ကၽြန္မတို႔ဟာ အသက္ႀကီးလာတာနဲ႔အမွ် အေရးအေၾကာင္း၊ တင္းတိပ္၊ မွဲ႔ေျခာက္၊ အစက္အေျပာက္ေေတြကဲ့သို႔ အသားအေရရဲ႕အေျခအေနတစ္ခ်ဳိ႕ ေျပာင္းလဲမႈကို ရင္ဆိုင္ၾကရပါတယ္။ လူဆိုတာ သူ႔အသက္ အရြယ္အလိုက္ အိုမင္းရင့္ေရာ္သြားတာကေတာ့ သဘာ၀ျဖစ္ေပမယ့္ လူတိုင္းက အရြယ္တင္ႏုပ်ိဳခ်င္ၾကတဲ့သူခ်ည္းပါပဲ။ ဒီလိုအသက္အရြယ္ၾကီးလာလို႔ လွပနုပ်ိဳေနဖို႔ဆိုရင္ေတာ့ မိမိရဲ႕အေရျပားကို ထိန္းသိမ္း ျပဳျပင္ဖို႔ က်န္းမာေရးနဲ႔ ညီညြတ္ ဖို႔ေတာ့ မလႊဲမေသြလိုအပ္မွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သဘာ၀ပါ၀င္ပစၥည္းေတြနဲ႔ ေပါင္းတင္ၿပီး အသားအေရ အုိမင္းရင့္ေရာ္မႈ ကေန ကာကြယ္လိုက္ရေအာင္ပါ။
မ်က္ကြင္းညိဳတဲ့ ျပႆနာကို ေျဖရွင္းဖို႔ နည္းလမ္း ၇ခု
၁။ မုန္လာဥနီ-ၾကက္ဥျဖင့္ ေပါင္းတင္နည္း
မုန္လာဥနီတစ္လံုးကိုယူၿပီး ျခစ္ပါ။ ၾကက္ဥတစ္လံုးကိုခြဲၿပီး မုန္လာဥနီ လက္ဖက္ရည္ဇြန္း ၁ဇြန္းထည့္ၿပီး ေရာေမႊပါ။ သန္႔စင္ထားတဲ့ သင့္မ်က္ႏွာနဲ႔ လည္ပင္းေတြေပၚမွာ ညင္ညင္သာသာလိမ္းေပးၿပီး သင့္လက္ေခ်ာင္းေလးမ်ားနဲ႔ ႏွိပ္နယ္ေပးပါ။ မိနစ္၃၀ေလာက္ေနမွ ေရေအးျဖင့္ ေဆးေၾကာေပးပါ။ ၿပဲီးလွ်င္၊ ဗာဒံဆီ သို႔ အစိုဓါတ္ထိန္းခရမ္ တစ္ခ်ိဳ႕ လိမ္းေပးပါ။
ဒီမုန္လာဥနီ-ၾကက္ဥေပါင္းတင္ေဆးကို ၁၀ရက္ေလာက္ ေန႔တိုင္းလိမ္းေပးႏိုင္ပါတယ္။ အဲ့ဒီေနာက္ တစ္ပတ္ျခားၿပီး ေနာက္တစ္ပတ္ကို ၂ႀကိမ္ ၃ႀကိမ္ေလာက္ ဆက္လက္အသံုးျပဳေပးပါ။ ၁လေလာက္ေနလွ်င္ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အစက္အေျပာက္ေတြ ကြယ္ေပ်ာက္သြားၿပီး သင့္အသားအေရကို ပိုမိုေခ်ာမြတ္လာေစမွာပါ။
၂။ ငွက္ေပ်ာသီးျဖင့္ ေပါင္းတင္နည္း
ငွက္ေပ်ာသီးတစ္လံုးကိုယူၿပီး ႀကိတ္ေခ်လိုက္ပါ။ သင့္အေရျပားက အရမ္းေျခာက္ေသြ႕လွ်င္ (organic sour cream)ေအာ္ဂဲနစ္အခ်ဥ္ခရမ္ အနည္းငယ္ထည့္ပါ။
ႀကိတ္ေခ်ထားတဲ့ ငွက္ေပ်ာသီးကို သင့္မ်က္ႏွာေပၚမွာ လိမ္းၿပီး မိနစ္၂၀-၃၀ေလာက္ထားၿပီးမွ ေရေအးျဖင့္ေဆးပါ။ ဒီေပါင္းတင္နည္းကို တစ္ပတ္ကိုအႀကိမ္အနည္းငယ္ လိမ္းေပးႏိုင္ပါတယ္။
ငွက္ေပ်ာသီးေပါင္းတင္ေဆးက အသားအေရကို က်န္းမာၿပီး ပိုလတ္ဆတ္ေစပါတယ္။ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အစက္အေပ်ာက္ေတြကို ေပ်ာက္ကင္းေစပါတယ္။
၃။ ပန္းသီးရွာလကာရည္ျဖင့္ ေပါင္းတင္နညး္
ပန္းသီးရွာလကာရည္မွာ alpha hydroxy အက္ဆစ္ပါ၀င္တာေၾကာင့္ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ တင္းတိပ္ေတြ၊ မွဲ႔ေျခာက္ေတြကို ေလ်ာ့ပါးေအာင္ သံုးစြဲဖို႔ အေကာင္းဆံုးပစၥည္းျဖစ္ပါတယ္။ အစက္အေျပာက္ေတြေပၚမွာ ပန္းသီးရွာလကာရည္ အနညး္ငယ္လိမ္းၿပီး တစ္ညထားပါ။ ေနာက္ေန႔မနက္မွ မ်က္ႏွာကိုသန္႔စင္ေပးပါ။ အသားအေရမေျခာက္ေသြ႕ေအာင္ ဆီတစ္ခုခု ေရာႏိုင္ပါတယ္။

၄။ ဗီတာမင္စီ
ကၽြန္မတို႔ရဲ႕အသားအေရအိုမင္းမႈက ဗီတာမင္စီ ကင္းမဲ့မႈကစတင္ပါတယ္။ ဗီတာမင္ စီလိမ္းျခင္းႏွင့္အတူ exfoliation လုပ္ျခင္း သို႔ ျဖည့္စြက္စာစားျခငး္ကတဆင့္ ဗီတာမင္စီ၏ လံုေလာက္တဲ့ ပမာဏကို ထိနး္သိမ္းႏိုင္ပါတယ္။ ဒါက အေရးအေၾကာင္းမ်ားႏွင့္ အေရျပားအေရာင္ေျပာင္းျခင္းကို ေလ်ာ့ခ်ေပးပါလိမ့္မယ္။

Leaders of the maximum content of ascorbic acid.
#Lifestyle_Myanmar
#TB_Nandar
Unicode
အသားအရေကို ယခင်ကထက် ပိုကြည့်ကောင်းစေမယ့် နည်းလမ်းတစ်ချို့
ကျွန်မတို့ဟာ အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်း၊ တင်းတိပ်၊ မှဲ့ခြောက်၊ အစက်အပြောက်ေတွေကဲ့သို့ အသားအရေရဲ့အခြေအနေတစ်ချို့ ပြောင်းလဲမှုကို ရင်ဆိုင်ကြရပါတယ်။ လူဆိုတာ သူ့အသက် အရွယ်အလိုက် အိုမင်းရင့်ရော်သွားတာကတော့ သဘာဝဖြစ်ပေမယ့် လူတိုင်းက အရွယ်တင်နုပျိုချင်ကြတဲ့သူချည်းပါပဲ။ ဒီလိုအသက်အရွယ်ကြီးလာလို့ လှပနုပျိုနေဖို့ဆိုရင်တော့ မိမိရဲ့အရေပြားကို ထိန်းသိမ်း ပြုပြင်ဖို့ ကျန်းမာရေးနဲ့ ညီညွတ် ဖို့တော့ မလွှဲမသွေလိုအပ်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သဘာဝပါဝင်ပစ္စည်းတွေနဲ့ ပေါင်းတင်ပြီး အသားအရေ အိုမင်းရင့်ရော်မှု ကနေ ကာကွယ်လိုက်ရအောင်ပါ။
၁။ မုန်လာဥနီ-ကြက်ဥဖြင့် ပေါင်းတင်နည်း
မုန်လာဥနီတစ်လုံးကိုယူပြီး ခြစ်ပါ။ ကြက်ဥတစ်လုံးကိုခွဲပြီး မုန်လာဥနီ လက်ဖက်ရည်ဇွန်း ၁ဇွန်းထည့်ပြီး ရောမွှေပါ။ သန့်စင်ထားတဲ့ သင့်မျက်နှာနဲ့ လည်ပင်းတွေပေါ်မှာ ညင်ညင်သာသာလိမ်းပေးပြီး သင့်လက်ချောင်းလေးများနဲ့ နှိပ်နယ်ပေးပါ။ မိနစ်၃ဝလောက်နေမှ ရေအေးဖြင့် ဆေးကြောပေးပါ။ ပြဲီးလျှင်၊ ဗာဒံဆီ သို့ အစိုဓါတ်ထိန်းခရမ် တစ်ချို့ လိမ်းပေးပါ။
ဒီမုန်လာဥနီ-ကြက်ဥပေါင်းတင်ဆေးကို ၁ဝရက်လောက် နေ့တိုင်းလိမ်းပေးနိုင်ပါတယ်။ အဲ့ဒီနောက် တစ်ပတ်ခြားပြီး နောက်တစ်ပတ်ကို ၂ကြိမ် ၃ကြိမ်လောက် ဆက်လက်အသုံးပြုပေးပါ။ ၁လလောက်နေလျှင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ ကွယ်ပျောက်သွားပြီး သင့်အသားအရေကို ပိုမိုချောမွတ်လာစေမှာပါ။
၂။ ငှက်ပျောသီးဖြင့် ပေါင်းတင်နည်း
ငှက်ပျောသီးတစ်လုံးကိုယူပြီး ကြိတ်ချေလိုက်ပါ။ သင့်အရေပြားက အရမ်းခြောက်သွေ့လျှင် (organic sour cream)အော်ဂဲနစ်အချဉ်ခရမ် အနည်းငယ်ထည့်ပါ။
ကြိတ်ချေထားတဲ့ ငှက်ပျောသီးကို သင့်မျက်နှာပေါ်မှာ လိမ်းပြီး မိနစ်၂၀-၃ဝလောက်ထားပြီးမှ ရေအေးဖြင့်ဆေးပါ။ ဒီပေါင်းတင်နည်းကို တစ်ပတ်ကိုအကြိမ်အနည်းငယ် လိမ်းပေးနိုင်ပါတယ်။
ငှက်ပျောသီးပေါင်းတင်ဆေးက အသားအရေကို ကျန်းမာပြီး ပိုလတ်ဆတ်စေပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပျောက်တွေကို ပျောက်ကင်းစေပါတယ်။
၃။ ပန်းသီးရှာလကာရည်ဖြင့် ပေါင်းတင်နညး်
ပန်းသီးရှာလကာရည်မှာ alpha hydroxy အက်ဆစ်ပါဝင်တာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ တင်းတိပ်တွေ၊ မှဲ့ခြောက်တွေကို လျော့ပါးအောင် သုံးစွဲဖို့ အကောင်းဆုံးပစ္စည်းဖြစ်ပါတယ်။ အစက်အပြောက်တွေပေါ်မှာ ပန်းသီးရှာလကာရည် အနညး်ငယ်လိမ်းပြီး တစ်ညထားပါ။ နောက်နေ့မနက်မှ မျက်နှာကိုသန့်စင်ပေးပါ။ အသားအရေမခြောက်သွေ့အောင် ဆီတစ်ခုခု ရောနိုင်ပါတယ်။
၄။ ဗီတာမင်စီ
ကျွန်မတို့ရဲ့အသားအရေအိုမင်းမှုက ဗီတာမင်စီ ကင်းမဲ့မှုကစတင်ပါတယ်။ ဗီတာမင် စီလိမ်းခြင်းနှင့်အတူ exfoliation လုပ်ခြင်း သို့ ဖြည့်စွက်စာစားခြငး်ကတဆင့် ဗီတာမင်စီ၏ လုံလောက်တဲ့ ပမာဏကို ထိနး်သိမ်းနိုင်ပါတယ်။ ဒါက အရေးအကြောင်းများနှင့် အရေပြားအရောင်ပြောင်းခြင်းကို လျော့ချပေးပါလိမ့်မယ်။
#Lifestyle_Myanmar
#TB_Nandar