0
183
အိမ်ရှင်မတွေအတွက်
#LM_Nandar
#Lifestyle_Myanmar
Source-Brightside
Unicode
အိမ်ရှင်မတွေအတွက် အသုံးဝင်မယ့် နည်းလမ်းကောင်းလေးတွေ
၁။ နှင်းဆီပန်းမညှိုးအောင် ရေထဲမှာ အက်စပရင်ဆေးပြားကို တစ်ခြမ်း ခြမ်းပြီးထည့်ပါ။
အက်စပရင်ဆေးပြားက ဂန္ဓမာပန်း၊ ဇော်မွှားပန်း၊ စစ္စပန်းနှင့် နှင်းဆီပန်းတို့ကို မညှိုးအောင် ထိန်းသိမ်းပေးပါတယ်။ ဒေလီယာပန်းအတွက် ရှာလကာရည်အချို့ကို အသုံးပြုပါ။
၂။အဝတ်ပေါ်က အဆီပေနေတဲ့ အစွန်းတွေကို ပျောက်အောင် ဆားဖြန်းပါ
ဆားက ညစ်ပေနေတဲ့ ဆီတွေကို စုပ်ယူပါလိမ့်မယ်။ဆားဖြန်းပြီးရင် ခဏစောင့်ပြီးမှ ခါလိုက်ပါ။ ကြီးမားတဲ့အစွန်းအထင်းတွေဆိုရင်တော့ လျှော်ဖို့ ပိုလွယ်ကူပြီး သေးငယ်တဲ့အစွန်းအထင်းဆိုရင်တော့ ပျောက်ကွယ်သွားပါလိမ့်မယ်။
၃။ လက်သည်းဆိုးဆေးခြောက်သွားရင် လက်သည်းဖျက်ဆေးနှင့် ရောနိုင်ပါတယ်
လက်သည်းဆိုးဆေးတွေ ခြောက်နေရင် စိတ်မပူပါနဲ့။ လက်သည်းဖျက်ဆေးအနညး်ငယ်ကို ထည့်ပေးပါ။ လက်သည်းဖျက်ဆေးကို သတိထားပြီးထည့်ပေးပါ။ များသွားရင် လက်သည်းနီအရည်ကြဲသွားပါလိမ့်မယ်။
၄။ တူးကပ်သွားတဲ့ ဒယ်အိုးကို အလွယ်တကူသန့်စင်ဖို့ ပွတ်ပွက်ဆူနေတဲ့ ဆားရေထည့်ပါ
သင့်ဟင်းချက်တဲ့ ဒယ်အိုးတွေ၊ ဒန်အိုးတွေ တူးကပ်ပြီး မည်းနေပါက ဆားခပ်များများထည့်ပြီး ရေနှင့် ၁၅မိနစ် မိနစ်၂ဝလောက် ဆူအောင်ပြုတ်ပေးပါ။
၅။ နိုကိုဥ ဒါမှမဟုတ်ဘယ်ရီသီးဖျော်ရည်မှ သင့်လက်တွေကို ပေတဲ့အခါ သန့်ရှင်းဖို့ သံပုရာသီးကိုသုံးပါ
သာမန်ဆပ်ပြာက ခရမ်းရောင် အရောင်ကို လွယ်လွယ်နဲ့ မကျွတ်စေပါဘူး။ နိုကိုဥ သို့မဟုတ် ဘယ်ရီးသီးတွေက အစွန်းအထင်းတွေကို ဖယ်ရှားဖို့ဆို သံပရာရည်ကို အသုံးပြုတာက ပိုကောင်းပါတယ်။ သံပုရာသီးခြမ်းနဲ့ သင့်လက်တွေကို ပွတ်တိုက်ပေးနိုင်ပါတယ်။
၆။ ဥတွေပြုတ်တဲ့အခါ ဆားထည့်ပေးပါ။
ဆားက ကြက်ဥ၊ ဘဲဥတွေပြုတ်တဲ့အခါ ကွဲပြီး အကာတွေထွက်ခြင်းကနေ တားဆီးပေးပါတယ်။ ဒါ့ကြောင့် ဆားထည့်ပြုတ်ပေးပါ။
၇။ ပေါင်မုန့်လှီးတဲ့အခါ ဖွာမထွက်အောင် ဓါးကို ပွတ်ပွတ်ဆူနေတဲ့ ရေထဲ နှစ်ပေးပါ
ဓါးကို ပွတ်ပွတ်ဆူနေတဲ့ ရေထဲနှစ်ပြီး ပေါင်မုန့်လှီးတဲ့အခါ လတ်ဆတ်တဲ့ ပေါင်မုန့်အချပ်တွေ ဖွာမထွက်တော့ပါဘူး။
၈။ အာလူးက အင်းဆက်ပိုးမွှားကိုက်လို့ ယားယံခြင်းနှင့် ရောင်ရမ်းခြင်းကို ဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်
အာလူးအသေးတစ်လုံးကို ခြမ်းပါ။ အနာပေါ်သို့ အာလူးခြမ်းကိုအုပ်ပြီး ပတ်တီးစီးပေးပါ။ အာလူးက ယားယံခြင်းနှင့် ရောင်ရမ်းမှုကို လျှော့ချပေးပြီး အနာအမြန်ကျက်စေပါတယ်။ အာလူးက တစ်ခုခုကိုက်လို့ ယားယံခြင်းကို သက်သာစေပါတယ်။
#LM_Nandar
#Lifestyle_Myanmar
Source-Brightside
LEAVE A REPLY
Please enter your comment!
Please enter your name here