အသက် ၃၀အမျိုးသမီးတွေဟာ အသက် ၂၀တုန်းကထက် ဘာ့ကြောင့် ပိုကြည့်ကောင်းနေသလဲဆိုတဲ့ အကြောင်းရင်း (၈)ခု

0
66

အသက် ၃၀အရွယ်ဟာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ၊ ကိုယ့်ရဲ့ ဆန္ဒအမှန်တွေကို နားလည်လာပြီး လွတ်လပ်မှုနှင့် အသိပညာကို ခံစားရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ထို့နည်းတူ သူတို့ရဲ့ အလှတရားက ပိုရင့်ကျက်လာပြီး အသက် ၂၀အရွယ်တုန်းကလို နုပျိုနေဆဲအရွယ်လည်း ဖြစ်ပါတယ်။

-Advertisement-

၁။ သူတို့ဟာ တခြားအရာတွေ (သို့) အသက်အရွယ်နဲ့ ပတ်သတ်ပြီး ဂရုမစိုက်ကြပါဘူး

အသက် ၃၀အရွယ်ဟာ ပိုပြီး confident ရှိလာသလို သူများတွေကိုယ့်ကို ဘယ်လိုထင်မြင်သလဲဆိုတာနဲ့ပတ်သတ်ပြီး စိုးရိမ်စိတ်တွေ လျော့နည်းလာပါတယ်။ ဒါက သူတို့ကိုပိုပြီး စိတ်ဝင်စားစေသလို ဆွဲဆောင်မှုရှိစေပါတယ်။

၂။ ဖက်ရှင် ခေတ်ရေစီးကြောင်းနောက်ကို လိုက်ပါနေတုန်းပါပဲ

အသက် ၃၀ အရွယ်ရောက်ပေမယ့်လည်း ခေတ်သစ်အမျိုးသီးတွေဟာ မိတ်ကပ်၊ အဝတ်အစား ခေတ်ရေစီးကြောင်းနောက်ကို လိုက်ပါနေတုန်းပါပဲ။ ကိုယ် ဝတ်ချင်တဲ့ အဝတ်အစားပုံစံ၊ ညှပ်ချင်တဲ့ ဆံပင်ပုံစံ၊ ကြိုက်နှစ်သက်တဲ့ အရာတွေကို ရွေးချယ်ဖို့ မတွန့်ဆုတ်နေပါဘူး။ ငါ့အသက်အရွယ်နဲ့ ဒီအပြင်အဆင် လိုက်ပါ့မလားလို့ မစဉ်းစားနေပါဘူး။ အသက် ၃၀အရွယ်မှာ ၂၀ တုန်းကလိုပဲ မိတ်ကပ် ရောင်စုံကာလာ ချယ်နိုင်ပြီး ဂျင်း၊ တီရှပ်တွေ ဝတ်နိုင်ပါသေးတယ်။

၃။ သူတို့ဟာ စျေးကြီးတဲ့အရာတွေ၊ ဝန်ဆောင်မှုတွေကိုလည်း တတ်နိုင်ပါတယ်

အသက် ၃၀အရွယ်မှာ လူအများစုက သူတို့တစ်သက်တာမှာ ဘာလုပ်ချင်သလဲဆိုတာ နားလည်သဘောပေါက်လာသလို သူတို့မှာ ငွေရေးကြေးရေးလည်း တည်ငြိမ်မှုရှိလာပါပြီ။ ဝင်ငွေရှိလာတာနဲ့အမျှ ကိုယ်တတ်ချင်တဲ့ သင်တန်းတွေ တတ်လာနိုင်တယ်။ စျေးကြီးတဲ့ brandsတွေ ဝယ်သုံးလာနိုင်တယ်။ အလှပြင်ဆိုင်နဲ့ အလှအပကျွမ်းကျင်သူတွေဆီ သွားလာနိုင်ပါပြီ။ ကိုယ့်အတွက်ကိုယ် ပိုက်ဆံသုံးဖို့ မနှမြောတော့ပါဘူး။

၄။ ကိုယ်ရဲ့စတိုင်ကို တွေ့ရှိပြီး ကြည့်ကောင်းအောင် နေတတ်လာပါပြီ

အသက် ၃၀အရွယ်မှာ အမျိုးသမီးတစ်ယောက်လာ အရာအားလုံးပြည့်စုံလာသလို ကိုယ် ဘာနဲ့ လိုက်ဖက်မလဲ၊ မလိုက်ဖက်ဘူးလဲဆိုတာ နားလည်လာပါပြီ။ ကိုယ့်ရဲ့ စတိုင်က ဘယ်လိုမျိုးလဲဆိုတာ စမ်းသပ်ဖို့ သတ္တိရှိလာပြီး အရည်အသွေးမြင့် ပစ္စည်းအများစုကိုသာ သုံးစွဲဖို့ ပိုက်ဆံရှိလာပါပြီ။

၅။ ကိုယ့်ကိုယ်ကို လေးစားမှုရှိလာပါတယ်

အသက် ၃၀အရွယ်အမျိုးသမီးတွေဟာ negative အခြေအနေတွေကို ပိုလွယ်လွယ်ကူကူ ကိုင်တွယ်ဖြေရှင်းလာနိုင်သလို ပြဿနာကြုံလာရင် ထိုင်ငိုနေမယ့်အရွယ်လည်း မဟုတ်တော့ပါဘူး။ အသက်၂၀တုန်းကလို ချစ်သူကဖုန်းမဆက်လို့ တညလုံးထိုင်ငိုနေတာမျိုး၊ စာမေးပွဲမအောင်လို့၊ သူဌေးကအော်လို့ ဝမ်းနည်းရတာမျိုး မရှိတော့ပါဘူး။ အသက်အရွယ်အရ တည်ငြိမ်သူဖြစ်လာပြီး ကိုယ့်ရဲ့အချိန်ကို လေးစားလာပါပြီ၊ အရေးမပါတဲ့ အရာတွေပေါ်မှာ အချိန်မဖြုန်းတော့ပါဘူး။

၆။ ကိုယ် ဘာဖြစ်ချင်လဲဆိုတာ သိလာပါတယ်

အသက် ၂၀မှာ ဘယ်သူမဆို တည်ငြိမ်သေးမှာ မဟုတ်ပါဘူး။ သူတို့မှာ ဝါသနာတွေ စိတ်ဝင်စားမှုတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် လမ်းကြောင်းအတွက် ရှာဖွေနေတဲ့အချိန်ဖြစ်သလို အချစ်ရေးမှာလည်း တည်ငြိမ်မှုမရှိသေးပါဘူး။ အသက် ၃၀အရွယ် ဖြစ်လာတဲ့အခါ ကိုယ့်ဘဝအတွက် ဘာဖြစ်ချင်တာလဲဆိုတာ အများကြီးနားလည်လာပြီး ကိုယ့် ရည်မှန်းချက်ရောက်ဖို့ အရာအားလုံးကို ကြိုးစားလာပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတာက အမြဲတမ်း ဆွဲဆောင်မှု ဖြစ်စေပါတယ်။

၇။ မကောင်းတဲ့ အစားအစာတွေကို မစားတော့ပါဘူး

အများစုက အသက် ၃၀အရွယ်မှာ fast food တွေမစားတော့ပါဘူး။ ဒီအချိန်မှာ ကိုယ့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သိလာပါတယ်။ ငယ်တဲ့မိန်းကလေးတွေထက် ကိုယ့်အိမ်မှာ စားချင်တာတွေကို ချက်ပြုတ်စားတတ်လာပါတယ်။ ဒီ ချဉ်းကပ်မှုတွေက သူတို့ရဲ့ အသားအရေ၊ သူတို့ရဲ့ စိတ်နှင့် သူတို့ရဲ့ အလုံးစုံအသွင်အပြင်ပေါ်မှာ ကောင်းတဲ့ သက်ရောက်မှုတစ်ခု ရှိလာပါတယ်။ အသက် ၃၀အရွယ်အမျိုးသမီးတွေဟာ ကျန်းမာရေးကို ပိုပြီးဂရုစိုက်လာပါတယ်။

၈။ အမြဲတမ်း ဆွဲဆောင်မှု ရှိနေမှာမဟုတ်တာကို သဘောပေါက်လာပါတယ်

အမျိုးသမီးတစ်ယောက်ရဲ့ အသက် ၂၀အရွယ်ဟာ ကိုယ့်ကိုယ်ကို ခန္ဓာကိုယ် ကျန်းမာ၊ ကြံ့ခိုင်တယ် အသားအရေကောင်းတယ်ဆိုပြီး အမြဲတမ်း ဂုဏ်ယူနေတဲ့အချိန်ပါ။ ဒါပေမယ့် အသက် ၃၀ရောက်လာတဲ့အခါ အနာဂတ်က ထင်ထားတာထက် ပိုနီးကပ်လာပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို စတင်ဂရုစိုက်ဖို့ အချိန်ဖြစ်ကြောင်း နားလည်သဘောပေါက်လာပါတယ်။
အရေးကြီးဆုံးကတော့ ဘယ်အသက်အရွယ်မဆို ၎င်းရဲ့ အားသာချက်တွေ ရှိဖို့နဲ့ ခံစားတတ်အောင် သင်ယူဖို့ လိုအပ်ပါတယ်။

Lifestyle_Myanmar

LM_Nandar

ZawGyi

အသက္ ၃၀အမ်ိဳးသမီးေတြဟာ အသက္ ၂၀တုန္းကထက္ ဘာ့ေၾကာင့္ ပိုၾကည့္ေကာင္းေနသလဲဆိုတဲ့ အေၾကာင္းရင္း (၈)ခု

အသက္ ၃၀အ႐ြယ္ဟာ ကိုယ့္ရဲ႕ ရည္မွန္းခ်က္ေတြ၊ ကိုယ့္ရဲ႕ ဆႏၵအမွန္ေတြကို နားလည္လာၿပီး လြတ္လပ္မႈႏွင့္ အသိပညာကို ခံစားရတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ ထို႔နည္းတူ သူတို႔ရဲ႕ အလွတရားက ပိုရင့္က်က္လာၿပီး အသက္ ၂၀အ႐ြယ္တုန္းကလို ႏုပ်ိဳေနဆဲအ႐ြယ္လည္း ျဖစ္ပါတယ္။

၁။ သူတို႔ဟာ တျခားအရာေတြ (သို႔) အသက္အ႐ြယ္နဲ႔ ပတ္သတ္ၿပီး ဂ႐ုမစိုက္ၾကပါဘူး

အသက္ ၃၀အ႐ြယ္ဟာ ပိုၿပီး confident ရွိလာသလို သူမ်ားေတြကိုယ့္ကို ဘယ္လိုထင္ျမင္သလဲဆိုတာနဲ႔ပတ္သတ္ၿပီး စိုးရိမ္စိတ္ေတြ ေလ်ာ့နည္းလာပါတယ္။ ဒါက သူတို႔ကိုပိုၿပီး စိတ္ဝင္စားေစသလို ဆြဲေဆာင္မႈရွိေစပါတယ္။

၂။ ဖက္ရွင္ ေခတ္ေရစီးေၾကာင္းေနာက္ကို လိုက္ပါေနတုန္းပါပဲ

အသက္ ၃၀ အ႐ြယ္ေရာက္ေပမယ့္လည္း ေခတ္သစ္အမ်ိဳးသီးေတြဟာ မိတ္ကပ္၊ အဝတ္အစား ေခတ္ေရစီးေၾကာင္းေနာက္ကို လိုက္ပါေနတုန္းပါပဲ။ ကိုယ္ ဝတ္ခ်င္တဲ့ အဝတ္အစားပုံစံ၊ ညႇပ္ခ်င္တဲ့ ဆံပင္ပုံစံ၊ ႀကိဳက္ႏွစ္သက္တဲ့ အရာေတြကို ေ႐ြးခ်ယ္ဖို႔ မတြန႔္ဆုတ္ေနပါဘူး။ ငါ့အသက္အ႐ြယ္နဲ႔ ဒီအျပင္အဆင္ လိုက္ပါ့မလားလို႔ မစဥ္းစားေနပါဘူး။ အသက္ ၃၀အ႐ြယ္မွာ ၂၀ တုန္းကလိုပဲ မိတ္ကပ္ ေရာင္စုံကာလာ ခ်ယ္ႏိုင္ၿပီး ဂ်င္း၊ တီရွပ္ေတြ ဝတ္ႏိုင္ပါေသးတယ္။

၃။ သူတို႔ဟာ ေစ်းႀကီးတဲ့အရာေတြ၊ ဝန္ေဆာင္မႈေတြကိုလည္း တတ္ႏိုင္ပါတယ္

အသက္ ၃၀အ႐ြယ္မွာ လူအမ်ားစုက သူတို႔တစ္သက္တာမွာ ဘာလုပ္ခ်င္သလဲဆိုတာ နားလည္သေဘာေပါက္လာသလို သူတို႔မွာ ေငြေရးေၾကးေရးလည္း တည္ၿငိမ္မႈရွိလာပါၿပီ။ ဝင္ေငြရွိလာတာနဲ႔အမွ် ကိုယ္တတ္ခ်င္တဲ့ သင္တန္းေတြ တတ္လာႏိုင္တယ္။ ေစ်းႀကီးတဲ့ brandsေတြ ဝယ္သုံးလာႏိုင္တယ္။ အလွျပင္ဆိုင္နဲ႔ အလွအပကြၽမ္းက်င္သူေတြဆီ သြားလာႏိုင္ပါၿပီ။ ကိုယ့္အတြက္ကိုယ္ ပိုက္ဆံသုံးဖို႔ မႏွေျမာေတာ့ပါဘူး။

၄။ ကိုယ္ရဲ႕စတိုင္ကို ေတြ႕ရွိၿပီး ၾကည့္ေကာင္းေအာင္ ေနတတ္လာပါၿပီ

အသက္ ၃၀အ႐ြယ္မွာ အမ်ိဳးသမီးတစ္ေယာက္လာ အရာအားလုံးျပည့္စုံလာသလို ကိုယ္ ဘာနဲ႔ လိုက္ဖက္မလဲ၊ မလိုက္ဖက္ဘူးလဲဆိုတာ နားလည္လာပါၿပီ။ ကိုယ့္ရဲ႕ စတိုင္က ဘယ္လိုမ်ိဳးလဲဆိုတာ စမ္းသပ္ဖို႔ သတၱိရွိလာၿပီး အရည္အေသြးျမင့္ ပစၥည္းအမ်ားစုကိုသာ သုံးစြဲဖို႔ ပိုက္ဆံရွိလာပါၿပီ။

၅။ ကိုယ့္ကိုယ္ကို ေလးစားမႈရွိလာပါတယ္

အသက္ ၃၀အ႐ြယ္အမ်ိဳးသမီးေတြဟာ negative အေျခအေနေတြကို ပိုလြယ္လြယ္ကူကူ ကိုင္တြယ္ေျဖရွင္းလာႏိုင္သလို ျပႆနာႀကဳံလာရင္ ထိုင္ငိုေနမယ့္အ႐ြယ္လည္း မဟုတ္ေတာ့ပါဘူး။ အသက္၂၀တုန္းကလို ခ်စ္သူကဖုန္းမဆက္လို႔ တညလုံးထိုင္ငိုေနတာမ်ိဳး၊ စာေမးပြဲမေအာင္လို႔၊ သူေဌးကေအာ္လို႔ ဝမ္းနည္းရတာမ်ိဳး မရွိေတာ့ပါဘူး။ အသက္အ႐ြယ္အရ တည္ၿငိမ္သူျဖစ္လာၿပီး ကိုယ့္ရဲ႕အခ်ိန္ကို ေလးစားလာပါၿပီ၊ အေရးမပါတဲ့ အရာေတြေပၚမွာ အခ်ိန္မျဖဳန္းေတာ့ပါဘူး။

၆။ ကိုယ္ ဘာျဖစ္ခ်င္လဲဆိုတာ သိလာပါတယ္

အသက္ ၂၀မွာ ဘယ္သူမဆို တည္ၿငိမ္ေသးမွာ မဟုတ္ပါဘူး။ သူတို႔မွာ ဝါသနာေတြ စိတ္ဝင္စားမႈေတြ အမ်ားႀကီးရွိပါတယ္။ သူတို႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ လမ္းေၾကာင္းအတြက္ ရွာေဖြေနတဲ့အခ်ိန္ျဖစ္သလို အခ်စ္ေရးမွာလည္း တည္ၿငိမ္မႈမရွိေသးပါဘူး။ အသက္ ၃၀အ႐ြယ္ ျဖစ္လာတဲ့အခါ ကိုယ့္ဘဝအတြက္ ဘာျဖစ္ခ်င္တာလဲဆိုတာ အမ်ားႀကီးနားလည္လာၿပီး ကိုယ့္ ရည္မွန္းခ်က္ေရာက္ဖို႔ အရာအားလုံးကို ႀကိဳးစားလာပါတယ္။ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈရွိတာက အၿမဲတမ္း ဆြဲေဆာင္မႈ ျဖစ္ေစပါတယ္။

၇။ မေကာင္းတဲ့ အစားအစာေတြကို မစားေတာ့ပါဘူး

အမ်ားစုက အသက္ ၃၀အ႐ြယ္မွာ fast food ေတြမစားေတာ့ပါဘူး။ ဒီအခ်ိန္မွာ ကိုယ့္ခႏၶာကိုယ္နဲ႔ က်န္းမာေရးကို ဘယ္လိုထိန္းသိမ္းရမလဲဆိုတာ သိလာပါတယ္။ ငယ္တဲ့မိန္းကေလးေတြထက္ ကိုယ့္အိမ္မွာ စားခ်င္တာေတြကို ခ်က္ျပဳတ္စားတတ္လာပါတယ္။ ဒီ ခ်ဥ္းကပ္မႈေတြက သူတို႔ရဲ႕ အသားအေရ၊ သူတို႔ရဲ႕ စိတ္ႏွင့္ သူတို႔ရဲ႕ အလုံးစုံအသြင္အျပင္ေပၚမွာ ေကာင္းတဲ့ သက္ေရာက္မႈတစ္ခု ရွိလာပါတယ္။ အသက္ ၃၀အ႐ြယ္အမ်ိဳးသမီးေတြဟာ က်န္းမာေရးကို ပိုၿပီးဂ႐ုစိုက္လာပါတယ္။

၈။ အၿမဲတမ္း ဆြဲေဆာင္မႈ ရွိေနမွာမဟုတ္တာကို သေဘာေပါက္လာပါတယ္

အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အသက္ ၂၀အ႐ြယ္ဟာ ကိုယ့္ကိုယ္ကို ခႏၶာကိုယ္ က်န္းမာ၊ ႀကံ့ခိုင္တယ္ အသားအေရေကာင္းတယ္ဆိုၿပီး အၿမဲတမ္း ဂုဏ္ယူေနတဲ့အခ်ိန္ပါ။ ဒါေပမယ့္ အသက္ ၃၀ေရာက္လာတဲ့အခါ အနာဂတ္က ထင္ထားတာထက္ ပိုနီးကပ္လာၿပီး ခႏၶာကိုယ္နဲ႔ စိတ္ကို စတင္ဂ႐ုစိုက္ဖို႔ အခ်ိန္ျဖစ္ေၾကာင္း နားလည္သေဘာေပါက္လာပါတယ္။
အေရးႀကီးဆုံးကေတာ့ ဘယ္အသက္အ႐ြယ္မဆို ၎ရဲ႕ အားသာခ်က္ေတြ ရွိဖို႔နဲ႔ ခံစားတတ္ေအာင္ သင္ယူဖို႔ လိုအပ္ပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here