အိမ်ထောင်ရေးသာယာပြီး တွဲလက်တွေ ခိုင်ခိုင်မြဲဖို့ လိုအပ်တဲ့ အခြေခံအချက် ၅ချက်

0
194
အိမ်ထောင်ရေး

၁။ ညှိနှိုင်းမှု

တစ်ယောက်နဲ့ တစ်ယောက် အရမ်ချစ်ကြပေမဲ့ ခဏခဏ ရန်ဖြစ်လိုက်၊ စိတ်ဆိုးလိုက်၊ ပြဿနာတက်ဖြစ်နေတာဟာ တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းမှုမရှိကြလို့ပဲဖြစ်ပါတယ်။ အဓိကသော့ချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ကျေနပ်မှုရှိအောင် အလျော့ပေးခြင်း၊ စိတ်ရှည်လက်ရှည် ညှိနိုင်းပေးခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်တစ်ခုမှာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆွေးနွေးမှုရှိမှ ဒီအဖွဲ့အစည်း၊ ဒီအိမ်ထောင်စုက ရေရှည်ကောင်းမွန်မှာဖြစ်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုမှာ တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒကြီးပဲ တောင်းဆိုလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေစေမဲ့နည်းလမ်းကို ကြားချပြီး တိုင်ပတ်ဆေးနွေးပေးရမှာဖြစ်ပါတယ်။

၂။ ယုံကြည်မှု

လူနှစ်ယောက်ပေါင်းဖက်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် ရိုးသားမှု၊ ယုံကြည်မှုက အရမ်းကို အရေးပါပါတယ်။ ဒါပေမဲ့ သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဖျက်စီးတာလဲ ဒီရိုးသားမှုနဲ့ ယုံကြည့်မှု ပဲဖြစ်ပါတယ်။ ရိုးသားမှုတွေ၊ ယုံကြည်မှုတွေထက် အမှန်တရားကို တွေးခေါ်နိုင်စွမ်းရှိရပါတယ်။ ယုံကြည်မှု နဲ့တည်ဆောက်ထားတယ်ဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် သံသယဖြစ်စရာ အစိတ်အပိုင်းလေးတစ်ခုဝင်လာတာနဲ့ နှစ်ယောက်သားဆက်ဆံရေးကို ဆိုးရွာဖို့လမ်းစပြုနေပါပြီ။ ဒီလို သံသယဖြစ်စရာ ကိစ္စသေးသေးလေးတွေကို တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းညှိနှိုင်းမှုမရှိဘဲ များလာတဲ့ အခါမျိုးမှာ စုပြုံပြီး ပေါက်ကွဲတတ်ကြပါတယ်။ ဒါ့ကြောင့် စိတ်ထဲမှာ သံသယဖြစ်စရာအရာရှိတဲ့အခါ ထိမ်ချန်းမထားဘဲ ဘာကြောင့်လဲဆိုတာ အဖြေရှာပါ၊ ပွင့်ပွင့်လင်းလင်းပြောဆို ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး၊ ရှင်းပြဖို့လည်း မလိုအပ်ပါဘူး လို့ သင့်စိတ်က ထင်နေပေမဲ့ တစ်ဖက်သူဘက်က ရှင်းပြဖို့ လိုအပ်ချင်ရင် အပ်နေပါလိမ့်မယ်။ ဒီလိုကိစ္စတွေကို သင့်ဘက်မဖြေရှင်းဘဲ အချိန်ကြာကြာဆွဲထားမယ်ဆိုရင်တော့ ကြာလာတာနဲ့အမျှ ဒီပြဿနာတွေ ဖြေရှင်းဖို့ မလွယ်တော့ပါဘူ။

၃။ အဆက်အသွယ်

အဆက်အသွယ်ဆိုတဲ့နေရာမှာ တစ်ယောက်နဲ့တစ်ယောက် အနေဝေးမှ အဆက်အသွယ်ပြုလုပ်ကြတာကို ဆိုလိုတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသထက်ရင်းနှီးအောင် နွေးထွေးတဲ့ အဆက်အသွယ်ရှိဖို့လိုအပ်ပါတယ်။ အနေဝေးကွာနေတဲ့ Relationship တစ်ခုမှာလည်း နွေးထွေးပျူငှာတဲ့ ဆက်သွယ်မှုတွေ ရှိဖို့လိုအပ်ပါပြီး အတူတူနေတဲ့ Relationship တွေမှာလဲ နွေးထွေးပျူငှာတဲ့ အဆက်အသွယ်တွေရရှိဖို့လိုအပ်ပါတယ်။ တခါတလေ တစ်ယောက်နဲ့တစ်ယောက် တစ်အိမ်ထဲမှာ နေနေပေမဲ့ စကားတွေ မပြောဖြစ်ကြဘူး။ ကိုယ့်အလုပ်၊ သူ့အလုပ်နဲ့ တစ်နေ့တာ ပတ်ရှုပ်ရင် အချိန်ကုန်ကုန်သွားတယ်။ ဒီလို နှုတ်ဆိတ်မှုတွေ များလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အချစ်တွေကလည်း အေးစက်သွားတတ်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်ကို တစ်ယောက် အချိန်ပေးပါ။ တစ်ယောက်က စိတ်ညစ်နေတဲ့အခါ သူ့ပါသာသူ အေးအေးဆေးဆေးနေပါစေ သွားမရှုပ်တော့ပါဘူး လို့ ဆိုတာထက် သူမှာဘယ်လိုအခက် ခဲတွေရှိလဲ၊ ငါ့သူ့အတွက် ဘာတွေကူပေးနိုင်မလဲ၊ သူကို ငါပျော်ရွှင်အောင်ဘယ်လိုပြန်လုပ်ပေးရမလဲဆိုတာကို စဉ်းစားရွေးချယ်ပြီး လုပ်သင့်ပါတယ်။

၄။ ပဋိပက္ခတွေနဲ့ ဆုံးဖြတ်ချက်

ဘာလုပ်လုပ် ဆုံးဖြတ်ချက်ချလိုက်တိုင်းတစ်ယောက်နဲ့တစ်ယောက်က အမြဲလိုလို ပဋိပက္ခတွေဖြစ်နေတာ သဘောထားအမြင်ချင်း မတူညီကြလို့၊ တယူသန်အတွေးတွေ ခေါင်းထဲကမထုတ်ပစ်နိုင်လို့ပဲဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို လုပ်တော့မဲ့အခါ တစ်ယောက်က အဆိုးဘက်ကို ဦးတည်ပြီးပြောတယ်၊ နောက်တစ်ယောက်က အကောင်းဘက်ကို ဦးတည်ပြီးပြောတယ်။ ဒီလိုအမြင်ချင်းမတူညီတဲ့သူတစ်ယောက်ကြားမှာ ပဋိပက္ခဆိုတာ မလွဲမသွေကြံုတွေ့ရမှာပဲဖြစ်ပါတယ်။ တစ်ယောက်က သူပြုလုပ်မဲ့ အကြောင်းအရာကို ယုံကြည်ချက်အပြည့်နဲ့ အကောင်းအထည်ဖော်ဖို့ ကြိုးစားချိန်မှာ ကိုယ်က အဆိုးဘက်ကနေ ပြောပြီးဝေဖန်တာ အကောင်းဖက်ကနေတွေးရင်တော့ ကောင်းတဲ့လမ်းကို ရရှိမှာဖြစ်ပါတယ်။ ကိုယ်ပြောတဲ့ အဆိုးဆုံးတွေက သူ့အတွက် ဆင်ခြင်စရာတွေ၊ ရှောင်ကြဉ်စရာတွေအဖြစ်တွေးပေးပါ။ တစ်ဖက်ကလည်း သူရဲ့ လုပ်ရပ်ကို ဘေးတီးနေတာထက်စာရင် ယုံကြည့်မှုအပြည့်ရရှိအောင် ဘေးကနေ တက်နိုင်သလောက် ပံ့ပိုးကူညီးပေးဖို့ လိုအပ်မယ်ထင်ပါတယ်။

၅။ ကြိုးစားမှု

အိမ်ထောင်ရေး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုမှာ တစ်ဦးတစ်ယောက်ကသာ ကြိုးစားမှုရှိပြီး ကျန်တဲ့သူတွေက ကိုယ်ကြိုးစားသလောက် နောက်ကနေ လိုက်လာမှုမရှိရင် အောင်မြင်မှုကလည်း နောက်နှေးနေမှာဖြစ်ပါတယ်။ အိမ်ထောင်ရေးမှာလည်း တစ်ယောက်က ကြိုးစားပြီး တစ်ယောက်က ကြိုးစားမှုမရှိရင်တော့ လှပတဲ့ အနာဂတ်နဲ့ အလှမ်းဝေးနေဦးမှာဖြစ်ပါတယ်။ အိမ်ထောင်တစ်ခုတည်ဆောက်ပြီးဆိုလျှင် စီးတဲ့ရေ ဆယ်တဲ့ ကစင်းဆိုတဲ့ ဆိုရိုးစကားအတိုင်း တစ်ယောက်နဲ့တစ်ယောက်က တက်ညီလက်ညီ ကြိုးစားမှအဆင်ပြေမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ပလိုင်းပေါက်နဲ့ ဖားကောက်နေရသလိုပဲ ဘာတစ်ခုမှ အဖက်တင်မှာမဟုတ်ပါဘူး။ ယောက်ျားက ရှာသမျှ မိန်းမက ဖြုန်း၊ မိန်းမက ကြိုးစားပမ်းစားရှာ ယောက်ျားဖြစ်သူက ဘာအလုပ်မှ မလုပ်ဘူးဆိုရင်တော့ ထမင်းနပ်မှန်ဖို့တောင် အနိုင်နိုင်ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် မိန်းမဆိုသည်မှာလည်း အိမ်ထောင်မှုကို နိုင်နင်းပြီး စီမံခန့်ခွဲမှုတွေ ရှိသင့်သလို ယောက်ျားဆိုသည်မှာလည်း အိမ်ထောင်ဦးစီးပီပီသသနဲ့ ရှေ့ကနေ မားမားမတ်မတ်နဲ့ အခက်ခဲမှန်သမျှ ရင်ဆိုင်ဖြေရှင်းပေးနိုင်ဖို့ အရေးကြီးပါတယ်။

#Lifestyle_Myanmar

#Thar_Nage

အမအကြီးဆုံးက သင့်ဘဝအတွက် အရေးအကြီးဆုံးသူတစ်ယောက် ဖြစ်နေရတဲ့ အကြောင်းရင်း ၁၀ ချက်

အိမ္ေထာင္ေရးသာယာၿပီး တြဲလက္ေတြ ခိုင္ခိုင္ျမဲဖို႔ လိုအပ္တဲ့ အေျခခံအခ်က္ ၅ခ်က္

၁။ ညႇိႏွိုင္းမွု
တစ္ေယာက္နဲ႔ တစ္ေယာက္ အရမ္ခ်စ္ၾကေပမဲ့ ခဏခဏ ရန္ျဖစ္လိုက္၊ စိတ္ဆိုးလိုက္၊ ျပႆနာတက္ျဖစ္ေနတာဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ညႇိႏွိုင္းမွုမရွိၾကလို႔ပဲျဖစ္ပါတယ္။ အဓိကေသာ့ခ်က္ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ေက်နပ္မွုရွိေအာင္ အေလ်ာ့ေပးျခင္း၊ စိတ္ရွည္လက္ရွည္ ညႇိနိုင္းေပးျခင္းတို႔ ျပဳလုပ္ေပးသင့္ပါတယ္။ အဖြဲ႕အစည္းတစ္ခုမွာပဲျဖစ္ျဖစ္၊ အိမ္ေထာင္တစ္ခုမွာပဲျဖစ္ျဖစ္ တစ္ေယာက္နဲ႔တစ္ေယာက္ ညႇိႏွိုင္းေဆြးေႏြးမွုရွိမွ ဒီအဖြဲ႕အစည္း၊ ဒီအိမ္ေထာင္စုက ေရရွည္ေကာင္းမြန္မွာျဖစ္ပါတယ္။ ညႇိႏွိုင္းေဆြးေႏြးမွုမွာ တစ္ဦးတစ္ေယာက္ရဲ့ ဆႏၵႀကီးပဲ ေတာင္းဆိုလို႔မရပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ အဆင္ေျပေစမဲ့နည္းလမ္းကို ၾကားခ်ၿပီး တိုင္ပတ္ေဆးေႏြးေပးရမွာျဖစ္ပါတယ္။

၂။ ယုံၾကည္မွု
လူႏွစ္ေယာက္ေပါင္းဖက္ဖို႔အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ ရိုးသားမွု၊ ယုံၾကည္မွုက အရမ္းကို အေရးပါပါတယ္။ ဒါေပမဲ့ သင္တို႔ႏွစ္ေယာက္ရဲ့ ဆက္ဆံေရးကို ဖ်က္စီးတာလဲ ဒီရိုးသားမွုနဲ႔ ယုံၾကည့္မွု ပဲျဖစ္ပါတယ္။ ရိုးသားမွုေတြ၊ ယုံၾကည္မွုေတြထက္ အမွန္တရားကို ေတြးေခၚနိုင္စြမ္းရွိရပါတယ္။ ယုံၾကည္မွု နဲ႔တည္ေဆာက္ထားတယ္ဆိုေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ သံသယျဖစ္စရာ အစိတ္အပိုင္းေလးတစ္ခုဝင္လာတာနဲ႔ ႏွစ္ေယာက္သားဆက္ဆံေရးကို ဆိုးရြာဖို႔လမ္းစျပဳေနပါၿပီ။ ဒီလို သံသယျဖစ္စရာ ကိစၥေသးေသးေလးေတြကို တစ္ေယာက္နဲ႔တစ္ေယာက္ ပြင့္ပြင့္လင္းလင္းညႇိႏွိုင္းမွုမရွိဘဲ မ်ားလာတဲ့ အခါမ်ိဳးမွာ စုျပဳံၿပီး ေပါက္ကြဲတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ စိတ္ထဲမွာ သံသယျဖစ္စရာအရာရွိတဲ့အခါ ထိမ္ခ်န္းမထားဘဲ ဘာေၾကာင့္လဲဆိုတာ အေျဖရွာပါ၊ ပြင့္ပြင့္လင္းလင္းေျပာဆို ညႇိႏွိုင္းဖို႔ လိုအပ္ပါတယ္။ ဒါက ျပႆနာမဟုတ္ပါဘူး၊ ရွင္းျပဖို႔လည္း မလိုအပ္ပါဘူး လို႔ သင့္စိတ္က ထင္ေနေပမဲ့ တစ္ဖက္သူဘက္က ရွင္းျပဖို႔ လိုအပ္ခ်င္ရင္ အပ္ေနပါလိမ့္မယ္။ ဒီလိုကိစၥေတြကို သင့္ဘက္မေျဖရွင္းဘဲ အခ်ိန္ၾကာၾကာဆြဲထားမယ္ဆိုရင္ေတာ့ ၾကာလာတာနဲ႔အမၽွ ဒီျပႆနာေတြ ေျဖရွင္းဖို႔ မလြယ္ေတာ့ပါဘူ။

၃။ အဆက္အသြယ္
အဆက္အသြယ္ဆိုတဲ့ေနရာမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အေနေဝးမွ အဆက္အသြယ္ျပဳလုပ္ၾကတာကို ဆိုလိုတာမဟုတ္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးသထက္ရင္းႏွီးေအာင္ ေႏြးေထြးတဲ့ အဆက္အသြယ္ရွိဖို႔လိုအပ္ပါတယ္။ အေနေဝးကြာေနတဲ့ Relationship တစ္ခုမွာလည္း ေႏြးေထြးပ်ဴငွာတဲ့ ဆက္သြယ္မွုေတြ ရွိဖို႔လိုအပ္ပါၿပီး အတူတူေနတဲ့ Relationship ေတြမွာလဲ ေႏြးေထြးပ်ဴငွာတဲ့ အဆက္အသြယ္ေတြရရွိဖို႔လိုအပ္ပါတယ္။ တခါတေလ တစ္ေယာက္နဲ႔တစ္ေယာက္ တစ္အိမ္ထဲမွာ ေနေနေပမဲ့ စကားေတြ မေျပာျဖစ္ၾကဘူး။ ကိုယ့္အလုပ္၊ သူ႔အလုပ္နဲ႔ တစ္ေန႔တာ ပတ္ရွုပ္ရင္ အခ်ိန္ကုန္ကုန္သြားတယ္။ ဒီလို ႏွုတ္ဆိတ္မွုေတြ မ်ားလာတဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ရဲ့ အခ်စ္ေတြကလည္း ေအးစက္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေယာက္ကို တစ္ေယာက္ အခ်ိန္ေပးပါ။ တစ္ေယာက္က စိတ္ညစ္ေနတဲ့အခါ သူ႔ပါသာသူ ေအးေအးေဆးေဆးေနပါေစ သြားမရွုပ္ေတာ့ပါဘူး လို႔ ဆိုတာထက္ သူမွာဘယ္လိုအခက္ ခဲေတြရွိလဲ၊ ငါ့သူ႔အတြက္ ဘာေတြကူေပးနိုင္မလဲ၊ သူကို ငါေပ်ာ္ရႊင္ေအာင္ဘယ္လိုျပန္လုပ္ေပးရမလဲဆိုတာကို စဥ္းစားေရြးခ်ယ္ၿပီး လုပ္သင့္ပါတယ္။

၄။ ပဋိပကၡေတြနဲ႔ ဆုံးျဖတ္ခ်က္
ဘာလုပ္လုပ္ ဆုံးျဖတ္ခ်က္ခ်လိုက္တိုင္းတစ္ေယာက္နဲ႔တစ္ေယာက္က အျမဲလိုလို ပဋိပကၡေတြျဖစ္ေနတာ သေဘာထားအျမင္ခ်င္း မတူညီၾကလို႔၊ တယူသန္အေတြးေတြ ေခါင္းထဲကမထုတ္ပစ္နိုင္လို႔ပဲျဖစ္ပါတယ္။ အေၾကာင္းအရာတစ္ခုကို လုပ္ေတာ့မဲ့အခါ တစ္ေယာက္က အဆိုးဘက္ကို ဦးတည္ၿပီးေျပာတယ္၊ ေနာက္တစ္ေယာက္က အေကာင္းဘက္ကို ဦးတည္ၿပီးေျပာတယ္။ ဒီလိုအျမင္ခ်င္းမတူညီတဲ့သူတစ္ေယာက္ၾကားမွာ ပဋိပကၡဆိုတာ မလြဲမေသြႀကံဳေတြ႕ရမွာပဲျဖစ္ပါတယ္။ တစ္ေယာက္က သူျပဳလုပ္မဲ့ အေၾကာင္းအရာကို ယုံၾကည္ခ်က္အျပည့္နဲ႔ အေကာင္းအထည္ေဖာ္ဖို႔ ႀကိဳးစားခ်ိန္မွာ ကိုယ္က အဆိုးဘက္ကေန ေျပာၿပီးေဝဖန္တာ အေကာင္းဖက္ကေနေတြးရင္ေတာ့ ေကာင္းတဲ့လမ္းကို ရရွိမွာျဖစ္ပါတယ္။ ကိုယ္ေျပာတဲ့ အဆိုးဆုံးေတြက သူ႔အတြက္ ဆင္ျခင္စရာေတြ၊ ေရွာင္ၾကဥ္စရာေတြအျဖစ္ေတြးေပးပါ။ တစ္ဖက္ကလည္း သူရဲ့ လုပ္ရပ္ကို ေဘးတီးေနတာထက္စာရင္ ယုံၾကည့္မွုအျပည့္ရရွိေအာင္ ေဘးကေန တက္နိုင္သေလာက္ ပံ့ပိုးကူညီးေပးဖို႔ လိုအပ္မယ္ထင္ပါတယ္။

၅။ ႀကိဳးစားမွု
အိမ္ေထာင္ေရး ဒါမွမဟုတ္ အဖြဲ႕အစည္းတစ္ခုမွာ တစ္ဦးတစ္ေယာက္ကသာ ႀကိဳးစားမွုရွိၿပီး က်န္တဲ့သူေတြက ကိုယ္ႀကိဳးစားသေလာက္ ေနာက္ကေန လိုက္လာမွုမရွိရင္ ေအာင္ျမင္မွုကလည္း ေနာက္ေႏွးေနမွာျဖစ္ပါတယ္။ အိမ္ေထာင္ေရးမွာလည္း တစ္ေယာက္က ႀကိဳးစားၿပီး တစ္ေယာက္က ႀကိဳးစားမွုမရွိရင္ေတာ့ လွပတဲ့ အနာဂတ္နဲ႔ အလွမ္းေဝးေနဦးမွာျဖစ္ပါတယ္။ အိမ္ေထာင္တစ္ခုတည္ေဆာက္ၿပီးဆိုလၽွင္ စီးတဲ့ေရ ဆယ္တဲ့ ကစင္းဆိုတဲ့ ဆိုရိုးစကားအတိုင္း တစ္ေယာက္နဲ႔တစ္ေယာက္က တက္ညီလက္ညီ ႀကိဳးစားမွအဆင္ေျပမွာျဖစ္ပါတယ္။ ဒီလိုမွမဟုတ္ရင္ေတာ့ ပလိုင္းေပါက္နဲ႔ ဖားေကာက္ေနရသလိုပဲ ဘာတစ္ခုမွ အဖက္တင္မွာမဟုတ္ပါဘူး။ ေယာက္်ားက ရွာသမၽွ မိန္းမက ျဖဳန္း၊ မိန္းမက ႀကိဳးစားပမ္းစားရွာ ေယာက္်ားျဖစ္သူက ဘာအလုပ္မွ မလုပ္ဘူးဆိုရင္ေတာ့ ထမင္းနပ္မွန္ဖို႔ေတာင္ အနိုင္နိုင္ျဖစ္သြားပါလိမ့္မယ္။ ဒါ့ေၾကာင့္ မိန္းမဆိုသည္မွာလည္း အိမ္ေထာင္မွုကို နိုင္နင္းၿပီး စီမံခန႔္ခြဲမွုေတြ ရွိသင့္သလို ေယာက္်ားဆိုသည္မွာလည္း အိမ္ေထာင္ဦးစီးပီပီသသနဲ႔ ေရွ႕ကေန မားမားမတ္မတ္နဲ႔ အခက္ခဲမွန္သမၽွ ရင္ဆိုင္ေျဖရွင္းေပးနိုင္ဖို႔ အေရးႀကီးပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here