အသက် ၄၀ ကျော်အရွယ်မှာတောင် လှပျိုလှပနေဆဲဖြစ်တဲ့ ကင်မရွန်းဒက်ဇ် ရဲ့ လှို့ဝှက်ချက်

0
52

“ကျွန်မအသက် ၄၀ ပြည့်မွေးနေ့ရောက်တော့မှ အသက်အရွယ်ရဲ့အဓိပ္ပာယ်ကို စတင်ပြီးစဥ်းစားခဲ့မိပါတယ်” နာမည်ကျော်ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကင်မရွန်းဒက်ဇ်က သူမရေးသားခဲ့တဲ့ Longevity ဆိုတဲ့စာအုပ်မှာ ရေးသားဖော်ြပခဲ့ပါတယ်။ သူမကိုယ်တိုင် ယခုလိုကျန်းမာနုပျိုခြင်း အကြောင်းကို တိုင်ပင်ဆွေးနွေးဖို့အတွက် ခရီးတွေအများကြီးထွက်ခဲ့ပြီး ဆေးဖက်ဆိုင်ရာ ထိပ်တန်းပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

-Advertisement-

တကယ်တော့ အရွယ်တင်နုပျိုစေဖို့အတွက် အဓိကအရေးကြီးဆုံးအရာဟာ အာဟာရပြည့်ဝအောင်စားသုံးခြင်း၊ မကြာခဏလှုပ်ရှားခြင်း၊ လုံလောက်အောင်အနားယူခြင်း စတဲ့အချက်သုံးချက်က အရေးအကြီးဆုံးဖြစ်ကြောင်း သူမကဆိုပါတယ်။ သူမ မနက်အိပ်ရာကနိုးတာနဲ့ အရင်ဆုံး အိပ်ရာသိမ်းလေ့ရှိပြီး ဒါဟာ တောက်ပတဲ့နေ့တစ်နေ့ကို စတင်ဖို့ပြင်ဆင်တာ ဖြစ်ကြောင်း သူမကဆိုပါတယ်။ ပြီးလျှင် သွားတိုက်မျက်နှာသစ်ပြီးနောက် ရေတလီတာ သောက်လေ့ရှိပါတယ်။ တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို သက်တောင့်သက်သာဖြစ်စေတာကြောင့် မနက်တိုင်းမိနစ် ၂၀ တရားထိုင်လေ့ရှိပါတယ်။
တရားထိုင်ပြီးရင် မနက်စာစားဖို့အတွက် ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ်၊ အဆီဓါတ် စတဲ့ဓါတ်တွေမျှတဖို့ စားသောက်လေ့ရှိပြီး တောပတ်သီးကင်ရယ်၊ အုတ်ဂျုံရယ်က မနက်တိုင်းမပါမဖြစ်ပါ။
ပြီးရင်တော့ တနာရီ ၁၅ မိနစ်လောက် လေ့ကျင့်ခန်းပြုသူမရဲ့တစ်နေ့တာလုံး လှုပ်ရှားမှုနဲ့ စားသောက်မှု မျှတအောင် အမြဲတမ်း ဂရုစိုက်လေ့ရှိပါတယ်။ တကယ်လို့ လှုပ်ရှားသလောက် မစားရင် တက်ကြွမှုတွေပျောက်ဆုံးပြီး၊ စားသလောက် မလှုပ်ရှားရင်လည်း ဝိတ်တက်ခြင်းနဲ့ စာအိမ်ပြဿနာတွေ ကြုံနိုင်ကြောင်း သူမက အကြံပေးခဲ့ပါတယ်။

ဒါကြောင့် အရမ်းလှုပ်ရှားရတဲ့ နေ့တွေမှာဆိုရင် အစာပြေမုန့်တွေကို သူမကမပြတ်စားနေတတ်တယ်။ ညစာစားတဲ့အချိန်ဆိုရင်လည်း သူမက စောစောစားတတ်ပြီး အလွန်အကျွံစားတာတွေ
အိပ်ချိန်နဲ့နီးကပ်စွာစားတာတွေက ကျန်းမာရေးအတွက် အလွန်ထိခိုက်ကြောင်း သူမကဆိုပါတယ်။ အိပ်ခန်းအတွင်းမှာ သန့်ရှင်းသပ်ယပ်နေဖို့ နဲ့ မီးပိတ်ပြီးအိပ်ဖို့ လိုကြောင်း၊ လျှပ်စစ်ပစ္စည်တွေကို ပိတ်ထားမှသာ ကောင်းမွန်စွာအိပ်စက်နိုင်မှာ ဖြစ်ကြောင်း သူမကအကြံပေးခဲ့ပါတယ်။

LM_Naung_Naung

Lifestyle_Myanmar

LEAVE A REPLY

Please enter your comment!
Please enter your name here