အိမ်ထောင်တစ်ခုပျော်ရွင်ဖို့ အမျိုးသားနဲ့ အမျိုးသမီးရဲ့ အခြေခံလိုအပ်ချက် ကွာခြားပုံ (၅) ချက်

0
674

လူတိုင်း ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို လိုချင်ကြပါတယ်။ စိတ်ပညာရှင်တစ်ယောက်ကတော့ စုံတွဲပေါင်း ၈၀၀ ကျော်ကိုသုတေသနပြုခဲ့ပြီး ပြီးပြည့်စုံစွာ ပျော်ရွင်ရတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်စေဖို့ဆိုရင် ယောကျ်ားနဲ့ မိန်းမတွေရဲ့ အခြေခံလိုအပ်ချက်တွေကို သိရှိဖို့လိုအပ်ကြောင်း ထောက်ပြခဲ့ပါတယ်။

-Advertisement-

၁။ အမျိုးသမီးတွေက ကြင်နာမှုနဲ့ရိုမန်တစ်ဆန်တာကို ပိုလိုလားပြီး ယောကျ်ားလေးတွေက ချစ်ပွဲဝင်ဖို့ ပိုလိုလားတယ်


အမျိုးသမီးတွေဟာ ခင်ပွန်းဆီက ကြင်နာမှုကို ချစ်ခြင်းနဲ့ပူးတွဲပြီး လိုချင်တပ်မက်ကြပါတယ်။ ဒီလိုကြင်နာမှုကို ပြသဖို့အတွက် နမ်းခြင်း၊ ဖက်ခြင်း၊ ပန်းစည်းပေးခြင်း၊ ဖုန်းခေါ်ခြင်းတို့လို ဂရုစိုက်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ယခုလို ဂရုစိုက်မှုတွေ ရရှိတဲ့အခါ အမျိုးသမီးဖြစ်သူရဲ့စိတ်မှာ အဆင်ပြမှုတွေနဲ့ လုံခြုံမှုတွေကို ပိုခံစားမိစေပါတယ်။

၂။ အမျိုးသမီးတွေဟာ အချိန်တိုင်းစကားပြောချင်နေတတ်ပြီး အမျိုးသားတွကတော့ သူ့ရဲ့ဝါသနာနဲ့ ဆောင်ရွက်မှုတွေကို လိုက်လုပ်စေချင်တယ်။


အမျိုးသမီးတွေဟာ သူတို့ရဲ့ခင်ပွန်းနဲ့ အမြဲတမ်းစကားပြောချင်နေတတ်ပြီး သူတို့ရဲ့စကားကို ဂရုတစိုက်နားထောင်မှု တုံ့ပြန်မှုတွေ ရရှိဖို့ လိုအပ်လျက်ရှိပါတယ်။ လေ့လာမှုအရ အမျိုးသမီးတွေဟာ ခင်ပွန်ဖြစ်သူနဲ့ တစ်ပတ်ကို ၁၅ နာရီ၊ တစ်ရက်ကို နှစ်နာရီလောက်စကားပြောချင်နေကြပါတယ်။ အမျိုးသားတွေကတော သူတို့ရဲ့ဇနီးကို သူ့အတွက် အဖော်မွန်ကောင်းတစ်ယောက် ဖြစ်စေလိုပြီး သူတို့ဝါသနာပါတဲ့ ငါးမျှားခြင်း၊ ဂိမ်းဆော့ခြင်း စတဲ့အရာတွေကို စိတ်ဝင်စားစွာ လိုက်ပါလုပ်ဆောင်ဖို့ မျှော်လင့်လျှက်ရှိပါတယ်။

၃။ အမျိုးသမီးတွေကခင်ပွန်းကိုရိုးသားဖို့ မျှော်လင့်တတ်ပြီး အမျိုးသားတွေကတော့ ဇနီးကိုဆွဲဆောင်မှုရှိသူတစ်ယောက် ဖြစ်စေချင်ကြပါတယ်


အမျိုးသမီးတွေတိုင်းဟာ ခင်ပွန်ဖြစ်သူက သူမကိုမလှည့်စားဖို့နဲ့ ရိုးသားဖို့မျှော်လင့်တတ်ကြတာကြောင့် ဖြစ်နိုင်ရင် ဇနီးဖြစ်သူအပေါ် အသေးအဖွဲ့လေးကအစ မညာမိပါစေနဲ့။
အမျိုးသားတွေက သူတို့ရဲ့ဇနီးကို ဉာဏ်ရည်ထက်မြက်တဲ့ မိန်းမတစ်ယောက်ဖြစ်ရုံသာမက ရုပ်ပိုင်းဆိုင်ရာမှာလည်း ဆွဲဆောင်မှုရှိစေဖို့ မျှော်လင့်လျှက်ရှိပါတယ်။

၄။ အမျိုးသမီးတိုင်း ငွေကြေးလုံလုံလောက်လောက် ရှိဖို့မျှော်လင့်ပြီး အမျိုးသားတွေကတော့ သူ့ရဲ့အိမ်မှာ အေးချမ်းပြီး ဇိမ်ရှိရှိနေနိုင်ဖို့ မျှော်လင့်နေပါတယ်။


အမျိုးသမီးတိုင်း ငွေမက်တယ်လို့ မဆိုလိုပေမယ့် ဆင်းရဲမှာကိုတော့ ယောကျ်ားလေးတွေထက်ပိုကြောက်ကြပါတယ်။ ဒါ့ကြောင့် ဘဝကို ပျော်ရွင်အေးချမ်းစွာနဲ့ တည်တည်ငြိမ်ငြိမ်ဖြတ်သန်းနိုင်ဖို့ အတွက် ငွေများများလိုအပ်လျှက်ရှိပါတယ်။
အမျိုးသားတွေက ဆင်းရဲခြင်းထက် သာယာချမ်းမြေ့ပြီး သူတို့အပန်းပြေစေမယ့် အိမ်ဖြစ်တယ်ဆိုရင်ပဲ လုံလောက်နေပါပြီ။

၅။ အမျိုးသမီးတွေက ခင်ပွန်းကို ဖခင်ကောင်းတစ်ယောက်ဖြစ်စေလိုပြီး အမျိုးသားတွေကတော့ ဇနီးသည်ရဲ့ချီးမွန်းမှုကို လိုချင်ကြပါတယ်


အမျိုးသမီးတိုင်းဟာ ခင်ပွန်းဖြစ်သူကို သူတို့ရဲ့သားအတွက် စံပြတစ်ယောက်ကဲ့သို့၊ သမီး အိမ်ထောင်ဖက်ရှာတဲ့အခါ ပုံရိပ်ယူရမယ့် ဖခင်ကောင်းတစ်ယောက် အဖြစ် ဖြစ်စေချင်ကြပါတယ်။ အမျိုးသားတွေကတော့ ဇနီးသည်ရဲ့ချီးကျူးမှုဟာ သူတို့ကိုစိတ်အားတက်စေပြီး သူတို့ကိုသူတို့ ဂုဏ်ယူစေလို့ မကြာခဏချီးကျူးမှုကို ခံရဖို့မျှော်လင့်နေတတ်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here