အိမ္မွာ ကိုယ့္ဘာသာအလြယ္တကူ ျပဳလုပ္ႏိုင္မယ့္ လက္သည္းဒီဇိုင္းေလးေတြ

0
965
လက္သည္းဒီဇိုင္း

လက္သည္းပံုေဖာ္ရတာ ႀကိဳက္ႏွစ္သက္တဲ့ ပ်ိဳေမတို႔အတြက္ ဆိုင္သြားစရာမလိုပဲ ကိုယ့္ဘာသာအိမ္မွာ စိတ္ႀကိဳက္ပံုေဖာ္လို႔ရမယ့္ လက္သည္းဒီဇိုင္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ဒီလက္သညး္ဒီဇိုင္းေလးေတြက လြယ္ကူရိုးရွင္းၿပီး အရမ္းလွတဲ့ ဒီဇိုင္းေလးေတြပါ။ ပ်ိဳေမတို႔လည္း ႀကိဳက္ႏွစ္သက္မယ္လို႔ ထင္ပါတယ္။

-Advertisement-

၁။ Highlighters နဲ႔ကိုယ္ပိုင္လက္သည္းဒီဇိုင္းျပဳလုပ္နည္း


ေရာင္စံုျခယ္တဲ့ Highlighters ေလးေတြကို သင့္လက္သညး္ေပၚမွာ အသံုးျပဳႏိုင္ပါတယ္။ ေအာက္ခံအျဖစ္ လက္သည္းနီအျဖဴေရာင္ေလး အရင္ဆိိုးပါ။ သင့္လက္သညး္ေပၚမွာ သင္ႏွစ္သက္တဲ့ အေရာင္ Highlighters ေလးနဲ႔ အစက္လိုက္ခ်ပါ။ ၿပီးမွ အေရာင္ေလးေတြ ၿမဲေနေစဖို႔ အေပၚက top coat ေလးတင္ေပးပါ။

၂။ ေရျမဳပ္တံုးနဲ႔ လက္သည္း ဒီဇိုင္းေဖာ္နည္း


အသံုးမျပဳေတာ့တဲ့ မိတ္ကပ္ေရျမဳပ္ေဟာင္းတစ္ခုရွိရင္ ရပါတယ္။ ပထမဆံုး ေရျမဳပ္ေပၚမွာ သင္ေရြးခ်ယ္ထားတဲ့ အေရာင္ေလးေတြျခယ္ပါ။ ၿပီးမွ သင့္လက္သည္းေတြေပၚကို ေရျမဳပ္တံုးေလးနဲ႔ ဖိကပ္လိုက္ပါ။ အေရာင္ေတြ လက္သည္းေပၚမွာ solid ျဖစ္ၿပီး ထူထူေလးရဖို႔ ၂ထပ္၃ထပ္ေလာက္ ျပဳလုပ္ေပးပါ။ top coat ေလးနဲ႔ အၿပီးသတ္ၿပီး လက္သည္းေဘးပတ္ပတ္လည္က ေပေနတာေတြကို လက္သည္းဖ်က္ေဆးေလးနဲ႔ သန္႔ရွင္းေပးပါ။

၃။ လက္သည္းေပၚမွာ ရိုးရိုးရွင္းရွင္းေလးနဲ႔ ခ်စ္စရာေကာင္းတဲ့ ဖဲပြင့္ဒီဇိုင္းေဖာ္နည္း


ဖဲျပားပြင့္ေဖာ္ဖို႔ လိုအပ္တာကေတာ့ ဆိုဒ္မတူတဲ့ ဘရပ္ေလးေတြနဲ႔ အေရာင္ ၃ေရာင္ပါ။ ပထမဆံုး သင့္လက္သည္းေပၚမွာ ေအာက္ခံအေရာင္ေလးျခယ္ပါ။ အလ္ယ္မွာ အစက္တစ္စက္ခ်ၿပီး ဖဲျပားပံုေဖာ္ပါ။ Xပံုေလးမွာ ေဘးတစ္ဖက္စီကို အနက္ေရာင္ေလးနဲ႔ Outline ထည့္ေပးပါ။ အေရာင္တူနဲ႔ပဲ ဖဲျပားေလးကို ျဖည့္ပါ။ Outline ကာလာထည့္တဲ့အခါ ဘရပ္ေသးေသးေလးကိုသံုးပါ။ အၿပီးသတ္ကိို top coat ေလးနဲ႔တင္ေပးပါ။

၄။ လက္သည္းေပၚမွာ မီးရႈးမီးပန္းဒီဇိုင္း ပံုေဖာ္နည္း


ဒါကေတာ့ ပါတီပြဲတတ္ဖို႔အတြက္ လက္သည္းဒီဇိုင္းေလးပါ။ သင္လိုခ်င္တဲ့အေရာင္ေလးေတြ ေရြးခ်ယ္ပါ။ အျဖဴေရာင္က အေကာင္းဆံုး ေရြးခ်ယ္စရာ ျဖစ္ေပမယ့္ ေနာက္ခံကို perfect ျဖစ္ေစဖို႔ ေအာက္ခံအျဖစ္ အနက္ေရာင္ေလးကို သံုးေပးပါ။ base color ဆိုးပါ။ အေရာင္လက္လက္ လက္သည္းနီႏွင့္ အလယ္မွာ အစက္ေလးခ်ေပးပါ။ ၿပီးမွအလယ္စက္ေလးကေန သြားၾကားထိုးတံတစ္ခုခုနဲ႔ မီးရႈးမီးပန္းဒီဇိုင္း လိုင္းေလးေတြ ဆြဲပါ။

၅။ အေရာင္လက္လက္ေလးေတြနဲ႔ အစက္လက္သည္းဒီဇိုင္းေဖာ္နည္း


နီညိဳေရာင္ကို base color အျဖစ္သံုးပါ။ အေရာင္လက္္လက္ လက္သညး္နီေလးနဲ႔ စက္ဝို္ငးပံု အစက္ေလးေတြ လိုက္ခ်ပါ။ Opposite ဒီဇိုင္းအျဖစ္ လက္သူၾကြယ္ကိုေတာ့ အေရာင္လက္လက္ေလးေတြကို base color အျဖစ္သံုးၿပီး နီညိဳေရာင္ အစက္ေလးေတြ ခ်ေပးပါ။


#Lifestyle_Myanmar
#LM_Nandar
Source-herstyle

Unicode

အိမ်မှာ ကိုယ့်ဘာသာအလွယ်တကူ ပြုလုပ်နိုင်မယ့် လက်သည်းဒီဇိုင်းလေးတွေ
လက်သည်းပုံဖော်ရတာ ကြိုက်နှစ်သက်တဲ့ ပျိုမေတို့အတွက် ဆိုင်သွားစရာမလိုပဲ ကိုယ့်ဘာသာအိမ်မှာ စိတ်ကြိုက်ပုံဖော်လို့ရမယ့် လက်သည်းဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလက်သညး်ဒီဇိုင်းလေးတွေက လွယ်ကူရိုးရှင်းပြီး အရမ်းလှတဲ့ ဒီဇိုင်းလေးတွေပါ။ ပျိုမေတို့လည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။
၁။ Highlighters နဲ့ကိုယ်ပိုင်လက်သည်းဒီဇိုင်းပြုလုပ်နည်း
ရောင်စုံခြယ်တဲ့ Highlighters လေးတွေကို သင့်လက်သညး်ပေါ်မှာ အသုံးပြုနိုင်ပါတယ်။ အောက်ခံအဖြစ် လက်သည်းနီအဖြူရောင်လေး အရင်ဆိိုးပါ။ သင့်လက်သညး်ပေါ်မှာ သင်နှစ်သက်တဲ့ အရောင် Highlighters လေးနဲ့ အစက်လိုက်ချပါ။ ပြီးမှ အရောင်လေးတွေ မြဲနေစေဖို့ အပေါ်က top coat လေးတင်ပေးပါ။
၂။ ရေမြုပ်တုံးနဲ့ လက်သည်း ဒီဇိုင်းဖော်နည်း
အသုံးမပြုတော့တဲ့ မိတ်ကပ်ရေမြုပ်ဟောင်းတစ်ခုရှိရင် ရပါတယ်။ ပထမဆုံး ရေမြုပ်ပေါ်မှာ သင်ရွေးချယ်ထားတဲ့ အရောင်လေးတွေခြယ်ပါ။ ပြီးမှ သင့်လက်သည်းတွေပေါ်ကို ရေမြုပ်တုံးလေးနဲ့ ဖိကပ်လိုက်ပါ။ အရောင်တွေ လက်သည်းပေါ်မှာ solid ဖြစ်ပြီး ထူထူလေးရဖို့ ၂ထပ်၃ထပ်လောက် ပြုလုပ်ပေးပါ။ top coat လေးနဲ့ အပြီးသတ်ပြီး လက်သည်းဘေးပတ်ပတ်လည်က ပေနေတာတွေကို လက်သည်းဖျက်ဆေးလေးနဲ့ သန့်ရှင်းပေးပါ။
၃။ လက်သည်းပေါ်မှာ ရိုးရိုးရှင်းရှင်းလေးနဲ့ ချစ်စရာကောင်းတဲ့ ဖဲပွင့်ဒီဇိုင်းဖော်နည်း
ဖဲပြားပွင့်ဖော်ဖို့ လိုအပ်တာကတော့ ဆိုဒ်မတူတဲ့ ဘရပ်လေးတွေနဲ့ အရောင် ၃ရောင်ပါ။ ပထမဆုံး သင့်လက်သည်းပေါ်မှာ အောက်ခံအရောင်လေးခြယ်ပါ။ အလ်ယ်မှာ အစက်တစ်စက်ချပြီး ဖဲပြားပုံဖော်ပါ။ Xပုံလေးမှာ ဘေးတစ်ဖက်စီကို အနက်ရောင်လေးနဲ့ Outline ထည့်ပေးပါ။ အရောင်တူနဲ့ပဲ ဖဲပြားလေးကို ဖြည့်ပါ။ Outline ကာလာထည့်တဲ့အခါ ဘရပ်သေးသေးလေးကိုသုံးပါ။ အပြီးသတ်ကိို top coat လေးနဲ့တင်ပေးပါ။
၄။ လက်သည်းပေါ်မှာ မီးရှုးမီးပန်းဒီဇိုင်း ပုံဖော်နည်း
ဒါကတော့ ပါတီပွဲတတ်ဖို့အတွက် လက်သည်းဒီဇိုင်းလေးပါ။ သင်လိုချင်တဲ့အရောင်လေးတွေ ရွေးချယ်ပါ။ အဖြူရောင်က အကောင်းဆုံး ရွေးချယ်စရာ ဖြစ်ပေမယ့် နောက်ခံကို perfect ဖြစ်စေဖို့ အောက်ခံအဖြစ် အနက်ရောင်လေးကို သုံးပေးပါ။ base color ဆိုးပါ။ အရောင်လက်လက် လက်သည်းနီနှင့် အလယ်မှာ အစက်လေးချပေးပါ။ ပြီးမှအလယ်စက်လေးကနေ သွားကြားထိုးတံတစ်ခုခုနဲ့ မီးရှုးမီးပန်းဒီဇိုင်း လိုင်းလေးတွေ ဆွဲပါ။
၅။ အရောင်လက်လက်လေးတွေနဲ့ အစက်လက်သည်းဒီဇိုင်းဖော်နည်း
နီညိုရောင်ကို base color အဖြစ်သုံးပါ။ အရောင်လက််လက် လက်သညး်နီလေးနဲ့ စက်ဝို်ငးပုံ အစက်လေးတွေ လိုက်ချပါ။ Opposite ဒီဇိုင်းအဖြစ် လက်သူကြွယ်ကိုတော့ အရောင်လက်လက်လေးတွေကို base color အဖြစ်သုံးပြီး နီညိုရောင် အစက်လေးတွေ ချပေးပါ။
#Lifestyle_Myanmar
#LM_Nandar
Source-herstyle

LEAVE A REPLY

Please enter your comment!
Please enter your name here