အိမ်ထောင်သက်တမ်းကြာလေလေ အချစ်တွေပိုတိုးလေလေ ဖြစ်စေမဲ့ နည်းလမ်း ၉မျိုး

0
261
အိမ်ထောင်ရေး

များသောအားဖြင့် စတွေ့တုန်းက​တစ်ယောက်နဲ့တစ်ယောက် ရူးရူးမူးမူးချစ်ခဲ့ကြပေမဲ့ အိမ်ထောင်ကျသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်က ရိုးလာသလိုလို၊ ငြီးငွေ့လာသလိုလို တဖြည်းဖြည်းနဲ့ အချစ်တွေက ဆိတ်သုဉ်းလာတတ်ကြပါတယ်။ ဒီလို တစ်ယောက်နဲ့တစ်ယောက် အချစ်တွေလျော့မသွားဘဲ ပိုပြီး ရင်းနှီးနွေးထွေးမှုရှိစေမဲ့ နည်းလမ်းလေးတွေရှိပါတယ်။

-Advertisement-

၁။ ညစာ အတူတူပြင်ဆင်ပါ။

ညစာအတွက် အတူတူချက်ပြုတ်ပြီး အတူတူစားသောက်ရတာ ညားခါစအိမ်ထောင်သည်တွေအတွက်တော့ အရမ်းကို ကြည်နူးဖို့ကောင်းပါတယ်။ အလုပ်ကအပြန် အတူတူစျေးဝင်ပြီး နှစ်ယောက်သားကြိုက်တတ်တဲ့ အစားအသောက်လေးတွေကိုဝယ်၊ အတူတူချက်ပြုတ်စားသောက်ရတာ သင်တို့နှစ်ဦးရဲ့ ဆံဆက်ရေးကို ပိုပြီးရင်းနှီးသလို နွေးထွေးမှုလည်း ဖြစ်စေပါတယ်။ ညစာမှ မဟုတ်ပါဘူး နှစ်ယောက်သား အလုပ်ပိတ်တဲ့ အားလပ်ရက်မျိုးမှာလည်း ကိုယ်ကြိုက်တဲ့ အစားအသောက်မျိုးကို အတူတူလုပ် စားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

၂။ တစ်နေ့တာအတွက် ကောင်းမွန်တဲ့ အရာတစ်ခုကို ပြောပါ။

တစ်နေ့တာလုံးမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဖိစီးမှုတွေ၊ အဆင်မပြေမှုတွေ၊ ပင်ပန်းမှုတွေနဲ့ ကိုယ်စီကိုယ်စီကြုံတွေ့ခဲ့ကြရမှာပါ။ ဒါပေမဲ့ နှစ်ယောက်သား ရှိတဲ့အချိမျိုး၊ အိပ်ခါနီးအချိန်မျိုးမှာတော့ ဒီနေ့တစ်နေ့တာ အဖြစ်အပျက်ထဲက အကောင်းဆုံးအရာ တစ်ခုကိုပြောပေးပါ။ ကိုယ့်ကြုံတွေ့ခဲ့ရတာကို ဟာသအနေနဲ့ ပြောတာပဲဖြစ်ဖြစ်၊ ဒီတစ်နေ့တာမှာ တစ်ယောက်ရဲ့ ကောင်းကြောင်းကို တစ်ယောက်က ချီးမွမ်းတာပဲဖြစ်ဖြစ် ပြောဆိုသင့်ပါတယ်။ ကောင်းသတင်းကို ကြားရတဲ့အတွက် စိတ်ပင်ပန်းမှုကိုလည်း ပြေလျော့စေသလို၊ အိပ်ရာဝင်ချိန်မှာလည်း ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ပါတယ်။

၃။ အကြည့်ချင်းဆုံပေးပါ။

ဘာမှမသိတဲ့ လူနှစ်ယောက်အတောင် အကြည့်ချင်းဆုံမိတဲ့အခါ ရင်ထဲမှာ နွေးထွေးသလိုလို၊ ရင်ခုန်သလိုလိုနဲ့ တစ်ယောက်နဲ့တစ်ယောက် မသိစိတ်က ရင်နှီးမှုကိုဖြစ်စေပါတယ်။ အိမ်ထောင်သည်ဘဝမှာပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားဘဝမှာဖြစ်ဖြစ်တစ်ယောက်နဲ့တစ်ယောက် အကြည့်နဲ့ဆက်သွယ်ခြင်းဟာ ပိုပြီး သံယောဇဉ်ဖြစ်သလို ရင်နှီးမှုလည်း ပိုခိုင်မာစေပါတယ်။ အကြည့်တွေဟာ လူတစ်ယောက်ရဲ့ အတွင်း စိတ်ခံစားမှုကို သိရှိနိုင်တာကြောင့် တစ်ယောက်ရဲ့စိတ်ကိုလည်း တစ်ယောက်က ပိုပြီး နားလည်းမှုပေးနိုင်ပါတယ်။

၄။ စတွေ့တုန်းကအချိန်ကို အမှတ်ရနေပေးပါ။

ချစ်သူနှစ်ဦးအတွက် စတွေ့တဲ့အချိန်တွေက အရမ်းကို တန်းဖိုးရှိသလို ဘဝမှာ အပျော်ရွှင်ရဆုံးအချိန်ဆိုရင်လည်း မမှားပါဘူး။ ဒါ့ကြောင့် အိမ်ထောင်သည်ဘဝကို ရောက်တဲ့အခါမှာလည်း အရင်က စတွေ့ခဲ့တဲ့ အမှတ်တရတွေကို နှစ်ဦးသာအတူတူပြန်ပြီး သတိရနေပေးပါ။ ယခင်က အမှတ်တရပုံလေးတွေကို အတူတူ ထုတ်ကြည့်ပေးပါ။ ဒီလိုသတိရပေးခြင်းဟာ သင်တို့နှစ်ဦးရဲ့ အချစ်စိတ်ကို ပြန်ပြီး နုပျိုလာသလိုခံစားရပြီး ပြန်ကြည့်မိတိုင်းလည်း ကြည်နူးမှု ပီတိကိုရရှိစေမှာအမှန်ပါပဲ။

၅။ အပြန်အလှန်ပြုစုပေးခြင်း

လေ့လာမှုတွေအရ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပြုစုပေးတာမျိုး၊ အပြန်အလှန် နှိပ်နယ်ပေးတာမျိုးဟာ စုံတွဲတွေအတွက် စိတ်ကျေနပ်မှုကို ပိုပြီးခံစားရတယ်လို့ဆိုပါတယ်။ ညောင်းနေတဲ့အခါမျိုးပဲဖြစ်ဖြစ်၊ နှစ်ယောက်သား အားနေတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ် အချိန် ၁၅မိနစ်လောက်ပေးပြီး အပြန်အလှန်နှိပ်နယ်ပေးလိုက်ပါ။ ဒါက ကျန်းမာရေးအရလည်း ကောင်းကျိုးတွေရရှိနိုင်သလို စိတ်ကိုလည်း အပန်းပြေစေပါတယ်။ တစ်ပတ်ကို ၂ကြိမ်လောက်ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ပြုလုပ်ပေးသင့်ပါတယ်။

၆။ နှစ်ယောက်အတူတူ ကခုန်ပါ။

ဂီတဟာ အားလုံးအတွက် စိတ်အပန်းဖြေစရာထွက်ပေါက်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိတ်ပင်ပန်းမှုတွေ၊ စိတ်ဖိစီးမှုတွေ ကို အမြန်ဆုံးဖယ်ပျောက်ဖို့ဆိုတာ ဂီတပဲရှိပါတယ်။ ဒါ့ကြောင့် အားလပ်တဲ့အချိန်မျိုးမှာ အကြိုက်ဆုံး music ကို ဖွင့်ပြီး နှစ်ယောက်သား ကခုန်ပါ၊ စုံတွဲသီချင်းတွေ အတူတူဆိုပါ။ ဒါဟာ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း တစ်မျိုးလည်းဖြစ်သလို သင်တို့နှစ်ဦးရဲ့ အချစ်စိတ်တွေကို မရပ်တန့်စေမဲ့ အကောင်းဆုံးနည်းလမ်း တစ်ခုလည်းဖြစ်ပါတယ်။

၇။ စာအတူတူဖတ်ပါ။

တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ ဖုန်းပွတ်နေတာထက် စာရင် စာအုပ်တစ်အုပ်ကို နှစ်ယောက်ဖက်တာက သင်တို့အတွက် အကျိုးပိုရှိမယ်ထင်ပါတယ်။ ဗဟုသုတဖြစ်စမဲ့စားမျိုး၊ ခွန်အားဖြစ်စေမဲ့စာမျိုး၊ အိမ်ထောင်ရေး၊ စီးပွားရေးအတွက်အထောက်အကူဖြစ်စေမဲ့စာမျိုးကို ဖတ်သင့်ပါတယ်။ စာဖတ်ပျင်းနေရင်တော့ တစ်ယောက်ဖတ်ပြတာ တစ်ယောက်က နားထောင်တာမျိုး စတဲ့ အပြန်အလှန်တစ်ယောက်နဲ့တစ်ယောက် စာဖတ်တာမျိုးကိုပြုလုပ်သင့်ပါတယ်။ ဒါက သင့်တို့အနာဂတ်အတွက် ကောင်းမွန်တဲ့ရလဒ်မျိုး၊ အတွေးအခေါ်မျိုးကိုပိုင်ဆိုင်နိုင်ပြီး နှစ်ဦးသား ကြည်နူးမှုကိုလည်း အပြည့်အဝပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

၈။ ကျေးဇူးတင်စကား၊ ချီးကျူးပြောပါ။

ကောင်းတဲ့အသံလေးတွေ နားထဲကြားနေရသမျှ စိတ်ရွှင်လန်းမှုဆိုတာ ပိုင်ဆိုင်နေဦးမှာပါ။ ဒါ့ကြောင့် အိပ်ယာဝင်၊ အိပ်ယာထ ကောင်းမွန်တဲ့ ချီးကျူးစကားမျိုးကို ဆိုသင့်ပါတယ်။ သင့်အတွက် ကောင်းမွန်တဲ့အရာတစ်ခုခုပြုလုပ်ပေးတိုင်း ချီးကျူးစကား၊ကျေးဇူးတင်စကားပြောပေးဖို့လိုအပ်ပါတယ်။ ဥပမာ သင့်အတွက် မနက်စာပြင်ပေးထားတာမျိုး၊ သင့်အတွက် ကော်ဖီဖျော်ပေးထားတာမျိုး စတဲ့ ကိစ္စအသေးအမွှားလေးကအစ ကျေးဇူးတင်စကားဆိုတဲ့အခါ သင့်အပေါ် ဒီထက်မက ပိုပြီး ပြုစုယုယမှုကိုပေးစွမ်းဦးမှာဖြစ်ပါတယ်။

၉။ အိပ်ယာအတူတူဝင်ပါ။

အိမ်ထောင်သည်စုံတွဲအတွက် အိပ်ယာဝင်ချိန် မတူခြင်းဟာ နှစ်ဦးသာ ဆက်ဆံရေးအတွက် ပဋိပက္ခပိုဖြစ်စေပါတယ်။ အိပ်ယာဝင်ချိန်မတူတဲ့အခါ အိမ်ထောင်သည်တစ်ယောက်အတွက်တော့ အထီးကျန်သလိုခံစားစေရပါတယ်။ ဒါ့ကြောင့် အိပ်ယာဝင်တဲ့အချိန်ကို အတတ်နိုင်ဆုံး တူညီအောင် ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒီလိုပြုလုပ်တာ သင်တို့နှစ်ဦးရဲ့ အချစ်ရေးကို ပိုပြီး ခိုင်မာစေတယ်လို့ အပြည့်အဝယုံကြည်ပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အဆိပ်သင့်အိမ်ထောင်ရေးမှာ သောင်တင်နေခြင်းဟာ ကွာရှင်းမှုထက် ကလေးတစ်ယောက်ကို ပိုနာကျင်စေနိုင်သော အကြောင်းရင်း (၆)ချက်

Zawgyi Fonts

အိမ္ေထာင္သက္တမ္းၾကာေလေလ အခ်စ္ေတြလည္း ပိုတိုးေလေလ ျဖစ္ေစမဲ့ နည္းလမ္း ၉မ်ိဳး
မ်ားေသာအားျဖင့္ စေတြ႕တုန္းက​တစ္ေယာက္နဲ႔တစ္ေယာက္ ႐ူး႐ူးမူးမူးခ်စ္ခဲ့ၾကေပမဲ့ အိမ္ေထာင္က်သြားတဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္က ရိုးလာသလိုလို၊ ၿငီးေငြ႕လာသလိုလို တျဖည္းျဖည္းနဲ႔ အခ်စ္ေတြက ဆိတ္သုဥ္းလာတတ္ၾကပါတယ္။ ဒီလို တစ္ေယာက္နဲ႔တစ္ေယာက္ အခ်စ္ေတြေလ်ာ့မသြားဘဲ ပိုၿပီး ရင္းႏွီးေႏြးေထြးမွုရွိေစမဲ့ နည္းလမ္းေလးေတြရွိပါတယ္။

၁။ ညစာ အတူတူျပင္ဆင္ပါ။
ညစာအတြက္ အတူတူခ်က္ျပဳတ္ၿပီး အတူတူစားေသာက္ရတာ ညားခါစအိမ္ေထာင္သည္ေတြအတြက္ေတာ့ အရမ္းကို ၾကည္ႏူးဖို႔ေကာင္းပါတယ္။ အလုပ္ကအျပန္ အတူတူေစ်းဝင္ၿပီး ႏွစ္ေယာက္သားႀကိဳက္တတ္တဲ့ အစားအေသာက္ေလးေတြကိုဝယ္၊ အတူတူခ်က္ျပဳတ္စားေသာက္ရတာ သင္တို႔ႏွစ္ဦးရဲ့ ဆံဆက္ေရးကို ပိုၿပီးရင္းႏွီးသလို ေႏြးေထြးမွုလည္း ျဖစ္ေစပါတယ္။ ညစာမွ မဟုတ္ပါဘူး ႏွစ္ေယာက္သား အလုပ္ပိတ္တဲ့ အားလပ္ရက္မ်ိဳးမွာလည္း ကိုယ္ႀကိဳက္တဲ့ အစားအေသာက္မ်ိဳးကို အတူတူလုပ္
စားတာမ်ိဳးလည္း ျပဳလုပ္နိုင္ပါတယ္။

၂။ တစ္ေန႔တာအတြက္ ေကာင္းမြန္တဲ့ အရာတစ္ခုကို ေျပာပါ။
တစ္ေန႔တာလုံးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ဖိစီးမွုေတြ၊ အဆင္မေျပမွုေတြ၊ ပင္ပန္းမွုေတြနဲ႔ ကိုယ္စီကိုယ္စီၾကဳံေတြ႕ခဲ့ၾကရမွာပါ။ ဒါေပမဲ့ ႏွစ္ေယာက္သား ရွိတဲ့အခ်ိမ်ိဳး၊ အိပ္ခါနီးအခ်ိန္မ်ိဳးမွာေတာ့ ဒီေန႔တစ္ေန႔တာ အျဖစ္အပ်က္ထဲက အေကာင္းဆုံးအရာ တစ္ခုကိုေျပာေပးပါ။ ကိုယ့္ၾကဳံေတြ႕ခဲ့ရတာကို ဟာသအေနနဲ႔ ေျပာတာပဲျဖစ္ျဖစ္၊ ဒီတစ္ေန႔တာမွာ တစ္ေယာက္ရဲ့ ေကာင္းေၾကာင္းကို တစ္ေယာက္က ခ်ီးမြမ္းတာပဲျဖစ္ျဖစ္ ေျပာဆိုသင့္ပါတယ္။ ေကာင္းသတင္းကို ၾကားရတဲ့အတြက္ စိတ္ပင္ပန္းမွုကိုလည္း ေျပေလ်ာ့ေစသလို၊ အိပ္ရာဝင္ခ်ိန္မွာလည္း ေကာင္းမြန္စြာ အိပ္စက္အနားယူနိုင္ပါတယ္။

၃။ အၾကည့္ခ်င္းဆုံေပးပါ။
ဘာမွမသိတဲ့ လူႏွစ္ေယာက္အေတာင္ အၾကည့္ခ်င္းဆုံမိတဲ့အခါ ရင္ထဲမွာ ေႏြးေထြးသလိုလို၊ ရင္ခုန္သလိုလိုနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ မသိစိတ္က ရင္ႏွီးမွုကိုျဖစ္ေစပါတယ္။ အိမ္ေထာင္သည္ဘဝမွာပဲျဖစ္ျဖစ္၊ ခ်စ္သူရည္းစားဘဝမွာျဖစ္ျဖစ္တစ္ေယာက္နဲ႔တစ္ေယာက္ အၾကည့္နဲ႔ဆက္သြယ္ျခင္းဟာ ပိုၿပီး သံေယာဇဥ္ျဖစ္သလို ရင္ႏွီးမွုလည္း ပိုခိုင္မာေစပါတယ္။ အၾကည့္ေတြဟာ လူတစ္ေယာက္ရဲ့ အတြင္း စိတ္ခံစားမွုကို သိရွိနိုင္တာေၾကာင့္ တစ္ေယာက္ရဲ့စိတ္ကိုလည္း တစ္ေယာက္က ပိုၿပီး နားလည္းမွုေပးနိုင္ပါတယ္။

၄။ စေတြ႕တုန္းကအခ်ိန္ကို အမွတ္ရေနေပးပါ။
ခ်စ္သူႏွစ္ဦးအတြက္ စေတြ႕တဲ့အခ်ိန္ေတြက အရမ္းကို တန္းဖိုးရွိသလို ဘဝမွာ အေပ်ာ္ရႊင္ရဆုံးအခ်ိန္ဆိုရင္လည္း မမွားပါဘူး။ ဒါ့ေၾကာင့္ အိမ္ေထာင္သည္ဘဝကို ေရာက္တဲ့အခါမွာလည္း အရင္က စေတြ႕ခဲ့တဲ့ အမွတ္တရေတြကို ႏွစ္ဦးသာအတူတူျပန္ၿပီး သတိရေနေပးပါ။ ယခင္က အမွတ္တရပုံေလးေတြကို အတူတူ ထုတ္ၾကည့္ေပးပါ။ ဒီလိုသတိရေပးျခင္းဟာ သင္တို႔ႏွစ္ဦးရဲ့ အခ်စ္စိတ္ကို ျပန္ၿပီး ႏုပ်ိဳလာသလိုခံစားရၿပီး ျပန္ၾကည့္မိတိုင္းလည္း ၾကည္ႏူးမွု ပီတိကိုရရွိေစမွာအမွန္ပါပဲ။

၅။ အျပန္အလွန္ျပဳစုေပးျခင္း
ေလ့လာမွုေတြအရ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ျပဳစုေပးတာမ်ိဳး၊ အျပန္အလွန္ ႏွိပ္နယ္ေပးတာမ်ိဳးဟာ စုံတြဲေတြအတြက္ စိတ္ေက်နပ္မွုကို ပိုၿပီးခံစားရတယ္လို႔ဆိုပါတယ္။ ေညာင္းေနတဲ့အခါမ်ိဳးပဲျဖစ္ျဖစ္၊ ႏွစ္ေယာက္သား အားေနတဲ့အခ်ိန္မ်ိဳးမွာပဲျဖစ္ျဖစ္ အခ်ိန္ ၁၅မိနစ္ေလာက္ေပးၿပီး အျပန္အလွန္ႏွိပ္နယ္ေပးလိုက္ပါ။ ဒါက က်န္းမာေရးအရလည္း ေကာင္းက်ိဳးေတြရရွိနိုင္သလို စိတ္ကိုလည္း အပန္းေျပေစပါတယ္။ တစ္ပတ္ကို ၂ႀကိမ္ေလာက္ျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္အျပန္အလွန္ျပဳလုပ္ေပးသင့္ပါတယ္။

၆။ ႏွစ္ေယာက္အတူတူ ကခုန္ပါ။
ဂီတဟာ အားလုံးအတြက္ စိတ္အပန္းေျဖစရာထြက္ေပါက္တစ္ခုပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ပင္ပန္းမွုေတြ၊ စိတ္ဖိစီးမွုေတြ ကို အျမန္ဆုံးဖယ္ေပ်ာက္ဖို႔ဆိုတာ ဂီတပဲရွိပါတယ္။ ဒါ့ေၾကာင့္ အားလပ္တဲ့အခ်ိန္မ်ိဳးမွာ အႀကိဳက္ဆုံး music ကို ဖြင့္ၿပီး ႏွစ္ေယာက္သား ကခုန္ပါ၊ စုံတြဲသီခ်င္းေတြ အတူတူဆိုပါ။ ဒါဟာ က်န္းမာေရးအတြက္ ေလ့က်င့္ခန္း တစ္မ်ိဳးလည္းျဖစ္သလို သင္တို႔ႏွစ္ဦးရဲ့ အခ်စ္စိတ္ေတြကို မရပ္တန႔္ေစမဲ့ အေကာင္းဆုံးနည္းလမ္း တစ္ခုလည္းျဖစ္ပါတယ္။

၇။ စာအတူတူဖတ္ပါ။
တစ္ေယာက္နဲ႔တစ္ေယာက္ စကားမေျပာဘဲ ဖုန္းပြတ္ေနတာထက္ စာရင္ စာအုပ္တစ္အုပ္ကို ႏွစ္ေယာက္ဖက္တာက သင္တို႔အတြက္ အက်ိဳးပိုရွိမယ္ထင္ပါတယ္။ ဗဟုသုတျဖစ္စမဲ့စားမ်ိဳး၊ ခြန္အားျဖစ္ေစမဲ့စာမ်ိဳး၊ အိမ္ေထာင္ေရး၊ စီးပြားေရးအတြက္အေထာက္အကူျဖစ္ေစမဲ့စာမ်ိဳးကို ဖတ္သင့္ပါတယ္။ စာဖတ္ပ်င္းေနရင္ေတာ့ တစ္ေယာက္ဖတ္ျပတာ တစ္ေယာက္က နားေထာင္တာမ်ိဳး စတဲ့ အျပန္အလွန္တစ္ေယာက္နဲ႔တစ္ေယာက္ စာဖတ္တာမ်ိဳးကိုျပဳလုပ္သင့္ပါတယ္။ ဒါက သင့္တို႔အနာဂတ္အတြက္ ေကာင္းမြန္တဲ့ရလဒ္မ်ိဳး၊ အေတြးအေခၚမ်ိဳးကိုပိုင္ဆိုင္နိုင္ၿပီး ႏွစ္ဦးသား ၾကည္ႏူးမွုကိုလည္း အျပည့္အဝေပးစြမ္းနိုင္မွာျဖစ္ပါတယ္။

၈။ ေက်းဇူးတင္စကား၊ ခ်ီးက်ဴးေျပာပါ။
ေကာင္းတဲ့အသံေလးေတြ နားထဲၾကားေနရသမၽွ စိတ္ရႊင္လန္းမွုဆိုတာ ပိုင္ဆိုင္ေနဦးမွာပါ။ ဒါ့ေၾကာင့္ အိပ္ယာဝင္၊ အိပ္ယာထ ေကာင္းမြန္တဲ့ ခ်ီးက်ဴးစကားမ်ိဳးကို ဆိုသင့္ပါတယ္။ သင့္အတြက္ ေကာင္းမြန္တဲ့အရာတစ္ခုခုျပဳလုပ္ေပးတိုင္း ခ်ီးက်ဴးစကား၊ေက်းဇူးတင္စကားေျပာေပးဖို႔လိုအပ္ပါတယ္။ ဥပမာ သင့္အတြက္ မနက္စာျပင္ေပးထားတာမ်ိဳး၊ သင့္အတြက္ ေကာ္ဖီေဖ်ာ္ေပးထားတာမ်ိဳး စတဲ့ ကိစၥအေသးအမႊားေလးကအစ ေက်းဇူးတင္စကားဆိုတဲ့အခါ သင့္အေပၚ ဒီထက္မက ပိုၿပီး ျပဳစုယုယမွုကိုေပးစြမ္းဦးမွာျဖစ္ပါတယ္။

၉။ အိပ္ယာအတူတူဝင္ပါ။
အိမ္ေထာင္သည္စုံတြဲအတြက္ အိပ္ယာဝင္ခ်ိန္ မတူျခင္းဟာ ႏွစ္ဦးသာ ဆက္ဆံေရးအတြက္ ပဋိပကၡပိုျဖစ္ေစပါတယ္။ အိပ္ယာဝင္ခ်ိန္မတူတဲ့အခါ အိမ္ေထာင္သည္တစ္ေယာက္အတြက္ေတာ့ အထီးက်န္သလိုခံစားေစရပါတယ္။ ဒါ့ေၾကာင့္ အိပ္ယာဝင္တဲ့အခ်ိန္ကို အတတ္နိုင္ဆုံး တူညီေအာင္ ျပဳလုပ္ဖို႔လိုအပ္ပါတယ္။ ဒီလိုျပဳလုပ္တာ သင္တို႔ႏွစ္ဦးရဲ့ အခ်စ္ေရးကို ပိုၿပီး ခိုင္မာေစတယ္လို႔ အျပည့္အဝယုံၾကည္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here