အသားအေရ အိုမင္းရင့္ေရာ္ျခင္းကိုမျဖစ္ေအာင္ ေရွာင္ၾကဥ္ရမဲ့ အျပဳအမူ အက်င့္စ႐ိုက္အခ်ိဳ႕

0
60
အသားအေရ
အသားအေရ

က်န္မာေရးအတြက္ သင့္ေလွ်ာ္တဲ့ အစာအဟာရ နဲ႔ အားကစားမ်ား လိုက္စားေပမဲ့ သူခႏၶာကိုယ္လႈပ္ရွားမႈ အက်င့္စ႐ိုက္/အမူအက်င့္က က်န္းမာေရနဲ႔ မညီညႊတ္ရင္ေတာ့ သင္လုပ္သမွ် အားကစားကလဲအခ်ည္းႏွီးျဖစ္သြားပါလိမ့္မယ္။ ဒါေၾကာင့္က်န္မာေရးနဲ႔ ညီညႊတ္တဲ့ ကိုယ္ဟန္အေနအထာနဲ႔ အသားအေရ ရရွိေစဖို႔ Lifestyle Myanmar ပရိတ္သတ္ႀကီးအတြက္ မွ်ေဝေပးလိုက္ပါတယ္။

၁။ အိပ္တဲ့အခါ ကိုယ္ဟန္အေနအထား

Skin Care
Skin Care

ေမွာက္ခုံအေနအထားအိပ္စက္ျခင္းဟာ ဦးေႏွာက္ကို ေထာက္ပံ့ေပးတဲ့ ေသြးလည္ပတ္မႈကို ယိုယြင္းေစၿပီး လည္ပင္း နဲ႔ ပခုံးၾကြက္သားမ်ားတင္းမာမႈကိုျဖစ္ေပၚေစပါတယ္။ဒါ့အျပင္ ေမွာက္ခုံအိပ္စက္ျခင္းေၾကာင့္ သင့္မ်က္ႏွာ နဲ႔ မ်က္စိမွာ မႏွစ္ၿမိဳ႕ဖြယ္အညိဳကြက္မ်ားျဖစ္ေစပါတယ္။ အလြန္ျမင့္မားတဲ့ ေခါင္းအုံးျဖင့္ အိပ္စက္လွ်င္လည္း ေသြးလည္ပတ္မႈစနစ္ကို က်ဆင္းေစၿပီး လည္ပင္းတစ္ဝိႈက္တြင္ အေရးအေၾကာင္းမ်ားျဖစ္ေပၚတတ္ပါတယ္။ ဒါေၾကာင့္ အိပ္စက္တဲ့အခါ ခႏၶာကိုယ္နဲ႔ ဦးေခါင္း တေျပးညီျဖစ္မဲ့ ေခါင္းဦးမ်ိဳးကို အုံးၿပီး အိပ္စက္သင့္ပါတယ္။

၂။ ေနကာမ်က္မွန္တပ္ဆင္ျခင္း

Skin Care
Skin Care

ေနေရာက္ျခည္ဒဏ္ကို ကာကြယ္ျခင္းဟာ အသားအေရနဲ႔ က်န္မာေရးေကာင္းမြန္ေစဖို႔အတြက္ မွန္ကန္တဲ့ လုပ္ရပ္တစ္ခုပဲျဖစ္ပါတယ္။ မ်က္စိတစ္ဝိုက္ရဲ႕ အေရျပားဟာ အလြန္ပါးလႊာတာေၾကာင့္သာမန္အေရျပားထက္ ပ်က္စီးလြယ္ၿပီး သင့္အေနနဲ႔ ေနပူထဲထြက္တဲ့အခါမွာ ေနကာမ်က္မွန္ကို အသုံးျပဳသင့္ပါတယ္။ ေနကာမ်က္မွန္အသုံးမျပဳပါက မ်က္စိတစ္ဝိုက္ အေရျပားမ်ားပ်က္စီးျခင္း၊ အေရးအေၾကာင္းမ်ားျဖစ္ေပၚျခင္း၊ ေနေလာင္ျခင္းစတဲ့ မႏွစ္ၿမိဳ႕ဖြယ္ ဆိုးက်ိဳးအခ်ိဳ႕ ျဖစ္ေပၚေစပါတယ္။

၃။ အစာစားတဲ့အခါ

Skin Care
Skin Care

သင္ အစားအေသာက္စားတဲ့အခါမွာ အစားအစာကို ဘယ္ဘက္တစ္ျခမ္တည္းမွာဝါးျခင္း၊ ဒါမွမဟုတ္ ညာဘက္တစ္ျခမ္းတည္မွာ ဝါးျခင္း စတဲ့ တစ္ဖက္တည္းဝါးျခင္း မျပဳလုပ္သင့္ပါဘူး။အစာစားတိုင္း အၿမဲ တစ္ဖက္တည္းမွာပဲ ဝါးေနတဲ့အခါမွာ က်န္တစ္ဖက္မွ ၾကြက္သားမ်ား အားနည္းလာၿပီး သင့္ရဲ႕ မ်က္ႏွာအေနအထားလည္း အခ်ိဳးအစား မက်ျဖစ္တတ္ပါတယ္။

၄။ ဖုန္းေျပာတဲ့အခါ

Skin Care
Skin Care

ဖုန္းေျပာတဲ့ အခါမွာ ဖုန္းကို ပခုံးနဲ႔ နားရြက္ၾကား ညွပ္ေျပာျခင္း မျပဳလုပ္သင့္ပါဘူး။ ထိုကဲ့သို႔ ဖုန္းေျပာတဲ့ဟာ သင့္လည္ပင္းမွာ အေရးအေၾကာင္းေတြျဖစ္ေပၚေစၿပီး ဖုန္းရဲ႕ အပူရွိန္ေၾကာင့္ အသားေရကိုပ်က္စီးေစပါတယ္။ ဒါေၾကာင့္ သင္ဖုန္းကိုင္ဖို႔ လက္မအားတဲ့အခါမွာ နားၾကပ္တပ္ေျပာျခင္း သို႔မဟုတ္ စပီကာဖြင့္ေျပာျခင္းမ်ိဳးကို လုပ္ေဆာင္သင့္ပါတယ္။

၅။ တက္ဘလက္ သို႔မဟုတ္ ဖုန္းအသုံးျပဳတဲ့အခါ

Skin Care
Skin Care

တက္ဘလက္အသုံးျပဳျခင္း သို႔မဟုတ္ ဖုန္းအသုံးျပဳတဲ့အခါမွာ ဦးေခါင္းကို ငုံ႔ၿပီးအသုံးမျပဳသင့္ပါဘူး။ ထိုကဲ့သို႔ အသုံးျပဳတဲ့အခါ မ်က္စိေဖာင္းျခင္း၊ အစ္ျခင္း၊ မ်က္ႏွာတစ္ဝိုက္အသားအေရမ်ား ေပ်ာ့တြဲျခင္း၊အေရးအေၾကာင္းမ်ားျဖစ္ေပၚျခင္း စတဲ့ ဆိုးက်ိဳးေတြျဖစ္ေပၚႏိုင္ပါတယ္။ ဒါေၾကာင့္ ဖုန္း/တက္ဘလက္အသုံးျပဳတဲ့အခါမွာ ေခါင္းေအာက္ဆိုက္ျခင္း၊ ငုံ႔ျခင္း အက်င့္ကို ေရွာင္ၾကဥ္ဖို႔လိုအပ္ပါတယ္။

၆။ မ်က္ေမွာင္ၾကဳပ္ျခင္း

Skin Care
Skin Care

မ်က္ေမွာင္ၾကဳပ္တဲ့ အက်င့္ဟာ ႏႈတ္ခမ္းနဲ႔ မ်က္ႏွာၾကြက္သားမ်ား တင္းမာမႈကိုျဖစ္ေပၚေစပါတယ္။ မ်က္ေမွာင္အၿမဲၾကဳပ္ျခင္းဟာ ႏွဖူးတစ္ဝိုက္မွ ၾကြက္သားမ်ားကို စုတ္ဆြဲထားသလိုျဖစ္ၿပီး အေရးေၾကာင္းမ်ားျဖစ္ေပၚေစတဲ့အျပင္ သင့္မ်က္ႏွာကိုလည္း အရြယ္က်ေစပါတယ္။

#Lifestyle_Myanmar

#Thar_Nage

ကင္ဆာေရာဂါခံစားေနရေပမဲ့ မိုက္ကယ္ဂ်က္ဆင္သီခ်င္းေတြနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ၅ႏွစ္အရြယ္ကေလး

Unicode

အသားအရေ အိုမင်းရင့်ရော်ခြင်းကို မဖြစ်အောင် ရှောင်ကြဉ်ရမဲ့ အပြုအမူ အကျင့်စရိုက်အချို့
ကျန်မာရေးအတွက် သင့်လျှော်တဲ့ အစာအဟာရ နဲ့ အားကစားများ လိုက်စားပေမဲ့ သူခန္ဓာကိုယ်လှုပ်ရှားမှု အကျင့်စရိုက်/အမူအကျင့်က ကျန်းမာရေနဲ့ မညီညွှတ်ရင်တော့ သင်လုပ်သမျှ အားကစားကလဲအချည်းနှီးဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ကျန်မာရေးနဲ့ ညီညွှတ်တဲ့ ကိုယ်ဟန်အနေအထားဖြစ်စေဖို့ Lifestyle Myanmar ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။

၁။ အိပ်တဲ့အခါ ကိုယ်ဟန်အနေအထား
မှောက်ခုံအနေအထားအိပ်စက်ခြင်းဟာ ဦးနှောက်ကို ထောက်ပံ့ပေးတဲ့ သွေးလည်ပတ်မှုကို ယိုယွင်းစေပြီး လည်ပင်း နဲ့ ပခုံးကြွက်သားများတင်းမာမှုကိုဖြစ်ပေါ်စေပါတယ်။ဒါ့အပြင် မှောက်ခုံအိပ်စက်ခြင်းကြောင့် သင့်မျက်နှာ နဲ့ မျက်စိမှာ မနှစ်မြို့ဖွယ်အညိုကွက်များဖြစ်စေပါတယ်။ အလွန်မြင့်မားတဲ့ ခေါင်းအုံးဖြင့် အိပ်စက်လျှင်လည်း သွေးလည်ပတ်မှုစနစ်ကို ကျဆင်းစေပြီး လည်ပင်းတစ်ဝှိုက်တွင် အရေးအကြောင်းများဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် အိပ်စက်တဲ့အခါ ခန္ဓာကိုယ်နဲ့ ဦးခေါင်း တပြေးညီဖြစ်မဲ့ ခေါင်းဦးမျိုးကို အုံးပြီး အိပ်စက်သင့်ပါတယ်။

၂။ နေကာမျက်မှန်တပ်ဆင်ခြင်း
နေရောက်ခြည်ဒဏ်ကို ကာကွယ်ခြင်းဟာ အသားအရေနဲ့ ကျန်မာရေးကောင်းမွန်စေဖို့အတွက် မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်။ မျက်စိတစ်ဝိုက်ရဲ့ အရေပြားဟာ အလွန်ပါးလွှာတာကြောင့်သာမန်အရေပြားထက် ပျက်စီးလွယ်ပြီး သင့်အနေနဲ့ နေပူထဲထွက်တဲ့အခါမှာ နေကာမျက်မှန်ကို အသုံးပြုသင့်ပါတယ်။ နေကာမျက်မှန်အသုံးမပြုပါက မျက်စိတစ်ဝိုက် အရေပြားများပျက်စီးခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်ခြင်း၊ နေလောင်ခြင်းစတဲ့ မနှစ်မြို့ဖွယ် ဆိုးကျိုးအချို့ ဖြစ်ပေါ်စေပါတယ်။

၃။ အစာစားတဲ့အခါ
သင် အစားအသောက်စားတဲ့အခါမှာ အစားအစာကို ဘယ်ဘက်တစ်ခြမ်တည်းမှာဝါးခြင်း၊ ဒါမှမဟုတ် ညာဘက်တစ်ခြမ်းတည်မှာ ဝါးခြင်း စတဲ့ တစ်ဖက်တည်းဝါးခြင်း မပြုလုပ်သင့်ပါဘူး။အစာစားတိုင်း အမြဲ တစ်ဖက်တည်းမှာပဲ ဝါးနေတဲ့အခါမှာ ကျန်တစ်ဖက်မှ ကြွက်သားများ အားနည်းလာပြီး သင့်ရဲ့ မျက်နှာအနေအထားလည်း အချိုးအစား မကျဖြစ်တတ်ပါတယ်။

၄။ ဖုန်းပြောတဲ့အခါ
ဖုန်းပြောတဲ့ အခါမှာ ဖုန်းကို ပခုံးနဲ့ နားရွက်ကြား ညှပ်ပြောခြင်း မပြုလုပ်သင့်ပါဘူး။ ထိုကဲ့သို့ ဖုန်းပြောတဲ့ဟာ သင့်လည်ပင်းမှာ အရေးအကြောင်းတွေဖြစ်ပေါ်စေပြီး ဖုန်းရဲ့ အပူရှိန်ကြောင့် အသားရေကိုပျက်စီးစေပါတယ်။ ဒါကြောင့် သင်ဖုန်းကိုင်ဖို့ လက်မအားတဲ့အခါမှာ နားကြပ်တပ်ပြောခြင်း သို့မဟုတ် စပီကာဖွင့်ပြောခြင်းမျိုးကို လုပ်ဆောင်သင့်ပါတယ်။

၅။ တက်ဘလက် သို့မဟုတ် ဖုန်းအသုံးပြုတဲ့အခါ
တက်ဘလက်အသုံးပြုခြင်း သို့မဟုတ် ဖုန်းအသုံးပြုတဲ့အခါမှာ ဦးခေါင်းကို ငုံ့ပြီးအသုံးမပြုသင့်ပါဘူး။ ထိုကဲ့သို့ အသုံးပြုတဲ့အခါ မျက်စိဖောင်းခြင်း၊ အစ်ခြင်း၊ မျက်နှာတစ်ဝိုက်အသားအရေများ ပျော့တွဲခြင်း၊အရေးအကြောင်းများဖြစ်ပေါ်ခြင်း စတဲ့ ဆိုးကျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် ဖုန်း/တက်ဘလက်အသုံးပြုတဲ့အခါမှာ ခေါင်းအောက်ဆိုက်ခြင်း၊ ငုံ့ခြင်း အကျင့်ကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

၆။ မျက်မှောင်ကြုပ်ခြင်း
မျက်မှောင်ကြုပ်တဲ့ အကျင့်ဟာ နှုတ်ခမ်းနဲ့ မျက်နှာကြွက်သားများ တင်းမာမှုကိုဖြစ်ပေါ်စေပါတယ်။ မျက်မှောင်အမြဲကြုပ်ခြင်းဟာ နှဖူးတစ်ဝိုက်မှ ကြွက်သားများကို စုတ်ဆွဲထားသလိုဖြစ်ပြီး အရေးကြောင်းများဖြစ်ပေါ်စေတဲ့အပြင် သင့်မျက်နှာကိုလည်း အရွယ်ကျစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here