲ့လူနှစ်ဦးရဲ့ ခွင့်လွှတ်ခြင်းနဲ့နားလည်ပေးမှုတန်ဖိုးပဲဖြစ်ပါတယ်။

၏ခွင့်လွှတ်ခြင်းဟာဆက်ဆံရေးအတွက် အရေးကြီးတဲ့အစိတ်အပိုင်းပဲဖြစ်ပါတယ်။ သင့်ကိုဒေါသဖြစ်စေတဲ့အရာတွေကိုစွဲကိုင်ထားခြင်းက သင့်ကိုအဆိုးတွေဖြစ်လာစေနိုင်ပြီး အကောင်းဆုံးမလုပ်နိုင်အောင်တားဆီးထား
ပါလိမ့်မယ်။

သင်ကိုယ်တိုင်သာကောင်းအောင်နေပါ

လက်ထပ်ထိမ်းမြားတယ်ဆို အောင်မြင်ပျော်ရွှင်နေတဲ့အိမ်ထောင်ဖက်ကို ရှာတာမဟုတ်ပဲ မှန်ကန်သင့်တော်တဲ့အိမ်ထောင်ဖက်ကို ရှာကြတယ်လို့ဆိုကြပါတယ်။

သင့်ခင်ပွန်းကို ကိုယ်ဖြစ်စေချင်တိုင်းပြောင်းလဲဖို့မကြိုးစားပါနဲ့၊ ဒါကနောက်ပြန်လှည့်စေမယ့်ဆက်ဆံရေးတစ်ခုကိုဖြစ်လာစေနိုင်ပြီး သင့်ကိုယ်သင်သာ အာရုံစိုက်ပါ။ သင်ထိန်းချုပ်နိုင်သောအရာကိုသာ ကိုင်တွယ်ပါ။

သင့်အိမ်ထောင်ရေးကိုဦးစားပေးပါ

လက်ထပ်ထိမ်းမြားတယ်ဆိုတာ သင်တစ်ခုခုကို ရလိုက်တာမဟုတ်ပါဘူး။ သင်တစ်ခုခုအတွက် လုပ်ပေးရတော့မယ်ဆိုတာပဲဖြစ်ပါတယ်။ အိမ်ထောင်ပြုတယ်ဆိုတာ တစ်ကယ်က သင့်ချစ်သူကို နေ့တိုင်းနေ့တိုင်း ဘယ်လိုနည်းလမ်းတွေနဲ့ ချစ်ပေးမလဲဆိုတာပါပဲ။ အိမ်ထောင်ပြုတယ်ဆိုတာကို ကိစ္စတစ်ခုအနေနဲ့မသတ်မှတ်ပါနဲ့။ ဒါကတစ်ကယ်တော့ သင့်ဘ၀အစိတ်အပိုင်းတစ်ခုပါ။ အိမ်ထောင်ရေးကို ဂရုစိုက်ပါ၊ သူ့သဘာ၀အတိုင်း ရှင်သန် ကြီးထွားလွတ်လပ်ပါစေ။

နေ့စဉ်ချစ်ခြင်းမေတ္တာကိုဖော်ပြပါ

“လူအများစုရဲ့အကြီးမားဆုံးအားနည်းချက်ကအသက်ရှင်နေတုန်းမှာသူတို့ဘယ်လောက်ချစ်သလဲဆိုတာကိုတခြားသူတွေကိုပြောပြရန်တွန့်ဆုတ်ခြင်းပဲဖြစ်ပါတယ်။ သင့်ချစ်ခြင်းမေတ္တာကိုဖွင့်ပြပါ။

ကောင်းတဲ့အရာတွေကိုထိန်းသိမ်းပါ

လက်ထပ်ထိမ်းမြားတာကကောင်းတဲ့ဝိုင်လိုပါပဲ၊ ကောင်းကောင်းထိန်းသိမ်းထားမယ်ဆိုရင်အသက်ကြီးလာရင်ပိုကောင်းလာလိမ့်မယ်။ သင့်ရဲ့ ဆက်ဆံရေးတွင်ကောင်းသောအရာများကိုတန်ဖိုးထားလေးမြတ်ခြင်းက ပို၍ ကောင်းသောအရာများကိုဆွဲဆောင်နိုင်ပြီးသင့်ဆက်ဆံရေးကိုပိုမိုခိုင်မာလာစေပါတယ်။

မိမိကိုယ်ကိုဂရုစိုက်ပါ

“ မင်းရဲ့ခင်ပွန်းကိုမင်းပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်တစ်ခုကတော့မင်းရဲ့ကိုယ်ပိုင်အရည်အသွေးပဲ”လို့ Stormie Omartianကပြောခဲ့ပါတယ်။ သင်ကိုယ်သင်ကောင်းကောင်းဂရုမစိုက်လျှင်သင့်ရဲံဆက်ဆံရေးကိုဂရုမစိုက်နိုင်ပါဘူးအဲဒါကို ဦး စားပေးလုပ်ပါ။

ကိစ္စသေးသေးလေးတွေတန်ဖိုးထားပါ

အမှတ်တရသေးသေးလေးတွေကအစတန်ဖိုးထားပါ။ ချစ်သူတွေဖြစ်တုန်းကလိုပေါ့။ ဒီသေးငယ်တဲ့ အရာတွေက မင်းကို ထာ၀ရချစ်နေစေမှာပါ။ ချစ်ခြင်းမေတ္တာကို ပြသရာမှာ ခမ်းနားမှုတွေမလိုပါဘူး။ ကျွန်တော်တို့နေ့တိုင်းလုပ်နေတဲ့ အရာသေးသေးလေးတွေကအစချစ်ပြလို့ရပါတယ်။

မင်းရဲ့အချိန်ကိုရင်းနှီးမြှုပ်နှံပါ

လက်ထပ်ထိမ်းမြားမှုမှာမင်းရင်းနှီးမြုပ်နှံလေလေပိုပြီးတန်ဖိုးရှိလေလေပါပဲ။ အရေးအကြီးဆုံးတဲ့ ဆက်ဆံမှုတွေအတွက် အချိန်ဖြုန်းတယ်ဆိုတာ အရာအားလုံးထက် အရေးကြီးပါတယ်။

အတိတ်ကသင်ခန်းစာယူပြီးအနာဂါတ်ကိုအိမ်မက်ပါ

အိမ်ထောင်ရေး ။ သူကလူတွေကိုအတိတ်နဲ့ချိတ်ဆက်ပေးပြီးအနာဂတ်ကိုလမ်းညွှန်ပေးပါတယ်။ သင်ခန်းစာယူပါ၊ အနာဂါတ်ကို အိမ်မက်ပါ။ ကဲအပေါ်ကအချက်လေးတွေက ပျော်ရွှင်အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်ဖို့သာမက ဆက် ဆံရေးအားလုံးအတွက် ကောင်းမွန်တဲ့သတိပေးချက်ဖြစ်ပါတယ်။ ဘယ်စည်းမျဉ်းတွေက သင်နဲ့အကိုက်ဆုံးလဲ။

#Lifestyle_Myanmar

#Mg_Htet

REF_power of possitivity

LEAVE A REPLY

Please enter your comment!
Please enter your name here