အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွေကို ကြာကြာလတ်ဆတ်အောင် ထိန်းသိမ်းဖို့ နည်းလမ်း (၁၅)ခု

0
384

အိမ်တွေမှာ အသီးအရွက်တွေ ဝယ်ထားပြီးရင် စားလို့မကုန်တာကြောင့်၊ နွမ်းသွားတာကြောင့် လွှင့်ပစ်လိုက်ရတာ မကြာခဏဆိုသလိုပါပဲ။ ခုလိုပူပြင်းတဲ့ ရာသီမှာ ပိုဆိုးပါတယ်။ ရေခဲသေတ္တာထဲထည့်ထားပြန်ရင်လည်း မီးကခဏခဏပျက်တာကြောင့် အလုပ်မဖြစ်ပါဘူး။ အစားအစာတွေ မလတ်ဆတ်လို့ လွှင့်ပစ်ရတဲ့အခါ အိမ်ရှင်မတွေအတွက် အရမ်းနှမျောရပါတယ်။ ဒါ့ကြောင့် အသီးအရွက်တွေကို အစိမ်းအတိုင် းလတ်လတ်ဆတ်ဆတ် ထားလို့ရမယ့် နည်းလမ်းလေးတွေကို ရှာဖွေပြီး မျှဝေပေးလိုက်ပါတယ်။

၁။ ငှက်ပျောသီးတွေကို ကြာကြာခံအောင် အလူမီနီယံသတ္တုပါး သို့ ပလတ်စတစ်အကြည်နှင့် အညှာကို ထုပ်ပိုးထားပါ

ငှက်ပျောသီးတွေဟာ ရင့်တဲ့ကာလမှာ ethylene ဓါတ်ငွေ့ ထုတ်လုပ်ပါတယ်။ ပလတ်စတစ် သို့ အလူမီနီယံခဲပတ်နှင့် အညှာကို ဖုံးအုပ်ထားခြင်းဖြင့် အရမ်းမပျော့ပြဲသွားအောင် တားဆီးနိုင်ပါတယ်။
ဒီနည်းလမ်းက ငှက်ပျောသီးကို ၄-၅ရက်လောက် လတ်ဆတ်စေပါတယ်။

၂။ကြက်သွန်နီကို ကြာကြာခံအောင် နိုင်လွန်ခြေအိတ်ရှည်ထဲ ထည့်ထားတာ

အစိုဓါတ်အရမ်းများတာက ကြက်သွန်တွေကို ခဏလေးနဲ့ ပုပ်သွားစေနိုင်ပါတယ်။ ကြက်သွန်နီတွေကို အလင်းရောင်နည်းနည်းရပြီး အေးမြတဲ့နေရာမှာ ထားတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကြက်သွန်နီတွေကို နိုင်လွန်စတော်ကင်အဟောင်းထဲမှာ ထည့်ပြီး ချိတ်ထားတာကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။
ဒီနည်းလမ်းအတိုင်းထားပေးရင် ကြက်သွန်နီတွေကို ၆လကနေ ၈လအထိ သိုလှောင်ထားလို့ရနိုင်ပါတယ်။

၃။ ကြက်သွန်ဖြူက စိုထိုင်းဆနိမ့်ပြီး မှောင်တဲ့နေရာကို နှစ်သက်ပါတယ်

ကြက်သွန်ဖြူကို သိမ်းဆည်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဘူးတစ်ခုထဲမှာ ထည့်ထားတာ သို့မဟုတ် ခြောက်သွေ့ပြီး မှောင်တဲ့နေရာဖြစ်တဲ့ စက္ကူအိတ်တစ်ခုထဲမှာ ထည့်ထားတာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူဥတွေကို နဂိုအတိုင်း သိမ်းဆည်းထားလျှင် ၂လအထိ ကြာရှည်ခံနိုင်ပါတယ်။ ကြက်သွန်ဖြူအမွှာတွေကို ခွဲထားရင်တော့ ၃ရက်မှ ၁၀ရက်အထိ ထားလို့ရပါတယ်။

၄။ ပင်စိမ်း၊ ပူစီနံ၊ ကညွတ်၊ နံနံပင် စတာတွေကို ကြာကြာခံအောင် ရေမဆေးဘဲ ရေဖန်ခွက်ထဲထည့်ထားပါ

သူတို့ကို ရေခဲသေတ္တာထဲမှာ မထားချင်ဘူးဆိုရင် ပန်းတွေလို ရေဖန်ခွက်ထဲမှာ ထည့်ထားလို့ ရပါတယ်။
ဒီနည်းလမ်းက အရွက်တွေကို ၄ရက် ၅ရက်လောက် ကြာရှည်ခံနိုင်ပါတယ်။

၅။ အာလူးတွေကို မှောင်ပြီး အေးမြတဲ့နေရာမှာ ထားပါ

အာလူးတွေကို ပလတ်စတစ်အိတ်ထဲမှာ ထည့်ထားတာ ရှောင်ပါ။ အကောင်းဆုံးကတော့ စက္ကူ (သို့) ပိုက်ကွက်အိတ်တွေထဲမှာ ထည့်ပါ။ သူတို့ကိုထိန်းသိမ်းဖို့ တခြားနည်းလမ်းက သတင်းစာတွေနဲ့ဖုံးပြီး ဇကာထဲမှာ ထည့်ထားတာ၊ အစိုဓါတ်စုပ်ယူတဲ့ စက္ကူထဲမှာ ထည့်ထားတာ ဖြစ်ပါတယ်။ သိုလှောင်မှု အပူချိန်ဟာ 44ºF မှ 51ºFအထိ ရှိရပါမယ်။ စနစ်တကျသိမ်းဆည်းထားရင် အာလူးတွေကို ၁ပတ် ၂ပတ်လောက် ကြာကြာထားလို့ရပါတယ်။

၆။ထောပတ်သီးတွေ မမှည့်ရင် သတင်းစာနှင့် ဖုံးအုပ်ထားပြီး စက္ကူအိတ်တစ်ခုထဲကို ထည့်ထားပေးပါ။

ထောပတ်သီးတွေ စိမ်းနေသေးလို့ဆိုပြီး ရေခဲသေတ္တာထဲသွားထည့်လိုက်ရင် မှည့်တော့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ထောပတ်သီးမှည့်အောင် သတင်းစာစက္ကူနဲ့ ပတ်ပြီး စက္ကူအိတ်ထဲမှာ ထည့်ထားပါ။ ပိုပြီးမြန်မြန်ရင့်ချင်ရင် စက္ကူအိတ်အတွင်းမှာ ငှက်ပျောသီးတစ်လုံးနှင့်အတူ ထည့်ထားပေးပါ။
စက္ကူအိတ်နှင့်ထည့်ထားရင် ၃-၅ရက်အတွင်း ရင့်မှည့်ပါတယ်
စက္ကူအိတ်ထဲမထည့်ထားရင် ၇ရက်အထိ ကြာပါတယ်။
ငှက်ပျောသီးနှင့်အတူ စက္ကူအိတ်ထဲထည့်ထားရင် ၂-၃ရက်အတွင်း မှည့်ပါတယ်။

၇။ ခရမ်းချဥ်သီးတွေကို အရသာပိုကောင်းအောင် ထိန်းသိမ်းဖို့ 50ºFထက် ပိုမြင့်တဲ့ အပူချိန်မှာ သိမ်းဆည်းသင့်ပါတယ်

ခရမ်းချဉ်သီးတွေ ပိုပြီးရင့်တာက အရသာ ပိုရှိစေပါတယ်။ ရေခဲသေတ္တာထဲထည့်ထားရင် အရသာ ဆုံးရှုံးပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးတွေကို 50ºFအထက် အပူချိန်တစ်ခုမှာ ထားဖို့ဖြစ်ပါတယ်။
သူတို့ရဲ့ သိုလှောင်မှုအချိန်က ဝယ်တဲ့အချိန်မှာ မှည့်/မမှည့်ပေါ်မူတည်ပြီး ၃ပတ်ကနေ ၂လအထိ ကွဲပြားနိုင်ပါတယ်။

၈။ မှိုတွေကို မဆေးဘဲ နံနံပင်နှင့်အတူ စက္ကူအိတ်ထဲမှာ ထည့်ပါ

မချက်သေးဘူးဆိုရင် မှိုတွေကို ရေမဆေးဖို့က အရေးကြီးပါတယ်။ ရေနှင့် ထိတွေ့ရင် မှိုက လုံးဝမခြောက်တဲ့အတွက် စိုထိုင်းထိုင်းဖြစ်နေပါလိမ့်မယ်။ မှိုတွေကို နံနံပင်တွေနှင့်အတူ စက္ကူအိတ်ထဲမှာ သိမ်းဆည်းဖို့ အကြံပြုပါတယ်။ ဒါကအင်တီအောက်ဆီဒင့်တစ်ခုအဖြစ် အလုပ်လုပ်ပြိး အစက်အပြောက်တွေပေါ်လာခြင်းကို ကာကွယ်ပေးပါတယ်။ပြီးမှ ရေခဲသေတ္တာထဲမှာ ထည့်သင့်ပါတယ်။
သိုလှောင်မှုအချိန် ၃ရက်မှ ၅ရက်။

၉။ စတော်ဘယ်ရီကို ပင်စည် မဖယ်ဘဲ ရှာလကာရည်အဖြူနှင့် ပိုးသတ်ပါ

စတော်ဘယ်ရီကို မစားခင် ဆေးကြောတာက ပိုကောင်းပါတယ်။ စတော်ဘယ်ရီသီးတွေကို ပိုးသတ်ဖို့ ရှာလကာရည် ၁ဆ၊ ရေ၂ဆ အသုံးပြုနိုင်ပါတယ်။ စတော်ဘယ်ရီသီးတွေကို အအေးခန်းထဲမှာ ထားမယ်ဆိုရင် ပင်စည်ကို ဖယ်ရှားပြီး လေလုံအိတ်တစ်ခုထဲမှာ ထည့်ပါ။ ရေခဲသေတ္တာထဲမှာ ဒီအတိုင်းထားမယ်ဆိုရင် ရေစစ်ဇကာတစ်ခုထဲမှာ ထည့်ထားပါ။
ရေခဲသေတ္တာထဲမှာဆိုရင် ၅ရက်ကနေ ၆ရက်အထိ ကြာရှည်ခံနိုင်ပါတယ်။
အအေးခန်းထဲမှာ ထားမယ်ဆိုရင် ၂လကနေ ၄လအထိ ကြာရှည်ခံနိုင်ပါတယ်။

၁၀။ ဆလတ်ရွက်၊ ဟင်းနုနွယ်ရွက်၊ ဂေါ်ဖီထုပ်တွေကို ပိုးသတ်ပြီးနောက် လတ်ဆတ်စွာ ထားဖို့ ထုပ်ပိုးထားပါ

ရေအေးများများနဲ့ အရွက်တွေကို ဆေးကြောပါ။ ရေခဲသေတ္တာထဲမထည့်ခင် လုံးဝခြောက်သွားအောင်ထားပါ။ ကျန်ရှိနေတဲ့ရေတွေကို ဖယ်ရှားပစ်ဖို့ ရေစုပ်စက္ကူနှင့်ပတ်ပြီးမှ ပလတ်စတစ်ဘူးအလွတ် သို့မဟုတ် လေလုံအိတ်ထဲမှာ ထည့်ထားနိုင်ပါတယ်။
သူတို့ကို စနစ်တကျ သိမ်းဆည်းလျှင် ၁ပတ်ကနေ ၂ပတ်အထိ ကြာကြာခံပါလိမ့်မယ်။

၁၁။ သံပုရာသီးက ခြမ်းထားပြီးသားဆိုရင် မလွှတ်ပစ်ပါနဲ့။ aluminum foil ထဲမှာ ပတ်ထားတာ သို့ ဆားဖြူးထားပါ

တခါတရံမှာ သံပုရာသီးကို တစ်ဝက်သာ အသုံးပြုတာကြောင့် တခြားတစ်ဝက်က မသုံးဖြစ်တဲ့အတွက် မှိုတတ်ပြီး အမှိုက်ပုံးထဲရောက်သွားတတ်ပါတယ်။ အကောင်းဆုံးကတော့ မသုံးသေးတဲ့တစ်ခြမ်းကို အလူမီနီယံသတ္တုပါးနှင့် ပတ်ထားပေးပါ။ နောက်တစ်နည်းက သံပုရာသီးပေါ်မှာ ဆားဖြူးပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ သုံးတော့မယ်ဆိုရင် ရေနှင့်ဆေးပြီး သုံးပါ။
တစ်လုံးလုံးထားလျှင် ၂ပတ်လောက် ကြာရှည်ခံပါတယ်
ခြမ်းထားလျှင် အရသာနှင့် အရောင်မပြောင်းဘဲ ၃ရက်အထိ ကြာရှည်ခံပါတယ်။

၁၂။ ထောပတ်သီးကို ခွဲပြီးနောက် လေသလပ်မခံပါနဲ့

ထောပတ်သီးကို ခွဲပြီး လေသလပ်ထားရင် အစိမ်းရောင်ကနေ ညိုသွားပါလိမ့်မယ်။ ကြာကြာထားလို့ရအောင် ထောပတ်သီးခြမ်းပေါ်မှာ စားသုံးဆီနည်းနည်းသုတ်ပေးတာ၊ သံပုရာရည်အနည်းငယ် သုတ်ပေးတာ ပြုလုပ်ထားပါ။
ဒီနည်းလမ်းက ထောပတ်သီးအရောင်ကို ၁ရက် ၂ရက်လောက် ထိန်းသိမ်းပေးထားနိုင်ပါတယ်။

၁၃။ အခွံနွှာထားတဲ့ အာလူးကို ထိန်းသိမ်းဖို့ ရေနှင့် ရှာလကာရည်အဖြူထည့်ထားတဲ့ ဘူးထဲမှာ ထည့်ပါ

အာလူးက အခွံနွှာထားပြီးရင် မြန်မြန် အရောင်ပြောင်းပါတယ်။ ဒါကို ကာကွယ်ဖို့ ရှာလကာရည်အဖြူအစက်အနည်းငယ်နှင့် ရေထည့်ထားတဲ့ ဘူးထဲမှာ ထည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပါ။
သိုလှောင်မှုအချိန် ၃ရက်ကနေ ၄ရက်အထိ

၁၄။ ငှက်ပျောသီး အရမ်းမှည့်နေရင် ဖျော်ရည်လုပ်သောက်ဖို့ အအေးခန်းထဲမှာ ထည့်နိုင်ပါတယ်

ငှက်ပျောသီးအမှည့်ကို သိမ်းဆည်းဖို့ အခွံနွှာပြီး အပိုင်းလေးတွေလှီးပါ။ လေလုံအိတ်တစ်ခုထဲမှာ ထည့်ပြီး ရေခဲသေတ္တာအပေါ်ဆုံး အအေးခန်းထဲမှာ ထားပေးပါ။
၂လ ၃လလောက်ကြာကြာထားလို့ရပါတယ်။

၁၅။ အရောင်ရဲ့ အရေးပါမှု

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOက အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို နေ့စဉ် ၄၀၀ဂရမ်ခန့်စားသုံးဖို့ အကြံပြုထားပါတယ်။ ဒါက ရောဂါများကို တားဆီးပေးပြီး ခန္ဓာကိုယ်ကို အာဟာရတွေ ရရှိစေဖို့ ကူညီပေးပါတယ်။

အစိမ်းရောင်- ဗီတာမင် A,C,K, ဖောလစ်အက်ဆစ်၊ မဂ္ဂနီဆီယမ် ၊ကယ်လ်စီယမ်။ အမျှင်ဓါတ်နှင့် ကလိုရိုဖီးလ် တွေပေးစွမ်းပါတယ်။၎င်းရဲ့ အာဟာရများက အသည်း၏ လုပ်ငန်းဆောင်တာကို တိုးတတ်စေပြီး၊ ကိုယ်တွင်းအင်္ဂါများကို အရှိန်မြှင့်ပေးပါတယ်။ အစာခြေမှုကို အားပေးပြီး ဝမ်းချုပ်ခြင်းကို တားဆီးပေးပါတယ်။

အနီရောင်နဲ့ ခရမ်းရောင်- နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို တားဆီးပေးပြီး ကင်ဆာနှင့် ဆီးချိုရောဂါအန္တရာယ်ကို လျော့နည်းစေတဲ့ lycopene ပါရှိပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ သူတို့မှာ အင်တီအောက်ဆီဒင့် ပါဝင်မှု မြင့်မားပြီး မှတ်ဉာဏ်ဆုံးရှုံးမှုကို တိုက်ဖျက်ပေးပါတယ်။

လိမ္မော်ရောင်နှင့် အဝါရောင်- ဗီတာမင်စီ အများကြီးပါဝင်ပါတယ်။ သူတို့က အမြင်အာရုံပြဿနာများကို တားဆီးပေးပြီး အရေပြားကို တိုးတတ်စေပါတယ်။ အအေးမိခြင်းနှင့် ကင်ဆာကဲ့သို့ ရောဂါတချို့ကို တားဆီးပေးပါတယ်။

အဖြူရောင် – ဆီလီနီယမ်ကဲ့သို့သော သတ္တုဓါတ်များပါဝင်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပါတယ်။ ကြွက်သားများကို ကာကွယ်ပေးပြီး ရေဖောခြင်းကိုလည်း တားဆီးပေးပါတယ်။

Lifestyle_Myanmar

LM_Nandar

Source-brightside

ZawGyi

အသီးအႏွံႏွင့္ ဟင္းသီးဟင္း႐ြက္ေတြကို ၾကာၾကာလတ္ဆတ္ေအာင္ ထိန္းသိမ္းဖို႔ နည္းလမ္း (၁၅)ခု
အိမ္ေတြမွာ အသီးအ႐ြက္ေတြ ဝယ္ထားၿပီးရင္ စားလို႔မကုန္တာေၾကာင့္၊ ႏြမ္းသြားတာေၾကာင့္ လႊင့္ပစ္လိုက္ရတာ မၾကာခဏဆိုသလိုပါပဲ။ ခုလိုပူျပင္းတဲ့ ရာသီမွာ ပိုဆိုးပါတယ္။ ေရခဲေသတၱာထဲထည့္ထားျပန္ရင္လည္း မီးကခဏခဏပ်က္တာေၾကာင့္ အလုပ္မျဖစ္ပါဘူး။ အစားအစာေတြ မလတ္ဆတ္လို႔ လႊင့္ပစ္ရတဲ့အခါ အိမ္ရွင္မေတြအတြက္ အရမ္းႏွေမ်ာရပါတယ္။ ဒါ့ေၾကာင့္ အသီးအ႐ြက္ေတြကို အစိမ္းအတိုင္ းလတ္လတ္ဆတ္ဆတ္ ထားလို႔ရမယ့္ နည္းလမ္းေလးေတြကို ရွာေဖြၿပီး မွ်ေဝေပးလိုက္ပါတယ္။

၁။ ငွက္ေပ်ာသီးေတြကို ၾကာၾကာခံေအာင္ အလူမီနီယံသတၱဳပါး သို႔ ပလတ္စတစ္အၾကည္ႏွင့္ အညႇာကို ထုပ္ပိုးထားပါ

ငွက္ေပ်ာသီးေတြဟာ ရင့္တဲ့ကာလမွာ ethylene ဓါတ္ေငြ႕ ထုတ္လုပ္ပါတယ္။ ပလတ္စတစ္ သို႔ အလူမီနီယံခဲပတ္ႏွင့္ အညႇာကို ဖုံးအုပ္ထားျခင္းျဖင့္ အရမ္းမေပ်ာ့ၿပဲသြားေအာင္ တားဆီးႏိုင္ပါတယ္။
ဒီနည္းလမ္းက ငွက္ေပ်ာသီးကို ၄-၅ရက္ေလာက္ လတ္ဆတ္ေစပါတယ္။

၂။ၾကက္သြန္နီကို ၾကာၾကာခံေအာင္ ႏိုင္လြန္ေျခအိတ္ရွည္ထဲ ထည့္ထားတာ

အစိုဓါတ္အရမ္းမ်ားတာက ၾကက္သြန္ေတြကို ခဏေလးနဲ႔ ပုပ္သြားေစႏိုင္ပါတယ္။ ၾကက္သြန္နီေတြကို အလင္းေရာင္နည္းနည္းရၿပီး ေအးျမတဲ့ေနရာမွာ ထားတာက အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။ ၾကက္သြန္နီေတြကို ႏိုင္လြန္စေတာ္ကင္အေဟာင္းထဲမွာ ထည့္ၿပီး ခ်ိတ္ထားတာကလည္း နည္းလမ္းေကာင္းတစ္ခုျဖစ္ပါတယ္။
ဒီနည္းလမ္းအတိုင္းထားေပးရင္ ၾကက္သြန္နီေတြကို ၆လကေန ၈လအထိ သိုေလွာင္ထားလို႔ရႏိုင္ပါတယ္။

၃။ ၾကက္သြန္ျဖဴက စိုထိုင္းဆနိမ့္ၿပီး ေမွာင္တဲ့ေနရာကို ႏွစ္သက္ပါတယ္

ၾကက္သြန္ျဖဴကို သိမ္းဆည္းဖို႔ အေကာင္းဆုံးနည္းလမ္းကေတာ့ ဘူးတစ္ခုထဲမွာ ထည့္ထားတာ သို႔မဟုတ္ ေျခာက္ေသြ႕ၿပီး ေမွာင္တဲ့ေနရာျဖစ္တဲ့ စကၠဴအိတ္တစ္ခုထဲမွာ ထည့္ထားတာ ျဖစ္ပါတယ္။ ၾကက္သြန္ျဖဴဥေတြကို နဂိုအတိုင္း သိမ္းဆည္းထားလွ်င္ ၂လအထိ ၾကာရွည္ခံႏိုင္ပါတယ္။ ၾကက္သြန္ျဖဴအမႊာေတြကို ခြဲထားရင္ေတာ့ ၃ရက္မွ ၁၀ရက္အထိ ထားလို႔ရပါတယ္။

၄။ ပင္စိမ္း၊ ပူစီနံ၊ ကၫြတ္၊ နံနံပင္ စတာေတြကို ၾကာၾကာခံေအာင္ ေရမေဆးဘဲ ေရဖန္ခြက္ထဲထည့္ထားပါ

သူတို႔ကို ေရခဲေသတၱာထဲမွာ မထားခ်င္ဘူးဆိုရင္ ပန္းေတြလို ေရဖန္ခြက္ထဲမွာ ထည့္ထားလို႔ ရပါတယ္။
ဒီနည္းလမ္းက အ႐ြက္ေတြကို ၄ရက္ ၅ရက္ေလာက္ ၾကာရွည္ခံႏိုင္ပါတယ္။

၅။ အာလူးေတြကို ေမွာင္ၿပီး ေအးျမတဲ့ေနရာမွာ ထားပါ

အာလူးေတြကို ပလတ္စတစ္အိတ္ထဲမွာ ထည့္ထားတာ ေရွာင္ပါ။ အေကာင္းဆုံးကေတာ့ စကၠဴ (သို႔) ပိုက္ကြက္အိတ္ေတြထဲမွာ ထည့္ပါ။ သူတို႔ကိုထိန္းသိမ္းဖို႔ တျခားနည္းလမ္းက သတင္းစာေတြနဲ႔ဖုံးၿပီး ဇကာထဲမွာ ထည့္ထားတာ၊ အစိုဓါတ္စုပ္ယူတဲ့ စကၠဴထဲမွာ ထည့္ထားတာ ျဖစ္ပါတယ္။ သိုေလွာင္မႈ အပူခ်ိန္ဟာ 44ºF မွ 51ºFအထိ ရွိရပါမယ္။ စနစ္တက်သိမ္းဆည္းထားရင္ အာလူးေတြကို ၁ပတ္ ၂ပတ္ေလာက္ ၾကာၾကာထားလို႔ရပါတယ္။

၆။ေထာပတ္သီးေတြ မမွည့္ရင္ သတင္းစာႏွင့္ ဖုံးအုပ္ထားၿပီး စကၠဴအိတ္တစ္ခုထဲကို ထည့္ထားေပးပါ။

ေထာပတ္သီးေတြ စိမ္းေနေသးလို႔ဆိုၿပီး ေရခဲေသတၱာထဲသြားထည့္လိုက္ရင္ မွည့္ေတာ့မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ေထာပတ္သီးမွည့္ေအာင္ သတင္းစာစကၠဴနဲ႔ ပတ္ၿပီး စကၠဴအိတ္ထဲမွာ ထည့္ထားပါ။ ပိုၿပီးျမန္ျမန္ရင့္ခ်င္ရင္ စကၠဴအိတ္အတြင္းမွာ ငွက္ေပ်ာသီးတစ္လုံးႏွင့္အတူ ထည့္ထားေပးပါ။
စကၠဴအိတ္ႏွင့္ထည့္ထားရင္ ၃-၅ရက္အတြင္း ရင့္မွည့္ပါတယ္
စကၠဴအိတ္ထဲမထည့္ထားရင္ ၇ရက္အထိ ၾကာပါတယ္။
ငွက္ေပ်ာသီးႏွင့္အတူ စကၠဴအိတ္ထဲထည့္ထားရင္ ၂-၃ရက္အတြင္း မွည့္ပါတယ္။

၇။ ခရမ္းခ်ဥ္သီးေတြကို အရသာပိုေကာင္းေအာင္ ထိန္းသိမ္းဖို႔ 50ºFထက္ ပိုျမင့္တဲ့ အပူခ်ိန္မွာ သိမ္းဆည္းသင့္ပါတယ္

ခရမ္းခ်ဥ္သီးေတြ ပိုၿပီးရင့္တာက အရသာ ပိုရွိေစပါတယ္။ ေရခဲေသတၱာထဲထည့္ထားရင္ အရသာ ဆုံးရႈံးပါတယ္။ အေကာင္းဆုံးကေတာ့ ခရမ္းခ်ဥ္သီးေတြကို 50ºFအထက္ အပူခ်ိန္တစ္ခုမွာ ထားဖို႔ျဖစ္ပါတယ္။
သူတို႔ရဲ႕ သိုေလွာင္မႈအခ်ိန္က ဝယ္တဲ့အခ်ိန္မွာ မွည့္/မမွည့္ေပၚမူတည္ၿပီး ၃ပတ္ကေန ၂လအထိ ကြဲျပားႏိုင္ပါတယ္။

၈။ မႈိေတြကို မေဆးဘဲ နံနံပင္ႏွင့္အတူ စကၠဴအိတ္ထဲမွာ ထည့္ပါ

မခ်က္ေသးဘူးဆိုရင္ မႈိေတြကို ေရမေဆးဖို႔က အေရးႀကီးပါတယ္။ ေရႏွင့္ ထိေတြ႕ရင္ မႈိက လုံးဝမေျခာက္တဲ့အတြက္ စိုထိုင္းထိုင္းျဖစ္ေနပါလိမ့္မယ္။ မႈိေတြကို နံနံပင္ေတြႏွင့္အတူ စကၠဴအိတ္ထဲမွာ သိမ္းဆည္းဖို႔ အႀကံျပဳပါတယ္။ ဒါကအင္တီေအာက္ဆီဒင့္တစ္ခုအျဖစ္ အလုပ္လုပ္ၿပိး အစက္အေျပာက္ေတြေပၚလာျခင္းကို ကာကြယ္ေပးပါတယ္။ၿပီးမွ ေရခဲေသတၱာထဲမွာ ထည့္သင့္ပါတယ္။
သိုေလွာင္မႈအခ်ိန္ ၃ရက္မွ ၅ရက္။

၉။ စေတာ္ဘယ္ရီကို ပင္စည္ မဖယ္ဘဲ ရွာလကာရည္အျဖဴႏွင့္ ပိုးသတ္ပါ

စေတာ္ဘယ္ရီကို မစားခင္ ေဆးေၾကာတာက ပိုေကာင္းပါတယ္။ စေတာ္ဘယ္ရီသီးေတြကို ပိုးသတ္ဖို႔ ရွာလကာရည္ ၁ဆ၊ ေရ၂ဆ အသုံးျပဳႏိုင္ပါတယ္။ စေတာ္ဘယ္ရီသီးေတြကို အေအးခန္းထဲမွာ ထားမယ္ဆိုရင္ ပင္စည္ကို ဖယ္ရွားၿပီး ေလလုံအိတ္တစ္ခုထဲမွာ ထည့္ပါ။ ေရခဲေသတၱာထဲမွာ ဒီအတိုင္းထားမယ္ဆိုရင္ ေရစစ္ဇကာတစ္ခုထဲမွာ ထည့္ထားပါ။
ေရခဲေသတၱာထဲမွာဆိုရင္ ၅ရက္ကေန ၆ရက္အထိ ၾကာရွည္ခံႏိုင္ပါတယ္။
အေအးခန္းထဲမွာ ထားမယ္ဆိုရင္ ၂လကေန ၄လအထိ ၾကာရွည္ခံႏိုင္ပါတယ္။

၁၀။ ဆလတ္႐ြက္၊ ဟင္းႏုႏြယ္႐ြက္၊ ေဂၚဖီထုပ္ေတြကို ပိုးသတ္ၿပီးေနာက္ လတ္ဆတ္စြာ ထားဖို႔ ထုပ္ပိုးထားပါ

ေရေအးမ်ားမ်ားနဲ႔ အ႐ြက္ေတြကို ေဆးေၾကာပါ။ ေရခဲေသတၱာထဲမထည့္ခင္ လုံးဝေျခာက္သြားေအာင္ထားပါ။ က်န္ရွိေနတဲ့ေရေတြကို ဖယ္ရွားပစ္ဖို႔ ေရစုပ္စကၠဴႏွင့္ပတ္ၿပီးမွ ပလတ္စတစ္ဘူးအလြတ္ သို႔မဟုတ္ ေလလုံအိတ္ထဲမွာ ထည့္ထားႏိုင္ပါတယ္။
သူတို႔ကို စနစ္တက် သိမ္းဆည္းလွ်င္ ၁ပတ္ကေန ၂ပတ္အထိ ၾကာၾကာခံပါလိမ့္မယ္။

၁၁။ သံပုရာသီးက ျခမ္းထားၿပီးသားဆိုရင္ မလႊတ္ပစ္ပါနဲ႔။ aluminum foil ထဲမွာ ပတ္ထားတာ သို႔ ဆားျဖဴးထားပါ

တခါတရံမွာ သံပုရာသီးကို တစ္ဝက္သာ အသုံးျပဳတာေၾကာင့္ တျခားတစ္ဝက္က မသုံးျဖစ္တဲ့အတြက္ မႈိတတ္ၿပီး အမႈိက္ပုံးထဲေရာက္သြားတတ္ပါတယ္။ အေကာင္းဆုံးကေတာ့ မသုံးေသးတဲ့တစ္ျခမ္းကို အလူမီနီယံသတၱဳပါးႏွင့္ ပတ္ထားေပးပါ။ ေနာက္တစ္နည္းက သံပုရာသီးေပၚမွာ ဆားျဖဴးၿပီး ေရခဲေသတၱာထဲထည့္ထားပါ။ သုံးေတာ့မယ္ဆိုရင္ ေရႏွင့္ေဆးၿပီး သုံးပါ။
တစ္လုံးလုံးထားလွ်င္ ၂ပတ္ေလာက္ ၾကာရွည္ခံပါတယ္
ျခမ္းထားလွ်င္ အရသာႏွင့္ အေရာင္မေျပာင္းဘဲ ၃ရက္အထိ ၾကာရွည္ခံပါတယ္။

၁၂။ ေထာပတ္သီးကို ခြဲၿပီးေနာက္ ေလသလပ္မခံပါနဲ႔

ေထာပတ္သီးကို ခြဲၿပီး ေလသလပ္ထားရင္ အစိမ္းေရာင္ကေန ညိဳသြားပါလိမ့္မယ္။ ၾကာၾကာထားလို႔ရေအာင္ ေထာပတ္သီးျခမ္းေပၚမွာ စားသုံးဆီနည္းနည္းသုတ္ေပးတာ၊ သံပုရာရည္အနည္းငယ္ သုတ္ေပးတာ ျပဳလုပ္ထားပါ။
ဒီနည္းလမ္းက ေထာပတ္သီးအေရာင္ကို ၁ရက္ ၂ရက္ေလာက္ ထိန္းသိမ္းေပးထားႏိုင္ပါတယ္။

၁၃။ အခြံႏႊာထားတဲ့ အာလူးကို ထိန္းသိမ္းဖို႔ ေရႏွင့္ ရွာလကာရည္အျဖဴထည့္ထားတဲ့ ဘူးထဲမွာ ထည့္ပါ

အာလူးက အခြံႏႊာထားၿပီးရင္ ျမန္ျမန္ အေရာင္ေျပာင္းပါတယ္။ ဒါကို ကာကြယ္ဖို႔ ရွာလကာရည္အျဖဴအစက္အနည္းငယ္ႏွင့္ ေရထည့္ထားတဲ့ ဘူးထဲမွာ ထည့္ၿပီး ေရခဲေသတၱာထဲမွာ သိမ္းဆည္းပါ။
သိုေလွာင္မႈအခ်ိန္ ၃ရက္ကေန ၄ရက္အထိ

၁၄။ ငွက္ေပ်ာသီး အရမ္းမွည့္ေနရင္ ေဖ်ာ္ရည္လုပ္ေသာက္ဖို႔ အေအးခန္းထဲမွာ ထည့္ႏိုင္ပါတယ္

ငွက္ေပ်ာသီးအမွည့္ကို သိမ္းဆည္းဖို႔ အခြံႏႊာၿပီး အပိုင္းေလးေတြလွီးပါ။ ေလလုံအိတ္တစ္ခုထဲမွာ ထည့္ၿပီး ေရခဲေသတၱာအေပၚဆုံး အေအးခန္းထဲမွာ ထားေပးပါ။
၂လ ၃လေလာက္ၾကာၾကာထားလို႔ရပါတယ္။

၁၅။ အေရာင္ရဲ႕ အေရးပါမႈ

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHOက အသီးအႏွံႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားကို ေန႔စဥ္ ၄၀၀ဂရမ္ခန္႔စားသုံးဖို႔ အႀကံျပဳထားပါတယ္။ ဒါက ေရာဂါမ်ားကို တားဆီးေပးၿပီး ခႏၶာကိုယ္ကို အာဟာရေတြ ရရွိေစဖို႔ ကူညီေပးပါတယ္။

အစိမ္းေရာင္- ဗီတာမင္ A,C,K, ေဖာလစ္အက္ဆစ္၊ မဂၢနီဆီယမ္ ၊ကယ္လ္စီယမ္။ အမွ်င္ဓါတ္ႏွင့္ ကလို႐ိုဖီးလ္ ေတြေပးစြမ္းပါတယ္။၎ရဲ႕ အာဟာရမ်ားက အသည္း၏ လုပ္ငန္းေဆာင္တာကို တိုးတတ္ေစၿပီး၊ ကိုယ္တြင္းအဂၤါမ်ားကို အရွိန္ျမႇင့္ေပးပါတယ္။ အစာေျခမႈကို အားေပးၿပီး ဝမ္းခ်ဳပ္ျခင္းကို တားဆီးေပးပါတယ္။

အနီေရာင္နဲ႔ ခရမ္းေရာင္- ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါမ်ားကို တားဆီးေပးၿပီး ကင္ဆာႏွင့္ ဆီးခ်ိဳေရာဂါအႏၲရာယ္ကို ေလ်ာ့နည္းေစတဲ့ lycopene ပါရွိပါတယ္။ ဒါ့အျပင္ ကိုယ္ခံအားစနစ္ကို အားေကာင္းေစပါတယ္။ သူတို႔မွာ အင္တီေအာက္ဆီဒင့္ ပါဝင္မႈ ျမင့္မားၿပီး မွတ္ဉာဏ္ဆုံးရႈံးမႈကို တိုက္ဖ်က္ေပးပါတယ္။

လိေမၼာ္ေရာင္ႏွင့္ အဝါေရာင္- ဗီတာမင္စီ အမ်ားႀကီးပါဝင္ပါတယ္။ သူတို႔က အျမင္အာ႐ုံျပႆနာမ်ားကို တားဆီးေပးၿပီး အေရျပားကို တိုးတတ္ေစပါတယ္။ အေအးမိျခင္းႏွင့္ ကင္ဆာကဲ့သို႔ ေရာဂါတခ်ိဳ႕ကို တားဆီးေပးပါတယ္။

အျဖဴေရာင္ – ဆီလီနီယမ္ကဲ့သို႔ေသာ သတၱဳဓါတ္မ်ားပါဝင္ပါတယ္။ ကိုယ္ခံစြမ္းအားစနစ္ကို အားေကာင္းေစပါတယ္။ ႂကြက္သားမ်ားကို ကာကြယ္ေပးၿပီး ေရေဖာျခင္းကိုလည္း တားဆီးေပးပါတယ္။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here