Sexy ကျအောင်လှတဲ့ တင်ပါးနဲ့ ၀မ်းဗိုက်ကို ရရှိဖို့အတွက် ပြီးပြည့်စုံတဲ့ workout
#Lifestyle_Myanmar
#Thar_Nage
Unicode
အသားအရေ ထိန်းသိမ်းဖို့အတွက် ခရုကို အသုံးပြု
အရေပြားထိန်းသိမ်းရေးပညာရှင်တွေရဲ့ စမ်းသပ်ချက်အရ ခရုကိုယ်မှ ထွက်သော အကျိအချွဲတွေဟာ အသားအရေအတွက်အလွန်ကောင်းမွန်တယ်လို့ဆိုပါတယ်။ အဆိုပါ ခရုမှထွက်သော အချွဲရည်တွေဟာ အိုမင်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်ပါတယ်။ ဒါကြောင့် အဆိုပါ ခရုအရှင်ကို မျက်နှာတစ်ဝှိုက်မှာ လျှောက်ထားပေးခြင်းဖြင့် အသားအရေကို နုပျိုစေပြီး အရေပြားကိုအလွန်ကောင်းမွန်စေပါတယ်။
အဆင့်မြင့်အရေပြားရောဂါနှင့် ဆောက်ရှောက်ရေးစင်တာမှ ဒေါက်တာ Shirley Chi ရဲ့ ပြောဆိုချက်အရ အဆိုပါ ခရုတွင် Copper peptides,Hyaluronic acid, Moisturizer, Anti-microbial peptides နဲ့ Molecules တွေ ပါဝင်တာကြောင့် အိုမင်းခြင်းကို ကာကွယ်ပေးပြီး ပြန်လည်နုပျိုခြင်းကို မြှင့်တင်ပေးနိုင်တဲ့ ဂုဏ်သတ္တိများစွာပါဝင်တယ်လို့ဆိုပါတယ်။
အရေပြားတွဲကျခြင်း နဲ့ နေရောင်ကြောင့်ဖြစ်ပေါ်တဲ့ အစက်အပြောက်များကိုလည်း ပျောက်ကင်းစေပါတယ်။ အခုဆိုလျှင် အဆိုပါခရုမှ ထွက်တဲ့ အချွဲအကျိတွေဖြင့် ဖော်စပ်ထားတဲ့ အလှအပထုတ်ကုန်တွေ၊ မျက်နှာပေါင်းတင်တဲ့ mask တွေ၊ ခရင်မ်တွေကို ဒေါ်လာ ၆ဒေါ်လာကနေ ဒေါ်လာ ၆၀၀ အထိစျေးနှုန်းတွေရှိပါတယ်။