အသက်က ကိန်းဂဏန်းတစ်ခုလောက်သာလို့ ကျွန်မတို့အားလုံး ပြောနိုင်ပါတယ်။ သို့သော်လည်း မှန်ထဲမှာ တွေ့နေရတဲ့ အရေးအကြောင်းတွေ ၊ fine linesတွေက ကျွန်မတို့ကို အိပ်မပျော်တဲညတွေ ပေးစွမ်းနိုင်ပါတယ်။ ဗီတာမင်စီ retinol , co-enzyme Q-10 နဲ့ အခြားသော အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးတဲ့ ကုထုံးတွေက အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုတဲ့အခါ အိုမင်းရင့်ရော်မှု လက္ခဏာတွေကို တားဆီးလျော့ပါးစေနိုင်ပါတယ်။
ဒါပေမယ့် မိတ်ကပ်က အသက်အရွယ်ကြောင့်ဖြစ်တဲ့ အစက်အပြောက်တွေ၊ အသားအရေ အရောင်မညီတာတွေ၊ အရေးအကြောင်းတွေကို ချက်ချင်းဖုံးကွယ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒီပို့စ်မှာ အအသားအရေကို ငယ်ရွယ်နုပျိုတဲ့ အသွင်ဖြစ်စေဖို့အတွက် မိတ်ကပ်လိမ်းနည်း (၁၁)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
အသားအရေကို ငယ်ရွယ်နုပျိုစေဖို့ မိတ်ကပ်လိမ်းနည်းများ
၁။ Moisturize လုပ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့
Moisturisation က အသက် ၂၀ အရွယ်မှာ အသားအရေအတွက် အရေးကြီးသော်လည်း အသားအရေ ရင့်ကျက်လာတာနဲ့အမျှ အစိုဓါတ်ရဲ့ အရေးပါမှုက ဆယ်ဆတိုးလာပါတယ်။ အရေးအကြောင်းတွေကို ပေါ်လွင်စေမယ့် ခြောက်သွေ့တင်းရင်းတဲ့ အသားအရေကို ဘယ်သူမှ မလိုချင်ကြပါဘူး၊ ဒါ့ကြောင့် မိတ်ကပ်မလိမ်းခင် မျက်နှာကို ရေဓါတ်ဖြည့်ပေးပြီး အစိုဓါတ်ထိန်းပေးပါ။ အစိုဓါတ်က လျော့ရဲပြီး ခြောက်သွေ့နေတဲ့ အကွက်တွေကို ဖြည့်ပေးပါလိမ့်မယ်။ ပြီးတော့ သင့်မျက်နှာကို နုပျိုပြီး ပိုချောမောတဲ့အသွင်ဖြစ်စေပါလိမ့်မယ်။

၂။ ရေဓါတ်ဖြည့်တင်းပေးတဲ့၊ အစိုဓါတ်ထိန်းတဲ့ မိတ်ကပ်ပစ္စည်းတွေကို ရွေးချယ်ပါ
ကောင်းမွန်တဲ့ Moisturisation နဲ့ hydration ကအရွယ်ရောက်ပြီး လျော့ရဲနေတဲ့ အသားအရေအတွက် အရေးကြီးအချက်ဖြစ်သောကြောင့် သင့်ရဲ့မိတ်ကပ်ထုတ်ကုန်တွေကို matte formula ကနေ အစိုဓါတ်အခြေခံသော ပစ္စည်းတွေကို ပြောင်းလဲဖို့ လိုအပ်ပါတယ်၊ သင့်ရဲ့ ဖောင်ဒေးရှင်းမှာ ပထမဆုံးအရေးကြီးတဲ့ ပြောင်းလဲမှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်၊ အစိုဓါတ်ထိန်းခရမ် (သို့) ဂျယ်လ်အခြေခံ ဖောင်ဒေးရှင်းဘက်ကို သွားရပါမယ်။ ဒီလိုဖောင်ဒေးရှင်းတွေက သင့်အသားအရေကို နူးညံ့တဲ့ အသွင်အပြင် ပေးစွမ်းပြီး ပြောင်ပြောင်တင်းတင်းလေးဖြစ်နေစေမှာပါ။ ဖောင်ဒေးရှင်းကို အသုံးပြုရာမှာ လျော့ရဲနေတာတွေ (သို့) အရေးအကြောင်းတွေကို ပိုမိုအလေးပေးခြင်းဖြင့် ဂရုတစိုက် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပေါင်ဒါမိတ်ကပ်လိမ်းတာက အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။

၃။ ရွှေရောင် (သို့) အဝါရောက်ဘက်ရောက်တဲ့ ဖောင်ဒေးရှင်းကို ရွေးပါ
ရင့်ကျက်မှု၊ အိုမင်းမှုနဲ့ လျော့ရဲနေတဲ့ အသားအရေရဲ့ အရေးကြီးဆုံးလက္ခဏာမှာ မိတ်ကပ်ထုတ်ကုန်အများစုက နီသွားတာ (သို့) ပြာသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရွှေရောင် (သို့) အဝါရောင်ဘက်သွားတဲ့ ဖောင်ဒေးရှင်းမျိုး လိုအပ်ပါတယ်။ ရွှေရောင်သန်းတဲ့ ဖောင်ဒေးရှင်းက အရောင်ညှိပေးပေးရုံသာမက အသားအရေကိုလည်း နူးညံ့တောက်ပစေမှာ ဖြစ်ပါတယ်။ အရောင်နံ့ တောက်ပမှုတို့က သင့်မျက်နှာအသားအရေလျော့ရဲတာကို ထိထိရောက်ရောက် ဖုံးကွယ်ပေးပါလိမ့်မယ်။ ငယ်ရွယ်နုပျိုတဲ့ အသွင်အပြင် ဖြစ်စေပါတယ်။

၄။ Creamy Concealer သုံးပါ
သင့်အသားအရေ လျော့ရလာပြီး တွန့်လာတာနဲ့အမျှ ကွန်ဆီလာ(concealer) ကမဖြစ်မနေလိုအပ်တဲ့အရာတစ်ခု ဖြစ်လာပါတယ်။ Concealer က သင့်အသက်အရွယ်ရဲ့ နိမိတ်လက္ခဏာအားလုံးကို ထိထိရောက်ရောက် ဖုံးကွယ်နိုင်ပြီး မျက်နှာကို တောက်ပစေပါတယ်။ ဒါပေမယ့် အစိုဓါတ်အခြေခံတဲ့ Creamy Concealer လိမ်းဖို့ အရမ်းအရေးကြီးပါတယ်။ ပေါင်ဒါအခြေခံတဲ့ ကွန်ဆီလာက အရေပြားခြောက်သွေ့မှုနဲ့ တင်းရင်းမှုကို ပိုပေါ်လွင်စေပြီး အသက်ကြီးပုံပေါက်စေတာကြောင့် ရှောင်ရပါမယ်။ မျက်လုံးအောက် ကျီးခြေရာနဲ့ အမည်းစက်တွေ (သို့) လျော့ရဲနေတဲ့ အသားအရေအတွက် ခရင်မ်အခြေခံ ကွန်ဆီလာက အထိရောက်ဆုံး မိတ်ကပ်လှည့်ကွက်ဖြစ်ပါတယ်။

၅။ မျက်လုံးကို ဝင့်ဝင့်လေးဖြစ်စေဖို့ ခဲတံအိုင်းလိုင်နာကို သုံးပါ
တစ်ခါတစ်ရံမှာ သင့်အသားအရေကနေ အာရုံစိုက်မှုကို ဖယ်ရှားကာ ငယ်ရွယ်တဲ့ အသွင်အပြင်ကို ဖန်တီးဖို့ဆိုရင် သင်လုပ်ဆောင်ရမယ့်အရာက မျက်လုံးတွေကို တောက်ပစေဖို့ပါ။ Eye pencils ကို အသုံးပြုခြင်းဖြင့် ထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်။ မျက်လုံးရဲ့ အတွင်းဘက်မျက်ဝန်းပေါ်မှာ nude eye pencil နဲ့ဆွဲဖို့ လိုအပ်ပါတယ်။ မျက်လုံးအရောင်ပေါ်လာစေဖို့ အပေါ်မျက်တောင်လိုင်းပေါ်မှာ dark colour လိုင်းတစ်ကြောင်း ဆွဲပေးရပါမယ်။ ဒီအရောင်နှစ်မျိုးဖြင့် သင့်မျက်လုံးကို လိုင်းဆွဲခြင်းက မျက်လုံးတွေဆီကို အာရုံစူးစိုက်မှု ပြောင်းလဲစေပြီး အရေပြားလျော့ရဲမှုကို ချက်ခြင်း ဖုံးကွယ်ပေးကာ ငယ်ရွယ်နုပျိုတဲ့ အသွင်ကို ရရှိစေပါတယ်။

၆။ high points မှာ Vaseline (သို့) Highlighter လိမ်းပါ
အသက်ကြီးလာတာနဲ့အမျှ အရေပြား လျော့ရဲလာပြီး အရိုးတည်ဆောက်ပုံက ပိုထင်ရှားလာပါတယ်။ မျက်နှာရဲ့ high points တွေပေါ်မှာ shimmer (သို့) highlighter လိမ်းခြင်းဖြင့် အဆိုပါအချက်ကို အကောင်းဆုံး အသုံးချနိုင်ပါတယ်။ ပါးပြင်ရိုးတွေ၊ နှာတံ၊ နဖူးအလယ်ဗဟိုနဲ့ နှုတ်ခမ်းအပေါ်ဘက် အချိုင့်နေရာတို့ကို စုတ်တံသေးသေးနဲ့ ပေါ်လွင်အောင် လိမ်းပါ။ သင့်မှာ highlighter မရှိရင် Vaseline လက်ဟောင်းကိုသုံးကြည့်လိုက်ပါ။

၇။ Eyeshadow Base ကိုသုံးပါ
အသားအရေက အသက်ကြီးလာတာနဲ့အမျှ အရေးအကြောင်းတွေ ပေါ်လွင်လာပြီး အိုင်းရှဲဒိုးလိမ်းဖို့ အခက်အခဲရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်အသက်အရွယ်နဲ့ ကိုယ်လုပ်ချင်တာကို ရှက်ရွံ့မနေပါနဲ့။ သင်လုပ်ရမှာက ရှဲဒိုးမလိမ်းခင် မျက်ခွံပေါ်မှာ အိုင်းရှဲဒိုး base ကောင်းကောင်းလေးလိမ်းပေးပါ။ မျက်လုံးတစ်ဝိုက်က အမဲစက်တွေကို တိုက်ဖျက်ပေးတဲ့အပြင် အတွန့်တွေကိုလည်း ချောမွေ့စေပါတယ်။ အိုင်းရှဲဒိုးလိမ်းပြီးတာနဲ့ သင့်မျက်လုံးတွေ အရင်ကထက် ပိုနုပျိုလာပါလိမ့်မယ်။

၈။ Creamy Blush သုံးပါ
မက်မွန်ရောင်နဲ့ ပန်းရောင် ပါးနီကိုသုံးပြီး look တစ်ခုလုံးကို လန်းဆန်းတောက်ပနေစေဖို့ ပါးမို့ပေါ်မှာ အစက်ချပြီး blend လုပ်ပေးပါ။

၉။ မျက်ခုံးမွှေးဖြည့်ပါ
အမျိုးသမီးတွေဟာ မျက်ခုံးမွှေးကို ဖြည့်ဖို့ သိပ်အရေးမကြီးသော်လည်း မျက်ခုံးထင်းနေတာက မျက်နှာပြည့်တာနဲ့ သက်ရောက်မှု တူပါတယ်။ အိုမင်းရင့်ရော်မှုကို ဆန့်ကျင်တဲ့ သက်ရောက်မှုရဖို့ အညိုရောင် (သို့) အညိုဘက်သန်းတဲ့ မီးခိုးရောင်လို အရောင်ဖျော့ဖျော့ eyebrow pencil ကို သုံးပါ။

၁၀။ ပန်းရောင် (သို့) မနုလွန်း မရင့်လွန်းတဲ့ နှုတ်ခမ်းနီရောင်တွေကို ရွေးချယ်ပါ
ပန်းရောင်နုနု၊ သန္တာရောင်၊ မနုလွန်းမရင့်လွန်းတဲ့ ကြားနေအရောင် နှုတ်ခမ်းနီတွေက ရင့်ကျက်တဲ့အသားအရေပေါ်မှာ လန်းဆန်းတဲ့ အသွင်ပေါက်နေမှာ ဖြစ်ပါတယ်။

၁၁။ မျက်လုံးတွေကို ပင့်တင်ဖို့အတွက် Concealer သုံးပါ
Concealer ကို မျက်လုံးအောက်မှာ တြိဂံပုံ လိမ်းမယ့်အစား concealer ကို မျက်လုံးအတွင်းဘက်နဲ့ အပြင်ဘက်ထောင့်တွေမှာ လိမ်းပေးပါ။ ဒါ့အပြင် နှာခေါင်းနဲ့ နှုတ်ခမ်းထောင့်တွေမှာလည်း လိမ်းပါ။

Lifestyle_Myanmar
LM_Nandar
Source-makeupandbeauty