Home Health & Beauty အသားအရေ ကြည်လင်စေဖို့ ညဘက်မှာ ဘယ်လို ဂရုစိုက်နိုင်သလဲ?

အသားအရေ ကြည်လင်စေဖို့ ညဘက်မှာ ဘယ်လို ဂရုစိုက်နိုင်သလဲ?

0
2

မိန်းကလေးတိုင်းက ကြည်လင်ပြီး အပြစ်အနာအဆာကင်းတဲ့ အသားအရေကို လိုချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ယနေ့အလုပ်အရမ်းရှုပ်တဲ့ လူနေမှုပုံစံကြောင့် အသားအရေကို ဂရုစိုက်ဖို့ အချိန်ရယ်၊ လုံ့လရှိဖို့ရယ်က ပိုပြီးအရေးကြီးလို့လာပါတယ်။ skin care ကိုစိတ်ပါတဲ့နေ့ လုပ်ပြီး စိတ်မပါတဲ့နေ့ မလုပ်ဘူးဆိုရင် ဘာမှတိုးတတ်လာမှာမဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ သင့်အသားအရေကို ပြန်လည် လှပလာစေဖို့ ညအချိန်ပုံမှန်လုပ်နေကြ အသားအရေထိန်းသိမ်းမှုကို အဆင့်မြင့်တင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းလေးတွေက အရမ်းကို ရိုးရှင်းပါတယ်။ ၅မိနစ် ၁၀မိနစ်လောက် အချိန်ပေးယုံနဲ့ သင့်အသားအရေကို လှပစေပါလိမ့်မယ်။

၁။ အသားအရေကို Double cleanse လုပ်ပါ

ဖုန်နှင့် အညစ်အကြေးတွေ၊ မိတ်ကပ်တွေ အားလုံးကို ဖျက်ဖို့ အပျော့စား oil-based cleanser သုံးဖို့လိုပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေရှိသူတွေလည်း oil-based cleanser သုံးနိုင်ပါတယ်။ မိတ်ကပ်အားလုံးကို ပျက်စေဖို့ Garnier Bi Phase Micellar Water ကိုအသုံးပြုဖို့ အကြံပြုပါတယ်။ micellar ပုလင်းကို လှုပ်ပြီး ဝါဂွမ်းပေါ်မှာ စွတ်ပါ။ မိတ်ကပ်တွေ၊ အညစ်အကြေးတွေကို ဖယ်ရှားဖို့ မျက်နှာ တပြင်လုံး ညင်သာစွာပွတ်ပေးပါ။ ဒီအဆင့်ပြီးရင် Face Wash မျက်နှာသစ်ဆပ်ပြာ ဒါမှမဟုတ် foaming cleanser ကောင်းတစ်ခုကိုသုံးပြီး မိတ်ကပ်အကျွင်းအကျန်တွေကို ဖယ်ရှားပါ။ The Face Shop Rice Water Face Wash ကိုသုံးဖို့ အကြံပြုပါတယ်။

၂။ Exfoliate လုပ်ပါ

ဒါက တစ်ပတ်မှာ ၂ကြိမ် လုပ်ပေးနိုင်တဲ့ တခြားအဆင့် ဖြစ်ပါတယ်။ နေ့စဉ်လုပ်ပေးဖို့ မလိုပါဘူး။ စက်ဝိုင်းပုံလှုပ်ရှားမှုဖြင့် exfoliator ကို ၁မိနစ် ၂မိနစ်လောက် မျက်နှာပေါ်မှာ နှိပ်နယ်ပေးပါ။ ရေဖြင့် သန့်စင်ပါ။ Exfoliate လုပ်ခြင်းက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အသားအရေကို ကျန်းမာလတ်ဆတ်စေပါတယ်။ အများကြီး glow ဖို့လိုအပ်တဲ့အတွက် (ပျားရည်၊ ကော်ဖီ၊ သကြား၊ ဆန်မှုန့် စတာတွေကိုသုံးပြီး)homemade exfoliating Masks တစ်ချို့ကို ပြုလုပ်ကြည့်ပါ။

၃။ အစိုဓါတ်ထိန်းပါ

ဘယ် moisturiser ဖြစ်ဖြစ် သုံးနိုင်ပါတယ်။ သင့်ရဲ့ ညလိမ်းခရမ်အဖြစ် ညလိမ်းခရမ်၊ facial oils သို့ serum ကိုလည်းသုံးနိုင်ပါတယ်။ ညလိမ်းခရမ်ပုံမှန်အသုံးပြုခြင်းက အသားအရေရဲ့ အသွင်အပြင်၊ texture ကိုတိုးတတ်စေပါလိမ့်မယ်။ အသားအရေကို ပျော့ပြောင်းပြီး ရေဓါတ်ကောင်းကောင်း ရရှိစေပါလိမ့်မယ်။ ဆီရမ် သို့ အစိုဓါတ်ထိန်းခရမ်တစ်ခုကို ပုံမှန် အသုံးပြုခြင်းက သင့်အသားအရေနုပျိုမှုကို ကြာရှည်ထိန်းသိမ်းနိုင်ပါတယ်။

၄။ Eye Cream

မျက်လုံးတစ်ဝိုက် နေရာက ပထမဆုံးအိုမင်းလက္ခဏာတွေပြလေ့ရှိသလို အရမ်းနူးညံ့ပြီး ပိုဂရုစိုက်ဖို့ လိုတာကြောင့် Eye Creamကို လုံလောက်တဲ့ ရေဓါတ်ထိန်းသိမ်းဖို့ ညဘက်မှာ လိမ်းသင့်ပါတယ်။

၅။ နှစ်ခြိုက်စွာ အိပ်ပါ

အိပ်စက်မှုဆိုတဲ့ ဆေးကောင်းတစ်ခွက်ရယူခြင်းက သွေးဖိအားကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှုကို လျော့နည်းစေပါတယ်။ အသားအရေကို နုပျို ၊ တောက်ပစေဖို့ စောင့်ရှောက်ပေးပါတယ်။

၆။ ရေများများသောက်ပါ

အသားအရေကြည်လင်တဲ့ အမျိုးသမီးတွေရဲ့ လျှို့ဝှက်ချက်ကတော့ ရေများများသောက်တာ ဖြစ်ပါတယ်။ တစ်နေ့လုံး ရေများများသောက်ပေးခြင်းက အသားအရေကို ရေဓါတ်ရရှိစေပါတယ်။ အိပ်ရာမဝင်ခင် ရေနွေးနွေးတစ်ဖန်ခွက် သောက်ပေးပါ၊ ရေထဲမှာ ပန်းသီးရှာလာရည် ၁ဇွန်းထည့်ပြီးလည်း သောက်နိုင်ပါတယ်။ ရေသောက်ခြင်းက သင့်အသားအရေကိုသာ ကြည်လင်စေတာမဟုတ်ဘဲ သင့်ရဲ့ တခြား ကိုယ်အင်္ဂါအစိတ်အပိုင်းများကိုလည်း သန့်စင်စေပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

အသားအေရ ၾကည္လင္ေစဖို႔ ညဘက္မွာ ဘယ္လို ဂ႐ုစိုက္ႏိုင္သလဲ?
မိန္းကေလးတိုင္းက ၾကည္လင္ၿပီး အျပစ္အနာအဆာကင္းတဲ့ အသားအေရကို လိုခ်င္ၾကတာခ်ည္းပါပဲ။ ဒါေပမယ့္ ယေန႔အလုပ္အရမ္းရႈပ္တဲ့ လူေနမႈပုံစံေၾကာင့္ အသားအေရကို ဂ႐ုစိုက္ဖို႔ အခ်ိန္ရယ္၊ လုံ႔လရွိဖို႔ရယ္က ပိုၿပီးအေရးႀကီးလို႔လာပါတယ္။ skin care ကိုစိတ္ပါတဲ့ေန႔ လုပ္ၿပီး စိတ္မပါတဲ့ေန႔ မလုပ္ဘူးဆိုရင္ ဘာမွတိုးတတ္လာမွာမဟုတ္ပါဘူး။ ဒီေဆာင္းပါးမွာ သင့္အသားအေရကို ျပန္လည္ လွပလာေစဖို႔ ညအခ်ိန္ပုံမွန္လုပ္ေနၾက အသားအေရထိန္းသိမ္းမႈကို အဆင့္ျမင့္တင္ဖို႔ ႐ိုးရွင္းတဲ့ နည္းလမ္းေလးေတြကို ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။ ေအာက္ပါနည္းလမ္းေလးေတြက အရမ္းကို ႐ိုးရွင္းပါတယ္။ ၅မိနစ္ ၁၀မိနစ္ေလာက္ အခ်ိန္ေပးယုံနဲ႔ သင့္အသားအေရကို လွပေစပါလိမ့္မယ္။

၁။ အသားအေရကို Double cleanse လုပ္ပါ

ဖုန္ႏွင့္ အညစ္အေၾကးေတြ၊ မိတ္ကပ္ေတြ အားလုံးကို ဖ်က္ဖို႔ အေပ်ာ့စား oil-based cleanser သုံးဖို႔လိုပါတယ္။ အဆီျပန္တတ္တဲ့ အသားအေရရွိသူေတြလည္း oil-based cleanser သုံးႏိုင္ပါတယ္။ မိတ္ကပ္အားလုံးကို ပ်က္ေစဖို႔ Garnier Bi Phase Micellar Water ကိုအသုံးျပဳဖို႔ အႀကံျပဳပါတယ္။ micellar ပုလင္းကို လႈပ္ၿပီး ဝါဂြမ္းေပၚမွာ စြတ္ပါ။ မိတ္ကပ္ေတြ၊ အညစ္အေၾကးေတြကို ဖယ္ရွားဖို႔ မ်က္ႏွာ တျပင္လုံး ညင္သာစြာပြတ္ေပးပါ။ ဒီအဆင့္ၿပီးရင္ Face Wash မ်က္ႏွာသစ္ဆပ္ျပာ ဒါမွမဟုတ္ foaming cleanser ေကာင္းတစ္ခုကိုသုံးၿပီး မိတ္ကပ္အကြၽင္းအက်န္ေတြကို ဖယ္ရွားပါ။ The Face Shop Rice Water Face Wash ကိုသုံးဖို႔ အႀကံျပဳပါတယ္။

၂။ Exfoliate လုပ္ပါ

ဒါက တစ္ပတ္မွာ ၂ႀကိမ္ လုပ္ေပးႏိုင္တဲ့ တျခားအဆင့္ ျဖစ္ပါတယ္။ ေန႔စဥ္လုပ္ေပးဖို႔ မလိုပါဘူး။ စက္ဝိုင္းပုံလႈပ္ရွားမႈျဖင့္ exfoliator ကို ၁မိနစ္ ၂မိနစ္ေလာက္ မ်က္ႏွာေပၚမွာ ႏွိပ္နယ္ေပးပါ။ ေရျဖင့္ သန္႔စင္ပါ။ Exfoliate လုပ္ျခင္းက အေရျပားဆဲလ္ေသေတြကို ဖယ္ရွားေပးၿပီး အသားအေရကို က်န္းမာလတ္ဆတ္ေစပါတယ္။ အမ်ားႀကီး glow ဖို႔လိုအပ္တဲ့အတြက္ (ပ်ားရည္၊ ေကာ္ဖီ၊ သၾကား၊ ဆန္မႈန္႔ စတာေတြကိုသုံးၿပီး)homemade exfoliating Masks တစ္ခ်ိဳ႕ကို ျပဳလုပ္ၾကည့္ပါ။

၃။ အစိုဓါတ္ထိန္းပါ

ဘယ္ moisturiser ျဖစ္ျဖစ္ သုံးႏိုင္ပါတယ္။ သင့္ရဲ႕ ညလိမ္းခရမ္အျဖစ္ ညလိမ္းခရမ္၊ facial oils သို႔ serum ကိုလည္းသုံးႏိုင္ပါတယ္။ ညလိမ္းခရမ္ပုံမွန္အသုံးျပဳျခင္းက အသားအေရရဲ႕ အသြင္အျပင္၊ texture ကိုတိုးတတ္ေစပါလိမ့္မယ္။ အသားအေရကို ေပ်ာ့ေျပာင္းၿပီး ေရဓါတ္ေကာင္းေကာင္း ရရွိေစပါလိမ့္မယ္။ ဆီရမ္ သို႔ အစိုဓါတ္ထိန္းခရမ္တစ္ခုကို ပုံမွန္ အသုံးျပဳျခင္းက သင့္အသားအေရႏုပ်ိဳမႈကို ၾကာရွည္ထိန္းသိမ္းႏိုင္ပါတယ္။

၄။ Eye Cream

မ်က္လုံးတစ္ဝိုက္ ေနရာက ပထမဆုံးအိုမင္းလကၡဏာေတြျပေလ့ရွိသလို အရမ္းႏူးညံ့ၿပီး ပိုဂ႐ုစိုက္ဖို႔ လိုတာေၾကာင့္ Eye Creamကို လုံေလာက္တဲ့ ေရဓါတ္ထိန္းသိမ္းဖို႔ ညဘက္မွာ လိမ္းသင့္ပါတယ္။
၅။ ႏွစ္ၿခိဳက္စြာ အိပ္ပါ
အိပ္စက္မႈဆိုတဲ့ ေဆးေကာင္းတစ္ခြက္ရယူျခင္းက ေသြးဖိအားကို ထိန္းညႇိေပးၿပီး ခႏၶာကိုယ္ထဲမွာ ေရာင္ရမ္းမႈကို ေလ်ာ့နည္းေစပါတယ္။ အသားအေရကို ႏုပ်ိဳ ၊ ေတာက္ပေစဖို႔ ေစာင့္ေရွာက္ေပးပါတယ္။

၆။ ေရမ်ားမ်ားေသာက္ပါ

အသားအေရၾကည္လင္တဲ့ အမ်ိဳးသမီးေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ ေရမ်ားမ်ားေသာက္တာ ျဖစ္ပါတယ္။ တစ္ေန႔လုံး ေရမ်ားမ်ားေသာက္ေပးျခင္းက အသားအေရကို ေရဓါတ္ရရွိေစပါတယ္။ အိပ္ရာမဝင္ခင္ ေရေႏြးေႏြးတစ္ဖန္ခြက္ ေသာက္ေပးပါ၊ ေရထဲမွာ ပန္းသီးရွာလာရည္ ၁ဇြန္းထည့္ၿပီးလည္း ေသာက္ႏိုင္ပါတယ္။ ေရေသာက္ျခင္းက သင့္အသားအေရကိုသာ ၾကည္လင္ေစတာမဟုတ္ဘဲ သင့္ရဲ႕ တျခား ကိုယ္အဂၤါအစိတ္အပိုင္းမ်ားကိုလည္း သန္႔စင္ေစပါတယ္။

Lifestyle_Myanmar

LM_Nandar

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here