တစ်နေ့တာပင်ပန်းမူတွေ၊ စိတ်ဖိစီးမူတွေ၊ အိပ်ရေးပျက်တာတွေကြောင့် အိပ်ရာထတဲ့အချိန်မှာ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် အားအင်ရှိလာမယ့် အစားအစားတွေ လူကိုလန်းဆန်းစေမယ့် အစားအစာတွေ စားပေးဖို့လိုအပ်နေပါပြီ။
ကြက်
ကြက်ဥတစ်လုံးမှာ ပရိုတင်းနဲ့ အကျိုးပြုအဆီတွေပါဝင်ပြီး တစ်နေ့တာလုံးအတွက် တာရှည်ခံတဲ့ ခွန်အားပြည့်ခြင်းကို ရရှိနိုင်ပါတယ်။ ကြက်ဥဟာ သံဓာတ်၊ ဗီတာမင် ဒီ၊ ကိုလင်းဓာတ်၊ ဗီတာမင် ဘီတွဲ အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်အရင်းအမြစ် တစ်ခုဖြစ်ပါတယ်။ ကိုလက်စထရော လျှော့စားနေသူကလွဲလို့ မနက်စာမှာ ထည့်စားတဲ့အခါ ကြက်ဥအနှစ်ရော၊ အကာပါ စားပေးပါ။

ငှက်ပျောသီး
ငှက်ပျောသီးက လှုပ်ရှားသွားလာနေတဲ့ ခန္ဓာကိုယ်ကို လောင်စာဖြည့်ပေးမယ့် အစားအစာတစ်မျိုးပါပဲ။ ပိုတက်စီယမ်ကြွယ်ဝတဲ့ ဒီအသီးက အမျှင်ဓာတ်လည်းများတယ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် ဘီတွေ အများကြီးပါသေးတယ်။ ကြက်ဥနဲ့ ငှက်ပျောသီး၊ နို့ ပါတဲ့ မနက်စာကို စားမယ်ဆို ပိုပြီးပြည့်စုံတာပေါ့။ ငှက်ပျောသီးမှည့်က အစိမ်းထက် ခွန်အားပိုဖြစ်စေတယ်။

ထောပတ်သီး
ထောပတ်သီးမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အကျိုးပြုအဆီတွေကြွယ်ဝလို့ နာရီအတော်ကြာတဲ့အထိ ခန္ဓာကိုယ်ကို အားပြည့်နေစေမှာပါ။ အမျှင်ဓာတ်လည်း ပါဝင်မှုများလို့ သွေးတွင်းသကြားကို ထိန်းပေးနိုင်တယ်။ ထောပတ်သီးကို မနက်စာမှာ ထည့်စားတာ ဒါမှမဟုတ် ဖျော်ရည်တွဲသောက်တာလည်း အဆင်ပြေပါတယ်။

ဖရဲသီး
ရေဓာတ်မပြည့်ဝတဲ့အချိန်မျိုးမှာ လူကဘယ်လိုမှ နေလို့မကောင်းနိုင်ပါဘူး။ အရင်နေ့က ရေဓာတ်လုံလောက်အောင် မရရှိထားရင် ဒီလိုမနက်မှာ အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရေဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေကို စားပေးသင့်ပါတယ်။ ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့ ဖရဲသီးကို တစ်နေ့တာရဲ့ ဘယ်အချိန်မှာဖြစ်ဖြစ် စားပေးသင့်ပါတယ်။ ဗီတာမင်နဲ့သတ္တုဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအပြင် အမိုင်နိုအက်စစ်တွေလည်း ပါဝင်ပါတယ်။

Lifestyle_Myanmar
ref-medicalnewstoday