
0
51



Ref-NowThis Future
#Thar_Nage

လေးစားအားကျစရာကောင်းတဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ အမှိုက်သိမ်းနည်းစနစ်နဲ့ သူတို့ရဲ့ နည်းပညာ(ရုပ်သံ)


Unicode

အသုဘဇာပနအခမ်းအနားတွေမှာဘုန်းတော်ကြီးအစား သရဏဂုံတင်ပေးနိုင်တဲ့စက်ရုပ်ကိုအစားထိုးအသုံးပြု
ဂျပန်နိုင်ငံမှာ အသုဘချဖို့ကို စက်ရုပ်က ဦးဆောင်လမ်းပြပေးနိုင်ပါတယ်။ ဒါကြောင့် အသုဘတစ်ခုတွင် ဘုန်းတော်ကြီး/ ခရစ်ယာန်ဘုန်းကြီးအစား စက်ရုပ်ကို အစားထိုးအသုံးပြုလာကြပါတယ်။ ဒီစက်ရုပ်ကို PEPPER လို့ ခေါ်ပါတယ်။ အဆိုပါ စက်ရုပ်တွေကို စားသောက်ဆိုင်များ၊ ဆေးရုံများ စတဲ့ နေရာတော်တော်များများမှာ ဝန်ဆောင်မှုပေးခြင်းအလုပ်များလဲ လုပ်ကိုင်နိုင်ပြီး ယခုအခါမှာတော့ ဗုဒ္ဓဘာသာ အသုဘ တစ်ခုမှာ ဘုန်းတော်ကြီး/ ခရစ်ယာန်ဘုန်းကြီးနေရာမှာ အဆိုပါ စက်ရုပ်က အစားထိုးလုပ်ဆောင်နေပါတယ်။

အဆိုပါ အသုဘ အခမ်းအနားအတွက် ၄၅၀ ဒေါ်လာလောက်ပဲကုန်ကျတာကြောင့် လူဘုန်းတော်ကြီး/ ခရစ်ယာန်ဘုန်းတော်ကြီးထက်တော့ ကုန်ကျစရိတ်အများကြီးသက်သာစေပါတယ်။ ဒေါ်လာ ၂၀၀၀ လောက်ကုန်ကျမယ့်နေရာမှာ အများကြီးသက်သာတာကြောင့် တိုင်းပြည့်ရဲ့ဘဏ္ဍာရေးအတွက်လဲ ချွေတာရာရောက်ပါတယ်။ ဒါပေမဲ့ စက်ရုပ်ဟာ ဝိညာဉ်နဲ့ လူခန္ဓာကိုယ် မဟုတ်တာကြောင့် ဂျပန်နိုင်ငံရဲ့အသက်ကြီးရွယ်အိုအချို့ကတော့ ဒီလိုပြုလုပ်တဲ့ ကိစ္စကို သံသယရှိကြပါတယ်။

နိုင်ငံခြားသားတစ်ရောက်ရဲ့ အမြင်ကတော့ စက်ရုပ်ကို ဘာသာရေးအတွက် ပါဝင်ပတ်သက်နေဒါဟာနောက်ဆုံးမှာ နည်းပညာနဲ့ ဘာသာရေး မကြာခဏ အချင်းချင်းဆန့်ကျင်မှုတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒါပေမဲ့ ဂျပန်နည်းပညာမှာ ဘာသာရေးပါပြီး အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေလည်းဖြစ်ပေါ်နိုင်ပါတယ်။
Ref-NowThis Future
#Thar_Nage

LEAVE A REPLY

Please enter your comment!
Please enter your name here