အိပ်ချင်နေတဲ့ တက္ကစီဒရိုင်ဘာအဘကို ပေးအိပ်ပြီး သူကိုယ်တိုင် ကားမောင်ပေးတဲ့ ခရီးသည်မလေး

0
1057
Christina Tan
Christina Tan

ဖီလစ်ပိုင်မှာ Christina Tan လို့ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ တက္ကစီတစ်စီးကို ငှားစီးခဲ့ပါတယ်။ သူငှားစီးတဲ့ တက္ကစီဒရိုင်ဘာဦးလေးကြီးဟာ အသက် ၇၀ အရွယ် အဘတစ်ယောက်ဖြစ်ပါတယ်။ အဆိုပါ အဘဟာ သူအရမ်းအိပ်ချင်နေတယ်လို့ ကားမောင်းဖို့အတွက်အဆင်မပြေကြောင်းပြောတဲ့အခါ ခရီးသည်အမျိုးသမီးက သူသွားချင်တဲ့နေရာကို သူကိုယ်တိုင်ဘဲ ကားကို မောင်းပြီး တက္ကစီသမားအဘကို ကားနောက်ခန်းမှာ အိပ်ခိုင်းလိုက်ပါတယ်။

-Advertisement-

ခရီးရောက်တဲ့အခါမှာတော့ တက္ကစီးမောင်းတဲ့ အဘကို ကျသင့်တဲ့ငွေကို ပေးပြီး အသက်ကို မေးလိုက်ပါတယ်။အသက် ၇၀ရှိပြီဆိုတာ သိတဲ့အခါ ကားကို အနားယူပြီးမှ ဆက်မောင်းဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဘဟာ owner ကြေးပေးရတာနဲ့ မိသားစုကို စားဖို့နေရေးအတွက်ရယ် အဆင်မပြေမှာဆိုးတယ်လို့ ပြောခဲ့ပါတယ်။

Christina ရဲ့ အဆိုအရ တက္ကစီသမားအဖိုးဟာ အရမ်းကို ပင်ပန်းနေတဲ့ပုံပေါက်ပြီး အရမ်းလည်း အိပ်ချင်နေပါတယ်။ သူပေးအိပ်လိုက်တဲ့ အချိန်မှာတော့ အဖိုးဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး ဟောက်တောင် ဟောက်နေပါတယ်။ ခရီရောက်ပြီး အဖိုးအိုနိုးလာတဲ့နောက်မှာတော့ Christina ဟာ အဖိုးအိုနဲ့ ဓာတ်ပုံအတူတူတွဲရိုက်ပြီး ဒီအဖြစ်အပျက်လေးကို facebook ပေါ်မှာ မျှဝေခဲ့ပါတယ်။

facebook သုံးစွဲသူတွေတော်တော်များများက သူမရဲ့ ကြင်နာတတ်တဲ့အကျင့်လေးကို ချီးကျူးပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။ လောကမှာ တကယ်လိုအပ်တဲ့အချိန်
ဘာလေးပဲဖြစ်ဖြစ်ကူညီလိုက်ရတာ တစ်ဖက်သူအတွက် တန်ဖိုးမဖြတ်နိုင်သလို ကိုယ့်အတွက်လည်း ဘာနဲ့မှ လဲလို့မရတဲ့ ကြည်နူးမှုမျိုးကို ခံစားစေရပါတယ်။

#Lifestyle_Myanmar

#Thar_Nage

သူ့တို့ကို ခြေထောက်နဲ့ကန်တဲ့ ကားပိုင်ရှင်ကို Suprise လုပ်ပေးလိုက်တဲ့ ခွေးလေးတွေ

Zawgyi font

အိပ္ခ်င္ေနတဲ့ တကၠစီဒရိုင္ဘာအဘကို ေပးအိပ္ၿပီး သူကိုယ္တိုင္ ကားေမာင္ေပးတဲ့ ခရီးသည္မေလး

ဖီလစ္ပိုင္မွာ Christina Tan လို႔ အမည္ရတဲ့ အမ်ိဳးသမီးတစ္ဦးဟာ တကၠစီတစ္စီးကို ငွားစီးခဲ့ပါတယ္။ သူငွားစီးတဲ့ တကၠစီဒရိုင္ဘာဦးေလးႀကီးဟာ အသက္ ၇၀ အရြယ္ အဘတစ္ေယာက္ျဖစ္ပါတယ္။ အဆိုပါ အဘဟာ သူအရမ္းအိပ္ခ်င္ေနတယ္လို႔ ကားေမာင္းဖို႔အတြက္အဆင္မေျပေၾကာင္းေျပာတဲ့အခါ ခရီးသည္အမ်ိဳးသမီးက သူသြားခ်င္တဲ့ေနရာကို သူကိုယ္တိုင္ဘဲ ကားကို ေမာင္းၿပီး တကၠစီသမားအဘကို ကားေနာက္ခန္းမွာ အိပ္ခိုင္းလိုက္ပါတယ္။

ခရီးေရာက္တဲ့အခါမွာေတာ့ တကၠစီးေမာင္းတဲ့ အဘကို က်သင့္တဲ့ေငြကို ေပးၿပီး အသက္ကို ေမးလိုက္ပါတယ္။အသက္ ၇၀ရွိၿပီဆိုတာ သိတဲ့အခါ ကားကို အနားယူၿပီးမွ ဆက္ေမာင္းဖို႔ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ အဘဟာ owner ေၾကးေပးရတာနဲ႔ မိသားစုကို စားဖို႔ေနေရးအတြက္ရယ္ အဆင္မေျပမွာဆိုးတယ္လို႔ ေျပာခဲ့ပါတယ္။

Christina ရဲ့ အဆိုအရ တကၠစီသမားအဖိုးဟာ အရမ္းကို ပင္ပန္းေနတဲ့ပုံေပါက္ၿပီး အရမ္းလည္း အိပ္ခ်င္ေနပါတယ္။ သူေပးအိပ္လိုက္တဲ့ အခ်ိန္မွာေတာ့ အဖိုးဟာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားၿပီး ေဟာက္ေတာင္ ေဟာက္ေနပါတယ္။ ခရီေရာက္ၿပီး အဖိုးအိုနိုးလာတဲ့ေနာက္မွာေတာ့ Christina ဟာ အဖိုးအိုနဲ႔ ဓာတ္ပုံအတူတူတြဲရိုက္ၿပီး ဒီအျဖစ္အပ်က္ေလးကို facebook ေပၚမွာ မၽွေဝခဲ့ပါတယ္။

facebook သုံးစြဲသူေတြေတာ္ေတာ္မ်ားမ်ားက သူမရဲ့ ၾကင္နာတတ္တဲ့အက်င့္ေလးကို ခ်ီးက်ဴးၿပီး မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ ေလာကမွာ တကယ္လိုအပ္တဲ့အခ်ိန္
ဘာေလးပဲျဖစ္ျဖစ္ကူညီလိုက္ရတာ တစ္ဖက္သူအတြက္ တန္ဖိုးမျဖတ္နိုင္သလို ကိုယ့္အတြက္လည္း ဘာနဲ႔မွ လဲလို႔မရတဲ့ ၾကည္ႏူးမွုမ်ိဳးကို ခံစားေစရပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here