ကျွန်မတို့အများစုဟာ နေ့လယ်စာ၊ ညစာအတွက်ဘာမှမရှိဘူးဆိုရင် မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ် ပြင်ဆင်လို့ရတဲ့ အသင့်စားခေါက်ဆွဲခြောက်တွေကို စားသုံးဖို့ ရွေးချယ်ကြပါတယ်။ အသင့်စားခေါက်ဆွဲခြောက်တွေက ကျွန်မတို့ယခင်က ထင်ခဲ့သလောက် မလုံခြုံပါဘူး။ ခေါက်ဆွဲခြောက်တွေက အောက်ဖော်ပြပါ ကျန်းမာရေးပြဿနာတွေ၊ ဆိုးကျိုးတွေကို မကြာခဏ ဖြစ်ပေါ်စေပါတယ်။
၁။ သင့်ရဲ့နေ့စဉ်အကန့်အသတ်ဖြင့် ခွင့်ပြုထားတဲ့ ဆိုဒီယမ်ပမာကို တစ်ထိုင်တည်း ပြည့်စေပါတယ်
အသင့်စားခေါက်ဆွဲခြောက်တွေမှာ များသောအားဖြင့် ထိန်းချုပ်ပြီး စားမှသာ ကောင်းလိမ့်မယ့် ဆားနဲ့ ကာဘိုဟိုက်ဒရိတ်တွေ များပါတဘ်။ တကယ်လို့ ခေါက်ဆွဲခြောက်တွေသာ စားနေမယ်ဆိုရင် ဆိုဒီယမ်အလွန်အကျွံစားသုံးမိမှာ ဖြစ်ပါတယ်။ ခေါက်ဆွဲခြောက်တွေမှာ ဗီတာမင်၊ ဖိုင်ဘာနဲ့ ဓါတ်သတ္တုကဲ့သို့သော အာဟာရတန်ဖိုးတွေ မပါဝင်ပါဘူး။

၂။ သူတို့ကို စားတဲ့အခါ ရေကို ပိုထိန်းထားပါလိမ့်မယ်
အသင့်စားခေါက်ဆွဲခြောက်တွေကို စားပြီးတဲ့အခါ စိတ်ရှုပ်တာကိုသာမက စိတ်ပင်ပန်းတာကိုပါ ခံစားရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင်တို့ခန္ဓာကိုယ်က သူတို့ကို စားသုံးပြီးတဲ့အခါ ရေကိုသိုလှောင်ထားလို့ပါပဲ။ ဒါ့ကြောင့် သင်ဟာ ယာယီကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။

၃။ သူတို့က အစာအိမ်ထဲမှာ အကြာကြီးရှိနေပါလိမ့်မယ်
ဒီခေါက်ဆွဲအမျိုးအစားက ခေါက်ဆွဲခြောက်ဖြစ်အောင်လုပ်ထားတာကြောင့် အစာအိမ်ထဲမှာ အချိန်ကြာမြင့်စွာ ရှိနေပါလိမ့်မယ်။ ပုံမှန်လက်ဆက်တဲ့ခေါက်ဆွဲက စားပြီးပြီးချင်း ၂နာရီမှာ အစာခြေသွားပေမယ့် အသင့်စားခေါက်ဆွဲတွေကတော့ ဖြိုခွဲဖို့ နာရီပေါင်းများစွာ အလုပ်လုပ်ကြပါတယ်။
၄။ နေမကောင်းမှုအန္တရာယ် တိုးမြှင့်လာပါလိမ့်မယ်
လေ့လာမှုများအရ အသင့်စားခေါက်ဆွဲခြောက်တွေကို တစ်ပတ်လျှင် နှစ်ကြိမ်အနည်းဆုံးစားသောအမျိုးသမီးတွေဟာ ကျန်းမာရေးချို့ယွင်းမှုအလားအလာပိုများကြောင်းတွေ့ရှိရပါတယ်။ ဒီကျန်းမာရေးအခြေအနေမှာ ဆီးချိုရောဂါနဲ့ နှလုံးရောဂါတို့ ပါဝင်နိုင်ပါတယ်။ ခေါက်ဆွဲခြောက်မှာ ထည့်သွင်းထားတဲ့ MSG ကသင့်အား ခေါင်းကိုက်ပြီး ပျို့ချင်အန်ချင် ဖြစ်စေနိုင်ပါတယ်။

၅။ အမြင်အာရုံကို မှုန်ဝါးစေနိုင်ပါတယ်
ဒီအစားအစာမျိုးက အလွန်ကြာရှည်ခံနိုင်ပြီး သူတို့သက်တမ်းကို ထိန်းသိမ်းဖို့ အဆိပ်အတောက်အဖြည့်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီအဆိပ်အတောက်အဖြည့်ပစ္စည်းတစ်ခုက လူသားတွေအတွက် အန္တရာယ်ရှိပါတယ်။ ၎င်းက များလွန်းရင် ဆိုးကျိုးအဖြစ် အမြင်အာရုံကို မှုန်ဝါးစေနိုင်ပါတယ်။

၆။ ဟင်းသီးဟင်းရွက်နဲ့ ကျန်းမာသော ပါဝင်ပစ္စည်းတွေ ထည့်ပါ
အသင့်စားခေါက်ဆွဲခြောက်ကို စားမယ်ဆိုရင် ပိုကျန်းမာစေတဲ့ နည်းတစ်နည်းက ကိုယ့်ဘာသာ အရသာပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒါက သင့်အား ဆိုဒီယမ်ပမာဏကို ထိန်းချုပ်ပေးနိုင်ပြီး အမျှင်နဲ့ ပရိုတိန်းတွေကို ထည့်သွင်းနိုင်သလို အရသာထုပ်တွေမှာပါဝင်တဲ့ MSG ကဲ့သို့သော ကျန်းမာရေးအတွက် ဆိုးစေတဲ့ အဖြည့်ပစ္စည်းတွေကိုလည်း မစားမိတော့ပါဘူး။

Lifestyle_Myanmar
LM_Nandar
Source-brightside.