႐ံုးပတီသီးဟာ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ အစားအေသာက္ေတြထဲမွာ ပါဝင္ပါတယ္။ ေဆးဖက္ဝင္အစားအစာျဖစ္တာေၾကာင့္ ပံုမွန္စားသံုးရင္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားကို ရရွိႏိုင္ပါတယ္။ ရံုးပတီသီးမွာ ေပ်ာ္ဝင္နိုင္တဲ့ အမွ်င္ဓာတ္မ်ားစြာပါဝင္ပါတယ္။ ရံုးပတီသီးကို ေၾကာ္စားတာပဲျဖစ္ျဖစ္၊ ခ်က္စားတာပဲျဖစ္ျဖစ္၊ တို႔စရာ အေနနဲ စားတာပဲ ျဖစ္ျဖစ္ စားေသာက္ႏိုင္ၿပီး အာဟာရဓါတ္မ်ားစြာပါဝင္လို႔ က်န္းမာေရးအတြက္ အေထာက္အကူျပဳပါတယ္။ ဒါ့ေၾကာင့္ ရံုးပတီသီးစားသံုးတဲ့အခါ ရရွိႏိုင္မယ့္ အက်ိဳးေက်းဇူးေလးေတြကို မွ်ေဝေပးလိုက္ပါတယ္။
၁။ အမွ်င္ဓါတ္ျမင့္မားစြာ ပါဝင္ပါတယ္
Lady finger လို႔သိၾကတဲ့ ဒီရံုးပတီသီးဟာ (အမွ်င္ဓါတ္) ဖိုင္ဘာဓါတ္ျမင့္မားစြာပါဝင္တာကို သိၾကမွာပါ။ ဒီရံုးပတီသီးက အစာေျခစနစ္အတြက္ မ်ားစြာအက်ိဳးျပဳပါတယ္။ အမွ်င္ဓါတ္ပါဝင္တာေၾကာင့္ အူလမ္းေၾကာင္းလႈပ္ရွားမႈကို လြယ္ကူေခ်ာေမြ႕ေစၿပီး ခႏၶာကိုယ္ထဲမွာ အစာေၾကစနစ္လုပ္ငန္းစဥ္ကို ကူညီေပးပါတယ္။ ဝမ္းခ်ဳပ္တာကို သက္သာေစႏိုင္မွာျဖစ္ပါတယ္။ ရံုးပတီသီးဟာ အူမႀကီးကင္ဆာႏွင့္ အျခားဆက္စပ္ေရာဂါမ်ားကိုလည္း ကာကြယ္တားဆီးေပးပါတယ္။
၂။ ဆီးခ်ိဳေရာဂါကို ကာကြယ္ေပးပါတယ္
ရံုးပတီသီးက ဆီးခ်ိဳေရာဂါကို ႀကိဳတင္ကာကြယ္ေရးအတြက္ အကူအညီေပးတယ္ဆိုတာ သိၾကပါတယ္။ ၎မွာ ေရာဂါကာကြယ္တားဆီးဖို႔အတြက္ အေထာက္အကူျပဳတဲ့ အမွ်င္ဓါတ္ ၾကြယ္ဝပါတယ္။ ဆီးခ်ိဳေရာဂါကို ကာကြယ္ဖို႔ ရံုးပတီသီးေတာင့္ကို ဖင္ျဖတ္ ေခါင္းျဖတ္ပါ။ အေစးေတြထြက္လာပါလိမ့္မယ္။ ေရမေဆးပါနဲ႔ ။ ေရအျပည့္ထည့္ထားတဲ့ ဖန္ခြက္ထဲကို ရံုးပတီသီးေတာင့္ေလးေတြ ထည့္စိမ္ၿပီး ပန္ကန္ျပားေလးနဲ႔ အုပ္ၿပီး တစ္ညထားပါ။ ေနာက္ေန႔မနက္မွ ထိုအရည္ကို ေသာက္ေပးပါ။ ရံုးပတီသီးမွာ ပါဝင္တဲ့ ေပ်ာ္ဝင္အမွ်င္ဓါတ္က ေသြးတြင္းသၾကားဓါတ္ႏွင့္ ကိုလက္စထေရာအဆင့္ကို ေလ်ာ့က်ေစတာေၾကာင့္ ေသြးခ်ိဳေရာဂါႏွင့္ အဝလြန္ျခင္းကို ထိန္းခ်ဳပ္ေပးပါတယ္။
၃။ ေကာင္းမြန္တဲ့ ေဖာလိတ္ဓါတ္ပါဝင္ပါတယ္
ရံုးပတီသီးမွာ(folic acid)ပါဝင္တာေၾကာင့္ ေမြးကင္းစကေလးငယ္ေတြကို အာရံုေၾကာျပြန္ ခ်ိဳ႕ယြင္းမႈကို ေလွ်ာ့ခ်ေပးပါတယ္။ အမ်ိဳးသမီးေတြ ကိုယ္ဝန္ေဆာင္ သို႔မဟုတ္ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း စားသံုးဖို႔ အႀကံျပဳပါတယ္။
၄။ ဗီတာမင္ေကရဲ႕ အက်ိဳးေက်းဇူးမ်ား
ရံုးပတီသီးမွာ အရိုးက်န္းမာေရးအတြက္ အေရးပါသလို ေသြးတိတ္ေစရာမွာ အေရးပါတဲ့ ဗီတာမင္ တစ္မ်ိဳးျဖစ္တဲ့ ဗီတာမင္ ေက ၾကြယ္ဝစြာပါဝင္ေနပါတယ္။
၅။ ပန္းနာရင္က်ပ္ေရာဂါကို ထိန္းခ်ဳပ္ေပးပါတယ္
ပန္းနာရင္က်ပ္ေရာဂါကုိ သင့္ရဲ႕အစားအစာထဲမွာ ရံုးပတီသီးထည့္သြင္းျခင္းျဖင့္ ကုသႏိုင္ပါတယ္။ ပန္းနာရင္က်ပ္ရွိသူမ်ား စားသံုးသင့္တဲ့ အစားအစာျဖစ္ပါတယ္။
၆။ ေက်ာက္ကပ္ေရာဂါအတြက္လညး္ ေကာင္းပါတယ္
ဆီးခ်ိဳေရာဂါအမ်ိဳးအစား ၂ ရွိလွ်င္ ေက်ာက္ကပ္ျပႆနာက ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ပါတယ္။ ေက်ာက္ကပ္ႏွင့္ ဆက္စပ္တဲ့ ေရာဂါမ်ား၏ ထက္ဝက္ခန္႔မွာ ဆီးခ်ိဳေရာဂါေၾကာင့္ ျဖစ္ရတာပါ။ ဒါ့ေၾကာင့္ ရံုးပတီသီးစိမ္ေရကို ပံုမွန္ေသာက္ေပးတာက ေက်ာက္ကပ္ေရာဂါကိုလည္း တားဆီးႏိုင္ပါလိမ့္မယ္။
၇။ ရင္သားကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ေပးႏိုင္ပါတယ္
ရံုးပတီသီးမွာပါတဲ့ lectin isolated ကရင္သားကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ေပးႏိုင္စြမ္းရွိပါတယ္ လို႔ေလ့လာမႈတစ္ရပ္အရသိရပါတယ္။ ရင္သားကင္ဆာအက်ိတ္ဆဲလ္ေတြရဲ႕ၾကီးထြားမႈကို ၆၃ ရာခိုင္ႏႈန္းအထိ ေလ်ာ့ခ်ေပးႏိုင္ ပါတယ္။
၈။ ဗီတာမင္စီက အေရျပားကို ႏုပ်ိဳေစပါတယ္
ရံုးပတီသီးမွာ ဗီတာမင္စီပါဝင္တာေၾကာင့္ အသားအေရ ႏုပ်ိဳမႈကို ထိန္းေပးထားႏိုင္ပါတယ္။ ခႏၶာကိုယ္တစ္ရႈးျပဳျပင္ေရးမွာ အေထာက္အကူျပဳပါတယ္။ အင္တီေအာက္ဆီဒင့္လည္း ၾကြယ္ဝတာေၾကာင့္ အရြယ္မတိုင္ခင္ အိုမင္းျခင္းမွ တားဆီးေပးပါတယ္။
၉။ ဦးေရျပားကို အစုိဓါတ္ရရွိေစပါတယ္
ရံုးပတီသီးဟာ သင့္ရဲ႕ေျခာက္ေသြ႕ယားယံတဲ့ ဦးေရျပားအတြက္ အလြန္အစြမ္းထက္တဲ့ moisturizer ျဖစ္ပါတယ္။ ဆံသား ေပ်ာ့ေျပာင္းလာတာကို ခံစားရမွာျဖစ္ၿပီး cosmetics ေတြလို အႏၱရာယ္မရွိပါဘူး။ ဆံပင္ေပ်ာ့ေျပာင္းေနေစဖို႔အတြက္ ေခါင္းေလွ်ာ္ၿပီး ဆံပင္မွေရကိုစင္ေအာင္ညွစ္ပါ။ ရံုးပတီသီးအခၽြဲနဲ႔ ဆံပင္ကို ပြတ္ေပးၿပီး ဦးေရျပားကို ႏွိပ္နယ္ေပးပါ။ ၿပီးမွ ေရႏွင့္ ေသခ်ာေဆးေပးပါ။ ဦးေရျပားမွာ ေဘာက္ေတြရွိရင္လည္း ေပ်ာက္ကင္းေစပါတယ္။
၁၀။ ဆံသားကို ေတာက္ပေစပါတယ္
ရံုးပတီႏွင့္ ဆံပင္ကိုေဆးတဲ့အခါ သင့္ဆံသားကို ေတာက္ပမႈေပးပါလိမ့္မယ္။
ရံုးပတီသီးကို သိမ္းဆည္းတဲ့အခါ မေဆးဘဲ သိုေလွာင္သင့္ၿပီး စကၠဴအိတ္ သို႔မဟုတ္ သတင္းစာတစ္ခုနွင့္ ပတ္ၿပီး သိမ္းႏိုင္ပါတယ္။ စကၠဴအိတ္မရွိရင္ ေဖာက္ထားတဲ့ ပလစ္စတစ္အိတ္ထဲမွာလည္း သိမ္းႏိုင္ပါတယ္။ ေရခဲေသတၱာထဲမွာ သိမ္းတဲ့အခါ ေအးတဲ့ေနရာမွာ မထည့္ပါနဲ႔ ။ အေအးထဲမွာ ထားတဲ့အခါ ရံုးပတီသီးကို ျမန္ျမန္ပုပ္လြယ္ေစပါတယ္။ ေရခဲေသတၱာရဲ႕ ခပ္ေႏြးေႏြးအပူခ်ိန္ထဲမွာ သိုေလွာင္သိမ္းဆည္းပါ။ ပိုၾကာၾကာသိမ္းထားခ်င္ရင္ေတာ့ ရံုးပတီသီးကိုျပဳတ္ၿပီးမွ ေအးခဲထားပါ။ ရံုးပတီသီးကုိ ခ်က္တဲ့အခါ အရမ္းခၽြဲက်ိမေနေအာင္ အရသာႏွင့္မနယ္ခင္မွာ ဆီနည္းနည္းနဲ႔ ေၾကာ္ေပးပါ။ ေၾကာ္ၿပီးရင္ ဖယ္ထားၿပီး ဟင္းက်က္ခါနီးမွ ထည့္ပါ။ ရံုးပတီသီးကို အသံုးမျပဳခင္မွာ ရွာလကာရည္ သို႔မဟုတ္ သံပုရာရည္ထဲမွာ စိမ္ေပးထားရင္ ခၽြဲတာေလ်ာ့နညး္ပါလိမ့္မယ္။ ၃မိနစ္- ၄မိနစ္ေလာက္ ျပဳတ္ၿပီးမွ ဟင္းထဲထည့္ခ်က္စားတာကလည္း ခၽြဲတာကို ေလ်ာ့နည္းေစပါတယ္။
#Lifestyle_Myanmar
#TB_Nandar
Unicode
အသားအရေ၊ ဆံပင်နှင့် ကျန်းမာရေးအတွက် ရုံးပတီသီးရဲ့ အံ့သြဖွယ် အကျိုးကျေးဇူး ၁ဝမျိုး
ရုံးပတီသီးဟာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအသောက်တွေထဲမှာ ပါဝင်ပါတယ်။ ဆေးဖက်ဝင်အစားအစာဖြစ်တာကြောင့် ပုံမှန်စားသုံးရင် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။ ရုံးပတီသီးမှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များစွာပါဝင်ပါတယ်။ ရုံးပတီသီးကို ကြော်စားတာပဲဖြစ်ဖြစ်၊ ချက်စားတာပဲဖြစ်ဖြစ်၊ တို့စရာ အနေနဲ စားတာပဲ ဖြစ်ဖြစ် စားသောက်နိုင်ပြီး အာဟာရဓါတ်များစွာပါဝင်လို့ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဒါ့ကြောင့် ရုံးပတီသီးစားသုံးတဲ့အခါ ရရှိနိုင်မယ့် အကျိုးကျေးဇူးလေးတွေကို မျှဝေပေးလိုက်ပါတယ်။
၁။ အမျှင်ဓါတ်မြင့်မားစွာ ပါဝင်ပါတယ်
Lady finger လို့သိကြတဲ့ ဒီရုံးပတီသီးဟာ (အမျှင်ဓါတ်) ဖိုင်ဘာဓါတ်မြင့်မားစွာပါဝင်တာကို သိကြမှာပါ။ ဒီရုံးပတီသီးက အစာခြေစနစ်အတွက် များစွာအကျိုးပြုပါတယ်။ အမျှင်ဓါတ်ပါဝင်တာကြောင့် အူလမ်းကြောင်းလှုပ်ရှားမှုကို လွယ်ကူချောမွေ့စေပြီး ခန္ဓာကိုယ်ထဲမှာ အစာကြေစနစ်လုပ်ငန်းစဉ်ကို ကူညီပေးပါတယ်။ ဝမ်းချုပ်တာကို သက်သာစေနိုင်မှာဖြစ်ပါတယ်။ ရုံးပတီသီးဟာ အူမကြီးကင်ဆာနှင့် အခြားဆက်စပ်ရောဂါများကိုလည်း ကာကွယ်တားဆီးပေးပါတယ်။
၂။ ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်
ရုံးပတီသီးက ဆီးချိုရောဂါကို ကြိုတင်ကာကွယ်ရေးအတွက် အကူအညီပေးတယ်ဆိုတာ သိကြပါတယ်။ ၎င်းမှာ ရောဂါကာကွယ်တားဆီးဖို့အတွက် အထောက်အကူပြုတဲ့ အမျှင်ဓါတ် ကြွယ်ဝပါတယ်။ ဆီးချိုရောဂါကို ကာကွယ်ဖို့ ရုံးပတီသီးတောင့်ကို ဖင်ဖြတ် ခေါင်းဖြတ်ပါ။ အစေးတွေထွက်လာပါလိမ့်မယ်။ ရေမဆေးပါနဲ့ ။ ရေအပြည့်ထည့်ထားတဲ့ ဖန်ခွက်ထဲကို ရုံးပတီသီးတောင့်လေးတွေ ထည့်စိမ်ပြီး ပန်ကန်ပြားလေးနဲ့ အုပ်ပြီး တစ်ညထားပါ။ နောက်နေ့မနက်မှ ထိုအရည်ကို သောက်ပေးပါ။ ရုံးပတီသီးမှာ ပါဝင်တဲ့ ပျော်ဝင်အမျှင်ဓါတ်က သွေးတွင်းသကြားဓါတ်နှင့် ကိုလက်စထရောအဆင့်ကို လျော့ကျစေတာကြောင့် သွေးချိုရောဂါနှင့် အဝလွန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။
၃။ ကောင်းမွန်တဲ့ ဖောလိတ်ဓါတ်ပါဝင်ပါတယ်
ရုံးပတီသီးမှာ(folic acid)ပါဝင်တာကြောင့် မွေးကင်းစကလေးငယ်တွေကို အာရုံကြောပြွန် ချို့ယွင်းမှုကို လျှော့ချပေးပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင် သို့မဟုတ် ကိုယ်ဝန်ဆောင်နေစဉ်အတွင်း စားသုံးဖို့ အကြံပြုပါတယ်။
၄။ ဗီတာမင်ကေရဲ့ အကျိုးကျေးဇူးများ
ရုံးပတီသီးမှာ အရိုးကျန်းမာရေးအတွက် အရေးပါသလို သွေးတိတ်စေရာမှာ အရေးပါတဲ့ ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် ကေ ကြွယ်ဝစွာပါဝင်နေပါတယ်။
၅။ ပန်းနာရင်ကျပ်ရောဂါကို ထိန်းချုပ်ပေးပါတယ်
ပန်းနာရင်ကျပ်ရောဂါကို သင့်ရဲ့အစားအစာထဲမှာ ရုံးပတီသီးထည့်သွင်းခြင်းဖြင့် ကုသနိုင်ပါတယ်။ ပန်းနာရင်ကျပ်ရှိသူများ စားသုံးသင့်တဲ့ အစားအစာဖြစ်ပါတယ်။
၆။ ကျောက်ကပ်ရောဂါအတွက်လညး် ကောင်းပါတယ်
ဆီးချိုရောဂါအမျိုးအစား ၂ ရှိလျှင် ကျောက်ကပ်ပြဿနာက ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်နှင့် ဆက်စပ်တဲ့ ရောဂါများ၏ ထက်ဝက်ခန့်မှာ ဆီးချိုရောဂါကြောင့် ဖြစ်ရတာပါ။ ဒါ့ကြောင့် ရုံးပတီသီးစိမ်ရေကို ပုံမှန်သောက်ပေးတာက ကျောက်ကပ်ရောဂါကိုလည်း တားဆီးနိုင်ပါလိမ့်မယ်။
၇။ ရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်
ရုံးပတီသီးမှာပါတဲ့ lectin isolated ကရင်သားကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ် လို့လေ့လာမှုတစ်ရပ်အရသိရပါတယ်။ ရင်သားကင်ဆာအကျိတ်ဆဲလ်တွေရဲ့ကြီးထွားမှုကို ၆၃ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင် ပါတယ်။
၈။ ဗီတာမင်စီက အရေပြားကို နုပျိုစေပါတယ်
ရုံးပတီသီးမှာ ဗီတာမင်စီပါဝင်တာကြောင့် အသားအရေ နုပျိုမှုကို ထိန်းပေးထားနိုင်ပါတယ်။ ခန္ဓာကိုယ်တစ်ရှုးပြုပြင်ရေးမှာ အထောက်အကူပြုပါတယ်။ အင်တီအောက်ဆီဒင့်လည်း ကြွယ်ဝတာကြောင့် အရွယ်မတိုင်ခင် အိုမင်းခြင်းမှ တားဆီးပေးပါတယ်။
၉။ ဦးရေပြားကို အစိုဓါတ်ရရှိစေပါတယ်
ရုံးပတီသီးဟာ သင့်ရဲ့ခြောက်သွေ့ယားယံတဲ့ ဦးရေပြားအတွက် အလွန်အစွမ်းထက်တဲ့ moisturizer ဖြစ်ပါတယ်။ ဆံသား ပျော့ပြောင်းလာတာကို ခံစားရမှာဖြစ်ပြီး cosmetics တွေလို အန္တရာယ်မရှိပါဘူး။ ဆံပင်ပျော့ပြောင်းနေစေဖို့အတွက် ခေါင်းလျှော်ပြီး ဆံပင်မှရေကိုစင်အောင်ညှစ်ပါ။ ရုံးပတီသီးအချွဲနဲ့ ဆံပင်ကို ပွတ်ပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။ ပြီးမှ ရေနှင့် သေချာဆေးပေးပါ။ ဦးရေပြားမှာ ဘောက်တွေရှိရင်လည်း ပျောက်ကင်းစေပါတယ်။
၁၀။ ဆံသားကို တောက်ပစေပါတယ်
ရုံးပတီနှင့် ဆံပင်ကိုဆေးတဲ့အခါ သင့်ဆံသားကို တောက်ပမှုပေးပါလိမ့်မယ်။
ရုံးပတီသီးကို သိမ်းဆည်းတဲ့အခါ မဆေးဘဲ သိုလှောင်သင့်ပြီး စက္ကူအိတ် သို့မဟုတ် သတင်းစာတစ်ခုနှင့် ပတ်ပြီး သိမ်းနိုင်ပါတယ်။ စက္ကူအိတ်မရှိရင် ဖောက်ထားတဲ့ ပလစ်စတစ်အိတ်ထဲမှာလည်း သိမ်းနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ သိမ်းတဲ့အခါ အေးတဲ့နေရာမှာ မထည့်ပါနဲ့ ။ အအေးထဲမှာ ထားတဲ့အခါ ရုံးပတီသီးကို မြန်မြန်ပုပ်လွယ်စေပါတယ်။ ရေခဲသေတ္တာရဲ့ ခပ်နွေးနွေးအပူချိန်ထဲမှာ သိုလှောင်သိမ်းဆည်းပါ။ ပိုကြာကြာသိမ်းထားချင်ရင်တော့ ရုံးပတီသီးကိုပြုတ်ပြီးမှ အေးခဲထားပါ။ ရုံးပတီသီးကို ချက်တဲ့အခါ အရမ်းချွဲကျိမနေအောင် အရသာနှင့်မနယ်ခင်မှာ ဆီနည်းနည်းနဲ့ ကြော်ပေးပါ။ ကြော်ပြီးရင် ဖယ်ထားပြီး ဟင်းကျက်ခါနီးမှ ထည့်ပါ။ ရုံးပတီသီးကို အသုံးမပြုခင်မှာ ရှာလကာရည် သို့မဟုတ် သံပုရာရည်ထဲမှာ စိမ်ပေးထားရင် ချွဲတာလျော့နညး်ပါလိမ့်မယ်။ ၃မိနစ်- ၄မိနစ်လောက် ပြုတ်ပြီးမှ ဟင်းထဲထည့်ချက်စားတာကလည်း ချွဲတာကို လျော့နည်းစေပါတယ်။
#Lifestyle_Myanmar
#TB_Nandar