အသဲကွဲပြီးနောက် ပြန်လည်ရှင်သန်နိုင်အောင် ဘယ်လိုလုပ်မလဲ

အသဲကွဲပြီးနောက် ပြန်လည်ရှင်သန်နိုင်အောင် ဘယ်လိုလုပ်မလဲ

0
38

လမ်းခွဲတယ်ဆိုတာ လွယ်ကူတဲ့ အရာတစ်ခုတော့မဟုတ်ပါဘူး။ သင့်အနေနဲ့ လူတစ်ယောက်နဲ့ အချိန်အများကြီးပေးပြီး သင့်ရဲ့ တစ်ယောက်သောသူအဖြစ် ရွေးချယ်ထားပြီးမှ လက်တွဲဖြုတ်သွားတာမျိုး၊ ဘ၀မှာ ဘယ်တုန်းကမှ မတွေ့ခဲ့ဘူးသလို ပြတ်စဲသွားတာဟာ သိပ်ရင်နာစရာကောင်းပါတယ်။ လမ်းခွဲပြီး ပြန်လည်ရှင်သန်အောင်လုပ်တဲ့နေရာမှာ အဆင့်များစွာရှိပါတယ်။ ဘယ်သူမှတော့ မလွယ်ကူကြပါဘူး။ ဒါပေမယ့် အားလုံးဟာ ဒါတွေကို ဖြတ်သန်းကြရပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ အဆင့်တိုင်းကို လျင်မြန်စွာနှင့် ထိရောက်စွာဖြတ်သန်းဖို့ လျှို့၀ှက်ချက်တွေကို သိမယ်ဆိုရင် သင့်အနေနဲ့ သင့်ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လက်ဖြတ်သန်းနိုင်ပါလိမ့်မယ်။ အဲ့ဒီ့အတွက် Lifestyle Myanmarကနေ ကူညီပေးချင်ပါတယ်။

-Advertisement-

အစပိုင်း နာကျင်မှုကို အရင်ဖျောက်ပါ

အစပိုင်းမှာ ငိုကြွေးခြင်း၊ တစ်ယောက်တည်း ကမ္ဘာပျက်ခြင်းနှင့် တစ်ချိန်က နှစ်ယောက်အတူ ဆိုတဲ့အရာတွေက နာကျင်ကိုက်ခဲဖွယ်အဆင့်အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါတွေကို ဖြတ်သန်းဖို့ အကောင်းဆုံးနည်းတစ်ခုက ဒါတွေအားလုံးကို သင့်ခေါင်းထဲကရော၊ သင့်နှလုံးသားထဲပါ ထုတ်ပစ်ဖို့။ ငိုယိုနေတဲ့ သင့်ရဲ့ အသံတွေအားလုံးကို သင်ကိုယ်သင် သတိထားပြီး ခံစားပါ။ ဒါပေမယ့် ဒါကြီးကို ဆုပ်ကိုင်ထားပြီး ရှေ့ဆက်နေခြင်းက သင့်ဘ၀တိုးတက်မှုကို နှောင့်နှေးစေပြီး သင့်ကိုယ်သင် နာကျင်မှု ဆူးတောထဲ နှစ်ချနေသလိုပါပဲ။

သင့်ကိုယ်သင်သိပါ

အရာရာတိုင်းကို ငိုကြွေးခံစားနေမယ်ဆိုရင် နေမကောင်းဖြစ်ပြီး သင်ရူးသွားနိုင်ပါတယ်။ သင်ဟာ အရမ်း၀မ်းနည်း၊ ရူးသွပ်တယ် ပြီးတော့ အချိန်တွေကုန်သွားတယ်။ သင့်အနေနဲ့ သူ့ရဲ့ ပုံရိပ်တွေ ၊ သင်နဲ့ကျန်ရစ်ခဲ့တဲ့ အမှတ္တရသေးသေးလေးကအစ သင့်နှလုံးသားကို လောင်ကျွမ်းစေပါတယ်။ ဒါ့ကြောင့် ဒါတွေ ကျော်လွှားဖို့ အကောင်းဆုံးနည်းလမ်းက သင့်ရဲ့ အချိန်ကို အကျိုးရှိရှိအသုံးချဖို့ပါ။ အထူးသဖြင့် သင့်ရဲ့ ဒေါသတွေ၊ ၀မ်းနည်းပူဆွေးမှုတွေ သက်သာစေနိုင်သော အရာတစ်ခုခု၊ ဥပမာ-အားကစားခန်းမထဲ၀င်ပါ။ ၀ါသနာအသစ်တစ်ခု ရွေးပါ။ (သို့) သူငယ်ချင်းများနှင့် ဟာသကြည့်ပါ။ ဒီလှုပ်ရှားမှုအားလုံးဟာ သင့်ရဲ့ ဒေါသတွေကိုလျော့ပါးစေနိုင်သော နည်းလမ်းတွေဖြစ်ပြီး သင်ကိုယ့်သင်သိအောင်လည်း ကူညီပေးနိုင်သောအရာတွေပါ။

ကိုယ်ပိုင်ဖြစ်လာတယ်လို့ ခံစားခြင်း

relationshipတစ်ခုကနေ ပြန်ခုန်ထွက်သွားတယ်ဆိုတာ သင့်ရဲ့ အချိန်နဲ့ မထိုက်တန်လို့ ဆိုတာ သင့်အနေနဲ့ သဘောပေါက်လာခဲ့တယ်။ အဲ့ဒီ့အခါမှာ သင်ကိုယ်တိုင် perfectဖြစ်ပြီးတော့ ကောင်းမွန်စွာရပ်တည်နိုင်တာကြောင့် ဘယ်သူ့ကိုမှ မလိုအပ်ဘူးဆိုတဲ့ အဆင့်အထိ ရောက်သွားပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ပျော်ရွှင်ခြင်းအတုကို ဖန်တီးနေတာဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ ပျော်ရွှင်ဖို့ ဒီလူမှ ဒီလူဆိုတာမျိုးတော့ မလိုအပ်ပါဘူး။ သင့်အနေနဲ့ ခံစားချက်တွေရဲ့ ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ တစ်ယောက်ယောက်နှင့် စကားပြောခြင်းနှင့် ဒီအဆင့်ကို ဖြတ်သန်းပါ။

သင့်ကိုယ်သင်လက်ခံခြင်း

နောက်ဆုံးမှာ အရူးအမူးစိတ်လှုပ်ရှားဖွယ်ကောင်းသော ပြိုကွဲလမ်းခွဲခြင်းက သင့်အတွက် အကောင်းဆုံးဖြစ်လာစေဖို့ ဆိုတာ သင်တွေ့လာပါလိမ့်မယ်။ နောက်ပြီး တစ်နေ့မှာ သင်ဟာ သင်ရဲ့ စစ်မှန်သော ချစ်ခြင်းမေတ္တာဆီကို သွားစေမယ့်လမ်းကြောင်း။ သင့်ကိုယ်သင်လက်ခံလိုက်တဲ့အခါ သူတို့ကို ကျော်ဖြတ်နိုင်ပြီးတော့ အချိန်မရွေးပျော်ရွှင်ဖို့ သင့်အနေနဲ့ အကောင်းဆုံးနည်းလမ်းကို တွေ့ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့ ခွဲခွာခြင်းဆိုတာ ခြွင်းချက်မရှိဘဲ ရှုပ်ထွေးပြီး နာကျင်စေပါတယ်။ ဒါပေမယ့်လည်း ဒီခံစားချက်တွေထဲမှာ နှစ်မြှပ်ပြီး မနေသင့်ပါဘူး ။ အခု ကျွန်မပြောခဲ့တဲ့ အချက်အလက်လေးတွေကို ကြိုးစားပြီး ပြောင်းလဲကြည့်ပါ။ အသဲကွဲပြီး အကောင်းဆုံးပြန်လည်ရှင်သန်နိုင်ကြပါစေ။

Lifestyle_myanmar

Nyein_Thu

sources-yourtango

LEAVE A REPLY

Please enter your comment!
Please enter your name here