အိပ်ရာထက်မှာ သင့်ရဲ့ လက်တွဲဖော်ကို ကျေနပ်နှစ်သက်စေဖို့အတွက် လုပ်ဆောင်သင့်တဲ့ အရာ (၁၂) ချက်
0
13321
၁၂။ အဝတ်ဗလာနဲ့နေပါ
LM_Naung_Naung
Lifestyle_Myanmar
Source
အိမ်ထောင်ရေးတစ်ခုသာယာဖို့အတွက် လိင်မှုကိစ္စမှာ စိတ်ကျေနပ်မှု ရှိခြင်းဟာလည်း အရေးကြီးတဲ့ အရာတစ်ခုပါ။ အိမ်ထောင်ရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတဖြစ်လို့ ယဉ်ကျေးမှု၊ ဓလေ့တွေကို ခဏမေ့ထားပြီး ဖတ်ရှုဖို့ကို သတိပေးပါရစေ။ အမျိုးသမီးတွေဟာ လိင်မှုကိစ္စနဲ့ ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုထက် သူမတို့ရဲ့ စိတ်ပိုင်းခံစားချက်က ပိုပြီးတော့ sensitive ဖြစ်ကြပါတယ်။ သင်ကအမျိုးသားဖြစ်တဲ့အတွက် အမျိုးသမီးတစ်ယောက်ရဲ့ ဆန္ဒကို ကောင်းစွာနားမလည်တဲ့အခါ အိမ်ထောင်ရေးသုခကို ပြည့်ဝစွာခံစားရမှာ မဟုတ်ပါဘူး။ သူမရဲ့လိုအပ်ချက်တွေကို ကောင်းစွာနားလည်မှသာလျှင် သာယာချမ်းမြေတဲ့ relationship ကိုပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
အိမ်ထောင်ရေးတိုင်းအတွက် လိင်မှုကိစ္စဟာ အရေးအကြီးဆုံးအခန်းကဏ္ဏကနေ ပါဝင်လျက်ရှိပါတယ်။ သင့်ရဲ့အမျိုးသမီးကို လိင်မှုဆိုင်ရာပမာဏနဲ့ ပတ်သတ်ပြီး ဘယ်လောက်ထိစိတ်ကျေနပ်မှု ရတယ်ဆိုတာကို သင်ခန့်မှန်းဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ယခုဖော်ပြမယ့် အရာတွေက သင့်တို့ရဲ့ ပတ်သတ်ဆက်နွယ်မှုကို ပိုပြီးထိရောက်စေနိုင်တဲ့အတွက် မျှဝေပေးပါရစေ။
၁။ အိပ်ခန်းအတွင်း ရောအပြင်မှာပါ သူမအပေါ် စိတ်ပြင်းပြမှုကို ပြသပါ
အပြင်မှာဆိုရင် သာမာန်ပုံစံနဲ့နေပြီး အိပ်ခန်းအတွင်းထဲရောက်မှ ထူးဆန်းစွာပြောင်းလဲသွားတဲ့ ပုံစံမျိုး မလုပ်ပါနဲ့။ သာမာန်အချိန်မှာရော အိပ်ခန်းအတွင်းမှာရော သူမအပေါ် ချစ်စိတ်ပြင်းပြမှုကို ပြသပေးပါ။
၂။ သူမရဲ့လိုအပ်ချက်တွေနဲ့ မျှော်လင့်ချက်တွေကို ကြိုတင်ပြီး နားလည်ပါစေ
သူမက သင့်ဆီကနေ ဘယ်လိုအရာတွေကို မျှော်လင့်နေလဲဆိုတာကို ကြိုတင်သိရှိထားခြင်းက သူမကိုဘယ်လောက်ထိဂရုစိုက်နာလည်ကြောင်း ပေါ်လွင်စေပါတယ်။ သူမကိုပျော်ဖို့အတွက် ဘယ်လိုဆောင်ရွက်ပေးရမယ်ဆိုတာကို မေးဖို့ကိုလည်း ဝန်မလေးပါနဲ့။
၃။ စိတ်ကိုပွင့်လင်းစွာထားပြီး နှလုံးသားကစွန့်စားပါ
အတွေ့အကြုံအသစ်တွေကို သူမနဲ့အတူတူ ရှာဖွေကြည့်ဖို့အတွက် အမြဲတမ်းဆန္ဒရှိနေပါစေ။ စွန့်စားတတ်တဲ့ကောင်လေးကို သူမကနက်နက်ရှိုင်းရှိုင်းနဲ့ ကောင်းစွာနားလည်ပေးတတ်ပြီး သူမရဲ့သိချင်စိတ်ဟာလည်း ဘယ်တော့မှအထီးကျန်သလို ခံစားရမှာ မဟုတ်ပါဘူး။
၄။ သင့်ရဲ့ခံစားချက်တွေအကြောင်း ပြောပြပေးဖို့မမေ့ပါနဲ့
သင်တို့နှစ်ယောက် အတူတူနေတဲ့အချိန်လေးမှာ သင်ဘယ်လိုခံစားနေရတယ်ဆိုတာကို သူမသိရှိပါစေ။ သင်အမှန်တကယ် ကြိုက်နှစ်သက်ကြောင်းသဲလွန်စလေးပေးဖို့ မမေ့ပါနဲ့။
၅။ ရိုးသားစွာ တန်းတူညီမျှမှုနဲ့ သူမကိုဆက်ဆံပါ
သူမနဲ့ထိတွေ့တဲ့အချိန်တိုင်း သင့်ရဲ့ပျော်ပါးမှုနဲ့ လိင်ပိုင်းဆိုင်ရာကျေနပ်မှုအတွက် အရာဝတ္တုတစ်ခုပုံစံမျိုး လုံးဝစိတ်မထားသင့်သလို သူမကိုလည်း ယခုလိုစိတ်မျိုး လုံးဝမခံစားရပါစေနဲ့။ လူသားချင်း တူညီတဲ့စိတ်ထားတဲ့ သူမကိုအလိုရှိကြောင်း သူမစိတ်မှာ ခံစားရပါစေ။ ဖြစ်စဉ်တခုလုံးဟာ ကိုယ့်ရဲ့လက်တွဲဖော်အစစ်နဲ့ အချစ်ကိုအတူတကွဖန်တီးနေတဲ့ စိတ်မျိုးနှစ်ယောက်စလုံးမှာ ရှိဖို့လိုအပ်ပါတယ်။
၆။ သင့်ရဲ့ကာကွယ်ပေးမှုနဲ့ သူမရဲ့စိတ်ကိုလုံခြုံမှုရှိပါစေ
သူမကလေးယူဖို့အတွက် အဆင်သင့်မဖြစ်သေးရင် သင်နဲ့အတူနေတဲ့အခါ သူမစိတ်လုံခြုံစေဖို့အတွက် ကာကွယ်ပေးဖို့ မမေ့ပါနဲ့။ တကယ်လို့သူမအတွက် တားဆေးမရှိတဲ့အချိန်မျိုးမှာ ကွန်ဒုံးမပါပဲ ဆက်ဆံတာမျိုးမလုပ်ပါနဲ့။ ယခုလိုသင့်ရဲ့ ကာကွယ်ပေးမှုကြောင့် လိင်မှုကိစ္စအပေါ် သူမကောင်းစွာအာရုံစိုက်နိုင်ပြီး နှစ်ယောက်စလုံးပိုပြီးပျော်ရွင်ရပါလိမ့်မယ်။
၇။ နှစ်ယောက်စလုံး အထွတ်အထိပ်ရောက်ဖို့အတွက် သေချာပါစေ
တကိုယ်ကောင်းမဆန်ပါနဲ့။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် မြန်ဆန်စွာပြီးမြောက်ဖို့လွယ်ကူပြီး အကြိမ်ပေါင်းများစွာ ဖြစ်လေ့ရှိပါလိမ့်မယ်။ သင့်ကိစ္စပြီးမြောက်တဲ့အချိန်မှာ သူမကိုဒီအတိုင်းမထားခဲ့ပဲ ဆက်လက်နှိုးဆွပေးဖို့ အရေးကြီးပါတယ်။ နှစ်ဦးစလုံးပြီးမြောက်တဲ့အချိန်မှာလည်း သူမဘေးနားမှာ ခဏနေပြီး ကြင်နာမှုပြသပေးပါ။
၈။ ဦးဆောင်သူဟာလည်း ပြောင်းလဲမှုရှိပါစေ
နှစ်ယောက်စလုံးဟာ နေရာတသမတ်တည်းကနေ ကစားနေဖို့ မလိုအပ်ပါဘူး။ သင်ကတိုက်စစ်မှုးဖြစ်တဲ့အချိန်လည်း ရှိနိုင်သလို နောက်တန်းကနေလည်း နေပေးဖို့လိုအပ်ပါတယ်။ ဒီလိုနားလည်မှုရှိခြင်းက လုပ်ရိုးလုပ်စဉ်ကိစ္စတစ်ခုကို ခံစားချက်မတူညီစွာ ခံစားရစေပါတယ်။
၉။ အိပ်ခန်းကို အမြဲတမ်းသန့်ရှင်းအောင်ထားပါ
အမျိုးသမီးတွေရဲ့စိတ်ကို အနှောက်ယှက်နိုင်ဆုံးတစ်ခုကတော့ အရမ်းကိုရှုပ်ထွေးပြီး လေထုမကောင်းတဲ့ အိပ်ခန်းပါ။ ဒီလိုအခန်းမှာ သင်နဲ့အတူနေရင် သင့်ဆီကိုစိတ်ရောက်ရမယ့်အစား ရှုပ်ထွေးနေတာတွေကို ရှင်းဖို့နဲ့ အနံ့မကောင်းမှုအပေါ် အာရုံရောက်နေပါလိမ့်မယ်။
၁၀။ သူမကို တစ်ညလုံးအချိန်ဖြုန်းခွင့်ပေးပါ
သူမနဲ့အခုလိုအတူတူနေခြင်းဟာ လိင်မှုကိစ္စတစ်ခုတည်းအတွက်မဟုတ်ပဲ စိတ်အေးလက်အေးနဲ့သူမအတွက်အနားယူအပန်းဖြေနိုင်တဲ့ အချိန်အဖြစ် ခံစားရပါစေ သူမက မအိပ်သေးပဲ စကားတွေပြောချင်နေရင်လည်း နားထောင်ပေးလိုက်ပါ။
၁၁။ အတူမနေခင် အချိန်ပေးပြီးယုယပါ
မိန်းကလေးတစ်ယောက် ကိစ္စပြီးဖို့အတွက် အတူမနေခင် ယုယုယယနဲ့ ဖက်ခြင်းနမ်းခြင်းတွေက ထိရောက်တဲ့အရာဖြစ်ပါတယ်။ ဒါ့ကြောင့် သူမစိတ်ပြင်းပြလာတဲ့အချိန်ထိ သင်အချိန်ကြာကြာလေးပေးဖို့ လိုပါလိမ့်မယ်။
၁၂။ အဝတ်ဗလာနဲ့နေပါ
အဝတ်အားလုံးကို ချွတ်ရမှာ မကြောက်ပါနဲ့။ ဆိုလိုတာက သင့်အင်္ကျီ၊ ဘောင်းဘီနဲ့ ခြေအိတ်ပါမကျန် ချွတ်ပစ်ဖို့လိုအပ်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here