အသားအရေကို မြန်မြန် အိုမင်းခြင်းကနေ တားဆီးပေးမယ့် နည်းလမ်း (၈)ခု

0
2187

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို အသက်ကြီးခြင်းကနေ ရပ်တန့် မရနိုင်သော်လည်း အိုမင်းခြင်း ဖြစ်စဉ်ကို နှေးကွေးအောင် တစ်ခုခုလုပ်နိုင်ပါတယ်။ လျောရိလျော့ရဲ လက်မောင်းတွေနဲ့ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အရေးအကြောင်းတွေကို တိုက်ဖျက်ဖို့ cosmetic surgeries ဖြေရှင်းနည်း တစ်ခုပဲရှိတာမဟုတ်ပါဘူး။ သဘာဝမိခင်က အသားအရေကို နုပျိုစေနိုင်တဲ့ မှော် လက်ဆောင်တွေ အပြည့်ပေးထားပါတယ်။ ဒါ့ကြောင့် ပျိုမေတို့အတွက် ခန္ဓာကိုယ်ရဲ့ အိုမင်းခြင်းဖြစ်စဉ်ကို တိုက်ဖျက်ဖို့ အသုံးပြုနိုင်တဲ့ နည်းလမ်းလေးတွေ ရှာဖွေပေးထားပါတယ်။

၁။ ဘလူးဘယ်ရီသီးကို ပုံမှန်စားပေးပါ

ကျွန်တော်တို့ရဲ့ အသက်အရွယ်နဲ့ အသားအရေဟာ အနိုင်ယူဖို့ ခက်ခဲတဲ့ oxidative DNA ပျက်စီးမှုလို့ခေါ်သော လုပ်ငန်းစဉ်တစ်ခုကြောင့် လျော့ရဲလာပါတယ်။ ဒါပေမယ့် ဘလူးဘယ်ရီသီးတွေကို ပုံမှန်စားသုံးပေးခြင်းဖြင့် နှေးကွေးစေနိုင်ပါတယ်။ ဒီအသီးသေးသေးလေးတွေဟာ အင်တီအောက်ဆီဒင့်ကြွယ်ဝပြီး အိုမင်းမှုလက္ခဏာတွေကို တိုက်ဖျက်ပေးပါတယ်။

၂။ သကြားစားသုံးမှုကို ကန့်သတ်ပါ

မကြာသေးခင်က လေ့လာမှုတစ်ခုမှာ သကြားစားသုံးမှုက လူ့ခန္ဓာကိုယ်တွေမှာ အိုမင်းခြင်းဖြစ်စဉ်ကို အရှိန်မြှင့်ပေးပြီး မျက်ကွင်းညိုတာ၊ ရေဓါတ်ခန်းခြောက်တာ နှင့် အရေးအကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အိုမင်းခြင်းကို တိုက်ဖျက်နိုင်ဖို့အတွက် ကျွမ်းကျင်သူများက သကြားစားသုံးမှုကို ကန့်သတ်ပြီး ချိုတဲ့အစားအစာတွေ၊ အချိုရည်တွေကို ရှောင်ရှားသင့်ကြောင်း အကြံပြုထားပါတယ်။

၃။ ခေါင်းအုံးကို မျက်နှာအပ်ပြီး အိပ်တာရှောင်ပါ

မှောက်ခုံအိပ်ရတာ အိပ်လို့ကောင်းပေမယ့် လေ့လာမှုအမျိုးမျိုးနှင့် ကျွမ်းကျင်သူများအဆိုအရ ခေါင်းအုံးပေါ်မှောက်အိပ်တာက အရေးအကြောင်းတွေကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။ စောစော အိုမင်းမှုလက္ခဏာတွေကို ရှောင်ရှားဖို့ အတတ်နိုင်ဆုံး ပက်လက်အိပ်ပါနော်။

၄။ ကယ်လစီယမ်အဆင့်ကို စစ်ဆေးပါ

ကယ်လစီယမ်က အရိုးတွေအတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိပေမယ့် ကယ်လစီယမ်နည်း လွန်းရင်လည်း အိုမင်းမှုဖြစ်စဉ် မြန်ဆန်ပါတယ်။ လုံလောက်တဲ့ ကယ်လစီယမ်အဆင့်ကို ထိန်းသိမ်းခြင်းက သန်မာတဲ့ အရိုးတည်ဆောက်မှုနှင့်အတူ အိုမင်းမှုလက္ခဏာတွေကို လျှော့ချနိုင်ပါတယ်။

၅။ လက်ဖက်စိမ်းကို သုံးစွဲပါ

ဂရင်းတီးက သင့်ခန္ဓာကိုယ်ရဲ့ အတွင်းအပြင်အတွက် အကူအညီဖြစ်စေပါတယ်။ အင်တီအောက်ဆီဒင့်ကြွယ်ဝတဲ့ ဒီဖျော်ရည်ဟာ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပြီး သင့်ကို နုပျိုစေပါတယ်။ anti-inflammatory ဂုဏ်သတ္တိရှိတာကြောင့် အရေပြားပေါ်မှာ ယားယံတာ၊ နီမြန်းတာတွေကို သက်သာစေပါတယ်။ ပုံမှန် ဂရင်းတီးသောက်သုံးပေးခြင်းဖြင့် အသားအရေကို ကျစ်လစ် ကျန်းမာစေပါတယ်။ မျက်ခွံပေါ်မှာ မိနစ်အနည်းငယ်လောက် ဂရင်းတီးလက်ဖက်အိတ်ကို တင်ထားပေးရင် မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာကို ပျောက်ကင်းစေပါတယ်။

၆။ ရေပူနှင့် ရေချိုးတာရှောင်ပါ

ရေပူနဲ့ အချိန်ကြာကြာ ရေချိုးတာက အသားအရေကို ပျက်စီး ခြောက်သွေ့စေပါတယ်။ အရေပြား လျော့ရဲတာနဲ့ အရေးအကြောင်းတွေက အိုမင်းခြင်းရဲ့ မြင်နိုင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရေပူနှင့် ရေချိုးတာကို ရှောင်ပါ။

၇။ နေရောင်ခြည်ကနေ ကာကွယ်ပါ

နေရောင်ခြည်က အိုမင်းခြင်းကို အရှိန်မြင့်ပေးပါတယ်။ ဒါ့ကြောင့် နေ့စဉ်နေ့တိုင်း နေရောင်ကာကွယ်ဆေး လိမ်းပေးပါ။ နွေရာသီ အပြင်ထွက်တဲ့အခါ လုံခြုံအောင် ဝတ်သွားခြင်းဖြင့် ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ပါတယ်။

၈။ တရားထိုင်ပါ၊ စိတ်ဖိစီးမှုကို ရှောင်ရှားပါ

အရမ်းစိတ်ဖိစီးခြင်းက ခန္ဓာကိုယ်မှာ အိုမင်းခြင်းဖြစ်စဉ်ကို မြင့်တတ်လာစေနိုင်ပါတယ်။ စိုးရိမ်စိတ်တွေနဲ့ အရမ်းတွေးတောခြင်းက အချိန်မတန်မီ အိုမင်းခြင်းကို ဖြစ်စေပါတယ်။ တရားထိုင်ခြင်းက သင့်အာရုံကြောတွေကို ပြေလျော့စေပါတယ်။ ခံစားမှုပိုကောင်းစေတဲ့ ပျော်ရွင်မှု ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ဒါက အိုမင်းမှုကို တားဆီးဖို့ စျေးအသက်သာဆုံးနည်းလမ်းဖြစ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

အသားအေရကို ျမန္ျမန္ အိုမင္းျခင္းကေန တားဆီးေပးမယ့္ နည္းလမ္း (၈)ခု
ကြၽန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္ကို အသက္ႀကီးျခင္းကေန ရပ္တန္႔ မရႏိုင္ေသာ္လည္း အိုမင္းျခင္း ျဖစ္စဥ္ကို ေႏွးေကြးေအာင္ တစ္ခုခုလုပ္ႏိုင္ပါတယ္။ ေလ်ာရိေလ်ာ့ရဲ လက္ေမာင္းေတြနဲ႔ စိတ္အေႏွာက္အယွက္ျဖစ္ေစတဲ့ အေရးအေၾကာင္းေတြကို တိုက္ဖ်က္ဖို႔ cosmetic surgeries ေျဖရွင္းနည္း တစ္ခုပဲရွိတာမဟုတ္ပါဘူး။ သဘာဝမိခင္က အသားအေရကို ႏုပ်ိဳေစႏိုင္တဲ့ ေမွာ္ လက္ေဆာင္ေတြ အျပည့္ေပးထားပါတယ္။ ဒါ့ေၾကာင့္ ပ်ိဳေမတို႔အတြက္ ခႏၶာကိုယ္ရဲ႕ အိုမင္းျခင္းျဖစ္စဥ္ကို တိုက္ဖ်က္ဖို႔ အသုံးျပဳႏိုင္တဲ့ နည္းလမ္းေလးေတြ ရွာေဖြေပးထားပါတယ္။

၁။ ဘလူးဘယ္ရီသီးကို ပုံမွန္စားေပးပါ

ကြၽန္ေတာ္တို႔ရဲ႕ အသက္အ႐ြယ္နဲ႔ အသားအေရဟာ အႏိုင္ယူဖို႔ ခက္ခဲတဲ့ oxidative DNA ပ်က္စီးမႈလို႔ေခၚေသာ လုပ္ငန္းစဥ္တစ္ခုေၾကာင့္ ေလ်ာ့ရဲလာပါတယ္။ ဒါေပမယ့္ ဘလူးဘယ္ရီသီးေတြကို ပုံမွန္စားသုံးေပးျခင္းျဖင့္ ေႏွးေကြးေစႏိုင္ပါတယ္။ ဒီအသီးေသးေသးေလးေတြဟာ အင္တီေအာက္ဆီဒင့္ႂကြယ္ဝၿပီး အိုမင္းမႈလကၡဏာေတြကို တိုက္ဖ်က္ေပးပါတယ္။

၂။ သၾကားစားသုံးမႈကို ကန္႔သတ္ပါ

မၾကာေသးခင္က ေလ့လာမႈတစ္ခုမွာ သၾကားစားသုံးမႈက လူ႔ခႏၶာကိုယ္ေတြမွာ အိုမင္းျခင္းျဖစ္စဥ္ကို အရွိန္ျမႇင့္ေပးၿပီး မ်က္ကြင္းညိဳတာ၊ ေရဓါတ္ခန္းေျခာက္တာ ႏွင့္ အေရးအေၾကာင္းေတြကို ျဖစ္ေပၚေစပါတယ္။ အိုမင္းျခင္းကို တိုက္ဖ်က္ႏိုင္ဖို႔အတြက္ ကြၽမ္းက်င္သူမ်ားက သၾကားစားသုံးမႈကို ကန္႔သတ္ၿပီး ခ်ိဳတဲ့အစားအစာေတြ၊ အခ်ိဳရည္ေတြကို ေရွာင္ရွားသင့္ေၾကာင္း အႀကံျပဳထားပါတယ္။

၃။ ေခါင္းအုံးကို မ်က္ႏွာအပ္ၿပီး အိပ္တာေရွာင္ပါ

ေမွာက္ခုံအိပ္ရတာ အိပ္လို႔ေကာင္းေပမယ့္ ေလ့လာမႈအမ်ိဳးမ်ိဳးႏွင့္ ကြၽမ္းက်င္သူမ်ားအဆိုအရ ေခါင္းအုံးေပၚေမွာက္အိပ္တာက အေရးအေၾကာင္းေတြကို ျဖစ္ေပၚေစတယ္လို႔ သိရပါတယ္။ ေစာေစာ အိုမင္းမႈလကၡဏာေတြကို ေရွာင္ရွားဖို႔ အတတ္ႏိုင္ဆုံး ပက္လက္အိပ္ပါေနာ္။

၄။ ကယ္လစီယမ္အဆင့္ကို စစ္ေဆးပါ

ကယ္လစီယမ္က အ႐ိုးေတြအတြက္ ေကာင္းတယ္ဆိုတာ လူတိုင္းသိေပမယ့္ ကယ္လစီယမ္နည်း းလြန္းရင္လည္း အိုမင္းမႈျဖစ္စဥ္ ျမန္ဆန္ပါတယ္။ လုံေလာက္တဲ့ ကယ္လစီယမ္အဆင့္ကို ထိန္းသိမ္းျခင္းက သန္မာတဲ့ အ႐ိုးတည္ေဆာက္မႈႏွင့္အတူ အိုမင္းမႈလကၡဏာေတြကို ေလွ်ာ့ခ်ႏိုင္ပါတယ္။

၅။ လက္ဖက္စိမ္းကို သုံးစြဲပါ

ဂရင္းတီးက သင့္ခႏၶာကိုယ္ရဲ႕ အတြင္းအျပင္အတြက္ အကူအညီျဖစ္ေစပါတယ္။ အင္တီေအာက္ဆီဒင့္ႂကြယ္ဝတဲ့ ဒီေဖ်ာ္ရည္ဟာ အေရျပားဆဲလ္ေတြကို ျပန္လည္ျပဳျပင္ၿပီး သင့္ကို ႏုပ်ိဳေစပါတယ္။ anti-inflammatory ဂုဏ္သတၱိရွိတာေၾကာင့္ အေရျပားေပၚမွာ ယားယံတာ၊ နီျမန္းတာေတြကို သက္သာေစပါတယ္။ ပုံမွန္ ဂရင္းတီးေသာက္သုံးေပးျခင္းျဖင့္ အသားအေရကို က်စ္လစ္ က်န္းမာေစပါတယ္။ မ်က္ခြံေပၚမွာ မိနစ္အနည္းငယ္ေလာက္ ဂရင္းတီးလက္ဖက္အိတ္ကို တင္ထားေပးရင္ မ်က္ကြင္းညိဳတာ မ်က္အိတ္ေဖာင္းတာကို ေပ်ာက္ကင္းေစပါတယ္။

၆။ ေရပူႏွင့္ ေရခ်ိဳးတာေရွာင္ပါ

ေရပူနဲ႔ အခ်ိန္ၾကာၾကာ ေရခ်ိဳးတာက အသားအေရကို ပ်က္စီး ေျခာက္ေသြ႕ေစပါတယ္။ အေရျပား ေလ်ာ့ရဲတာနဲ႔ အေရးအေၾကာင္းေတြက အိုမင္းျခင္းရဲ႕ ျမင္ႏိုင္တဲ့ လကၡဏာေတြ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေရပူႏွင့္ ေရခ်ိဳးတာကို ေရွာင္ပါ။

၇။ ေနေရာင္ျခည္ကေန ကာကြယ္ပါ

ေနေရာင္ျခည္က အိုမင္းျခင္းကို အရွိန္ျမင့္ေပးပါတယ္။ ဒါ့ေၾကာင့္ ေန႔စဥ္ေန႔တိုင္း ေနေရာင္ကာကြယ္ေဆး လိမ္းေပးပါ။ ေႏြရာသီ အျပင္ထြက္တဲ့အခါ လုံၿခဳံေအာင္ ဝတ္သြားျခင္းျဖင့္ ခရမ္းလြန္ေရာင္ျခည္ရဲ႕ အႏၲရာယ္ကေန ကာကြယ္ႏိုင္ပါတယ္။

၈။ တရားထိုင္ပါ၊ စိတ္ဖိစီးမႈကို ေရွာင္ရွားပါ

အရမ္းစိတ္ဖိစီးျခင္းက ခႏၶာကိုယ္မွာ အိုမင္းျခင္းျဖစ္စဥ္ကို ျမင့္တတ္လာေစႏိုင္ပါတယ္။ စိုးရိမ္စိတ္ေတြနဲ႔ အရမ္းေတြးေတာျခင္းက အခ်ိန္မတန္မီ အိုမင္းျခင္းကို ျဖစ္ေစပါတယ္။ တရားထိုင္ျခင္းက သင့္အာ႐ုံေၾကာေတြကို ေျပေလ်ာ့ေစပါတယ္။ ခံစားမႈပိုေကာင္းေစတဲ့ ေပ်ာ္႐ြင္မႈ ေဟာ္မုန္းေတြကို ထုတ္လႊတ္ေပးပါတယ္။ ဒါက အိုမင္းမႈကို တားဆီးဖို႔ ေစ်းအသက္သာဆုံးနည္းလမ္းျဖစ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here