အသည်းကို သဘာဝအတိုင်း သန့်စင်ပေးနိုင်တဲ့ ဖျော်ရည်များ

0
76

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အသည်းက အကြီးမားဆုံးသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နေ့စဥ်နေ့တိုင်း ကိုယ်တွင်းရှိ အဆိပ်အတောက်၊ အညစ်အကြေးတွေကို သန့်စင်ပေးနေတဲ့ အသည်းက အဆီတွေပြည့်နေမယ် သို့မဟုတ် အသည်းရွတ်ရောဂါကို ခံစားနေရမယ်ဆိုပါက နေလို့ထိုင်လို့မကောင်းတော့ဘဲ အဝလွန်ပြီးတော့ တစ်ချို့အခြေအနေတွေမှာဆိုရင် အသားအရေနဲ့ မျက်လုံးတွေကိုပါ အဝါရောင်ပြောင်းလာစေနိုင်ပါတယ်။ အသည်းမှာရောဂါဖြစ်လာပြီဆိုပါက သင့်ကို ဖြည်းဖြည်းချင်းနဲ့ ဆိုးဆိုးရွားရွားကို သတ်ပစ်နိုင်တာကြောင့် အသည်းနဲ့ပတ်သက်လို့ ပေါ့ပေါ့တန်တန် တွေးလို့မရပါဘူး။ အခုလိုမျိုး အင်မတန်အရေးကြီးတဲ့ အသည်းကို သန့်စင်နိုင်မယ့် ဖျော်ရည်တွေကို သောက်သုံးပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်တဲ့ လူနေမှုဘဝကို အရယူလိုက်ပါ။

မုန်လာဥနီဖျော်ရည်

မုန်လာဥနီမှာ ဗီတာမင်အေ ပါဝင်မှုအထူးမြင့်မားသည့်အတွက် အသည်းရောဂါကို ကာကွယ်နိုင်မှာဖြစ်တာကြောင့် မုန်လာဥနီအနည်းငယ်ကို ဒေါက်ခွရွက်၊ ရေတို့နဲ့ရောဖျော်၍ နေ့စဥ်မှန်မှန် သောက်သုံးပေးခြင်းဖြင့် အသည်းကိုသန့်စင်လိုက်ပါ။

အစိမ်းရင့်ရောင် အရွက်များ

ကိုက်လန်၊ ဒေါက်ခွရွက်၊ ဂေါ်ဖီထုပ်တွေဟာလည်း မုန်လာဥနီနည်းတူ ကျန်းမာရေးအတွက် အထူးကောင်းမွန်တာကြောင့် ချက်စားသည့်အပြင် ဖျော်ရည်အနေနဲ့လည်း သောက်သုံးပေးနိုင်ပါတယ်။ ဖျော်ရည်အဖြစ်သောက်သုံးခြင်းက ခန္ဓာကိုယ်မှ အာဟာရဓာတ်တွေကို ခြေဖျက်နေစရာမလိုဘဲနဲ့ ချက်ချင်းရယူနိုင်ဖို့အတွက် ပိုမိုလွယ်ကူစေပါတယ်။ ဒါကြောင့် ကိုယ်ကြိုက်နှစ်သက်ရာ အရွက်တစ်မျိုးမျိုးနှင့် အချိုဓာတ်လေးအနည်းငယ်အတွက် မုန်လာဥနီလေးပါ ထည့်ပြီးဖျော်သောက်ပေးလိုက်ပါ။

Green Tea

ဝေးဝေးလံလံစဥ်းစားနေစရာမလိုဘဲနဲ့ အလွယ်တကူ ရှာဝယ်လို့ရတဲ့ ဖျော်ရည်တစ်မျိုးကို ပိုပြီးသိချင်တယ်ဆိုရင်တော့ Green Tea ကအသင့်တော်ဆုံးပါပဲ။ Free Radicals များကို ဖယ်ရှားနိုင်တဲ့ Antioxidants များ အပြည့်အဝပါဝင်တာကြောင့် ကင်ဆာကိုအထူးတိုက်ဖျက်နိုင်ပါတယ်။ ထိုမျှသာမက ခန္ဓာကိုယ်တွင်းက အဆီများကို လောင်ကျွမ်းစေတာကြောင့် တစ်နေ့လျှင် Green Tea တစ်ခွက်၊ နှစ်ခွက်မျှ သောက်သုံးပေးခြင်းဖြင့် အသည်းကို စောင့်ရှောက်လိုက်ပါ။

အချဥ်ဓာတ်ရှိသည့် အသီးအနှံများ

အသည်းကိုသန့်စင်ရာမှာ အလွန်အသုံးဝင်တဲ့ ဗီတာမင်စီနှင့် Antioxidants များ အထူးကြွယ်ဝစွာ ပါဝင်တာကြောင့် သံပုယိုသီး၊ ဂရိတ်ဖရု၊ လိမ္မော်သီး၊ သံပုရာသီးတို့ကို များများသုံးစွဲပေးပါ။ အရည်ညှစ်ပြီးတော့ ရေနဲ့ရောစပ်ကာ သောက်သုံးပေးခြင်းဖြင့်လည်း အသည်းကိုသန့်စင်ပေးနိုင်ပါသေးတယ်။

သကြားမုန်လာဖျော်ရည်

သကြားမုန်လာတွေဟာဆိုရင် အသည်းကိုသန့်စင်ပေးခြင်းဖြင့် သွေးအတွင်းက အောက်ဆီဂျင်ပမာဏကို မြှင့်တင်ပေးပါတယ်။ ဖိုက်ဘာနဲ့ ဗီတာမင်စီတို့လည်း ကြွယ်ဝသေးတဲ့အတွက်ကြောင့် အွန်လိုင်းရှိ သကြားမုန်လာဖျော်နည်းတွေကို ရှာဖွေဖတ်ရှုပြီးတော့ ကိုယ်အဆင်ပြေရာတစ်ခုခုကိုရွေးချယ်ကာ ဖျော်စပ်သောက်သုံးပေးလိုက်ပါ။

ဖိုက်ဘာကြွယ်ဝသော အစားအစာများ

ဖိုက်ဘာ မြင့်မားစွာပါဝင်သော အစားအစာများကို စားသုံးပေးခြင်းဟာ အူသိမ်အူမအလုပ်လုပ်ခြင်းကို မြှင့်တင်ပေးပြီး အသည်းအတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရန်ကူညီပေးပါတယ်။ ပန်းသီးကိုဖျော်ရည်အနေနဲ့ သောက်သုံးပေးခြင်းကလည်း အသည်းကိုသန့်စင်ပေးမှာဖြစ်ပြီးတော့ ငှက်ပျောသီး၊ ထောပတ်သီးတို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။

အခုဖော်ပြပေးခဲ့တဲ့ ဖျော်ရည်များဟာဆိုရင် အသည်းကိုသန့်စင်ပေးနိုင်ရုံသာမက ကျန်းမာစေဖို့အတွက်လည်း အထောက်အကူဖြစ်စေတာကြောင့် မှန်မှန်သောက်သုံးပေးဖို့ မမေ့ပါနဲ့။ ထို့အပြင် ရေကိုလည်း များများသောက်သုံးပေးပါ။ အရက်သေစာတွေ သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။

Lifestyle_Myanmar

Thinzar

Ref: hhdresearch

Zawgyi

အသည္းကို သဘာဝအတိုင္း သန႔္စင္ေပးႏိုင္တဲ့ ေဖ်ာ္ရည္မ်ား
လူတစ္ေယာက္ရဲ႕ခႏၶာကိုယ္မွာ အသည္းက အႀကီးမားဆုံးေသာ ကိုယ္တြင္းအဂၤါအစိတ္အပိုင္းတစ္ခုျဖစ္ပါတယ္။ ေန႔စဥ္ေန႔တိုင္း ကိုယ္တြင္းရွိ အဆိပ္အေတာက္၊ အညစ္အေၾကးေတြကို သန႔္စင္ေပးေနတဲ့ အသည္းက အဆီေတြျပည့္ေနမယ္ သို႔မဟုတ္ အသည္း႐ြတ္ေရာဂါကို ခံစားေနရမယ္ဆိုပါက ေနလို႔ထိုင္လို႔မေကာင္းေတာ့ဘဲ အဝလြန္ၿပီးေတာ့ တစ္ခ်ိဳ႕အေျခအေနေတြမွာဆိုရင္ အသားအေရနဲ႔ မ်က္လုံးေတြကိုပါ အဝါေရာင္ေျပာင္းလာေစႏိုင္ပါတယ္။ အသည္းမွာေရာဂါျဖစ္လာၿပီဆိုပါက သင့္ကို ျဖည္းျဖည္းခ်င္းနဲ႔ ဆိုးဆိုး႐ြား႐ြားကို သတ္ပစ္ႏိုင္တာေၾကာင့္ အသည္းနဲ႔ပတ္သက္လို႔ ေပါ့ေပါ့တန္တန္ ေတြးလို႔မရပါဘူး။ အခုလိုမ်ိဳး အင္မတန္အေရးႀကီးတဲ့ အသည္းကို သန႔္စင္ႏိုင္မယ့္ ေဖ်ာ္ရည္ေတြကို ေသာက္သုံးေပးျခင္းျဖင့္ က်န္းမာႀကံ့ခိုင္တဲ့ လူေနမႈဘဝကို အရယူလိုက္ပါ။

မုန္လာဥနီေဖ်ာ္ရည္

မုန္လာဥနီမွာ ဗီတာမင္ေအ ပါဝင္မႈအထူးျမင့္မားသည့္အတြက္ အသည္းေရာဂါကို ကာကြယ္ႏိုင္မွာျဖစ္တာေၾကာင့္ မုန္လာဥနီအနည္းငယ္ကို ေဒါက္ခြ႐ြက္၊ ေရတို႔နဲ႔ေရာေဖ်ာ္၍ ေန႔စဥ္မွန္မွန္ ေသာက္သုံးေပးျခင္းျဖင့္ အသည္းကိုသန႔္စင္လိုက္ပါ။

အစိမ္းရင့္ေရာင္ အ႐ြက္မ်ား

ကိုက္လန္၊ ေဒါက္ခြ႐ြက္၊ ေဂၚဖီထုပ္ေတြဟာလည္း မုန္လာဥနီနည္းတူ က်န္းမာေရးအတြက္ အထူးေကာင္းမြန္တာေၾကာင့္ ခ်က္စားသည့္အျပင္ ေဖ်ာ္ရည္အေနနဲ႔လည္း ေသာက္သုံးေပးႏိုင္ပါတယ္။ ေဖ်ာ္ရည္အျဖစ္ေသာက္သုံးျခင္းက ခႏၶာကိုယ္မွ အာဟာရဓာတ္ေတြကို ေျခဖ်က္ေနစရာမလိုဘဲနဲ႔ ခ်က္ခ်င္းရယူႏိုင္ဖို႔အတြက္ ပိုမိုလြယ္ကူေစပါတယ္။ ဒါေၾကာင့္ ကိုယ္ႀကိဳက္ႏွစ္သက္ရာ အ႐ြက္တစ္မ်ိဳးမ်ိဳးႏွင့္ အခ်ိဳဓာတ္ေလးအနည္းငယ္အတြက္ မုန္လာဥနီေလးပါ ထည့္ၿပီးေဖ်ာ္ေသာက္ေပးလိုက္ပါ။

Green Tea

ေဝးေဝးလံလံစဥ္းစားေနစရာမလိုဘဲနဲ႔ အလြယ္တကူ ရွာဝယ္လို႔ရတဲ့ ေဖ်ာ္ရည္တစ္မ်ိဳးကို ပိုၿပီးသိခ်င္တယ္ဆိုရင္ေတာ့ Green Tea ကအသင့္ေတာ္ဆုံးပါပဲ။ Free Radicals မ်ားကို ဖယ္ရွားႏိုင္တဲ့ Antioxidants မ်ား အျပည့္အဝပါဝင္တာေၾကာင့္ ကင္ဆာကိုအထူးတိုက္ဖ်က္ႏိုင္ပါတယ္။ ထိုမွ်သာမက ခႏၶာကိုယ္တြင္းက အဆီမ်ားကို ေလာင္ကြၽမ္းေစတာေၾကာင့္ တစ္ေန႔လွ်င္ Green Tea တစ္ခြက္၊ ႏွစ္ခြက္မွ် ေသာက္သုံးေပးျခင္းျဖင့္ အသည္းကို ေစာင့္ေရွာက္လိုက္ပါ။

အခ်ဥ္ဓာတ္ရွိသည့္ အသီးအႏွံမ်ား

အသည္းကိုသန႔္စင္ရာမွာ အလြန္အသုံးဝင္တဲ့ ဗီတာမင္စီႏွင့္ Antioxidants မ်ား အထူးႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ သံပုယိုသီး၊ ဂရိတ္ဖ႐ု၊ လိေမၼာ္သီး၊ သံပုရာသီးတို႔ကို မ်ားမ်ားသုံးစြဲေပးပါ။ အရည္ညႇစ္ၿပီးေတာ့ ေရနဲ႔ေရာစပ္ကာ ေသာက္သုံးေပးျခင္းျဖင့္လည္း အသည္းကိုသန႔္စင္ေပးႏိုင္ပါေသးတယ္။

သၾကားမုန္လာေဖ်ာ္ရည္

သၾကားမုန္လာေတြဟာဆိုရင္ အသည္းကိုသန႔္စင္ေပးျခင္းျဖင့္ ေသြးအတြင္းက ေအာက္ဆီဂ်င္ပမာဏကို ျမႇင့္တင္ေပးပါတယ္။ ဖိုက္ဘာနဲ႔ ဗီတာမင္စီတို႔လည္း ႂကြယ္ဝေသးတဲ့အတြက္ေၾကာင့္ အြန္လိုင္းရွိ သၾကားမုန္လာေဖ်ာ္နည္းေတြကို ရွာေဖြဖတ္ရႈၿပီးေတာ့ ကိုယ္အဆင္ေျပရာတစ္ခုခုကိုေ႐ြးခ်ယ္ကာ ေဖ်ာ္စပ္ေသာက္သုံးေပးလိုက္ပါ။

ဖိုက္ဘာႂကြယ္ဝေသာ အစားအစာမ်ား

ဖိုက္ဘာ ျမင့္မားစြာပါဝင္ေသာ အစားအစာမ်ားကို စားသုံးေပးျခင္းဟာ အူသိမ္အူမအလုပ္လုပ္ျခင္းကို ျမႇင့္တင္ေပးၿပီး အသည္းအတြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးရန္ကူညီေပးပါတယ္။ ပန္းသီးကိုေဖ်ာ္ရည္အေနနဲ႔ ေသာက္သုံးေပးျခင္းကလည္း အသည္းကိုသန႔္စင္ေပးမွာျဖစ္ၿပီးေတာ့ ငွက္ေပ်ာသီး၊ ေထာပတ္သီးတို႔ကိုလည္း ေ႐ြးခ်ယ္ႏိုင္ပါတယ္။

အခုေဖာ္ျပေပးခဲ့တဲ့ ေဖ်ာ္ရည္မ်ားဟာဆိုရင္ အသည္းကိုသန႔္စင္ေပးႏိုင္႐ုံသာမက က်န္းမာေစဖို႔အတြက္လည္း အေထာက္အကူျဖစ္ေစတာေၾကာင့္ မွန္မွန္ေသာက္သုံးေပးဖို႔ မေမ့ပါနဲ႔။ ထို႔အျပင္ ေရကိုလည္း မ်ားမ်ားေသာက္သုံးေပးပါ။ အရက္ေသစာေတြ ေသာက္သုံးျခင္းကို ေရွာင္ၾကဥ္ပါ။

Lifestyle_Myanmar

Thinzar

Ref: hhdresearch

LEAVE A REPLY

Please enter your comment!
Please enter your name here