အရေပြားက သင့်ခန္ဓာကိုယ်ထဲမှာ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ လူအများမြင်နေရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျန်းမာရေးနဲ့ မသင့်တော်တဲ့အစား အစာတွေစားတဲ့အခါ၊ အိပ်ရေးဝဝ မအိပ်ရတဲ့အခါမှာ အသားအရေ ပျက်စီးလာပါလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစား အစာတွေ စားမယ်၊ ကောင်းစွာ အိပ်စက်အနားယူမယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းလေးတွေကလည်း ကောင်းမွန်မှာဖြစ်သလို ခန္ဓာကိုယ်အပြင်က အသားအရေကလည်း တောက်ပကြည်လင်လာမှာပါ။
၁။ တာရှည်ခံအစားအစာများ
စည်သွပ်ဘူးတွေက အလွယ်တကူ ချက်စားနိုင်ပေမဲ့ တာရှည်ခံနေစေဖို့ ဓာတုပစ္စည်းများနဲ့ ပြုလုပ်ထားတာကြောင့် ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်ပမာဏများလာအောင် ပြုလုပ်ပါတယ်။ ဒါ့အပြင် အမဲစက်နဲ့ဝက်ခြံတွေကို ဖြစ်ပေါ်စေတဲ့ အဆီဟော်မုန်းတွေ ထုတ်လွှတ်ပေးပါတယ်။

၂။ ကာဖိန်းဓာတ်ပါတဲ့ အစားအစာများ
မနက်ခင်းကော်ဖီတစ်ခွက်သောက်ခြင်းက သင့်ကိုတစ်နေကုန် လန်းဆန်းတက်ကြွနေစေမှာ အမှန်ပါပဲ။ ဒါပေမဲ့ နေ့တိုင်းသောက်မယ်ဆိုရင် ရေဓာတ်ခမ်းခြောက်စေပြီး အသားအရေခြောက်သွေ့စေပါတယ်။

၃။ အချိုဓာတ်များသော အစားအစာများ
အချိုဓာတ်များတဲ့ အစားအသောက်တွေ စားးခြင်းက ဝက်ခြံနဲ့ အမဲစက်တွေ ဖြစ်ပေါ်စေပါတယ်။ အကယ်၍ သင်က အချိုကြိုက်တယ်ဆိုရင် သဘာဝအချိုဓာတ်ပါတဲ့ သစ်သီးဝလံတွေ ရွေးချယ်စားသုံးပေးပါ။ သစ်သီးဖျော်ရည်တွေထဲကို ဆေးသကြားရှောင်ပါ။

၄။ အာလူးကြော်ထုပ်များနဲ့ အခြားမုန့်ထုပ်များ
အာလူးကြော်ထုပ်နဲ့ အခြားမုန့်ထုပ်တွေမှာ အငန်ဓာတ်အလွန်အကျွံပါပြီး တာရှည်ခံအောင်ပြုလုပ်ထားတဲ့ အရာတွေ ပါဝင်ပါတယ်။ အဲ့ဒီမုန့်ထုပ်တွေစားသုံးမယ်ဆိုရင် ပါးရေတွန့်ခြင်း၊ ဝက်ခြံအဖုအပိမ့်တွေ ပေါက်ပါလိမ့်မယ်။

၅။ အသင့်စား အစားအစာများ
အသင့်စား အစားအစာတွေ ဖြစ်တဲ့ ပီဇာတို့၊ ကြက်ကြော်၊ ဘာဂါ၊ အာလူးကြော်စတာတွေ စားတဲ့အခါမှာ သူတို့ရဲ့ ကယ်လိုရီတွေက ခန္ဓာကိုယ်ထဲမှာ စုပုံနေပြီး ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်လျော့ကျသွားစေပါတယ်။ ကိုယ်အလေးချိန်တိုးစေပြီး သွေးထဲမှာ ကိုလက်စထရောများစေကာ အသားအရေကို အဆီပြန်စေပါတယ်။

အသားအရေထိန်းသိမ်းပေးတဲ့ တိုနာတွေ ခရင်မ်တွေ မျက်နှာသစ်ဆေးတွေ သုံးပေးတာနဲ့လည်း မလုံလောက်ပါဘူး။ အစားအသောက်လည်း ဆင်ခြေပေးပါမှ ကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။
Lifestyle_Myanmar
ref-livestrong