အသားအရေနဲ့ ဆံကေသာအပေါ်ကို မကောင်းတဲ့သက်ရောက်မှုတွေဖြစ်စေနိုင်တဲ့ အကျင့်ဆိုးများ

0
196

အဖျားနှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ မျက်နှာဖောင်းအစ်ခြင်းတို့လို အသားအရေနဲ့ ဆံသားဆိုင်ရာပြဿနာမျိုးစုံဟာ ယနေ့အချိန်မှာ အဖြစ်များလျက်ရှိပြီး ကျွန်မတို့ရဲ့ ယုံကြည်မှုကိုလျော့ကျလာစေပါတယ်။ ဒီလိုပြဿနာတွေကို မကြာခဏဆိုသလို ကြုံတွေ့လာရတာကြောင့် အသားအရေနဲ့ဆံသားကို ဂရုစိုက်ဖို့အတွက်ကိုလည်း ကြာတဲ့အခါ အားလျော့လာပါတယ်။ ဒါပေမယ့် ပြဿနာရှိရင် အဖြေရှိတာကြောင့် ဘယ်လိုပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိထားမယ်ဆိုရင် စိတ်ညစ်စရာတွေကနေ ပျော်စရာနေ့ရက်တွေအဖြစ် ပြောင်းလဲပစ်နိုင်မှာပါ။

-Advertisement-

တစ်ခုသိထားရမှာကတော့ ဒီလိုပြဿနာတွေဖြစ်လာရတာဟာ တခြားသူတွေကြောင့်မဟုတ်ဘဲ ကိုယ့်အပြစ်သာဖြစ်တာကြောင့် ဘယ်လိုအမှားတွေက အခုလိုနောက်ဆက်တွဲပြဿနာတွေကို ဖြစ်လာစေရသလဲဆိုတာကို အရင်သိထားဖို့တော့ လိုပါလိမ့်မယ်။

၁။ ဟောင်းနွမ်းနေတဲ့မိတ်ကပ်ပစ္စည်းတွေနဲ့ အလှကုန်ပစ္စည်းတွေမှာ ဘက်တီးရီးယားတွေ စွဲကပ်နေနိုင်ပါတယ်

မိတ်ကပ်လိမ်းတဲ့အခါ အသုံးပြုတဲ့ Brushes တွေ၊ ဘီးတွေ၊ ဖော့တုံးတွေက မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေဖြစ်ပေမယ့်လည်း သေသေချာချာ ထိန်းသိမ်းမှုမရှိဘူး၊ ပုံမှန်အသစ်မလဲပေးဘူးဆိုရင်တော့ အချိန်ကြာလာတဲ့အခါ ဘက်တီးရီးယားတွေ စုဝေးလာမှာဖြစ်ပါတယ်။ ဒီလိုဘက်တီးရီးယားတွေစုဝေးနေတဲ့ ပစ္စည်းတွေကို ဆက်ပြီးအသုံးပြုနေမယ်ဆိုရင်တော့ အရေပြားနီ၍ ရောင်ရမ်းနာကျင်ခြင်း၊ ဝက်ခြံနှင့် ဦးရေပြားဆိုင်ရာ ပြဿနာများစတင်ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မျက်တောင်ကော့ဆေး၊ ဖောင်ဒေးရှင်းတို့ကို မှန်မှန်အသစ်လဲပေးပြီး မိတ်ကပ်ဖော့တုံး၊ Brushes တွေကိုတော့ တစ်ပတ်မှာတစ်ကြိမ်လောက် ရေနွေးနွေးလေး၊ ဆပ်ပြာတို့ကိုသုံးကာ ဆေးကြောပြီး နေရောင်ခြည်နဲ့ခြောက်အောင်ထားလိုက်ပါ။

၂။ ပိုက်နဲ့အမြဲတမ်းသောက်ခြင်းက ပါးစပ်တစ်ဝိုက်မှာ အရေးအကြောင်းတွေ ဖြစ်လာစေနိုင်ပါတယ်

သူများတွေထက် အနည်းငယ်ခြားပြီး ပိုက်နဲ့အမြဲတမ်း ဖျော်ရည်တွေသောက်သုံးခြင်းက အိုမင်းရင့်ရော်ခြင်းကို ပိုမိုမြန်ဆန်စေပါတယ်။ ဇရာဆိုတာ စိတ်တိုင်းကျ ပြောင်းလဲလို့မရပေမယ့်လည်း ကိုယ့်ရဲ့လက်ရှိအသက်ထက်ပိုပြီးတော့ ရုပ်ရင့်နေတာမျိုးကို မလိုလားဘူးဆိုရင်တော့ ပိုက်နဲ့အမြဲတမ်းမသောက်သုံးဖို့ တိုက်တွန်းပေးချင်ပါတယ်။

၃။ ရေချိုးပြီးနောက် နာရီအနည်းငယ်ကြာပြီးတော့မှ Skincare ကို အသုံးပြုတယ်

ကိုယ့်ရဲ့အသားအရေက ခြောက်သွေ့အက်ကွဲနေတယ်လို့ ခံစားရတယ်ဆိုရင် အကြောင်းအရင်းကတော့ ဒါကြောင့်ဖြစ်နိုင်ပါတယ်။ လူအများစုက ရေချိုးခန်းထဲကထွက်တာနဲ့ အသားအရေကို အစိုဓာတ်ဖြည့်တင်းဖို့ မေ့လျော့တတ်ကြလို့ အသားအရေကလည်း ရေဓာတ်အများကြီးကုန်ဆုံးရတာဖြစ်ပါတယ်။ နောက်ပိုင်းမှ Moisturizer သုံးပေးတယ်ဆိုရင်တောင်မှ အရေးအကြောင်းတွေ၊ ပါးရေနားရေတွန့်တာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် Moisturizer နဲ့ အခြား Skincare ပစ္စည်းတွေကို သုံးသင့်တဲ့ အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးပြီးချင်းပဲဖြစ်ပါတယ်။

၄။ Skincare ပစ္စည်းတွေကို အစီအစဥ်တကျ အသုံးမပြုခြင်း

ကိုယ်က Skincare ပစ္စည်းအများကြီးအသုံးပြုပေမယ့်လည်း ရလဒ်က ထင်သလောက်မကောင်းလို့ ပဟေဠိဖြစ်နေရပါသလား။ တကယ်တမ်းတော့ သုံးသင့်တဲ့အစီအစဥ်တကျ အသုံးမပြုခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အဆီအခြေခံအလှကုန်ပစ္စည်းတွေနဲ့ စတင်ရမှာဖြစ်ပြီး ရေအခြေခံပစ္စည်းတွေနဲ့ ရောစပ်ပြီး အသုံးမပြုသင့်ပါဘူး။ ဥပမာ သင်က Facial Spray, Serum, Eye Cream နှင့် Moisturizer တို့ကို အသုံးပြုတယ်ဆိုရင် ဦးဆုံးအသုံးပြုရမှာက Facial Spray, Serum, Eye Cream နောက်ဆုံးကျမှ Moisturizer ကို အသုံးပြုရမှာဖြစ်ပါတယ်။

၅။ ဆံပင်ရေစိုနေချိန် ခေါင်းစည်း၊ ခေါင်းထုံးခြင်း

ခေါင်းလျှော်ပြီးလို့ သေချာခြောက်အောင်မသုတ်ရသေးဘဲ ဆံပင်စည်းတာ၊ ထုံးတာမျိုးကို ပြုလုပ်မယ်ဆိုရင်တော့ နဂိုထက်ကို နှစ်ဆပိုပြီးပျက်စီးအောင် ပြုလုပ်ရာရောက်သွားမှာပါ။ ရေစိုဆံပင်က ပိုပြီးပျက်စီးလွယ်တာကြောင့် နှစ်ခွတွေ၊ ကျိုးကြေတာတွေဖြစ်သွားစေနိုင်ပါတယ်။

#Lifestyle_Myanmar

#Thinzar

Ref-ba-bamail

Zawgyi

အသားအေရနဲ႔ ဆံေကသာအေပၚကို မေကာင္းတဲ့သက္ေရာက္မႈေတြျဖစ္ေစႏိုင္တဲ့ အက်င့္ဆိုးမ်ား

အဖ်ားႏွစ္ခြျဖစ္ျခင္း၊ ဆံပင္ကြၽတ္ျခင္း၊ မ်က္ႏွာေဖာင္းအစ္ျခင္းတို႔လို အသားအေရနဲ႔ ဆံသားဆိုင္ရာျပႆနာမ်ိဳးစုံဟာ ယေန႔အခ်ိန္မွာ အျဖစ္မ်ားလ်က္ရွိၿပီး ကြၽန္မတို႔ရဲ႕ ယုံၾကည္မႈကိုေလ်ာ့က်လာေစပါတယ္။ ဒီလိုျပႆနာေတြကို မၾကာခဏဆိုသလို ႀကဳံေတြ႕လာရတာေၾကာင့္ အသားအေရနဲ႔ဆံသားကို ဂ႐ုစိုက္ဖို႔အတြက္ကိုလည္း ၾကာတဲ့အခါ အားေလ်ာ့လာပါတယ္။ ဒါေပမယ့္ ျပႆနာရွိရင္ အေျဖရွိတာေၾကာင့္ ဘယ္လိုျပႆနာကို ဘယ္လိုေျဖရွင္းရမလဲဆိုတာ သိထားမယ္ဆိုရင္ စိတ္ညစ္စရာေတြကေန ေပ်ာ္စရာေန႔ရက္ေတြအျဖစ္ ေျပာင္းလဲပစ္ႏိုင္မွာပါ။

တစ္ခုသိထားရမွာကေတာ့ ဒီလိုျပႆနာေတြျဖစ္လာရတာဟာ တျခားသူေတြေၾကာင့္မဟုတ္ဘဲ ကိုယ့္အျပစ္သာျဖစ္တာေၾကာင့္ ဘယ္လိုအမွားေတြက အခုလိုေနာက္ဆက္တြဲျပႆနာေတြကို ျဖစ္လာေစရသလဲဆိုတာကို အရင္သိထားဖို႔ေတာ့ လိုပါလိမ့္မယ္။

၁။ ေဟာင္းႏြမ္းေနတဲ့မိတ္ကပ္ပစၥည္းေတြနဲ႔ အလွကုန္ပစၥည္းေတြမွာ ဘက္တီးရီးယားေတြ စြဲကပ္ေနႏိုင္ပါတယ္

မိတ္ကပ္လိမ္းတဲ့အခါ အသုံးျပဳတဲ့ Brushes ေတြ၊ ဘီးေတြ၊ ေဖာ့တုံးေတြက မရွိမျဖစ္လိုအပ္တဲ့ ပစၥည္းေတြျဖစ္ေပမယ့္လည္း ေသေသခ်ာခ်ာ ထိန္းသိမ္းမႈမရွိဘူး၊ ပုံမွန္အသစ္မလဲေပးဘူးဆိုရင္ေတာ့ အခ်ိန္ၾကာလာတဲ့အခါ ဘက္တီးရီးယားေတြ စုေဝးလာမွာျဖစ္ပါတယ္။ ဒီလိုဘက္တီးရီးယားေတြစုေဝးေနတဲ့ ပစၥည္းေတြကို ဆက္ၿပီးအသုံးျပဳေနမယ္ဆိုရင္ေတာ့ အေရျပားနီ၍ ေရာင္ရမ္းနာက်င္ျခင္း၊ ဝက္ၿခံႏွင့္ ဦးေရျပားဆိုင္ရာ ျပႆနာမ်ားစတင္ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ မ်က္ေတာင္ေကာ့ေဆး၊ ေဖာင္ေဒးရွင္းတို႔ကို မွန္မွန္အသစ္လဲေပးၿပီး မိတ္ကပ္ေဖာ့တုံး၊ Brushes ေတြကိုေတာ့ တစ္ပတ္မွာတစ္ႀကိမ္ေလာက္ ေရေႏြးေႏြးေလး၊ ဆပ္ျပာတို႔ကိုသုံးကာ ေဆးေၾကာၿပီး ေနေရာင္ျခည္နဲ႔ေျခာက္ေအာင္ထားလိုက္ပါ။

၂။ ပိုက္နဲ႔အၿမဲတမ္းေသာက္ျခင္းက ပါးစပ္တစ္ဝိုက္မွာ အေရးအေၾကာင္းေတြ ျဖစ္လာေစႏိုင္ပါတယ္

သူမ်ားေတြထက္ အနည္းငယ္ျခားၿပီး ပိုက္နဲ႔အၿမဲတမ္း ေဖ်ာ္ရည္ေတြေသာက္သုံးျခင္းက အိုမင္းရင့္ေရာ္ျခင္းကို ပိုမိုျမန္ဆန္ေစပါတယ္။ ဇရာဆိုတာ စိတ္တိုင္းက် ေျပာင္းလဲလို႔မရေပမယ့္လည္း ကိုယ့္ရဲ႕လက္ရွိအသက္ထက္ပိုၿပီးေတာ့ ႐ုပ္ရင့္ေနတာမ်ိဳးကို မလိုလားဘူးဆိုရင္ေတာ့ ပိုက္နဲ႔အၿမဲတမ္းမေသာက္သုံးဖို႔ တိုက္တြန္းေပးခ်င္ပါတယ္။

၃။ ေရခ်ိဳးၿပီးေနာက္ နာရီအနည္းငယ္ၾကာၿပီးေတာ့မွ Skincare ကို အသုံးျပဳတယ္

ကိုယ့္ရဲ႕အသားအေရက ေျခာက္ေသြ႕အက္ကြဲေနတယ္လို႔ ခံစားရတယ္ဆိုရင္ အေၾကာင္းအရင္းကေတာ့ ဒါေၾကာင့္ျဖစ္ႏိုင္ပါတယ္။ လူအမ်ားစုက ေရခ်ိဳးခန္းထဲကထြက္တာနဲ႔ အသားအေရကို အစိုဓာတ္ျဖည့္တင္းဖို႔ ေမ့ေလ်ာ့တတ္ၾကလို႔ အသားအေရကလည္း ေရဓာတ္အမ်ားႀကီးကုန္ဆုံးရတာျဖစ္ပါတယ္။ ေနာက္ပိုင္းမွ Moisturizer သုံးေပးတယ္ဆိုရင္ေတာင္မွ အေရးအေၾကာင္းေတြ၊ ပါးေရနားေရတြန႔္တာေတြ ျဖစ္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္ Moisturizer နဲ႔ အျခား Skincare ပစၥည္းေတြကို သုံးသင့္တဲ့ အေကာင္းဆုံးအခ်ိန္ကေတာ့ ေရခ်ိဳးၿပီးၿပီးခ်င္းပဲျဖစ္ပါတယ္။

၄။ Skincare ပစၥည္းေတြကို အစီအစဥ္တက် အသုံးမျပဳျခင္း

ကိုယ္က Skincare ပစၥည္းအမ်ားႀကီးအသုံးျပဳေပမယ့္လည္း ရလဒ္က ထင္သေလာက္မေကာင္းလို႔ ပေဟဠိျဖစ္ေနရပါသလား။ တကယ္တမ္းေတာ့ သုံးသင့္တဲ့အစီအစဥ္တက် အသုံးမျပဳျခင္းေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အဆီအေျခခံအလွကုန္ပစၥည္းေတြနဲ႔ စတင္ရမွာျဖစ္ၿပီး ေရအေျခခံပစၥည္းေတြနဲ႔ ေရာစပ္ၿပီး အသုံးမျပဳသင့္ပါဘူး။ ဥပမာ သင္က Facial Spray, Serum, Eye Cream ႏွင့္ Moisturizer တို႔ကို အသုံးျပဳတယ္ဆိုရင္ ဦးဆုံးအသုံးျပဳရမွာက Facial Spray, Serum, Eye Cream ေနာက္ဆုံးက်မွ Moisturizer ကို အသုံးျပဳရမွာျဖစ္ပါတယ္။

၅။ ဆံပင္ေရစိုေနခ်ိန္ ေခါင္းစည္း၊ ေခါင္းထုံးျခင္း

ေခါင္းေလွ်ာ္ၿပီးလို႔ ေသခ်ာေျခာက္ေအာင္မသုတ္ရေသးဘဲ ဆံပင္စည္းတာ၊ ထုံးတာမ်ိဳးကို ျပဳလုပ္မယ္ဆိုရင္ေတာ့ နဂိုထက္ကို ႏွစ္ဆပိုၿပီးပ်က္စီးေအာင္ ျပဳလုပ္ရာေရာက္သြားမွာပါ။ ေရစိုဆံပင္က ပိုၿပီးပ်က္စီးလြယ္တာေၾကာင့္ ႏွစ္ခြေတြ၊ က်ိဳးေၾကတာေတြျဖစ္သြားေစႏိုင္ပါတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here