အိမ်စာအမှားအတွက် ခေါင်းကို ရိုက်ပြီးဆုံးမရာမှ ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးခဲ့ရတဲ့ သမီးလေး

0
6438

ငယ်ရွယ်တဲ့ ကလေးတွေကို ရိုက်နှက်ဆုံးမခြင်းဟာ အရမ်းကိုအန္တရာယ်များပါတယ်။ တရုတ်နိုင်ငံ Tongchuan, Shaanix ပြည်နယ်က မူလတန်းကျောင်းတစ်ခုမှာ ပညာသင်ကြားနေတဲ့ ရှစ်နှစ်အရွယ် ကလေးမလေးဟာ အိမ်စာလုပ်တာမှားယွင်းနေတဲ့အတွက် အမေဖြစ်သူက သူမရဲ့ခေါင်းကို ရိုက်လိုက်မိရာမှ ဦးနှောက်သွေးကြောပေါက်ပြီး သေဆုံးခဲ့ရပါတယ်။

-Advertisement-

မိခင်ဖြစ်သူရဲ့ ပြောကြေားချက်အရ သမီးငယ်လေးဟာ ညနေခင်းအိမ်စာလုပ်ရင်းနဲ့ ကာတွန်းကားကြည့်နေခဲ့ကြောင်း ထို့နောက်အမေဖြစ်သူက သူမရဲ့အိမ်စာတွေကို စစ်ကြည့်တဲ့အခါ အမှားတွေ အများကြီးတွေ့ရတဲ့အတွက် သမီးဖြစ်သူရဲ့ခေါင်းအနောက်ကို လက်နဲ့ရိုက်လိုက်မိပါတယ်။ သူမရိုက်တာသိပ်အားမပါပေမယ့် သမီးလေးဟာ အရမ်းကိုစူးစူးဝါးဝါးငိုယိုပြီး ချော့မရတာကြောင့် သူမနှစ်သက်တဲ့ ကြက်ခြေထောက်ကြော်ကျွေးပြီး ချော့ခဲ့ပါတယ်။ 

သူမလက်ထဲကို စားစရာရောက်တာနဲ့ သူမငိုနေတာ ရပ်သွားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ ကလေးဟာ အရမ်းကိုအန်လာတဲ့အတွက် ကြက်ခြေထောက်မုန့်ကြောင့် အစာအဆိပ်သင့်တာထင်ပြီး ဆေးရုံကို ကမန်းကတန်း ပို့ခဲ့ပေမယ့် အဲဒီ့ညမှာပဲ သနားစရာကလေးမလေးဟာ ဆုံးသွားခဲ့ပါတယ်။ ဆရာဝန်တွေကတော့ ကြက်ခြေထောက်မုန့်က ယခုလိုသေဆုံးနိုင်တဲ့အထိ အန္တရာယ်မပေးနိုင်ကြောင်း ကောက်ချက်ချပြီး ခွဲစိတ်စစ်ဆေးတဲ့အခါ ဦးနှောက်အမှေးပါးမှာ သွေးယိုနေတာကို တွေ့ရှိခဲ့ရပါတယ်။ ယခုလိုအဖြစ်ဆိုးကြောင့် မိခင်ဖြစ်သူမှာ အရမ်းကိုစိတ်ထိခိုက်ကြေကွဲရပြီး ကလေးကိုရိုက်မိတဲ့အတွက် အရမ်းကိုနောင်တရနေခဲ့ပြီး ငိုကြွေးနေခဲ့ရပါတယ်။

မိခင်တွေအနေနဲ့ ကလေးတွေကို ရိုက်နှက်ခြင်းဟာ ပြစ်မှုမြောက်ကြောင်းကို ယခုနှစ်အစောပိုင်းက ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဗေးက ဥပဒေပြုခဲ့ပါသေးတယ်။ တကယ်လို့ ကလေးတွေကို အပြစ်ပေးတဲ့အခါ အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မပြင်းထန်အောင် ရိုက်နှက်ဆုံးမခြင်းဟာ သိပ်အန္တရာယ်မများပေမယ့် ဦးခေါင်းနဲ့ ကျောကုန်း ကိုမရိုက်သင့်သလို နားရွက်ဆွဲတာတွေလည်း မပြုလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် ရိုက်နှက်ဆုံးမမယ့်အစား အခြားနည်းလမ်းတွေနဲ့ ကလေးတွေလိမ္မာလာအောင်ဆုံးမသင့်ပါတယ်။ ကလေးမလေးရဲ့ မိခင်ဖြစ်သူကတော့ ယခုဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအတွက် အပြစ်ဒါဏ်ကျမလား၊ မကျဘူးလား ဆိုတာကိုတော့ သေချာမသိသေးပါဘူး။

LM_Naung_Naung

Lifestyle_Myanmar
Zawgyi font

ငယ္႐ြယ္တဲ့ ကေလးေတြကို ႐ိုက္ႏွက္ဆုံးမျခင္းဟာ အရမ္းကိုအႏၲရာယ္မ်ားပါတယ္။ တ႐ုတ္ႏိုင္ငံ Tongchuan, Shaanix ျပည္နယ္က မူလတန္းေက်ာင္းတစ္ခုမွာ ပညာသင္ၾကားေနတဲ့ ရွစ္ႏွစ္အ႐ြယ္ ကေလးမေလးဟာ အိမ္စာလုပ္တာမွားယြင္းေနတဲ့အတြက္ အေမျဖစ္သူက သူမရဲ႕ေခါင္းကို ႐ိုက္လိုက္မိရာမွ ဦးေႏွာက္ေသြးေၾကာေပါက္ၿပီး ေသဆုံးခဲ့ရပါတယ္။ မိခင္ျဖစ္သူရဲ႕ ေျပာေၾကားခ်က္အရ သမီးငယ္ေလးဟာ ညေနခင္းအိမ္စာလုပ္ရင္းနဲ႔ ကာတြန္းကားၾကည့္ေနခဲ့ေၾကာင္း ထို႔ေနာက္အေမျဖစ္သူက သူမရဲ႕အိမ္စာေတြကို စစ္ၾကည့္တဲ့အခါ အမွားေတြ အမ်ားႀကီးေတြ႕ရတဲ့အတြက္ သမီးျဖစ္သူရဲ႕ေခါင္းအေနာက္ကို လက္နဲ႔႐ိုက္လိုက္မိပါတယ္။ သူမ႐ိုက္တာသိပ္အားမပါေပမယ့္ သမီးေလးဟာ အရမ္းကိုစူးစူးဝါးဝါးငိုယိုၿပီး ေခ်ာ့မရတာေၾကာင့္ သူမႏွစ္သက္တဲ့ ၾကက္ေျခေထာက္ေၾကာ္ေကြၽးၿပီး ေခ်ာ့ခဲ့ပါတယ္။
သူမလက္ထဲကို စားစရာေရာက္တာနဲ႔ သူမငိုေနတာ ရပ္သြားခဲ့ပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာ ကေလးဟာ အရမ္းကိုအန္လာတဲ့အတြက္ ၾကက္ေျခေထာက္မုန္႔ေၾကာင့္ အစာအဆိပ္သင့္တာထင္ၿပီး ေဆး႐ုံကို ကမန္းကတန္း ပို႔ခဲ့ေပမယ့္ အဲဒီ့ညမွာပဲ သနားစရာကေလးမေလးဟာ ဆုံးသြားခဲ့ပါတယ္။ ဆရာဝန္ေတြကေတာ့ ၾကက္ေျခေထာက္မုန္႔က ယခုလိုေသဆုံးႏိုင္တဲ့အထိ အႏၲရာယ္မေပးႏိုင္ေၾကာင္း ေကာက္ခ်က္ခ်ၿပီး ခြဲစိတ္စစ္ေဆးတဲ့အခါ ဦးေႏွာက္အေမွးပါးမွာ ေသြးယိုေနတာကို ေတြ႕ရွိခဲ့ရပါတယ္။ ယခုလိုအျဖစ္ဆိုးေၾကာင့္ မိခင္ျဖစ္သူမွာ အရမ္းကိုစိတ္ထိခိုက္ေၾကကြဲရၿပီး ကေလးကို႐ိုက္မိတဲ့အတြက္ အရမ္းကိုေနာင္တရေနခဲ့ၿပီး ငိုေႂကြးေနခဲ့ရပါတယ္။ မိခင္ေတြအေနနဲ႔ ကေလးေတြကို ႐ိုက္ႏွက္ျခင္းဟာ ျပစ္မႈေျမာက္ေၾကာင္းကို ယခုႏွစ္အေစာပိုင္းက ဂ်ပန္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဗးက ဥပေဒျပဳခဲ့ပါေသးတယ္။ တကယ္လို႔ ကေလးေတြကို အျပစ္ေပးတဲ့အခါ အျခားကိုယ္ခႏၶာအစိတ္အပိုင္းေတြကို မျပင္းထန္ေအာင္ ႐ိုက္ႏွက္ဆုံးမျခင္းဟာ သိပ္အႏၲရာယ္မမ်ားေပမယ့္ ဦးေခါင္းနဲ႔ ေက်ာကုန္း ကိုမ႐ိုက္သင့္သလို နား႐ြက္ဆြဲတာေတြလည္း မျပဳလုပ္သင့္ပါဘူး။ ျဖစ္ႏိုင္ရင္ ႐ိုက္ႏွက္ဆုံးမမယ့္အစား အျခားနည္းလမ္းေတြနဲ႔ ကေလးေတြလိမၼာလာေအာင္ဆုံးမသင့္ပါတယ္။ ကေလးမေလးရဲ႕ မိခင္ျဖစ္သူကေတာ့ ယခုျဖစ္ပြားခဲ့တဲ့ မေတာ္တဆမႈအတြက္ အျပစ္ဒါဏ္က်မလား၊ မက်ဘူးလား ဆိုတာကိုေတာ့ ေသခ်ာမသိေသးပါဘူး။

LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here