အားကစားနယ်ပယ်မှာ ဆုတံဆိပ်ပေါင်း ၇၇၅ ခုကျော်ရရှိထားတဲ့ အသက် ၈၄ နှစ်အရွယ် အဖွား

0
9

အသက် ၈၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အဖွား Filion Meiler ဟာ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူတစ်ယောက်ပါ။ သူမဟာ အားကစားကို ဝါသနာကြီးသူတစ်ယောက်ဖြစ်ပြီး ယခုအချိန်ထိ အားကစားနယ်ပယ်အသီးသီးက ဆုပေါင်း ၇၇၅ ခုကျော်ကို ပိုင်ဆိုင်ထားသလို နောက်ထပ်ဆုတံဆိပ်တွေ ထပ်ပေါင်းထည့်နိုင်ဖို့အတွက် ယနေ့အချိန်ထိ ကြိုးစားနေဆဲသူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သူမဟာ ၂၀၁၉ ခုနှစ် ဇွန်လမှာကျင်းပမယ့် Senior Olympic ပြိုင်ပွဲကြီးအတွက်
ကြိုးစားလေ့ကျင့်နေလျက်ရှိပြီး သူမရဲ့ winner စံချိန်ကိုထပ်ချိုးနိုင်ဖို့အတွက် မျှော်လင့်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လက ပိုလန်နိုင်ငံမှာကျင်းပခဲ့တဲ့ World Masters Athletics Championships Indoor ပြိုင်ပွဲမှာလည်း အသက် ၈၀ ကနေ ၈၅ နှစ်အတွင်းယှဉ်ပြိုင်ရတဲ့ သက်ကြီးအားကစားမှာ ဆုတံဆိပ်ပေါင်း ၇ ခုကို ရယူနိုင်ခဲ့ပါသေးတယ်။ pole vault, pentathlon, high jump, hurdles, and the 4 x 200-meter relay) ပြိုင်ပွဲတွေမှာ ရွေတံဆိပ် ၇ခု ရရှိခဲ့သလို (triple jump and long jump)ပြိုင်ပွဲမှာတော့ ငွေတံဆိပ် ၂ ခုရရှိခဲ့ပါတယ်။

အဖွား Meiler ကို နယူးယောက်ပြည်နယ် Champlain ဆိုတဲ့လယ်တောမှာ မွေးဖွားကြီးပြင်းခဲ့ပြီး သူမငယ်ရွယ်စဉ်ကပင် ပင်ပန်းတဲ့အလုပ်တွေလုပ်ခဲ့တဲ့အတွက် ရုပ်ပိုင်းသန်မာခဲ့ပါတယ်။ အထက်တန်းကျောင်းရောက်တဲ့အခါမှာ ဘတ်စကတ်ဘော၊ ဂျွမ်းဘား၊ အကနဲ့ အေရိုးဗစ်တွေကို ဆော့ကစားခဲ့ပါတယ်။ ဒါ့အပြင် စန္ဒယားလည်း တီးခဲ့ပြီး glee club မှာနဲ့ ချက်စ်ကျောင်းမှာ တီးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ကျောင်းသူဘဝက အရမ်းအလုပ်များတဲ့ ကျောင်းသူတစ်ယောက်ဖြစ်ကြောင်းကိုလည်း သူမက ဝန်ခံခဲ့ပါသေးတယ်။

အရွယ်ရောက်လာတဲ့အချိန်မှာတော့ ရေလွှာလျှောစီးတဲ့ အားကစားကို ဆယ်စုနှစ်သုံးခုလောက် ဆော့ကစားခဲ့ပြီး ထိုအချိန်မှာပင် သူမရဲ့ခြေထောက်တွေနဲ့ လက်တွေဟာ အရမ်းအရမ်းကို သန်စွမ်းနေကြောင်း သူမကဆိုပါတယ်။ ယခုအချိန်မှာ သူမကိုကြည့်လိုက်ရင် အသက် ၇၀ လောက်ပဲထင်ရပြီး အရွယ်နဲ့မလိုက်အောင် လေ့ကျင့်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမက တစ်ရက်ကိုအနည်းဆုံးလေ့ကျင့်ခန်း ၂နာရီပုံမှန်လုပ်ပြီး တပတ်ကို ၅ရက် လေ့ကျင့်ခန်းလုပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ နောက်ထပ်ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ အများကြီးထပ်မံဆွတ်ခူးနိုင်မယ်လို့ ယုံကြည်လျှက်ရှိပြီး သူမရဲ့ဇွဲနဲ့စိတ်ဓါတ်က လေးစားအတုယူစရာကောင်းလှပါတယ်။
LM_Naung_Naung
Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here