အိမ်ကကားတွေ ခဏခဏပျက်လို့ လမ်းကို ကိုယ်တိုင်သွားပြုပြင်တဲ့ အသက်၁၂နှစ်အရွယ်ကောင်လေး

0
121
Monte Scott

အမေရိကန်နိုင်ငံ Muskegon Heights မြို့မှာနေထိုင်တဲ့ အသက် ၁၂နှစ်အရွယ်ကောင်လေးဟာ တစ်ကိုယ်တော်လမ်းပြင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့ မိခင်နဲ့ အဖွားရဲ့ ကားတွေပျက်စီးတာဟာ လမ်းမကောင်းတာလို့ ယူဆပြီးနောက်မှာတော့ ဒီလမ်းမှာရှိတဲ့ ချိုင့်ခွက်တွေကို ပြုပြင်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ အဲ့ဒီနောက် အားလပ်တဲ့ အချိန်တွေမှာ လမ်းက ရေတိုက်စားလို့ပျက်သွားတဲ့ ချိုင့်ခွက်တွေကို တစ်ယောက်ထဲ ပြုပြင်ပေးခဲ့ပါတယ်။

Monte Scott လို့ အမည်ရတဲ့ ဒီကောင်လေးဟာ လမ်းပြင်ဖို့ ဆုံးဖြတ်ပြီးနောက်မှာတော့ ကျောင်းကနေ စောစောပြန်လာတတ်ပါတယ်။ အိမ်ရောက်တဲ့အခါ နောက်ဖေးမှာရှိတဲ့ မြေကြီးတွေကို ဂေါ်ပြားနဲ့ ကော်ပြီး အမှိုက်ပုံတစ်ပုံထဲ ထည့်သယ်လာပါတယ်။ အဲ့ဒီနောက် လမ်းတစ်လျှောက်ချိုင့်ခွက်တွေကို လိုက်လံ ဖို့ ပါတယ်။ ၁၂နှစ်အရွယ်သာရှိသေးတဲ့ Scott တစ်ယောက် လမ်းကို တစ်ယောက်ထဲပြင်နေတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာပြန့်နှံ့ခဲ့ပါတယ်။

Scott ရဲ့ မိခင်ဖြစ်သူရဲ့ အဆိုအရ “ကျွန်မ အလုပ်ရောက်နေတုန်း တူမတစ်ယောက်ဆီက မက်ဆေ့ချ်ဝင်လာတယ်။ သူက Scott လမ်းပြင်နေတဲ့ ဗီဒီယိုဖိုင် facebook မှာတွေ့တယ်လို့”ဆိုပါတယ်။ အဲ့ဒါနဲ့ ကျွန်မလဲ “သားကို ချစ်တယ်၊ သူဟာစိတ်နှလုံးကောင်းရှိတဲ့သူတစ်ယောက်ပါ”လို့ ဂုဏ်ယူစွာနဲ့ စာရေးပြီး သားရဲ့ ဗီဒီယိုလေးကို Share ခဲ့ပါတယ်။ အွန်လိုင်းသုံးစွဲသူ အများအပြားက ဒီလိုစိတ်ထားကောင်းမွန်တဲ့ သားတစ်ယောက်ရဲ့ မိခင်ဖြစ်ရတာ ချီးကျူးပါတယ်ဆိုပြီး မှတ်ချက်တွေလည်း ပေးခဲ့ကြပါတယ်။

Monte Scott ဟာအင်တာဗျူးတစ်ခုမှာ သူလမ်းပြင်ခဲ့တဲ့ ရည်ရွယ်ချက်ကို ထုတ်ပြောခဲ့ပါတယ်။ သူဟာ ကားကို ငွေကုန်ကြေးကျခံပြီး ခဏခဏပြင်နေမဲ့အစား ဒီမကောင်းတဲ့ လမ်းကို ပြုပြင်ပေးလိုက်တာ သူတို့အတွက်ပါမက ဒီလမ်းမှာ နေ့စဉ်မောင်းနှင်နေတဲ့ ကားတွေအတွက်ပါ အများကြီး အကျိုးသက်ရောက်မှုရှိတယ်လို့ဆိုပါတယ်။ ဒီလိုမှမဟုတ် လမ်းကို မပြင်ဘဲ ကားကိုသာ ခဏခဏပြင်နေရင် သူတို့က ရူးနေလို့ပဲလို့ ဆိုပါတယ်။

တာဝန်ယူစိတ်ရှိတဲ့ Monte Scott တစ်ယောက်ရဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့ အားလုံးအတွက် တကယ့်ကို ဥပမာယူသင့်တဲ့ လုပ်ရပ်တစ်ခုပါလို့ ပြောရမလိုပါပဲ။

#Lifestyle_Myanmar

#Thar_Nage

ယာဉ်ကြောပိတ်ဆို့လို့ စောင့်ဆိုင်းနေရတဲ့အချိန်မှာ အမှိုက်ဆင်းကောက်နေတဲ့ တက္ကစီဒရိုင်ဘာအမျိုးသမီး

Zawgyi fonts

အိမ္ကကားေတြ ခဏခဏပ်က္လို႔ လမ္းကို ကိုယ္တိုင္သြားျပဳျပင္တဲ့ အသက္၁၂ႏွစ္အရြယ္ေကာင္ေလး
အေမရိကန္နိုင္ငံ Muskegon Heights ၿမိဳ႕မွာေနထိုင္တဲ့ အသက္ ၁၂ႏွစ္အရြယ္ေကာင္ေလးဟာ တစ္ကိုယ္ေတာ္လမ္းျပင္ဖို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူရဲ့ မိခင္နဲ႔ အဖြားရဲ့ ကားေတြပ်က္စီးတာဟာ လမ္းမေကာင္းတာလို႔ ယူဆၿပီးေနာက္မွာေတာ့ ဒီလမ္းမွာရွိတဲ့ ခ်ိဳင့္ခြက္ေတြကို ျပဳျပင္ဖို႔ ဆုံးျဖတ္ခ်က္ ခ်ခဲ့တာပါ။ အဲ့ဒီေနာက္ အားလပ္တဲ့ အခ်ိန္ေတြမွာ လမ္းက ေရတိုက္စားလို႔ပ်က္သြားတဲ့ ခ်ိဳင့္ခြက္ေတြကို တစ္ေယာက္ထဲ ျပဳျပင္ေပးခဲ့ပါတယ္။

Monte Scott လို႔ အမည္ရတဲ့ ဒီေကာင္ေလးဟာ လမ္းျပင္ဖို႔ ဆုံးျဖတ္ၿပီးေနာက္မွာေတာ့ ေက်ာင္းကေန ေစာေစာျပန္လာတတ္ပါတယ္။ အိမ္ေရာက္တဲ့အခါ ေနာက္ေဖးမွာရွိတဲ့ ေျမႀကီးေတြကို ေဂၚျပားနဲ႔ ေကာ္ၿပီး အမွိုက္ပုံတစ္ပုံထဲ ထည့္သယ္လာပါတယ္။ အဲ့ဒီေနာက္ လမ္းတစ္ေလၽွာက္ခ်ိဳင့္ခြက္ေတြကို လိုက္လံ ဖို႔ ပါတယ္။ ၁၂ႏွစ္အရြယ္သာရွိေသးတဲ့ Scott တစ္ေယာက္ လမ္းကို တစ္ေယာက္ထဲျပင္ေနတဲ့ ဗီဒီယိုဟာ အြန္လိုင္းမွာျပန္႔ႏွံ့ခဲ့ပါတယ္။

Scott ရဲ့ မိခင္ျဖစ္သူရဲ့ အဆိုအရ “ကၽြန္မ အလုပ္ေရာက္ေနတုန္း တူမတစ္ေယာက္ဆီက မက္ေဆ့ခ်္ဝင္လာတယ္။ သူက Scott လမ္းျပင္ေနတဲ့ ဗီဒီယိုဖိုင္ facebook မွာေတြ႕တယ္လို႔”ဆိုပါတယ္။ အဲ့ဒါနဲ႔ ကၽြန္မလဲ “သားကို ခ်စ္တယ္၊ သူဟာစိတ္ႏွလုံးေကာင္းရွိတဲ့သူတစ္ေယာက္ပါ”လို႔ ဂုဏ္ယူစြာနဲ႔ စာေရးၿပီး သားရဲ့ ဗီဒီယိုေလးကို Share ခဲ့ပါတယ္။ အြန္လိုင္းသုံးစြဲသူ အမ်ားအျပားက ဒီလိုစိတ္ထားေကာင္းမြန္တဲ့ သားတစ္ေယာက္ရဲ့ မိခင္ျဖစ္ရတာ ခ်ီးက်ဴးပါတယ္ဆိုၿပီး မွတ္ခ်က္ေတြလည္း ေပးခဲ့ၾကပါတယ္။

Monte Scott ဟာအင္တာဗ်ဴးတစ္ခုမွာ သူလမ္းျပင္ခဲ့တဲ့ ရည္ရြယ္ခ်က္ကို ထုတ္ေျပာခဲ့ပါတယ္။ သူဟာ ကားကို ေငြကုန္ေၾကးက်ခံၿပီး ခဏခဏျပင္ေနမဲ့အစား ဒီမေကာင္းတဲ့ လမ္းကို ျပဳျပင္ေပးလိုက္တာ သူတို႔အတြက္ပါမက ဒီလမ္းမွာ ေန႔စဥ္ေမာင္းႏွင္ေနတဲ့ ကားေတြအတြက္ပါ အမ်ားႀကီး အက်ိဳးသက္ေရာက္မွုရွိတယ္လို႔ဆိုပါတယ္။ ဒီလိုမွမဟုတ္ လမ္းကို မျပင္ဘဲ ကားကိုသာ ခဏခဏျပင္ေနရင္ သူတို႔က ႐ူးေနလို႔ပဲလို႔ ဆိုပါတယ္။

တာဝန္ယူစိတ္ရွိတဲ့ Monte Scott တစ္ေယာက္ရဲ့ လုပ္ရပ္ဟာ ကၽြန္ေတာ္တို႔ အားလုံးအတြက္ တကယ့္ကို ဥပမာယူသင့္တဲ့ လုပ္ရပ္တစ္ခုပါလို႔ ေျပာရမလိုပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here