Home General Knowledge အိမ်ခြေရာမဲ့တွေ မရှိသလို ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ရတဲ့ ဘူတန်နိုင်ငံရဲ့အကြောင်း
အိမ်ခြေရာမဲ့တွေ မရှိသလို ကျန်းမာရေးစောင့်ရှောက်မှုအခမဲ့ရတဲ့ ဘူတန်နိုင်ငံရဲ့အကြောင်း
0
176
အိန္ဒိယနှင့်တရုတ် နိုင်ငံအကြားမှာတည်ရှိတဲ့ လျှို့ဝှက်ဆန်းကြယ်ပြီး သာယာလှပတဲ့ ဒီတိုင်းပြည်လေးဟာ ၁၉၇၄ခုနှစ်ကာလအထိ ခရီးသွားဧည့်သည်များ လာရောက်ခြင်းကို ပိတ်ထားခဲ့ပါတယ်။ ယနေ့မှာ ပိုက်ဆံရှိတဲ့လူတိုင်းဟာ ဘူတန်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ နယ်စပ်ဂိတ်တွေကို ဖွင့်ပေးထားပေမယ့်လည်း ဘုရင်ဟာ နည်းလမ်းအမျိုးမျိုး အသုံးပြုပြီး ခရီးသွားဧည့်သည် ပမာဏကို ကန့်သတ်ဖို့ ကြိုးစားနေဆဲပါ။
ဘူတန်မှာနေထိုင်တဲ့ သူအားလုံးဟာ ဘာ့ကြောင့်ပျော်ရွင်ကြတာလဲဆိုတာကို လေ့လာရင်းနှင့် သူတို့ရဲ့ ရိုးရာအစဉ်အလာတွေ၊ မြောက်မြားစွာသော ပိတ်ပင်မှုတွေအကြောင်းကို သိရှိဖို့ စပ်စုကြည့်လိုက်ရအောင်။
၁။ တီဗီ၊ အင်တာနက်မရှိပါ
ဘူတန်မှာ တီဗီနဲ့ အင်တာနက်ကို ၁၉၉၉ခုနှစ်အထိ တရားဝင် ပိတ်ပင်ထားခဲ့ပါတယ်။ ဒါပေမယ့် ခေတ်မီနည်းပညာများကနေ တစ်နိုင်ငံလုံးကို ခွဲထုတ်ဖို့ မဖြစ်နိုင်ခဲ့တာကြောင့် ဘုရင်ဟာ ဒီဥပဒေကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘူတန်ဟာ တီဗီစတင်အသုံးပြုတဲ့ ကမ္ဘာ့နောက်ဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။
၂။ ပျော်ရွင်မှုဝန်ကြီးဌာနဆိုတာရှိပါတယ်
၂၀၀၈ခုနှစ်မှာ လူတွေရဲ့အတွင်းစိတ်ငြိမ်းချမ်းရေးကို ဂရုစိုက်ဖို့ Gross National Happiness ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ လူဦးရေသန်းကောင်စာရင်း ကောက်ယူတဲ့မေးခွန်းလွှာမှာ သင့်ဘဝကို ကျေနပ်သလား၊ မကျေနပ်ဘူးလား ဆိုတာကိုညွှန်ပြနိုင်တဲ့ ကော်လံတစ်ခု ပါရှိပါတယ်။ ဘဝရဲ့အရည်အသွေးကို သူတို့ရဲ့ ငွေရေးကြေးရေးနှင့် စိတ်ပိုင်းဆိုင်ရာတန်ဖိုးများအကြား ညီမျှမှုဖြင့် ဆုံးဖြတ်တာဖြစ်ပါတယ်။
၃။ အိမ်ခြေရာမဲ့တွေ မရှိပါဘူး
ဘူတန်နိုင်ငံမှာ လမ်းပေါ်မှာ နေရတဲ့သူတစ်ယောက်မှ မရှိပါဘူး။ လူတစ်ယောက်ဟာ သူ့အိမ်ဆုံးရှုံးသွားလျှင် အိမ်တစ်လုံးဆောက်နိုင်ပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးနိုင်မယ့် မြေကွက်ကိုပေးတဲ့ ဘုရင်ဆီကိုသွားဖို့သာ လိုအပ်ပါတယ်။ ဒါ့ကြောင့် ဘူတန်ပြည်သူပြည်သားတွေ ပျော်ရွင်ရတာလည်း ဖြစ်နိုင်ပါတယ်။
၄။ ကျန်းမာရေး စောင့်ရှောက်မှုက အခမဲ့ပါ
ဘူတန်နိုင်ငံသားတစ်ဦးချင်းစီမှာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ရှိပါတယ်။ ဘူတန်မှာ ရိုးရာအစဉ်အလာများနှင့် ဆေးကုသတာရှိသလို ခေတ်မီဆေးဝါးများနှင့် ဆေးကုတာလည်းရှိပါတယ်။ လူတစ်ယောက်ဟာ သူတို့ဘယ်ကုသမှုနည်းလမ်းကိုခံယူမလဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။
၅။ ရိုးရာဝတ်စုံ
ဘူတန်နိုင်ငံသားများဟာ ရိုးရာအဝတ်အစားကို ဝတ်ဆင်ကြရပါတယ်။ အမျိုးသားများက လေးလံပြီး ဒူးအထိရှည်တဲ့ သင်္ကန်းပုံစံကို ဝတ်ဆင်ကြပြီး အမျိုးသမီးများက ဝတ်စုံရှည်များကို ဝတ်ဆင်ရပါတယ်။ လူတစ်ယောက်ရဲ့ အဆင့်အတန်းနှင့် လူမှုရေးအဆင့်ကို သူတို့ရဲ့ ဘယ်ဘက်ပုခုံးပေါ်မှာ ပတ်ထားတဲ့ ပုဝါအရောင်ဖြင့် ခွဲခြားသိနိုင်ပါတယ်။ သာမန်လူတွေက အဖြူရောင်ပုဝါကို ဆင်မြန်းပြီး မြင့်မြတ်တဲ့သူတွေနှင့် ဘုန်းကြီးများက အဝါရောင်ပုဝါကို ဝတ်ဆင်ကြပါတယ်။
၆။ ဆေးလိပ်သောက်တာကို ပိတ်ပင်ထားပါတယ်
ဘူတန်ဘုရင်က တိုင်းပြည်မှာ ဆေးရွက်ကြီး ရောင်းချခြင်း၊ စိုက်ပျိုးခြင်းကို တားမြစ်ထားတဲ့ ဥပဒေ ပြဌာန်းထားပါတယ်။ အဲ့ဒီမှာ ဆေးရွက်ကြီးဝယ်ဖို့ မဖြစ်နိုင်ပါဘူး။ ခရီးသွားဧည့်သည်များဟာ စီးကရက်ယူလာချင်ရင် အခကြေးငွေ ပေးဆောင်ရပါတယ်။
၇။ သဘာဝနှင့် တိရိစ္ဆာန်တွေကို ကြည့်ရှုစောင့်ရှောက်ကြပါတယ်
တိုင်းပြည်ဟာ nature၊ သဘာဝဂေဟစနစ်နှင့်ပတ်သတ်ပြီး တကယ်စိုးရိမ်ပူပန်ကြပါတယ်။ သူတို့ဟာ သင်ပင်တွေစိုက်ပျိုးခြင်းကို အထူးအာရုံစိုက်ပါတယ်။ ၂၀၁၅ခုနှစ်က ဘူတန်နိုင်ငံမှာ တစ်နာရီတည်းနဲ့ သစ်ပင် ၅သောင်းစိုက်ပျိုးခဲ့တဲ့ ကမ္ဘာ့စံချိန်တစ်ခု ဝင်ခဲ့ပါတယ်။
၈။ အစားအစာ အင်္ဂါရပ်များ
ဘူတန်နိုင်ငံသားအများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဒီဘာသာတရားက တိရိစ္ဆာန် ကမ္ဘာကြီးတစ်ခုလုံးအတွက် လေးစားဖို့ သွန်သင်ပေးတာကြောင့် အဲ့ဒီမှာ အများစုက သတ်သတ်လွတ်သမားတွေ ဖြစ်ပါတယ်။ အဓိကနှင့် အခြေခံအစားအစာက ထမင်းဖြစ်ပါတယ်။ သာမန်ဆန်က ထိုကဲ့သို့သော ကုန်းပြင်မြင့်မှာ စိုက်ပျိုးလို့မရတာကြောင့် ထူးကဲတဲ့အရသာရှိပြီး ခက်ခက်ခဲခဲမစိုက်ပျိုးရတဲ့ အနီရောင်ဆန်ကိုသာ စိုက်ပျိုးကြပါတယ်။
လူအများစုက လက်ဖက်ရည်သောက်သုံးကြပါတယ်။ သူတို့ဟာ ဆား၊ ငရုတ်ကောင်းနှင့် ထောပတ်တစ်ဇွန်းထည့်ထားတဲ့ လက်ဖက်စိမ်းနှင့် အနက်ရောင်လက်ဖက်ရည်ကို သောက်သုံးကြပါတယ်။
၉။ ခရီးသွားလုပ်ငန်း စိန်ခေါ်မှုများ
ဘူတန်ဘုရင်က ခရီးသွားတွေ လည်ပတ်ဖို့ ဘူတန်နိုင်ငံကို ဖွင့်လှစ်ပေးခဲ့ပေမယ့် တစ်နိုင်ငံလုံးကို ဝင်ရောက်ခွင့် ပြုထားတာ မဟုတ်ပါဘူး။ တခြားခရီးသွားများအုပ်စုနှင့်သာ ဘူတန်မှာ လည်ပတ်နိုင်ပါတယ်။ စာရွက်စာတမ်းနှင့် ပြည်ဝင်ခွင့်ဗီဇာတွေကို ပြည်နယ်မှ ခန့်အပ်ထားတဲ့ ကုမ္ပဏီတစ်ခုတည်းကသာ ထုတ်ပေးပါတယ်။ ခွင့်ပြုချက်ရဖို့ (လေယာဉ်လက်မှတ်၊ ဟိုတယ်၊ ခရီးစရိတ်၊ ခရီးစဉ်အော်ပရေတာနှင့် လမ်းပြဝန်ဆောင်မှုများ၊ ဗီဇာနှင့် အာမခံ)ကုန်ကျစရိတ်အားလုံးကို ကြိုတင်ပြီးပေးချေထားရပါတယ်။
တိုင်းပြည်ထဲမှာ လမ်းညွှန်တစ်ယောက်နှင့်အတူသာ လည်ပတ်လို့ရပြီး ကိုယ့်ဘာသာ လမ်းလျှောက်သွားလို့ရမယ့် အခွင့်အရေး ဘယ်တော့မှ ရရှိမှာ မဟုတ်ပါဘူး။
ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်အားလုံးကို လေကြောင်းလိုင်းတစ်ခုတည်းကသာ လုပ်ဆောင်ပြီး ဟိုတယ်စျေးနှုန်းများကို(စျေးပေါတာပဲဖြစ်ဖြစ်၊ စျေးကြီးတာပဲဖြစ်ဖြစ်) အစိုးရက သတ်မှတ်ထားပါတယ်။
၁၀။ အမွေဆက်ခံခြင်း အစဉ်အလာ
အမျိုးသမီးများဟာ ဘူတန်မှာ ဂုဏ်ကျက်သရေရှိပြီး လေးစားခံရသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အမွေဆက်ခံခြင်း အစဉ်အလာက ၎င်းကိုသက်သေပြုနေပါတယ်။ သူတို့ရဲ့ အိမ်တွေ၊ တိရိစ္ဆာန်နှင့် မြေယာတွေကဲ့သို့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအားလုံးကို သားမဟုတ်ဘဲ သမီးကြီးကသာ ရရှိပါတယ်။
၁၁။ ဂေဟစနစ်က အရေးကြီးဆုံးအရာ ဖြစ်ပါတယ်
ယနေ့ တစ်ကမ္ဘာလုံးဟာ ဇီဝဆိုတဲ့ တံဆိပ်ကိုသာ အာရုံစိုက်နေကြပါတယ်။ ဘူတန်နိုင်ငံကတော့ ဒီပြဿနာတွေကို မစိုးရိမ်ပါဘူး။ အဲ့ဒီနိုင်ငံမှာ ဘယ်ဓါတုပစ္စည်းမှ မသုံးဖို့ ၊မတင်သွင်းဖို့ ပြဌာန်းထားပါတယ်။ ဒါ့ကြောင့် သူတို့သုံးတဲ့အရာအားလုံးက တိုင်းပြည်အတွင်းစိုက်ပျိုးတာတွေဖြစ်ပြီး သဘာဝအတိုင်းသာ ဖြစ်ပါတယ်။
၁၂။ မင်္ဂလာဆောင်အစဉ်အလာ
ဘူတန်နိုင်ငံမှာ နိုင်ငံခြားသားတစ်ယောက်ကို လက်ထပ်ထိမ်းမြားခြင်း တားမြစ်ထားပါတယ်။ ဘုရင်ဟာ သူတို့ရဲ့ထူးခြားမှုတွေကို ထိန်းသိမ်းဖို့ သူလုပ်နိုင်တဲ့ အရာအားလုံးကို ပြုလုပ်ပါတယ်။ မင်္ဂလာဆောင်အခမ်းအနားတစ်ခုအတွင်းမှာ ဘုန်းကြီးများက ဂါထာတွေကို ရွတ်ဖက်ပါတယ်။ ဒီဖြစ်စဉ်က ကြင်စဦးဇနီးမောင်နှံကို စိတ်ဆက်သွယ်မှုခိုင်မာအောင် တည်ဆောက်ခွင့်ပေးတာလို့ ဆိုပါတယ်။ နတ်ဘုရားတွေကို ဒေသထွက်ဘီယာတွေနှင့် ပူဇော်ပသရတဲ့ Changphoed ရိုးရာဓလေ့တစ်ခုလည်း ရှိပါတယ်။ ပူဇော်ပသပြီးနောက် ကျန်ရှိတဲ့ ဘီယာကို တည်ခင်းရပြီး သတို့သားနှင့် သတို့သမီးက မျှဝေပေးရပါတယ်။
လိုအပ်တဲ့ ထုံးတမ်းအစဉ်အလာတွေ ပြုလုပ်ပြီးမှသာ စုံတွဲတစ်တွဲဟာ မိသားစုဖြစ်လာပါတယ်။ စည်းကမ်းအရ အမျိုးသားတစ်ယောက်ဟာ သူတို့တခြားအိမ်ကို ပြောင်းရွှေ့နိုင်ဖို့ လုံလောက်တဲ့ငွေပမာဏ ရရှိတဲ့အခါမှသာ အမျိုးသမီးရဲ့အိမ်ကိုလာရပါတယ်။
၁၃။ လမ်းများ
ဘူတန်ရဲ့မြို့တော်မှာ မီးပွိုင့်တွေ မရှိသလို ဒါက လူတွေအတွက်လည်း ပြဿနာတစ်ခုမဟုတ်ပါဘူး။ လမ်းသင်္ကေတများအားလုံးကို လက်ဖြင့်သာ ညွှန်ပြကြပါတယ်။
၁၄။ အလှဆင်ထားတဲ့ အိမ်များ
ဘူတန်နိုင်ငံသားများဟာ သူတို့အိမ်တွေကို အလှဆင်ရတာ နှစ်သက်ကြပါတယ်။ သူတို့ဟာ ငှက်လေးတွေ၊ တိရိစ္ဆာန်တွေနဲ့ ပုံစံအမျိုးမျိုးကို နံရံတွေပေါ်မှာ ဆွဲကြပါတယ်။ ဒီအလှဆင်မှုက ခမ်းနားနေမယ်လို့ ကျွန်တော်တို့ထင်ပါတယ်။
ရိုးရာအိမ်တစ်လုံးဟာ အထပ် ၃ထပ်နှင့် သေးငယ်တဲ့ အဆောက်အဦးတစ်လုံးဖြစ်ပါတယ်။ မြေညီထပ်ဟာ တိရိစ္ဆာန်တွေထားဖို့ နေရာဖြစ်ပြီး ဒုတိယထပ်က လူနေတဲ့ အထပ်ဖြစ်ပါတယ်။ တတိယထပ်ကို ကောက်ပဲသီးနှံတွေသိုလှောင်ဖို့ အသုံးပြုပါတယ်။
ပိတ်ပင်မှုတွေ စည်းကမ်းတင်းကျပ်မှုတွေ ရှိနေသာ်လည်း ဘူတန်ပြည်သူပြည်သားများဟာ ပျော်ရွင်ပြီး အရမ်းဖော်ရွေသူတွေ ဖြစ်ကြပါတယ်။ ခရီးသွားဧည့်သည်များဟာ အထီးကျန်တဲ့ ဒီတိုင်းပြည်လေးကို ပိုစိတ်ဝင်စားပြီး လာလည်ကြပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-brightside
ZawGyi
၁။ တီဗီ၊ အင်တာနက်မရှိပါ
၅။ ရိုးရာဝတ်စုံ
ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ်အားလုံးကို လေကြောင်းလိုင်းတစ်ခုတည်းကသာ လုပ်ဆောင်ပြီး ဟိုတယ်ဈေးနှုန်းများကို(ဈေးပေါတာပဲဖြစ်ဖြစ်၊ ဈေးကြီးတာပဲဖြစ်ဖြစ်) အစိုးရက သတ်မှတ်ထားပါတယ်။
၁၂။ မင်္ဂလာဆောင်အစဉ်အလာ
၁၃။ လမ်းများ
Lifestyle_Myanmar
LM_Nandar
Source-brightside
NO COMMENTS
LEAVE A REPLY
Please enter your comment!
Please enter your name here