သံလွင်ဆီ က ကျန်းမာရေးနဲ့လည်းညီညွတ်သလို အလှအပအတွက်လည်း များစွာအသုံးဝင်တာကို သိပြီးသားဖြစ်မှာပါ။ ဘယ်အသက်အရွယ်မှာမဆို အသုံးပြုလို့ရပြီး အသားအရေ၊ ဆံကေသာနဲ့ လက်သည်းလေးတွေကိုလည်း ကောင်းမွန်လှပစေပါတယ်။ ဒီတခါမှာတော့ သံလွင်ဆီရဲ့အသုံးဝင်မှု နဲ့ သူ့ကို အလှအပအတွက် ဘယ်လိုသုံးရမလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။
မျက်လုံးခရင်မ်အဖြစ်လိမ်းမယ်
သံလွင်ဆီကို မျက်လုံးနားက အရေးကြောင်းတွေသက်သာစေဖို့နဲ့ မျက်ကွင်းညိုတာ သက်သာစေဖို့အသုံးပြုနိုင်ပါတယ်။ သံလွင်ဆီစားပွဲတင်ဇွန်း ၁ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဗီတာမင် E အဆီ ၂ တောင့်၊ ပျားရည် လက်ဖက်ရည်ဇွန် ၁ ဇွန်းတို့ရောပြီး သင့်မျက်လုံးအောက်မှာလိမ်းပေးလိုက်ကာ သေချာလေးနှိပ်နယ်ပေးလိုက်ပါ။ ၁ နာရီလောက်ထားပြီး ရေဆေးချလိုက်ပါ။

ဆံပင်ပေါင်းတင်မယ်
သံလွင်ဆီက ဆံကေသာအတွက်အကောင်းဆုံး ပေါင်းဆေးပါပဲနော်။ ကြက်ဥ ၁ လုံး၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပယိုရည် အနည်းငယ်၊ သံလွင်ဆီစားပွဲတင်ဇွန်း ၂ ဇွန်းတို့ပေါင်းပြီး ဆံကေသာအနှံ့ကို ၄၅ မိနစ်ခန့် လိမ်းပေးလိုက်ပါ။ ပြီးရင်တော့ ခေါင်းကိုသေချာလျှော်ချလိုက်ပါ။
ခန္ဓာကိုယ်အသားအရေလေးလှဖို့
အသားအရေလေးလှဖို့က မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါပဲ။ သံလွင်ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း၊ ဗီတာမင် E အနည်းငယ်တို့ကိုရောလိုက်ပါ။ ပြီးရင်တော့ ရေမချိုးခင်မှာ သင့်ခန္ဓာကိုယ်တစ်ခုလုံးကို လိမ်းပေးလိုက်ပြီး နာရီဝက်လောက်ထားပါ။ ပြီးရင်တော့ ရေချိုးလိုက်ပါ။

Lifestyle_Myanmar
ref-beautyofgirlcom