အိမ္ေထာင္တစ္ခုကို တည္ေဆာက္ၿပီးဆိုတာနဲ႔ ဒီအိမ္ေထာင္ေရးကို ဘယ္လိုခိုင္ခိုင္ၿမဲေအာင္ ထိန္းသိမ္းရမလဲဆိုတာအေရးႀကီးပါတယ္။ ဘဝမွာ ကိုယ္ခ်စ္တဲ့သူနဲ႔ စိတ္ခ်မ္းေျမ႕စြာ ရရွည္ေပါင္းဖက္ခ်င္တယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို လိုက္နာေပးဖို႔လိုအပ္ပါတယ္။
၁။ အဆင္မေျပမႈေတြကို ေမ့ေပ်ာက္ၿပီး ေပ်ာ္ရႊင္စြာအတူတူအိပ္စက္ပါ။
အိမ္ေထာင္စုတစ္ခုမွာ လင္မယားႏွစ္ေယာက္အတြက္ အိပ္ယာဝင္ခ်ိန္က ပိုအေရးႀကီးပါတယ္။ ဒီအခ်က္ကို အိမ္ေထာင္သည္ေတြဆို ပိုၿပီးနားလည္ပါလိမ့္မယ္။ ဒါ့ေၾကာင့္ အိမ္ယာဝင္ခါနီးအခ်ိန္မွာ အျငင္းပြားစရာကိစၥေတြ၊ အဆင္မေျပတာေတြကိုမျဖစ္ေပၚေအာင္ အတတ္ႏိုင္ဆုံးေရွာင္ၾကဥ္ၿပီး ႏွစ္ဦးသားအတူတူအိပ္ယာဝင္ဖို႔ ႀကိဳးစားပါ။ ဒီအခ်က္က သင့္တို႔ႏွစ္ဦးအတြက္ လက္ေတြ႕က်တဲ့ဆက္ဆံေရးကို ရရွိမွာျဖစ္ပါတယ္။ အိပ္ယာဝင္တဲ့အခ်ိန္ တိုင္း သင့္တို႔ႏွစ္ဦးအဆင္ေျပေလေလ သင္တို႔ရဲ႕ အိမ္ေထာင္ေရးကလည္း ပိုခိုင္ၿမဲေလေလပါပဲ။
၂။ တစ္ဦးတစ္ေယာက္အတြက္ အသုံးမခ်ဘဲ ႏွစ္ေယာက္စလုံးအတြက္ အက်ိဳးရွိတာကို စဥ္းစားပါ။
တစ္ေယာက္နဲ႔တစ္ေယာက္ လိုအင္ဆႏၵေတြက မတူညီလာတဲ့အခါ ျပႆနာႀကံဳလာတတ္ပါတယ္။ ဥပမာ – ငါတို႔မွာ စုထားေဆာင္းထားတဲ့ ပိုက္ဆံအနည္းငယ္ရွိတယ္ဆိုပါစို႔။ ဒါကို မိန္းမျဖစ္သူက ငါေတာ့ ဒီပိုက္ဆံကိုေ ရႊလုပ္ပစ္မယ္။ ေယာက္်ားျဖစ္သူကလည္း ငါကေတာ့ ဒီပိုက္ဆံကို ကားဝယ္ပစ္မယ္ဆိုတဲ့ တစ္ဦးတစ္ေယာက္ရဲ႕ ဆႏၵထက္ ငါတို႔အနာဂတ္၊ ငါတို႔ႏွစ္ဦးႏွစ္ေယာက္စလုံးအတြက္ အက်ိဳးရွိတဲ့ ေနရာမ်ိဳးမွာ ညႇိႏႈိင္းၿပီး အသုံးခ်သင့္ပါတယ္။ ဥပမာ – မိမိတို႔အိမ္အတြက္ တကယ္လိုအပ္တဲ့ ပစၥည္းတစ္ခုခု ဝယ္ယူစုေဆာင္းလိုက္တာမ်ိဳးေပါ့။
၃။ အျခားသူေတြရဲ႕ အိမ္ေထာင္ေရးအျဖစ္အပ်က္ကို သင္ခန္းစာယူပါ။
မိမိရဲ႕ ပတ္ဝန္းက်င္မွာရွိတဲ့ အိမ္ေထာင္သည္ေတြရဲ႕ အျဖစ္အပ်က္ကို ၾကည့္ၿပီး သင္ခန္းစာယူပါ။ ငါတို႔အိမ္နားကလင္မယားကေတာ့ ခဏခဏျပႆနာေတြတက္ေနတာပဲ။ သူတို႔ဘာေၾကာင့္ ဒီလိုေတြျဖစ္ေနတာလဲ။ ငါတို႔အလုပ္က လင္မယားကေတာ့ သူမ်ားေတြထက္ကို ပိုၿပီးအရမ္းခ်စ္ၾကတယ္။ ဘာေၾကာင့္လဲ ဆိုတဲ့ သူတို႔ေတြရဲ႕ အားနည္းခ်က္အားသားခ်က္ကို ေလ့လာၿပီး ေဆာင္သင့္တာေဆာင္ပါ။ ေရွာင့္သင့္တာကို ေရွာင္ပါ။ ဒါဆို အိမ္ေထာင္ေရးသုခကိုအျပည့္အဝခံစားရမွာျဖစ္ပါတယ္။
၄။ ေႏြးေထြးတဲ့အျပဳအမႈေတြနဲ႔ အဆက္အသြယ္မပ်က္ပါေစနဲ႔။
အိမ္ေထာင္သည္ဘဝကို ေရာက္လာၿပီဆိုတာနဲ႔ ခ်စ္သူရည္းစားဘဝကလို ခ်ိန္းေတြ႕ၿပီး ကဗ်ာေတြဆန္လို႔မရေတာ့ပါဘူး။ ဘဝအတြက္ ႏွစ္ေယာက္သား႐ုန္းကန္ရတဲ့အခါ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်ိန္သိပ့္မေပးျဖစ္ေတာ့ပါဘူး။ အဲ့ဒီအခါ တစ္ေယာက္နဲ႔တစ္ေယာက္က ေအးစက္မသြားဘဲ အၿမဲေႏြးေထြးမႈရွိေအာင္ ေနထိုင္ဆက္ဆံသင့္ပါတယ္။ ဥပမာ – အလုပ္သြားခါနီး တစ္ေယာက္နဲ႔တစ္ေယာက္ ေပြ႕ဖက္တာမ်ိဳး၊ အလုပ္နားတဲ့အခ်ိန္ စာပို႔တာမ်ိဳး၊ အလုပ္ျပန္လာ တဲ့ခ်ိန္ ေႏြးေထြးတဲ့အျပဳအမူနဲ႔တစ္ေယာက္နဲ႔တစ္ေယာက္ ႀကိဳဆိုတာမ်ိဳး စတဲ့ အျပဳအမူေလးေတြ ျပဳလုပ္ေပးသင့္ပါတယ္။
၅။ တစ္ေယာက္ကို တစ္ေယာက္ ဂုဏ္ယူလိုက္ပါ။
တစ္ေယာက္ကို တစ္ေယာက္ ပိုင္ဆိုင္ခြင့္ရလို႔ ဂုဏ္ယူလိုက္ပါ။ နင့္ကို ငါပိုင္ဆိုင္ထားရတာ ငါ့ဘဝအတြက္ အမြန္ျမတ္ဆုံးလို႔ခံယူထားပါ။ တစ္ေယာက္နဲ႔တစ္ေယာက္က အျပန္အလွန္လိုအပ္ေနတာမ်ိဳးျဖစ္ဖို႔အေရးႀကီးပါတယ္။
၆။ ထမင္းလက္စုံစားပါ။
သာယာမႈရွိတဲ့ အိမ္ေထာင္ေရးတစ္ခု ဟုတ္မဟုတ္ဆိုတာ သူတို႔စားတဲ့ ထမင္းဝိုင္းကို ၾကည့္လိုက္တာနဲ႔ သိႏိုင္ပါတယ္။ မိသားစုတစ္စုမွာ ဘယ္ေလာက္ပဲဆင္းရဲပါေစ၊ ဘယ္ေလာက္ပဲ ခ်မ္းသာေနပါေစ ကိုယ္ခ်စ္တဲ့ မိသားစုနဲ႔ အတူတူ ထမင္းလက္စုံစားရတာေလာက္ စိတ္ခ်မ္းသာမႈရွိမွာမဟုတ္ပါဘူး။ ေႏြးေထြးမႈရွိတဲ့ အခ်စ္စိတ္ကို ျဖစ္ေပၚေစတာ မိသားစုထမင္းလက္စုံစားဝိုင္းနဲ႔ အမ်ားႀကီးသက္ဆိုင္ပါတယ္။ (သင္တို႔အိမ္မွာေရာ ကိုယ္ခ်စ္တဲ့မိသားစု နဲ႔အတူတူ အၿမဲလိုလို ထမင္းလက္စုံစားျဖစ္လား။)
#Lifestyle_Myanmar
Ref – Cosmopolitan
#Thar_Nage
အလြန္ဝတဲ့ ေကာင္ေလးအေပၚ အရမ္းခ်စ္ၿပီးလက္ထပ္လိုက္ၾကတဲ့ စုံတြဲ
Unicode
အိမ်ထောင်ရေး သာသာယာယာဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အချက်အချို့
အိမ်ထောင်တစ်ခုကို တည်ဆောက်ပြီးဆိုတာနဲ့ ဒီအိမ်ထောင်ရေးကို ဘယ်လိုခိုင်ခိုင်မြဲအောင် ထိန်းသိမ်းရမလဲဆိုတာအရေးကြီးပါတယ်။ ဘဝမှာ ကိုယ်ချစ်တဲ့သူနဲ့ စိတ်ချမ်းမြေ့စွာ ရရှည်ပေါင်းဖက်ချင်တယ်ဆိုရင်တော့ဒီအချက်တွေကို လိုက်နာပေးဖို့လိုအပ်ပါတယ်။
၁။ အဆင်မပြေမှုတွေကို မေ့ပျောက်ပြီး ပျော်ရွှင်စွာအတူတူအိပ်စက်ပါ။
အိမ်ထောင်စုတစ်ခုမှာ လင်မယားနှစ်ယောက်အတွက် အိပ်ယာဝင်ချိန်က ပိုအရေးကြီးပါတယ်။ ဒီအချက်ကို အိမ်ထောင်သည်တွေဆို ပိုပြီးနားလည်ပါလိမ့်မယ်။ ဒါ့ကြောင့် အိမ်ယာဝင်ခါနီးအချိန်မှာ အငြင်းပွားစရာကိစ္စတွေ၊ အဆင်မပြေတာတွေကိုမဖြစ်ပေါ်အောင် အတတ်နိုင်ဆုံးရှောင်ကြဉ်ပြီး နှစ်ဦးသားအတူတူအိပ်ယာဝင်ဖို့ ကြိုးစားပါ။ ဒီအချက်က သင့်တို့နှစ်ဦးအတွက် လက်တွေ့ကျတဲ့ဆက်ဆံရေးကို ရရှိမှာဖြစ်ပါတယ်။ အိပ်ယာဝင်တဲ့အချိန် တိုင်း သင့်တို့နှစ်ဦးအဆင်ပြေလေလေ သင်တို့ရဲ့ အိမ်ထောင်ရေးကလည်း ပိုခိုင်မြဲလေလေပါပဲ။
၂။ တစ်ဦးတစ်ယောက်အတွက် အသုံးမချဘဲ နှစ်ယောက်စလုံးအတွက် အကျိုးရှိတာကို စဉ်းစားပါ။
တစ်ယောက်နဲ့တစ်ယောက် လိုအင်ဆန္ဒတွေက မတူညီလာတဲ့အခါ ပြဿနာကြုံလာတတ်ပါတယ်။ ဥပမာ – ငါတို့မှာ စုထားဆောင်းထားတဲ့ ပိုက်ဆံအနည်းငယ်ရှိတယ်ဆိုပါစို့။ ဒါကို မိန်းမဖြစ်သူက ငါတော့ ဒီပိုက်ဆံကိုေ ရွှလုပ်ပစ်မယ်။ ယောက်ျားဖြစ်သူကလည်း ငါကတော့ ဒီပိုက်ဆံကို ကားဝယ်ပစ်မယ်ဆိုတဲ့ တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒထက် ငါတို့အနာဂတ်၊ ငါတို့နှစ်ဦးနှစ်ယောက်စလုံးအတွက် အကျိုးရှိတဲ့ နေရာမျိုးမှာ ညှိနှိုင်းပြီး အသုံးချသင့်ပါတယ်။ ဥပမာ – မိမိတို့အိမ်အတွက် တကယ်လိုအပ်တဲ့ ပစ္စည်းတစ်ခုခု ဝယ်ယူစုဆောင်းလိုက်တာမျိုးပေါ့။
၃။ အခြားသူတွေရဲ့ အိမ်ထောင်ရေးအဖြစ်အပျက်ကို သင်ခန်းစာယူပါ။
မိမိရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်ထောင်သည်တွေရဲ့ အဖြစ်အပျက်ကို ကြည့်ပြီး သင်ခန်းစာယူပါ။ ငါတို့အိမ်နားကလင်မယားကတော့ ခဏခဏပြဿနာတွေတက်နေတာပဲ။ သူတို့ဘာကြောင့် ဒီလိုတွေဖြစ်နေတာလဲ။ ငါတို့အလုပ်က လင်မယားကတော့ သူများတွေထက်ကို ပိုပြီးအရမ်းချစ်ကြတယ်။ ဘာကြောင့်လဲ ဆိုတဲ့ သူတို့တွေရဲ့ အားနည်းချက်အားသားချက်ကို လေ့လာပြီး ဆောင်သင့်တာဆောင်ပါ။ ရှောင့်သင့်တာကို ရှောင်ပါ။ ဒါဆို အိမ်ထောင်ရေးသုခကိုအပြည့်အဝခံစားရမှာဖြစ်ပါတယ်။
၄။ နွေးထွေးတဲ့အပြုအမှုတွေနဲ့ အဆက်အသွယ်မပျက်ပါစေနဲ့။
အိမ်ထောင်သည်ဘဝကို ရောက်လာပြီဆိုတာနဲ့ ချစ်သူရည်းစားဘဝကလို ချိန်းတွေ့ပြီး ကဗျာတွေဆန်လို့မရတော့ပါဘူး။ ဘဝအတွက် နှစ်ယောက်သားရုန်းကန်ရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် အချိန်သိပ့်မပေးဖြစ်တော့ပါဘူး။ အဲ့ဒီအခါ တစ်ယောက်နဲ့တစ်ယောက်က အေးစက်မသွားဘဲ အမြဲနွေးထွေးမှုရှိအောင် နေထိုင်ဆက်ဆံသင့်ပါတယ်။ ဥပမာ – အလုပ်သွားခါနီး တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်တာမျိုး၊ အလုပ်နားတဲ့အချိန် စာပို့တာမျိုး၊ အလုပ်ပြန်လာ တဲ့ချိန် နွေးထွေးတဲ့အပြုအမူနဲ့တစ်ယောက်နဲ့တစ်ယောက် ကြိုဆိုတာမျိုး စတဲ့ အပြုအမူလေးတွေ ပြုလုပ်ပေးသင့်ပါတယ်။
၅။ တစ်ယောက်ကို တစ်ယောက် ဂုဏ်ယူလိုက်ပါ။
တစ်ယောက်ကို တစ်ယောက် ပိုင်ဆိုင်ခွင့်ရလို့ ဂုဏ်ယူလိုက်ပါ။ နင့်ကို ငါပိုင်ဆိုင်ထားရတာ ငါ့ဘဝအတွက် အမွန်မြတ်ဆုံးလို့ခံယူထားပါ။ တစ်ယောက်နဲ့တစ်ယောက်က အပြန်အလှန်လိုအပ်နေတာမျိုးဖြစ်ဖို့အရေးကြီးပါတယ်။
၆။ ထမင်းလက်စုံစားပါ။
သာယာမှုရှိတဲ့ အိမ်ထောင်ရေးတစ်ခု ဟုတ်မဟုတ်ဆိုတာ သူတို့စားတဲ့ ထမင်းဝိုင်းကို ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ မိသားစုတစ်စုမှာ ဘယ်လောက်ပဲဆင်းရဲပါစေ၊ ဘယ်လောက်ပဲ ချမ်းသာနေပါစေ ကိုယ်ချစ်တဲ့ မိသားစုနဲ့ အတူတူ ထမင်းလက်စုံစားရတာလောက် စိတ်ချမ်းသာမှုရှိမှာမဟုတ်ပါဘူး။ နွေးထွေးမှုရှိတဲ့ အချစ်စိတ်ကို ဖြစ်ပေါ်စေတာ မိသားစုထမင်းလက်စုံစားဝိုင်းနဲ့ အများကြီးသက်ဆိုင်ပါတယ်။ (သင်တို့အိမ်မှာရော ကိုယ်ချစ်တဲ့မိသားစု နဲ့အတူတူ အမြဲလိုလို ထမင်းလက်စုံစားဖြစ်လား။)