အသက် ၃၀အရွယ်မှာ လူတိုင်း လေ့လာထားဖို့လိုတဲ့ အရေးပါဆုံးအရာ ၁၃ ခု

0
28329

အသက်၃ဝနောက်ပိုင်းမှ ဘဝက စတယ်လို့ ဆိုကြပါတယ်။ ဒီအချိန်ဟာ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်တွေ၊ ဆန္ဒအမှန်တွေကို နားလည်လာပြီး လွတ်လပ်မှုနှင့် အသိပညာကို ခံစားရတဲ့အချိန်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်မက်တွေ ပြည့်စုုံလာစေဖို့နှင့် ဘဝရဲ့နယ်ပယ်အားလုံးမှာ အောင်မြင်မှု အများဆုံး ရရှိလာစေဖို့အတွက် အချို့သောအရာတွေက သင်ယူရကျိုးနပ်ပါတယ်။ ဒါ့ကြောင့် လူတိုင်း အသက် ၃ဝအရွယ်မှာ ပြုလုပ်သင့်တဲ့ လိုအပ်သောအရာ ၁၃ခုကို ရွေးချယ်ထားပါတယ်။ ပျော်ရွင်မှုခံစားရစေဖို့ ရိုးရှင်းတဲ့ အဆင့် ၄ဆင့်ကို ဖော်ပြထားတာကြောင့် အဆုံးထိဖတ်ဖို့မမေ့ပါနဲ့။

-Advertisement-

၁။ သင်ပျော်မွေ့တဲ့ အလုပ်တစ်ခုကို ရှာပါ

တက္ကသိုလ်တစ်ခုကနေ ဘွဲ့ရပြီးတာနှင့် ကျွန်တော်တို့ဟာ ရုံးအလုပ်၊ လခစားအလုပ်၊ အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်ကိုင်ခြင်း၊ အလုပ်တွေ တစ်ခုပြီးတစ်ခု ပြောင်းခြင်းနှင့်အတူ ဘယ်အလုပ်က ကိုယ်နဲ့ အဆင်ပြေမလဲဆိုတာ စမ်းသပ်ကြည့်ခဲ့ကြပါတယ်။ သို့သော် အသက် ၃ဝရောက်လာတဲ့အခါ ကိုယ်ရဲ့ဝါသနာနဲ့ ကိုက်ညီပြီး၊ ဘဝကို ပိုပြီး တိုးတတ်စေမယ့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ရှာဖွေဖို့က အတော်လေး အရေးကြီးလာပါတယ်။ ဒါ့ကြောင့် သင့်အသက် ၃ဝရောက်တော့မယ်ဆိုရင် အလုပ်အတည်တကျဖြစ်စေဖို့ သင်နှစ်သက်တဲ့ အလုပ်တစ်ခုကို ရှာဖွေပါ။

၂။ ဟင်းချက်တတ်ဖို့ သင်ယူပါ

သင်ဟာ ချက်ပြုတ်တာကို မုန်းသည်ဖြစ်စေ၊ ချက်ပြုတ်နည်းတွေ သိပေမယ့်လည်း ချက်ဖို့ မကြိုးစားကြည့်မိတာဖြစ်စေ အသက် ၃ဝအရွယ်ရောက်ရင်တော့ တခြားသူတွေထက် ပိုကောင်းတဲ့ ဟင်းလျာချက်တတ်ဖို့က လိုအပ်လာပါပြီ။ ကိုယ်ပိုင်ဟင်းလျာအသစ်တစ်ခု ဖန်တီးနိုင်ဖို့ မကြောက်ပါနဲ့။ ဒါတွေက နောင်တစ်ချိန်မှာ လိုအပ်လာမှာဖြစ်ပြီး ဥပမာ- သင့်အိမ်ကို အရေးကြီးတဲ့ ဧည့်သည်တွေလာတဲ့အခါ သင်ကျွမ်းကျင်စွာ ချက်ပြုတ်ထားတဲ့ ဟင်းလျာက သင့်ကို ယုံကြည်မှုတွေ ပေးစွမ်းမှာ ဖြစ်ပါတယ်။

၃။ သင့်ရဲ့မိတ်ဆွေစစ်က ဘယ်သူတွေလဲဆိုတာ နားလည်ပါ

ကျွန်တော်တို့ ငယ်ရွယ်နေတုန်း အချိန်မှာတော့ ကျွန်တော်တို့နားမှာ လူများစွာရှိပြီး အသိအကျွမ်းမိတ်ဆွေအသစ်တွေ အလွယ်တကူ ရကြပါတယ်။ ထိုသူတွေအားလုံးက ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေဖြစ်တယ်လို့ မကြာခဏ မှားယွင်းစွာ ထင်မိခဲ့ကြပါတယ်။ ဒါပေမယ့် တချို့အချိန်တွေနောက်ပိုင်းမှာ သူတို့ဟာ ပျောက်ကွယ်သွားကြပြီး စစ်မှန်တဲ့ မိတ်ဆွေတွေသာ ကျွန်တော်တို့နားမှာ ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့သူတွေက ကျွန်တော်တို့ရဲ့အောင်မြင်မှုကို ဝမ်းသာကြသလို ကျွန်တော်တို့ ကျရှုံးတဲ့အခါ ကူညီကြမယ့်သူတွေပါ။ ဒါ့ကြောင့် ဘယ်အချိန်မဆို သင့်အတွက် ရှိနေမယ့် သင့်အနီးနားက လူတွေကို တန်ဖိုးထားပါ။

၄။ လူတိုင်းကို သင့်ရဲ့ကိုယ်ရေးကိုယ်တာဘဝ အသေးစိတ် ပြောပြခြင်းမှ ရပ်တန့်ပါ

သင့်ရဲ့ဆက်ဆံရေးခိုင်မာမှုကို ထိန်းသိမ်းချင်ရင် သင့်ကိစ္စတွေ၊ သင့်လက်တွဲဖော်နဲ့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေနှင့် ပတ်သတ်ပြီး လူတိုင်းကို မပြောသင့်ဘူးဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။ သင့်ရဲ့စိုးရိမ်မှုတွေကို တစ်ယောက်ယောက်ကို မျှဝေချင်တယ်ဆိုရင် အရင်းနှီးဆုံးသူငယ်ချင်းနဲ့ တိုင်ပင်နိုင်ပါတယ်။

၅။ ဦးစားပေး မှန်ကန်ပါ

ကျွန်တော်တို့ဟာ ဘဝတစ်လျောက်လုံးမှာ လိုအင်ဆန္ဒတွေ ပြည့်ဝဖို့ ကိုယ်တတ်နိုင်တဲ့ အရာအားလုံးကို ပြုလုပ်ဖို့ ကြိုးစားနေကြပေမယ့် တချို့အချိန်တွေမှာ သေးငယ်တဲ့အရာတွေအပေါ် အာရုံစိုက်ဖို့အတွက် အရေးကြီးတဲ့သူတွေကို လျစ်လျူရှုထားတတ်ကြပါတယ်။ အများအားဖြင့် မိသားစုနှင့်အတူ ခရီးသွားတာ၊ အချိန်ပေးတာတို့ ဖြစ်ပါတယ်။ မိသားစုကို ဦးစားပေးဖို့နှင့် တတ်နိုင်သလောက် အချိန်ပေးဖို့က အရေးကြီးပါတယ်။

၆။ အားလပ်ရက်များအတွက် အချိန်နဲ့ငွေကို ရှာဖွေပါ

အနားယူမှု မရှိခြင်းက ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်စေပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းပေါ်မှာ ငွေမဖြုန်းဘဲ ထိုက်တန်တဲ့ အပန်းဖြေခရီးပေါ်မှာ ငွေဖြုန်းတာက ပိုကောင်းပါတယ်။ အပြည့်အဝ အနားယူပြီးမှ အလုပ်တွေကို ပြန်လုပ်ရင် ဒီထက်ပိုပြီး လုပ်နိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် အနာဂတ်အပန်းဖြေခရီးတစ်ခုအတွက် သင့်လစာ၏ ၂၀%ကို စုဆောင်းတဲ့ စည်းမျဉ်းတစ်ခု ပြုလုပ်ပါ။

၇။ ယာဉ်မောင်းလိုင်စင်ပြုလုပ်ပါ

ယာဉ်မောင်းလိုင်စင်ပြုလုပ်တာက သင့်အနာဂတ်လုပ်ဆောင်မှုများအတွက် လှုံ့ဆော်ရာလည်း ရောက်ပါတယ်။ ယာဉ်မောင်းလိုင်စင်ရလျှင် ကားတစ်စီးဝယ်မယ့်အကြောင်း စတင်တွေးမိပါလိမ့်မယ်။ ဒါ့ကြောင့်သင့်ဝင်ငွေလည်းတိုးလာပါလိမ့်မယ်။ ယာဉ်မောင်းလိုင်စင်ရှိခြင်းက ခရီးသွားဖို့လွယ်ကူပြီး တကယ်လို့ ပြည်ပသွားတဲ့အခါမှာတောင် ကားတစ်စီးငှားပြီး သွားလာနိုင်ပါတယ်။

၈။ အပိုဝင်ငွေရှာပါ

အသက် ၃ဝအရွယ်မှာ အပိုဝင်ငွေ ရရှိနေသင့်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ freelancing စတဲ့လုပ်ငန်းများ ပြုလုပ်နိုင်ပါတယ်။ သင့်ရဲ့မြို့က stable ဖြစ်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေရင်တောင် သင့်အနာဂတ် stable ဖြစ်ဖို့ဆိုတာ အာမခံလို့မရပါဘူး။ ဒါ့ကြောင့် အွန်လိုင်းကနေ ပစ္စညး်ရောင်းတာပဲဖြစ်ဖြစ်၊ အလုပ်အားလပ်ချိန်မှာ content writer လုပ်တာပဲဖြစ်ဖြစ် တခြားနေရာကနေ အပိုဝင်ငွေရအောင် ကြိုးစားသင့်ပါတယ်။

၉။ မိဘအိမ်ကနေ ပြောင်းရွေ့ပါ

အိမ်က အမြဲတမ်းသန့်ရှင်းနေပြီး စားစရာဆိုလည်း အမြဲတမ်း အဆင်သင့်ရှိနေတာကြောင့် မိဘနဲ့အတူနေရတာက အရမ်းအဆင်ပြေပါတယ်။ သို့သော်လည်း အိမ်ထောင်ရက်သား ကျလာတဲ့အခါ ၊ အသက် ၃ဝရောက်လာတဲ့အခါ မိဘအိမ်မှာအတူနေတာထက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ လိုအပ်လာပါပြီ။ ဒါမှသာ သာရေး/နာရေးကိစ္စများနှင့် ဆပ်ပြာကဲ့သို့ သေးငယ်တဲ့အရာများကအစ ကုန်ကျမှုတွေအကြောင်းကို သိရှိလာမှာဖြစ်ပြီး ကိုယ့်ရဲ့ဘတ်ဂျက်ကို စီမံခန့်ခွဲနိုင်လာမှာဖြစ်ပါတယ်။

၁၀။ လူရှေ့မှာ စကားပြောဖို့ လေ့လာပါ

သူစိမ်းတွေနဲ့ စကားပြောရတာ၊ လူအများရှေ့မှာ မတ်တပ်ရပ်ပြီး စကားပြောရတာဟာ လူအတော်များများအတွက် အဆင်မပြေသလို ခံစားကြရပါတယ်။ သင့်ရဲ့ ဒီစိုးရိမ်မှုတွေကို ကျော်လွှားဖို့ လေ့လာပါ။ အဲ့ဒီအချိန်မှာ တည်တည်ငြိမ်ငြိမ်နေပါ။ parasite စကားလုံးများကို အသုံးမပြုတာက လေးစားမှုနှင့် အာရုံစူးစိုက်မှုကို ရရှိပါလိမ့်မယ်။ စကားပြောပိုင်နိုင်ခြင်းက သင့်စိတ်မလုံခြုံမှုကို ဖယ်ရှားပေးပါလိမ့်မယ်။ သင့်ရဲ့ ပရောဂျက်ကို အောင်မြင်စွာ တင်ပြနိုင်တာကလည်း လစာတိုးပေးဖို့အတွက် သင့်သူဌေးကို စည်းရုံးပြောဆိုနိုင်မှာဖြစ်ပါတယ်။

၁၁။ သင့်ရဲ့စတိုင်ကို ရှာဖွေပါ

အရွယ်ရောက်သူတစ်ယောက်ဟာ သက်တောင့်သက်သာခံစားရစေမယ့် ကိုယ်ပိုင် ပါစင်နယ်စတိုင်တစ်ခု ရှိနေသင့်ပါတယ်။ သင့်ရဲ့ပါစင်နယ်စတိုင်ကို ရှာတွေ့ခြင်းက ဘာအဝတ်အစား ဝတ်ရမလဲဆိုတဲ့ ရွေးချယ်မှုပြဿနာတွေအကြောင်းကို မေ့လျော့သွားပါလိမ့်မယ်။ သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ထူးခြားမှုကို ဖော်ပြဖို့ ဘယ်အဝတ်အစား ရွေးဝတ်ရမလဲဆိုတာ သိပြီးသားဖြစ်တာကြောင့်ပါ။ သင့်ရဲ့စတိုင်ကို သိခြင်းက အဝတ်အစားသစ်ကို မြန်မြန်ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ဟာ ဘယ်လိုဖက်ရှင်တွေနဲ့ဆိုရင် လိုက်ဖက်မှုရှိိတယ်၊ မရှိဘူးဆိုတာကအစ အသက် ၃၀ ရောက်လာတဲ့အခါ သိထားဖို့ လိုနေပါပြီ။

၁၂။ ဂန္ထဝင် စာပေတွေကိုဖတ်ပါ

ကျွန်မတို့ကျောင်းတွေမှာ ဂန္ထဝင်စာပေကို သင်ယူကြပေမယ့် အသက်အရွယ်ငယ်ရွယ်သေးတဲ့ အချိန်ဖြစ်တာကြောင့် ဒီပုံပြင်တွေရဲ့ စစ်မှန်တဲ့ နက်ရှိုင်းမှုကို နားလည် သဘောမပေါက်ခဲ့ပါဘူး။ ဒါ့ကြောင့် နာမည်ကြီးဂန္ထဝင်ဝတ္တုတွေကို ပြန်ဖတ်ဖို့ ပျင်းမနေသင့်ပါဘူး။ ဝတ္တုတစ်ပုဒ်ရဲ့ လျို့ဝှက်ထားတဲ့ အရိပ်အမြွက်လေးတွေ၊ သူတို့ရဲ့ ကွဲပြားခြားနားမှုလေးတွေ၊ ပိုပြီးအသေးစိတ်တာတွေကို သိမြင်လာပြီး ယနေ့ကမ္ဘာနဲ့ ဆက်စပ်ပြီးတော့တောင် သတိထားမိလာပါလိမ့်မယ်။ ဒါ့အပြင် သင့်ရဲ့ယဉ်ကျေးမှုအသိအမြင်လည်း တိုးပွားစေပါလိမ့်မယ်။ စကားပြောဆိုမှုမှာလည်း ကြွယ်ဝပြည့်စုံလာပြီး စိတ်ဝင်စားဖွယ််ကောင်းအောင် စကားပြောဆိုတတ်လာပါလိမ့်မယ်။

၁၃။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ပုံသဏ္ဍာန်ကောင်းရယူပါ

သက်ရှည်ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ဆိုတာ အသက်ကြီးမှ ကြိုးစားလုပ်ယူလို့ ရတဲ့အရာတော့ မဟုတ်ပါဘူး။ ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားဖို့ တကယ့်ကို အရေးကြီးပါတယ်။ အမျိုးသမီးတွေဟာ အသက် ၃ဝနောက်ပိုင်းမှာ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေက နှေးကွေးလာပြီး အဆီပိုတွေ၊ ဗိုက်ခေါက်တွေ ဖြစ်လာတတ်တာကြောင့် အသက် ၃ဝအရွယ်မှာ သင့်တင့်လျောက်ပတ်တဲ့ အားကစားတစ်ခုခုကို ပြုလုပ်ဖို့လိုပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်နေစေဖို့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပေးပါ။

ပျော်ရွင်တဲ့သူဖြစ်လာစေဖို့ ရိုးရှင်းသောအဆင့် ၄ခု

လေ့လာမှုအရ အပျော်ရွင်ဆုံးအသက်အရွယ် ဆိုတာ မရှိပါဘူး။ ဘယ်အချိန်မဆို အညီအမျှပျော်ရွင်နိုင်ပါတယ်။

အလုပ်တွေ၊ ဖုန်းတွေ၊ လက်တော့ပ်တွေကို ဖြုတ်ထားပြီး တိတ်ဆိတ်တဲ့နေရာမှာ နေ့တိုင်း ၁ဝမိနစ် -၁၅မိနစ်လောက် အချိန်ဖြုန်းပါ။

သင့်ရဲ့စွမ်းအင်တွေ အများကြီကို ယူတတ်တဲ့ မကောင်းတဲ့ အလေ့အကျင့်၊ ဆန္ဒတွေကို ငြင်းဆန်ပါ။
အကောင်းမြင်တဲ့ လူတွေနဲ့ ဝန်းရံပါ။

ရှုပ်ပွတဲ့ အိမ်က သင့်စိတ်ကို ရှုပ်ထွေးစေတာကြောင့် သင်ကိုယ်တိုင် အိမ်သန့်ရှင်းရေးလုပ်ပါ။

Lifestyle_Myanmar

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here