အသည်းကို သဘာဝအတိုင်း သန့်စင်ပေးနိုင်တဲ့ အစားအစာ ( ၆) မျိုး
0
55
ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ အသည်းဟာ အလုပ်လုပ်ဆောင်မှု အခက်ခဲဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။ အသည်းဟာ သည်းခြေထုတ်လုပ်မှု၊ အဆီဖြစ်မှု၊ ဗီတာမင်နဲ့သတ္တုဓါတ်သိုလှောင်မှုနဲ့ သွေးတွေကိုစစ်ထုတ်မှု စတဲ့လုပ်ငန်းဆောင်တာတွေအတွက် စုစုပေါင်း လုပ်ငန်စဥ်ပေါင်း ၅၀၀ လောက်ကို လုပ်ဆောင်နေရပါတယ်။ ဒါ့အပြင် အသဲပျက်စီးမှုအတွက် အလှုရှင်ရှိလျှင် အစားထိုးအောင်မြင်နိုင်ပြီး ကျွန်တော်တို့တွေကို ပြန်လည်ရှင်သန်စေနိုင်တဲ့ တခုတည်းသောအင်္ဂါဆိုရင်လည်း မမှားပါဘူး။ အရက်အလွန်အကျွံသောက်ခြင်းဟာ အသည်းကိုပျက်စီးစေနိုင်တဲ့အပြင် အဆီဓါတ်ကို အလွန်အကျွံစားသုံးရင်လည်း အသည်းကိုပျက်စီးစေနိုင်ပါတယ်။ ဒါပေမယ့် ကံကောင်းတာကတော့ အသည်းကိုကောင်းစွာသန့်စင်ပေးနိုင်တဲ့ အစားအစာတွေလည်း ရှိနေပါတယ်။
၁။ ဘလူးဘယ်ရီ
ဘလူးဘယ်ရီသီးဟာ အလုံးစုံကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အသီးဖြစ်ပါတယ်။ အထူးသဖြင့် အသည်းအတွက် အရမ်းကိုကောင်းတဲ့ အစားအစာဖြစ်ပါတယ်။ ဘလူးဘယ်ရီမှာ anthocyanins လို့ခေါ်တဲ့ antioxident ပါဝင်ပြီး အသည်းမှာကင်ဆာဆဲလ်တွေဖြစ်မှုကို ကောင်းစွာတာဆီးနိုင်တဲ့ အစွမ်းရှိနေပါတယ်။ တိရိစ္ဆာန်အမြောက်အများကို လေ့လာချက်အရ ဘယ်ရီသီးရဲ့အကျိုးကျေးဇူးတွေကို ပိုမိုပြီးသိခွင့်ရခဲ့ပါတယ်။ ဘလူးဘယ်ရီသီးကို အမြဲစားတတ်တဲ့ ကြွက်တွေမှာဆိုရင် ကိုယ်ခံအားစနစ် အလုပ်လုပ်ပုံ အရမ်းကောင်းလာပြီ အသည်းကိုပိုမိုကျန်းမာလာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဘလူးဘယ်ရီသီးကို သုံးလေးပတ်ကြာအောင် နေ့စဥ်မှီဝဲခြင်းဖြင့် အရင်ကနဲ့မတူတဲ့ ကျန်းမာရေးအခြေအနေ ပိုကောင်းလာမှုကို တွေ့ရမှာဖြစ်ကြောင်း အကြံပေးပါရစေ။
၂။ ကျွဲကောသီး
ကျွဲကောသီးမှာ စွမ်းအားမြင့်တဲ့ antioxident တွေကြွယ်ဝပါတယ်။ ကျွဲကောသီးဟာ ရောင်ရမ်းမှုကို လျော့ချပေးနိုင်ပြီး ဆဲလ်တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကျွဲကောသီးဟာ နာတာရှည်ရောင်ရမ်းမှုကြောင့် အသည်းတဝိုက်အပိုတစ်ရှုးတွေဖြစ်ပေါ်မှုကို လျော့ချပေးနိုင်ပါတယ်။ တကယ်လို့ သင်အရက်သောက်တတ်သူဆိုရင် ညနေပိုင်းအရက်မသောက်ခင် ကျွဲကောသီးကို ကြိုတင်ပြီးစားထားသင့်ပါတယ်။ အရက်ကြောင့်ပျက်စီးတဲ့အသည်းကို ပြင်ဆင်ပေးနိုင်တဲ့အပြင် အရက်နာကျမှုကိုလည်း ပျောက်ကင်းစေဖို့အတွက် ကျွဲကောသီးကိုမှီဝဲနိုင်ပါတယ်။
၃။ ထောပတ်သီး
ထောပတ်သီးဟာ အရသာရော ကျန်းမာရေးအတွက်ပါ အထူးကောင်းမွန်တဲ့ သစ်သီးဖြစ်ပါတယ်။ ထောပတ်သီးမှာတဲ့ အဆီဓါတ်ဟာ စွမ်းအင်တွေကို သိုလှောင်ဖို့ အကောင်းဆုံးအရာလည်း ဖြစ်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင်စီ၊ ကေ ဟာအသည်းရဲ့ဆဲလ်တွေ ပျက်စီးမှုကို ကောင်းစွာကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်ကေနဲ့ အီးကတော့ ဖောရောင်မှုအန္တရာယ်ကို လျော့ချပေးနိုင်ပါတယ်။
၄။ ကော်ဖီနဲ့ လ္ဘက်ရည်
ကော်ဖီနဲ့ပတ်သတ်ပြီး ကျန်းမာရေးဆိုးကျိုးတွေရှိသလို ကောင်းတာတွေလည်း အများကြီးရှိပါတယ်။ အဓိကကတော့ အလွန်အကျွံမသောက်မိစေဖို့ပါပဲ။ ကော်ဖီသောက်ခြင်းဟာ အသည်းရောဂါဖြစ်မှုကို ၄၄ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဘဝတစ်လျှာက်လုံးကင်ဆာဖြစ်မှု၊ ရောင်ရမ်းမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အစိမ်းရောင်လက်ဖက်နဲ့ အနက်ရောင်လက်ဖက်ဟာလည်း အသည်းကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။
၅။ အစိမ်းရောင်အရွက်များ
ကျွန်တောတို့ခန္ဓာကိုယ် အလုံးစုံကျန်းမာရေးအတွက် အစိမ်းရောင်အရွက်တွေဟာ မစားမဖြစ်စားရမယ့်အစားအစာ ဖြစ်ပါတယ်။ အထူးသဖြင့် ဟင်းနုနယ်ရွက်ဟာ သည်းခြေထုန်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပြီး ပန်းဂေါ်ဖီစိမ်းဟာ အသည်းမှာရှိတဲ့ အဆိပ်ဓါတ်တွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။
၆။ အစေ့အဆံများ
အစေ့အဆံတွေဟာ ပရိုတိန်းပမာဏများပြားပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။ အစေ့အဆံတွေကို စားကြတဲ့အခါ ဆာတွေအလွန်အကျွံထည်းပြီး စားသုံးခြင်းကို ရှောင်ရှားသင့်ပြီး ဖြစ်နိုင်ရင်ဆားမပါပဲ စားသုံးပေးသင့်ပါတယ်။ အစေ့အဆံတွေဟာ အသည်းကိုအဆိပ်ဓါတ်တွေနဲ့ ထိတွေ့မှုကို ကောင်းစွာကာကွယ်ပေးနိုင်တဲ့အတွက် အရက်သောက်ရင်တောင် အဆိုပါအစေ့အဆံတွေနဲ့ မြည်းသင့်ပါတယ်။
LM_Naung_Naung
Lifestyle_Myanmar
သွားနှင့် သွားဖုံးကျန်းမာရေးအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ
Zawgyi
၁။ ဘလူးဘယ်ရီ
၂။ ကျွဲကောသီး
၃။ ထောပတ်သီး
၎။ ကော်ဖီနဲ့ လ္ဘက်ရည်
၆။ အစေ့အဆံများ
LM_Naung_Naung
Lifestyle_Myanmar
LEAVE A REPLY
Please enter your comment!
Please enter your name here